bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Chronicles 7
1 Chronicles 7
Burmese 2021
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 8 →
1
ဣသခါသားကား တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန်၊ ပေါင်းလေးယောက်တည်း။
2
တောလသားကား တောလအဆွေအမျိုး သူကြီး ဩဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလတည်း။ ထိုအဆွေအမျိုးအစဉ်အဆက်တို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ ဒါဝိဒ်မင်းလက်ထက် နှစ်သောင်း နှစ်ထောင်ခြောက်ရာရှိသတည်း။
3
ဩဇိသားကား ဣဇရဟိ၊ ဣဇရဟိသား မက္ခေလ၊ ဩဗဒိ၊ ယောလ၊ ဣရှယ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် အကြီးအကဲဖြစ်ကြ၏။
4
သူတို့၌ သားမယားများသောကြောင့်၊ အဆွေအမျိုး အသီးအသီးအလိုက်၊ စစ်သူရဲတပ်သား သုံးသောင်းခြောက်ထောင်ရှိကြ၏။
5
သူတို့ညီအစ်ကို ဣသခါ အဆွေအမျိုးအပေါင်းတို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ သားစဉ်မြေးဆက် စာရင်းဝင်သည်အတိုင်း၊ ရှစ်သောင်းခုနစ်ထောင်ရှိကြ၏။
6
ဗင်္ယာမိန်သားကား ဗေလ၊ ဗေခါ၊ ယေဒယေလ၊ ပေါင်းသုံးယောက်တည်း။
7
ဗေလသားကား အဆွေအမျိုးသူကြီးဧဇဗုန်၊ ဩဇိ၊ ဩဇေလ၊ ယေရိမုတ်၊ ဣရိ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် ခွန်အားကြီးသောသူရဲဖြစ်၍၊ သားစဉ်မြေးဆက်စာရင်းဝင်သည်အတိုင်း၊ နှစ်သောင်းနှစ်ထောင် သုံးဆယ်လေးယောက်ရှိကြ၏။
8
ဗေခါသားကား ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိဩနဲ၊ ဩမရိ၊ ယေရိမုတ်၊ အဘိယ၊ အာနသုတ်၊ အာလမက်တည်း။
9
သားစဉ်မြေးဆက် စာရင်းဝင်၍၊ အဆွေအမျိုး သူကြီးအသီးအသီးအလိုက်၊ ခွန်အားကြီးသောသူရဲ နှစ်သောင်းနှစ်ရာ ရှိကြ၏။
10
ယေဒယေလသားကား ဗိလဟန်၊ ဗိလဟန်သား ယုရှ၊ ဗင်္ယာမိန်၊ ဧဟုဒ်၊ ခေနာန၊ ဇေသန်၊ သာရှိရှ၊ အဟိရှဟာတည်း။
11
အဆွေအမျိုးသူကြီး အသီးအသီးအလိုက်၊ ခွန်အားကြီး၍ စစ်တိုက်ခြင်းငှာ၊ တတ်စွမ်းနိုင်သော သူရဲ တစ်သောင်းခုနစ်ထောင်နှစ်ရာ ရှိကြ၏။
12
ထိုမှတစ်ပါး၊ ရှုပိမ်၊ ဟုပိမ်နှင့်တကွ ဣရဟုရှိမ်သား၊ အာဟေရသား ရှိသတည်း။
13
နဿလိသည် ဗိလဟာတွင်မြင်သောသားကား၊ ယာဇေလ၊ ဂုနိ၊ ယေဇ၊ ရှလ္လုံတည်း။
14
မနာရှေသားဦးကား အာသရေလ၊ ထိုနောက်၊ ရှုရိအမျိုးဖြစ်သော မယားငယ်တွင် မြင်သောသား၊ ဂိလဒ်၏အဘ မာခိရတည်း။
15
မာခိရသည် မာခါအမည်ရှိသောဟုပိမ်နှင့် ရှုပိ၏နှမနှင့် စုံဖက်၍၊ နှစ်ဆက်မြောက်သောသားကား ဇလောဖတ်အမည် ရှိ၏။ ဇလောဖတ်၌ သမီးသက်သက်ရှိ၏။
16
မာခိရမယားမာခါသည် သားကိုဖွားမြင်၍၊ ပေရက်အမည်ဖြင့် မှည့်၏။ သူ၏ညီကား ရှေရက်အမည်ရှိ၏။ သူ၏သားကား ဥလံနှင့် ရေကင်တည်း။
17
ဥလံသားကား ဗေဒန်တည်း။ ဤရွေ့ကား မနာရှေသား မာခိရ၏သား ဂိလဒ်အမျိုးအနွယ်တည်း။
18
သူ၏နှမ ဟမ္မောလေကက်သည် ဣရှောဒ၊ အဗျေဇာ၊ မဟာလကို ဖွားမြင်၏။
19
ရှမိဒသားကား အဟိအန်၊ ရှေခင်၊ လိကဟိ၊ အနိအံတည်း။
20
ဧဖရိမ်သားကား ရှုသေလ၊ ရှုသေလသား ဗေရက်၊ ဗေရက်သား တာဟတ်၊ တာဟတ်သား ဧလာဒ၊ ဧလာဒသား တာဟတ်၊
21
တာဟတ်သား ဇာဗဒ်၊ ဇာဗဒ်သား ရှုသေလ တည်း။ ထိုမှတစ်ပါး၊ ဧဖရိမ်သား ဧဇာနှင့် ဧလဒ်တို့သည် ထိုပြည်၌မွေးဖွားသော၊ ဂါသမြို့သားတို့ တိရစ္ဆာန်များကို လုယူသောကြောင့် အသက်ဆုံးကြ၏။
22
အဘဧဖရိမ်သည် အင်တန်ကာလပတ်လုံး စိတ်မသာညည်းတွားလျက် နေ၏။ ညီအစ်ကိုတို့သည် နှစ်သိမ့်စေခြင်းငှာ လာကြ၏။
23
နောက်တစ်ဖန် မယားဆီသို့ဝင်သဖြင့် သူသည် ပဋိသန္ဓေယူ၍ သားကိုဖွားမြင်၏။ ထိုသားကို ဗေရိယအမည်ဖြင့် မှည့်၏။ အကြောင်းမူကား၊ ကိုယ်အိမ်ထောင်၌ အမင်္ဂလာရောက်သတည်း။
24
သမီးရှေရကား အထက်ဗေသောရုန်မြို့၊ အောက်ဗေသောရုန်မြို့၊ ဩဇင်ရှေရမြို့တို့ကို ပြုစုသောသူဖြစ်၏။
25
သူ၏သားကား ရေဖ၊ သူ၏သား ရေရှပ်၊ သူ၏သားတေလ၊ သူ၏သား တာဟန်၊
26
သူ၏သား လာဒန်၊ သူ၏သား အမိဟုဒ်၊ သူ၏သား ဧလိရှမာ၊
27
သူ၏သား နုန်၊ သူ၏သား ယောရှုတည်း။
28
သူတို့ပိုင်ထိုက်သော နေရာဟူမူကား၊ ဗေသလမြို့နှင့် ကျေးလက်၊ အရှေ့ဘက်၌ နာရန်မြို့၊ အနောက်ဘက်၌ ဂေဇာမြို့နှင့် ကျေးလက်၊ ရှေခင်မြို့နှင့် ကျေးလက်၊ ဂါဇမြို့နှင့် ကျေးလက်၊
29
မနာရှေအမျိုးသား နေရာအနားမှာ ဗက်ရှန်မြို့နှင့် ကျေးလက်၊ တာနက်မြို့နှင့် ကျေးလက်၊ မေဂိဒ္ဒေါမြို့နှင့် ကျေးလက်၊ ဒေါရမြို့နှင့် ကျေးလက်တည်း။ ဤမြို့ရွာတို့၌ ဣသရေလ၏သားဖြစ်သော ယောသပ်၏သားတို့သည် နေရာကျကြ၏။
30
အာရှာသားကား ယိမန၊ ဣရွှာ၊ ဣရွှိ၊ ဗေရိယ၊ နှမစေရတည်း။
31
ဗေရိယသားကား ဟေဗာနှင့် မာလကျေလတည်း။ မာလကျေလသားကား ဗိရဇာဝိတ်၊
32
ဟေဗာသားကား ယာဖလက်၊ ရှောမာ၊ ဟောသံ၊ နှမရှုအာတည်း။
33
ယာဖလက်သားကား ပါသက်၊ ဗိမဟာလ၊ အာရှဝတ်တည်း။
34
ရှောမေရသားကား အာဟိ၊ ရောဂ၊ ယေဟုဗ္ဗ၊ အာရံတည်း။
35
သူ၏ညီဟေလင်သားကား ဇောဖ၊ ဣမန၊ ရှေလက်၊ အာမလတည်း။
36
ဇောဖသားကား သုအာ၊ ဟာနေဖာ၊ ရွှလ၊ ဗေရိ၊ ဣမရ၊
37
ဗေဇာ၊ ဟောဒ၊ ရှမ္မ၊ ရှိလရှ၊ ဣသရန်၊ ဗေရတည်း။
38
ယေသာသားကား ယေဖုန္န ပိသပ၊ အာရတည်း။
39
ဥလ္လသားကား အာရ၊ ဟံယေလ၊ ရေဇိယတည်း။
40
ဤသူအပေါင်းတို့သည် အာရှာအမျိုး၌ အဆွေအမျိုးသူကြီး၊ ရွေးသောသူ၊ ခွန်အားကြီးသော သူရဲမင်း ဖြစ်ကြ၏။ သားစဉ်မြေးဆက် စာရင်းဝင်၍ စစ်တိုက်ခြင်းငှာ တတ်စွမ်းနိုင်သောသူ နှစ်သောင်းခြောက်ထောင်ရှိကြ၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29