bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Chronicles 21
1 Chronicles 21
Burmese 2021
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 22 →
1
နောက်တစ်ဖန် စာတန်သည် ဣသရေလအမျိုးတစ်ဖက်၌ထ၍ ဣသရေလအမျိုးသားတို့ကို ရေတွက်စေခြင်းငှာ ဒါဝိဒ်ကို တိုက်တွန်းလေ၏။
2
ဒါဝိဒ်ကလည်း၊ လူပေါင်းမည်မျှရှိသည်ကို ငါသိမည်အကြောင်း၊ ဗေရရှေဘမြို့မှသည် ဒန်မြို့တိုင်အောင် သွား၍ ဣသရေလအမျိုးသားတို့ကို ရေတွက်ပြီးလျှင်၊ စာရင်းကို ငါ့ထံသို့သွင်းလော့ဟု ဗိုလ်ချုပ်မင်းယွာဘနှင့် အရာရှိတို့အားမိန့်တော်မူ၏။
3
ယွာဘကလည်း၊ ထာဝရဘုရားသည် မိမိလူတို့ကို ထပ်၍ အဆတစ်ရာ တိုးပွားစေခြင်းငှာ ပြုတော်မူပါစေသော။ သို့ရာတွင် အရှင်မင်းကြီး၊ ဣသရေလလူအပေါင်းတို့သည် သခင်၏ကျွန်ဖြစ်ပါသည် မဟုတ်လော။ သို့ဖြစ်၍ ကျွန်တော်သခင်သည် ဤအမှုကိုအဘယ်ကြောင့် စီရင်တော်မူသနည်း။ ဣသရေလအမျိုး ပြစ်မှားစရာအကြောင်းကို အဘယ်ကြောင့် ပြုတော်မူသနည်းဟု လျှောက်လေ၏။
4
သို့သော်လည်း အမိန့်တော်သည် ယွာဘစကားကို နိုင်သဖြင့်၊ ယွာဘသည်ထွက်၍ ဣသရေလပြည် တစ်လျှောက်လုံးသို့သွားပြီးမှ၊ ယေရုရှလင်မြို့သို့ ပြန်လာ၏။
5
လူပေါင်းစာရင်းကို ဒါဝိဒ်အားဆက်၍၊ ဣသရေလအမျိုး၌ ဓားကိုင်သူရဲ တစ်သန်းနှင့် တစ်သိန်း၊ ယုဒအမျိုး၌ ဓားကိုင်သူရဲ လေးသိန်းနှင့် ခုနစ်သောင်းရှိ၏။
6
သို့ရာတွင် ယွာဘသည် အမိန့်တော်ကိုရွံ့သောကြောင့်၊ လေဝိအမျိုးနှင့် ဗင်္ယာမိန်အမျိုးကို အခြားသောအမျိုးထဲသို့ သွင်း၍ မရေတွက်။
7
ဒါဝိဒ်ပြုသောအမှုကို ဘုရားသခင်သည် အလိုတော်မရှိသဖြင့်၊ ဣသရေလအမျိုးကို ဒဏ်ခတ်တော်မူမည်ဖြစ်၍၊
8
ဒါဝိဒ်က၊ အကျွန်ုပ်ပြုမိသောအမှု၌ အလွန်ပြစ်မှားပါပြီ။ ကိုယ်တော်ကျွန်၏ အပြစ်ကို ဖြေရှင်းတော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်သောအမှုကို ပြုမိပါပြီဟု ဘုရားသခင်အား တောင်းပန်လေ၏။
9
ထာဝရဘုရားသည် ဒါဝိဒ်၏ပရောဖက်ဂဒ်ကိုခေါ်၍၊
10
ဒါဝိဒ်ထံသို့ သွားလော့။ အရာသုံးပါးကို သင့်အားငါပြ၏။ သင်၌ ငါပြုစရာဖို့ တစ်ပါးပါးကိုရွေးလော့ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊
11
ဂဒ်သည် ဒါဝိဒ်ထံသို့သွား၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊
12
သုံးနှစ်ပတ်လုံး အစာအာဟာရခေါင်းပါးသောဘေး၊ သုံးလပတ်လုံး သင့်ကိုရန်သူလိုက်မီ၍ ဓားဖြင့်လုပ်ကြံသောဘေး၊ သုံးရက်ပတ်လုံး ပြည်တော်၌ ကာလနာတည်းဟူသော ထာဝရဘုရား၏ဓားတော်ကို၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည်ကိုင်၍ ဣသရေလပြည် တစ်လျှောက်လုံးကို ဖျက်ဆီးသောဘေးတို့တွင် တစ်ပါးပါးကိုရွေးလော့ဟု မိန့်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အဘယ်သို့ပြန်လျှောက်ရမည်ကို ဆင်ခြင်တော်မူပါဟု လျှောက်လေ၏။
13
ဒါဝိဒ်ကလည်း၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား၏ လက်တော်သို့ရောက်ပါစေ။ ကရုဏာတော် ကြီးလှ၏။ လူလက်သို့ မရောက်ပါစေနှင့်ဟု ဂဒ်အားပြန်ပြော၏။
14
ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၌ ကာလနာကိုလွှတ်လိုက်တော်မူ၍ လူခုနစ်သောင်း သေကြ၏။
15
ယေရုရှလင်မြို့ကို ဖျက်ဆီးစေခြင်းငှာ ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်တော်မူသည်အတိုင်း၊ ကောင်းကင်တမန် ဖျက်ဆီးမည်ဟု အားထုတ်သောအခါ၊ ထာဝရဘုရားသည်ကြည့်ရှုလျက်၊ ထိုဘေးကြောင့် နောင်တရတော်မူ၍၊ တန်ပြီ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု ဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ၏။ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည်၊ ယေဗုသိလူအရောန၏ ကောက်နယ်တလင်းအနားမှာရပ်နေ၏။
16
ဒါဝိဒ်သည် မျှော်ကြည့်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ယေရုရှလင်မြို့အပေါ်မှာ ဓားကိုမိုးလျက် မိုးကောင်းကင်နှင့် မြေကြီးကြားမှာ ရပ်နေသည်ကိုမြင်လျှင်၊ ကိုယ်တိုင်မှစ၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့သည် လျှော်တေအဝတ်ကို ဝတ်လျက် မြေပေါ်မှာ ပျပ်ဝပ်လျက်နေကြ၏။
17
ဒါဝိဒ်ကလည်း၊ ပြည်သားတို့ကို ရေတွက်စေခြင်းငှာ စီရင်သောသူကား အကျွန်ုပ်ဖြစ်ပါသည် မဟုတ်လော။ အကျွန်ုပ် ပြစ်မှားပါပြီ။ အလွန်ဒုစရိုက်ကို ပြုမိပါပြီ။ ဤသိုးတို့မူကား အဘယ်သို့ ပြုမိပါသနည်း။ အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏လူတို့ကို ဒဏ်ခတ်ခြင်းငှာ လက်တော်ကို သူတို့အပေါ်သို့ ရောက်စေတော်မမူပါနှင့်။ အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုးအပေါ်သို့ ရောက်စေတော်မူပါဟု ဘုရားသခင်အား တောင်းပန်လေ၏။
18
ထိုအခါ ဒါဝိဒ်သည် သွား၍၊ ယေဗုသိလူ အရောန၏ ကောက်နယ်တလင်း၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်စေခြင်းငှာ ပြောရမည်အကြောင်း၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဂဒ်ကိုမှာထားသဖြင့်၊
19
ဂဒ်ဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော်အတိုင်း ဒါဝိဒ်သည် သွားလေ၏။
20
အရောနသည် စပါးကိုနယ်စဉ်တွင်၊ လှည့်ကြည့်၍ ရှင်ဘုရင်ကို မြင်သောအခါ၊ သားလေးယောက်နှင့် တကွ ပုန်းရှောင်၍နေ၏။
21
ဒါဝိဒ်သည် အရောနရှိရာသို့ ရောက်သောအခါ၊ အရောနကြည့်၍ ဒါဝိဒ်ကိုမြင်လျှင်၊ ကောက်နယ်တလင်းမှဆင်း၍ ဒါဝိဒ်ရှေ့မှာ ဦးချပျပ်ဝပ်လေ၏။
22
ဒါဝိဒ်ကလည်း၊ လူတို့တွင် ကာလနာဘေးကို ငြိမ်းစေမည်အကြောင်း၊ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို ငါတည်လိုသည်ဖြစ်၍၊ ဤကောက်နယ်တလင်းအရပ်ကို အဖိုးထိုက်သည်အတိုင်း ရောင်းပါဟု အမိန့်ရှိသော်၊
23
အရောနက၊ ကျွန်တော်သခင် အရှင်မင်းကြီး ယူတော်မူပါ။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ။ မီးရှို့ရာယဇ်ဖို့ နွားများ၊ ထင်းဖို့ ကောက်နယ်တန်ဆာများ၊ ဘောဇဉ်ပူဇော်သကာဖို့ ဂျုံစပါးများအလုံးစုံကို ကျွန်တော်ဆက်ပါ၏ဟု ဒါဝိဒ်အားလျှောက်လျှင်၊
24
ဒါဝိဒ်မင်းကြီးက၊ ထိုသို့ငါမယူရ။ စင်စစ် အဖိုးထိုက်သည်အတိုင်း ပေး၍ ငါဝယ်မည်။ သင့်ဥစ္စာကို ထာဝရဘုရားအဖို့ ငါမသိမ်း။ ကိုယ်ငွေမကုန်ဘဲ မီးရှို့ရာယဇ်ကို မပူဇော်လိုဟု အရောနအားဆိုသဖြင့်၊
25
ရွှေခြောက်ပိဿာကို ချိန်ပေး၍ ထိုအရပ်ကိုဝယ်ပြီးမှ၊
26
ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထိုသို့ ထာဝရဘုရားကို ပတ္ထနာပြုသောအခါ၊ မီးရှို့ရာယဇ်ပလ္လင်ပေါ်သို့ မီးကျသဖြင့် ကောင်းကင်ထဲက ထူးတော်မူ၏။
27
ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ကောင်းကင်တမန်သည် မိမိဓားကို ဓားအိမ်၌သွင်းထားပြန်၏။
28
ထာဝရဘုရားသည် ယေဗုသိလူအရောန၏ကောက်နယ်တလင်း၌ ထူးတော်မူသည်ကို ဒါဝိဒ်သိမြင်လျှင်၊ ထိုအရပ်၌ ယဇ်ပူဇော်ခြင်းအမှုကို ပြုလေ၏။
29
တော၌ မောရှေလုပ်ခဲ့သော ထာဝရဘုရား၏တဲတော်နှင့် မီးရှို့ရာယဇ်ပလ္လင်သည်၊ ထိုကာလ၌ ဂိဗောင်မြို့၌ မြင့်သောအရပ်ပေါ်မှာ ရှိ၏။
30
ဒါဝိဒ်သည် ထာဝရဘုရား၏ကောင်းကင်တမန်ဓားကို ကြောက်သောကြောင့်၊ ထိုယဇ်ပလ္လင်သို့သွား၍ ဘုရားသခင်ကို မမေးမလျှောက်ဝံ့။
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29