bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Chronicles 29
1 Chronicles 29
Burmese 2021
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
1
တစ်ဖန် ဒါဝိဒ်မင်းကြီးက၊ ဘုရားသခင် ရွေးကောက်တော်မူသော ငါ့သားရှောလမုန်သည် အသက်ငယ်၍ နုသေး၏။ အမှုမူကား ကြီးလှ၏။ တည်ဆောက်ရသော ဗိမာန်သည် လူအဖို့မဟုတ်၊ ထာဝရအရှင် ဘုရားသခင်အဖို့ ဖြစ်၏။
2
ငါ၏ဘုရားသခင် အိမ်တော်အဖို့ ရွှေတန်ဆာလုပ်စရာဖို့ ရွှေကိုလည်းကောင်း၊ ငွေတန်ဆာလုပ်စရာဖို့ ငွေကိုလည်းကောင်း၊ ကြေးဝါတန်ဆာလုပ်စရာဖို့ ကြေးဝါကိုလည်းကောင်း၊ သံတန်ဆာလုပ်စရာဖို့ သံကိုလည်းကောင်း၊ သစ်သားတန်ဆာလုပ်စရာဖို့ သစ်သားကိုလည်းကောင်း၊ ရှဟံကျောက်နှင့် အရောင်မျိုးထွက်၍ စီစရာဖို့ ကောင်းသောကျောက်၊ အဖိုးထိုက်သောကျောက်မျိုး၊ များစွာသော ကျောက်ဖြူတို့ကိုလည်းကောင်း၊ တတ်နိုင်သမျှအတိုင်း ငါပြင်ဆင်ပြီ။
3
ငါ၏ဘုရားသခင် အိမ်တော်၌ ငါ့စိတ်နှလုံး စွဲလမ်းသောကြောင့်၊
4
ထိုသန့်ရှင်းသောအိမ်အဖို့ ပြင်ဆင်သော ဥစ္စာမှတစ်ပါး ကိုယ်ဥစ္စာထဲက ဩဖိရရွှေအခွက် သုံးသောင်းနှင့် ကျောက်ထရံတို့ကို မွမ်းမံစရာဖို့ ငွေစင်ခုနစ်သောင်းကို ငါ၏ဘုရားသခင်အိမ်တော်အဖို့ ငါပေး၏။
5
ရွှေသည် ရွှေတန်ဆာအဖို့၊ ငွေသည် ငွေတန်ဆာအဖို့နှင့် ဆရာသမားလုပ်သမျှအဖို့ ဖြစ်၏။ သို့ဖြစ်၍ ယနေ့ ထာဝရဘုရားအား ကိုယ်ဥစ္စာကို အဘယ်သူပူဇော်ချင်သနည်းဟု ပရိသတ်အပေါင်းတို့အား မေးတော်မူလျှင်၊
6
အဆွေအမျိုးတို့၏ အကြီးအကဲများ၊ ဣသရေလအမျိုး အသီးအသီးတို့ကို အုပ်စိုးသောမင်းများ၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်များ၊ ရှင်ဘုရင်၏အမှုတော်ကို စီရင်သောသူများတို့သည် ကြည်ညိုသောစိတ်ရှိ၍၊
7
ဘုရားသခင်၏အိမ်တော်မှုကို ဆောင်ရွက်ရာဖို့ ရွှေအခွက်ငါးသောင်းနှင့် ရွှေဒင်္ဂါးတစ်သောင်း၊ ငွေအခွက် တစ်သိန်း၊ ကြေးဝါအခွက် တစ်သိန်းရှစ်သောင်း၊ သံအခွက် တစ်သန်းကို လှူကြ၏။
8
ကျောက်မြတ်ရှိသော သူတို့သည်လည်း ဂေရရှုံအမျိုးသား ယေဟေလလက်ဖြင့် ထာဝရဘုရား၏ အိမ်တော်ဘဏ္ဍာထဲသို့ သွင်းကြ၏။
9
လူများတို့သည် စုံလင်သောနှလုံး၊ ကြည်ညိုသော စိတ်သဘောရှိ၍ ထာဝရဘုရားအား ပူဇော်သောကြောင့် ဝမ်းမြောက်ကြ၏။ ဒါဝိဒ်မင်းကြီးသည်လည်း အလွန်တရာဝမ်းမြောက်တော်မူ၏။
10
ထိုအခါ ဒါဝိဒ်က၊ အကျွန်ုပ်တို့အဘ ဣသရေလ၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။
11
အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုန်းတန်ခိုးအာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင်မြေကြီး၌ ရှိရှိသမျှကို ပိုင်တော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အစိုးရတော်မူ၏။ ခပ်သိမ်းသောသူတို့၏ အထွတ်၊ မြင့်မြတ်တော်မူ၏။
12
ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာသည် ကျေးဇူးတော်ကြောင့်သာဖြစ်၏။ ကိုယ်တော်သည် ခပ်သိမ်းသော သူတို့ကို အုပ်စိုးတော်မူ၏။ ခွန်အား အစွမ်းသတ္တိကို ပေးပိုင်တော်မူ၏။ ခပ်သိမ်းသောသူတို့အား ကြီးမြတ်သောအခွင့်နှင့် ခိုင်ခံ့သောအခွင့်ကို ပေးပိုင်တော်မူ၏။
13
သို့ဖြစ်၍ အကျွန်ုပ်တို့၏ ဘုရားသခင်၊ ကျေးဇူးတော် ကြီးလှပါသည်ဟု အကျွန်ုပ်တို့သည်ဝန်ခံ၍ ဘုန်းကြီးသော နာမတော်ကို ချီးမွမ်းကြပါ၏။
14
သို့ရာတွင် ကြည်ညိုသောစိတ်နှင့် ဤမျှလောက် ပူဇော်နိုင်အောင် အကျွန်ုပ်နှင့် အကျွန်ုပ်၏လူတို့သည် အဘယ်သို့သောသူ ဖြစ်ပါသနည်း။ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်ကြောင့် ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ဥစ္စာထဲကသာ ကိုယ်တော်အား ပူဇော်ပါ၏။
15
အကျွန်ုပ်တို့သည် ဘိုးဘေးများကဲ့သို့ ရှေ့တော်၌ ဧည့်သည် အာဂန္တုဖြစ်ပါ၏။ မြေကြီးပေါ်မှာ နေရသောကာလသည် အရိပ်ကဲ့သို့ ဖြစ်ပါ၏။ မှီခိုရာမရှိပါ။
16
အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏နာမအဖို့ ကိုယ်တော်၏အိမ်ကို တည်ဆောက်ခြင်းအလိုငှာ၊ အကျွန်ုပ်တို့ ပြင်ဆင်သော ဤဘဏ္ဍာရှိသမျှသည် တန်ခိုးတော်ကြောင့် ဖြစ်ပါ၏။ အလုံးစုံတို့ကို ကိုယ်တော်ပိုင်တော်မူ၏။
17
အကျွန်ုပ်တို့၏ ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်၍ ဖြောင့်မတ်ခြင်းသဘောကို နှစ်သက်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းသဘော၊ ကြည်ညိုသောစိတ်ရှိသည်နှင့် ဤဘဏ္ဍာရှိသမျှကို ပူဇော်ပါ၏။ စည်းဝေးလျက်ရှိသော ကိုယ်တော်၏လူတို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်ကြသည်ကိုမြင်၍ ဝမ်းမြောက်ပါ၏။
18
အကျွန်ုပ်တို့ဘိုးဘေး အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ လူတို့သည် ဤအမှုအရာများကို၊ အစဉ်အောက်မေ့စွဲလမ်းသော စိတ်သဘောရှိမည်အကြောင်း၊ သူတို့စိတ်နှလုံးသည် ကိုယ်တော်ဘက်၌ တည်ကြည်မည်အကြောင်း ကယ်မသနားတော်မူပါ။
19
အကျွန်ုပ်၏သား ရှောလမုန်သည်လည်း ကိုယ်တော်၏ သက်သေခံချက်၊ ထုံးဖွဲ့ချက်ပညတ်တရားတို့ကို စောင့်ရှောက်၍၊ အကျွန်ုပ်ပြင်ဆင်သောအမှုကို အကုန်အစင်ပြီးစီးစေလျက်၊ ဗိမာန်တော်ကို တည်ဆောက်နိုင်မည်အကြောင်း၊ စုံလင်သော စိတ်နှလုံးကို ပေးသနားတော်မူပါဟု ပရိသတ်အပေါင်းတို့ရှေ့မှာ ထာဝရဘုရားကို ကောင်းချီးပေးလျက် မြွက်ဆို၏။
20
ပရိသတ်အပေါင်းတို့အားလည်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကောင်းချီးပေးကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ ပရိသတ်အပေါင်းတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို ကောင်းချီးပေးလျက်ဦးချ၍ ထာဝရဘုရားကိုလည်းကောင်း၊ ရှင်ဘုရင်ကိုလည်းကောင်းရှိခိုးကြ၏။
21
နက်ဖြန်နေ့၌လည်း ယဇ်ပူဇော်ခြင်းအမှုကိုပြု၍ နွားတစ်ထောင်၊ သိုးတစ်ထောင်၊ သိုးသငယ်တစ်ထောင်တို့ကို မီးရှို့သဖြင့်၊ သွန်းလောင်းရာ ပူဇော်သကာတို့နှင့်တကွ ဣသရေလအမျိုး တစ်မျိုးလုံးအတွက် ထာဝရဘုရားအား များစွာသောယဇ်ကို ပူဇော်ကြ၏။
22
ထိုနေ့ချင်းတွင် ထာဝရဘုရားရှေ့တော်၌ စားသောက်၍ ပျော်မွေ့ခြင်းကိုပြုလျက် ဒါဝိဒ်၏သားတော် ရှောလမုန်ကို ရှင်ဘုရင်အရာ၌ ဒုတိယအကြိမ်ချီးမြှောက်၍ ထာဝရဘုရားအောက်မှာ မင်းဖြစ်စေခြင်းငှာလည်းကောင်း၊ ဇာဒုတ်ကို ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှာလည်းကောင်း ဘိသိက်ပေးကြ၏။
23
ထိုအခါ ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်ကိုယ်စား ရှင်ဘုရင်အရာကိုခံ၍ ထာဝရဘုရား၏ ရာဇပလ္လင်တော်ပေါ်မှာ ထိုင်လျက် ဘုန်းကြီးတော်မူ၏။ ဣသရေလအမျိုးသားအပေါင်းတို့သည် စကားတော်ကို နားထောင်ကြ၏။
24
မှူးတော်မတ်တော်၊ အရာကြီးသောသူ အပေါင်းတို့နှင့် ဒါဝိဒ်မင်းကြီး၏ သားတော်အပေါင်းတို့သည် ရှောလမုန်မင်းကြီး၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။
25
ထာဝရဘုရားသည် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့မှာ ရှောလမုန်ကို အလွန်ချီးမြှောက်၍ ဣသရေလရှင်ဘုရင်တစ်ယောက်မျှ မခံစဖူးသော ဘုန်းအာနုဘော်တော်ကို ပေးသနားတော်မူ၏။
26
ယေရှဲ၏သား ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကို အစိုးရသောမင်း ဖြစ်တော်မူ၏။
27
ဟေဗြုန်မြို့၌ ခုနစ်နှစ်၊ ယေရုရှလင်မြို့၌ သုံးဆယ်သုံးနှစ်မင်းပြု၍ ဣသရေလနိုင်ငံကို စိုးစံသောနှစ်ပေါင်းကား အနှစ်လေးဆယ်တည်း။
28
ဒါဝိဒ်သည် အသက်ကြီးရင့်၍ နေ့ရက်ကာလပြည့်စုံခြင်း၊ ဘုန်းစည်းစိမ်ကြွယ်ဝခြင်းရှိလျက် အနိစ္စရောက်၍ သားတော်ရှောလမုန်သည် ခမည်းတော်အရာ၌ နန်းထိုင်လေ၏။
29
ဒါဝိဒ်မင်းကြီးပြုမူသော အမှုအရာ အစအဆုံးရှိသမျှ၊ အစိုးရခြင်း၊ တန်ခိုးကြီးခြင်းနှင့်တကွ၊
30
ကိုယ်တော်မှစ၍ ဣသရေလပြည်၊ အခြားတစ်ပါးသော တိုင်းပြည်များတို့၌ ဖြစ်လေသမျှသော အမှုအရာအလုံးစုံတို့သည် ပရောဖက်ရှမွေလ၏ကျမ်းစာ၊ ပရောဖက်နာသန်၏ကျမ်းစာ၊ ပရောဖက်ဂဒ်၏ ကျမ်းစာတို့၌ ရေးထားလျက်ရှိ၏။ ရာဇဝင်ချုပ်ပထမစောင်ပြီး၏။
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29