bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Chronicles 22
1 Chronicles 22
Burmese 2021
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 23 →
1
သို့ဖြစ်၍၊ ဒါဝိဒ်က ဤအရပ်သည် ထာဝရအရှင် ဘုရားသခင်၏အိမ်တော်ဖြစ်၏။ ဤယဇ်ပလ္လင်သည် ဣသရေလအမျိုး၏ ယဇ်ပလ္လင်ဖြစ်၏ဟု ဆိုလျက်၊
2
ဣသရေလပြည်၌ရှိသော တစ်ပါးအမျိုးသားတို့ကို စုဝေးစေခြင်းငှာ မိန့်တော်မူ၏။ ဘုရားသခင်၏အိမ်တော် တည်စရာဖို့ ကျောက်ဆစ်ရသော ပန်းရန်သမားတို့ကိုလည်း စေခိုင်းတော်မူ၏။
3
တံခါးလုပ်စရာ သံချွန်အဖို့နှင့် သစ်သားဆက်စရာအဖို့ များစွာသော သံကိုလည်းကောင်း၊ အချိန်မမှတ်နိုင်အောင် များစွာသော ကြေးဝါကိုလည်းကောင်း၊
4
များစွာသော အာရဇ်သစ်သားကိုလည်းကောင်း၊ ပြင်ဆင်တော်မူ၏။ ဇိဒုန်မြို့သားနှင့် တုရုမြို့သားတို့သည်၊ အာရဇ်သစ်သားအများကို အထံတော်သို့ ဆောင်ခဲ့ကြ၏။
5
ဒါဝိဒ်ကလည်း၊ ငါ့သားရှောလမုန်သည် အသက်ငယ်၍ နုသေး၏။ ထာဝရဘုရားအဖို့ တည်ရသောအိမ်မူကား အလွန်ထူးဆန်းသောအိမ်၊ အတိုင်းတိုင်း အပြည်ပြည်၌ ဘုန်းအသရေကျော်စောသောအိမ် ဖြစ်ရမည်။ ယခုပင် အိမ်တော်အဖို့ ငါပြင်ဆင်မည်ဟု အကြံရှိလျက် အနိစ္စမရောက်မီ များစွာပြင်ဆင်တော်မူ၏။
6
သားတော်ရှောလုမုန်ကိုလည်းခေါ်၍ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအဖို့ အိမ်တော်ကို တည်ဆောက်ရမည်အကြောင်း မှာထားလေသည်မှာ၊
7
ငါ့သား၊ ငါ၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိပြီ။
8
သို့ရာတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါသို့ရောက်သည်ကား၊ သင်သည် များစွာစစ်တိုက်၍ လူအများတို့ကို သတ်လေပြီ။ မြေကြီးပေါ်မှာ ငါ့မျက်မှောက်၌ များစွာသောအသွေးကို သွန်းသောကြောင့်၊ ငါ့နာမအဖို့ အိမ်ကို မတည်မဆောက်ရ။
9
သင်မြင်သော သားတစ်ယောက်သည် ငြိမ်ဝပ်သောသူ ဖြစ်လိမ့်မည်။ သူ၏အမည်ကား ရှောလမုန်ဖြစ်၍၊ သူ့ပတ်လည်၌ ရန်သူမရှိ။ ငြိမ်ဝပ်သော အခွင့်ကိုလည်းကောင်း၊ သူ၏လက်ထက်၌ ဣသရေလအမျိုးသည် စစ်တိုက်ခြင်းမရှိ။ ငြိမ်ဝပ်စွာနေရသော အခွင့်ကိုလည်းကောင်း၊ ငါပေးမည်။
10
ထိုသားသည် ငါ့နာမအဖို့ အိမ်ကို တည်ဆောက်ရလိမ့်မည်။ သူသည် ငါ့သားဖြစ်လိမ့်မည်။ ငါသည်လည်း သူ၏အဘဖြစ်မည်။ သူထိုင်သော ဣသရေလနိုင်ငံ ရာဇပလ္လင်ကို အစဉ်အမြဲ ငါတည်စေမည်ဟု မိန့်တော်မူပြီ။
11
သို့ဖြစ်၍ငါ့သား၊ ထာဝရဘုရားသည် သင့်ဘက်၌နေ၍ အကြံထမြောက်စေတော်မူသဖြင့်၊ အမိန့်တော်ရှိသည်အတိုင်း သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ရလိမ့်မည်။
12
သို့ရာတွင် သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ တရားတော်ကိုစောင့်ရှောက်မည်အကြောင်း၊ ထာဝရဘုရားသည် ဉာဏ်ပညာကိုပေး၍၊ ဣသရေလအမျိုးကိုစီရင်ခြင်းအမှု၌ မှာထားတော်မူပါစေသော။
13
ဣသရေလအမျိုး၏အမှု၌ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသော စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှာ သတိပြုလျှင် အကြံထမြောက်ရလိမ့်မည်။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ စိုးရိမ်ခြင်း၊ စိတ်ပျက်ခြင်း မရှိစေနှင့်။
14
ငါသည် ဆင်းရဲခံစဉ်တွင်၊ ထာဝရဘုရား၏အိမ်တော်အဖို့ ရွှေအခွက်တစ်ထောင်နှင့် ငွေအခွက် တစ်သောင်းကိုလည်းကောင်း၊ အချိန်မမှတ်နိုင်အောင် များစွာသော ကြေးဝါနှင့်သံကိုလည်းကောင်း၊ သစ်သားများနှင့် ကျောက်များကိုလည်းကောင်း ပြင်ဆင်ပြီ။ သင်သည်လည်း ထပ်၍ ပြင်ဆင်ရမည်။
15
ထိုမှတစ်ပါး သင်၌များစွာသော လက်သမား၊ ပန်းရန်သမား၊ ကျောက်ဆစ်သမား၊ အမျိုးမျိုးသောအတတ်၌ လေ့ကျက်သော ဆရာသမားရှိကြ၏။
16
ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အတိုင်းမသိများသည် ဖြစ်၍ ထလော့။ ကြိုးစားလော့။ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူပါစေသောဟု မှာထားတော်မူ၏။
17
ဣသရေလမင်းအပေါင်းတို့သည် သားတော်နှင့် ဝိုင်းရမည်အကြောင်းမှာထားလေသည်မှာ၊
18
သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည်မဟုတ်လော။ အရပ်ရပ်၌ ငြိမ်ဝပ်ရသောအခွင့်ကို ပေးတော်မူသည် မဟုတ်လော။ ပြည်သူပြည်သားတို့ကို ငါ့လက်၌အပ်တော်မူသဖြင့်၊ ထာဝရဘုရား၏ရှေ့၊ ထိုဘုရားသခင်၏ လူတို့ရှေ့မှာ တစ်ပြည်လုံးသည် နှိမ့်ချလျက်ရှိ၏။
19
သို့ဖြစ်၍ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကိုရှာခြင်းငှာ ကိုယ်စိတ်နှလုံးကို နှိုးဆော်တိုက်တွန်းကြလော့။ ထာဝရဘုရား၏ နာမတော်အဖို့၊ တည်ရသော အိမ်တော်ထဲသို့ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်နှင့် ဘုရားသခင်၏ သန့်ရှင်းသောတန်ဆာတို့ကို သွင်းခြင်းငှာ ထကြလော့။ ထာဝရအရှင် ဘုရားသခင်၏သန့်ရှင်းရာဌာနတော်ကို တည်ဆောက်ကြလော့ဟု မှာထားတော်မူ၏။
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29