bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Chronicles 4
1 Chronicles 4
Burmese 2021
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 5 →
1
ယုဒသားကား ဖာရက်၊ ဟေဇရုံ၊ ကာမိ၊ ဟုရ၊ ရှောဗာလတည်း။
2
ရှောဗာလသားကား ရာယ၊ ရာယသား ယာဟတ်၊ ယာဟတ်သား အဟုမဲနှင့်လာဟဒ်၊ ဤရွေ့ကား ဇောရသိအမျိုးအနွယ်တည်း။
3
ဧကံအမျိုးအဘ၏သားကား ယေဇရေလ၊ ဣရှမ၊ ဣဒဗတ်၊ နှမဟာဇလေလပေါနိ၊
4
ဂေဒေါ်အဘ ပေနွေလ၊ ဟုရှအဘ ဧဇာတည်း။ ဤသူတို့သည် ဗက်လင်အဘ၊ ဧဖရတ်သားဦး ဟုရအမျိုးအနွယ်တည်း။
5
တေကောအဘ အာရှုရသည် ဟေလနှင့် နာရအမည်ရှိသော မယားနှစ်ယောက်ရှိ၏။
6
နာရဖွားမြင်သောသားကား အဟုဇံ၊ ဟေဖာ၊ တေမနိ၊ ဟာဟရှတာရိတည်း။
7
ဟေလဖွားမြင်သော သားကား ဇေရက်၊ ယေဇော်၊ ဧသနန်၊ ကောဇတည်း။
8
ကောဇသားကား အာနုပ်နှင့်ဇောဗေဒ အစရှိသော ဟာရုံသား အဟာရေလအဆွေအမျိုးတည်း။
9
ထိုအဆွေအမျိုး၌ ယာဗက်သည် ထူးဆန်းသောသူဖြစ်၏။ သူ၏အမိက၊ ငါသည် ပြင်းစွာသောဝေဒနာကိုခံ၍ ဤသားကိုမြင်ရပြီဟုဆိုလျက်၊ ယာဗက်အမည်ဖြင့် မှည့်၏။
10
ယာဗက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်ကောင်းချီးပေး၍၊ အကျွန်ုပ်နေရာကို ကျယ်ဝန်းစေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ်အနှောင့်အယှက်နှင့် ကင်းလွတ်ပါမည်အကြောင်း၊ လက်တော်သည် အကျွန်ုပ်ဘက်၌နေ၍ ကွယ်ကာစောင့်မတော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင်အားဆုတောင်းတတ်၍၊ တောင်းသောဆုကို ဘုရားသခင်ပေးသနားတော်မူ၏။
11
ရှုအာမောင် ကာလက်သားကား မဟိရ၊ မဟိရသား ဧရှတုန်တည်း။
12
ဧရှတုန်သားကား ဗက်ရာဖ၊ ပါသာ၊ တေဟိန္နတည်း။ တေဟိန္နသားကား ဣရနာဟတ်တည်း။ ဤသူတို့သည် ရေခါအမျိုးသားဖြစ်ကြ၏။
13
ကေနတ်သားကား ဩသံယေလနှင့် စရာယတည်း။ ဩသံယေလသားကား ဟာသတ်နှင့် မောနောသဲတည်း။
14
မောနောသဲသားကား ဩဖရာတည်း။ စရာယသားကား ယွာဘ၊ ယွာဘ၏သားတို့သည် ဆရာသမားဖြစ်၍ ဆရာသမားချိုင့်၌ နေသောသူတည်း။
15
ယေဖုန္နသားဖြစ်သော ကာလက်၏သားကား ဣရု၊ ဧလာ၊ နာမတည်း။ ဧလာသားကား ကေနတ်တည်း။
16
ယေဟလလေလသားကား ဇိဖ၊ ဇိဖာ၊ တိရိ၊ အာသရေလတည်း။
17
ဧဇရသားကား ယေသာ၊ မေရက်၊ ဧဖာ၊ ယာလုန်တည်း။ မေရက်နှင့်စုံဖက်သော ဖာရောသမီး ဗိသယာသည် မိရိ၊ ရှမ္မဲ၊ ဧရှတမောအဘ ဣရှဘကို ဖွားမြင်၏။
18
မယားယေဟုဒိယသည် ဂေဒေါ်အဘယေရက်၊ စောခေါအဘ ဟေဗာ၊ ဇာနော်အဘ ယေကုသေလကို ဖွားမြင်၏။
19
ယေဟုဒိယသည် နာဟံနှမဖြစ်၏။ နာဟံသည် ဂါမိရွာသား ကိလ၊ မာခမြို့သား ဧရှတမော၏အဘ ဖြစ်သတည်း။
20
ရှိမုန်သားကား အာမနုန်၊ ရိန္န၊ ဗင်္ဟာနန်၊ တိလုန်တည်း။ ဣရှိသားကား ဇောဟက်၊ ဗင်္ဇာဟက်တည်း။
21
ယုဒသားဖြစ်သော ရှေလ၏သားကား လေကအဘဧရ၊ မရေရှအဘ လာဒအစရှိသော ပိတ်ချောကိုရက်တတ်သော အာရှဗာအဆွေအမျိုး၊
22
ယောယကိမ်အစရှိသော ခေါဇေဘလူ၊ မောဘပြည်၌အစိုးရသော ယောရှ၊ သာရပ်၊ ယာရှုဗိလင်တည်း။ ထိုသို့ဆိုသော် ရှေးစကားဖြစ်၏။
23
ထိုသူတို့သည် အိုးထိန်းသမား၊ လယ်ယာလုပ်သမားဖြစ်၍၊ ရှင်ဘုရင်အနားမှာနေလျက် အမှုတော်ကို ဆောင်ရွက်ရကြ၏။
24
ရှိမောင်သားကား ယေမွေလ၊ ယာမိန်၊ ယာရိပ်၊ ဇေရ၊ ရှောလတည်း။
25
ရှောလသား ရှလ္လုံ၊ ရှလ္လုံသား မိဘသံ၊ မိဘသံသား မိရှမ၊
26
မိရှမသား ဟမွေလ၊ ဟမွေလသား ဇက္ကုရ၊ ဇက္ကုရသား ရှိမိတည်း။
27
ရှိမိသည် သားတစ်ဆယ်ခြောက်ယောက်နှင့် သမီးခြောက်ယောက်တို့ကို မြင်၏။ သို့ရာတွင် သူ၏ညီအစ်ကိုတို့၌ သားမများ။ ရှိမောင်အမျိုးသားတို့သည် ယုဒအမျိုးသားကဲ့သို့ မပွားမများတတ်။
28
ရှိမောင်အမျိုးတို့သည် ဒါဝိဒ်မင်းကြီးလက်ထက်တိုင်အောင် ဗေရရှေဘမြို့၊ မောလဒါမြို့၊ ဟာဇရွာလမြို့၊
29
ဗိလဟာမြို့၊ ဧဇင်မြို့၊ တောလဒ်မြို့၊
30
ဗေသွေလမြို့၊ ဟော်မာမြို့၊ ဇိကလတ်မြို့၊
31
ဗက်မာကဗုတ်မြို့၊ ဟာဇသုသိမ်မြို့၊ ဗက်ဗိရိမြို့၊ ရှာရိမ်မြို့တို့၌ နေကြ၏။
32
ထိုမှတစ်ပါး၊ တောမြို့ဧတံ၊ အင်ရိမ္မုန်၊ တောခင်၊ ဧသာ၊ အာရှန်တည်းဟူသော မြို့ငါးမြို့နှင့်တကွ၊
33
ပတ်လည်၌ရှိသော ရွာအပေါင်းတို့ကို ဗာလမြို့တိုင်အောင် ပိုင်ကြ၏။ ဤရွေ့ကား၊ ရှိမောင်အမျိုးသားနေရာနှင့် ဆွေစဉ်မျိုးဆက် ဖြစ်သတည်း။
34
မေရှောဗပ်၊ ယာမလက်၊ အာမဇိသား ယောရှ၊
35
ယောလ၊ အာသေလသား စရာယ၏သား ယောရှိဘိ၏သား ယေဟု၊
36
ဧလျောနဲ၊ ယာကောဘ၊ ယေရှောဟာယ၊ အသာယ၊ အဒျေလ၊ ယေသိမျေလ၊ ဗေနာယနှင့်တကွ၊
37
ရှေမာယ၊ ရှိမရိ၊ ယေဒါယ၊ အလ္လုန်၊ ရှိဖိတို့မှဆင်းသက်သော ဇိဇတည်းဟူသော၊
38
နာမအားဖြင့် မှတ်သောသူတို့သည် အဆွေအမျိုးသူကြီးဖြစ်၍၊ သူတို့အမျိုးသည် အလွန်ပွားများသတည်း။
39
ထိုသူတို့သည် သိုးကျက်စားရာအရပ်ကိုရှာ၍ ချိုင့်အရှေ့ဘက်၊ ဂေဒေါ်မြို့ဝတိုင်အောင် သွားသောအခါ၊
40
မြက်ပင်ပေါများ၍ ကောင်းသောကျက်စားရာ ကျယ်ဝန်းငြိမ်ဝပ်သော အရပ်ကို တွေ့ကြ၏။ ရှေးကာလတွင်၊ ဟာမအမျိုးသားတို့သည် ထိုအရပ်၌နေကြ၏။
41
အထက်ဆိုခဲ့ပြီးသော သူတို့သည် ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၌ သွား၍၊ သိုးကျက်စားစရာ ကောင်းသောအရပ်ကို တွေ့သောကြောင့်၊ အရပ်သား နေရာရွာတို့ကိုလုပ်ကြံ၍၊ ရှင်းရှင်းဖျက်ဆီးပြီးမှ ယနေ့တိုင်အောင် နေကြ၏။
42
တစ်ဖန် ရှိမောင်အမျိုးသား ယောက်ျားငါးရာတို့သည် ဣရှိသား၊ ဗိုလ်ပေလတိ၊ နာရိ၊ ရေဖာယ၊ ဩဇေလနှင့်တကွ၊ စိရတောင်သို့ ချီသွား၍၊
43
အရင်လွတ်သော အာမလက်အမျိုးသား အကျန်အကြွင်းကိုလုပ်ကြံ၍ ထိုအရပ်၌ ယနေ့တိုင်အောင်နေကြ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29