bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Chronicles 27
1 Chronicles 27
Burmese 2021
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 28 →
1
ရှင်ဘုရင်အမှုတော်ကို စောင့်သော ဣသရေလအမျိုးသားတို့သည် အဆွေအမျိုးသူကြီး၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ အရာရှိတို့နှင့်တကွ၊ တစ်နှစ်တွင် တစ်ဆယ်နှစ်လ အစဉ်အတိုင်း တပ်ဖွဲ့၍၊ တစ်လစီတစ်လစီ အလှည့်လှည့်စောင့်ရသော တပ်သားအမှုထမ်း နှစ်သောင်းလေးထောင်စီ ရှိကြ၏။
2
ပထမလတွင် ပထမတပ်ကိုအုပ်သော ဗိုလ်မင်းကား၊ ဇာဗဒေလသား ယာရှောဗံနှင့် တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
3
ထိုမင်းသည် ဖာရက်အမျိုးသားဖြစ်၍၊ ပထမလတွင် အမှုစောင့်သော တပ်မှူးအပေါင်းတို့ကို အုပ်ရ၏။
4
ဒုတိယလတွင် အမှုစောင့်သောတပ်ကို အုပ်သောဗိုလ်မင်းကား၊ အဟောဟိအမျိုးသားဒေါဒနှင့် စစ်ကဲမိကလုပ်၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
5
တတိယလနှင့်ဆိုင်သော တတိယတပ်ဗိုလ်မင်းကား၊ ယဇ်ပုရောဟိတ်မင်းကြီးယောယဒသား ဗေနာယနှင့် တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
6
ထိုမင်းသည် ဗိုလ်စုတွင် ကျော်စောသောသူ၊ ဗိုလ်ချုပ်အရာရှိသောသူ ဖြစ်၏။ သူ၏သား အမိဇဗဒ်သည်လည်း တပ်မှူးအရာကိုရ၏။
7
စတုတ္ထလတွင် စတုတ္ထဗိုလ်မင်းကား၊ ယွာဘညီအာသဟေလ၊ စစ်ကဲကား အာသဟေလသားဇေဗဒိ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
8
ပဥ္စမလတွင် ပဥ္စမဗိုလ်မင်းကား ဣဇဟာအမျိုး ရှံဟုတ်၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
9
ဆဋ္ဌမလတွင် ဆဋ္ဌမဗိုလ်မင်းကား တေကောမြို့သား၊ ဣကေရှ၏သား ဣရ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
10
သတ္တမလတွင် သတ္တမဗိုလ်မင်းကား ဧဖရိမ်အမျိုး၊ ပေလောနိအနွယ်ဖြစ်သော ဟေလက်၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
11
အဋ္ဌမလတွင် အဋ္ဌမဗိုလ်မင်းကား ဇာရအမျိုး၊ ဟုသိရှအနွယ်ဖြစ်သော သိဗေကဲ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
12
နဝမလတွင် နဝမဗိုလ်မင်းကား ဗင်္ယာမိန်အမျိုး၊ အနေသောသိအနွယ်ဖြစ်သော အဗျေဇာ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
13
ဒသမလတွင် ဒသမဗိုလ်မင်းကား ဇာရအမျိုး၊ နေတောဖာသိအနွယ်ဖြစ်သော မဟာရဲ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
14
ဧကဒသမလတွင် ဧကဒသမဗိုလ်မင်းကား ဧဖရိမ်အမျိုး၊ ပိရသောနိအနွယ်ဖြစ်သော ဗေနာယ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
15
ဒွါဒသမတွင် ဒွါဒသမဗိုလ်မင်းကား ဩသနေလအမျိုး၊ နေတောဖာသိအနွယ်ဖြစ်သော ဟေလဒဲ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
16
ဣသရေလအမျိုး အသီးအသီးတို့ကို အုပ်သောမင်းဟူမူကား၊ ရုဗင်အမျိုးတွင် ဇိခရိ၏သားဧလျေဇာ၊ ရှိမောင်အမျိုးတွင် မာခ၏သား ရှေဖတိ။
17
လေဝိအမျိုးတွင် ကေမွေလ၏သား ဟာရှဘိ၊ အာရုန်အမျိုးတွင် ဇာဒုတ်၊
18
ယုဒအမျိုးတွင် ဒါဝိဒ်အစ်ကိုဧလိဟု၊ ဣသခါ အမျိုးတွင် မိက္ခေလ၏သား ဩမရိ၊
19
ဇာဗုလုန်အမျိုးတွင် ဩဗဒိ၏သား ဣရှမာယ၊ နဿလိအမျိုးတွင် အာဇရေလ၏သား ယေရိမုတ်၊
20
ဧဖရိမ်အမျိုးတွင် အာဇဇိ၏သား ဟောရှေ၊ မနာရှေအမျိုးတဝက်တွင် ပေဒါယ၏သား ယောလ၊
21
ဂိလဒ်ပြည်၌ မနာရှေအမျိုးတဝက်တွင် ဇာခရိ၏သား ဣဒ္ဒေါ၊ ဗင်္ယာမိန်အမျိုးတွင် အာဗနာ၏သား ယာသေလ၊
22
ဒန်အမျိုးတွင် ယေရောဟံ၏သား အာဇရေလ၊ ဤရွေ့ကား ဣသရေလအမျိုးတို့ကို အုပ်သောမင်းပေတည်း။
23
ထာဝရဘုရားသည် ဣသရေလအမျိုးတို့ကို မိုးကောင်းကင်ကြယ်နှင့်အမျှ တိုးပွားများပြားစေတော်မူမည်ဟု ကတိတော်ရှိသောကြောင့်၊ ဒါဝိဒ်သည် အသက်နှစ်ဆယ်မစေ့သော သူတို့ကို စာရင်းမယူဘဲနေ၏။
24
ဇေရုယာသား ယွာဘသည် စာရင်းယူစပြု၍၊ ထိုအပြစ်ကြောင့် အမျက်တော်သည် ဣသရေလအမျိုးအပေါ်သို့ သက်ရောက်သောအခါ လက်စမသတ်။ ရေတွက်၍ရသော လူပေါင်းကို ဒါဝိဒ်မင်းကြီး၏မှတ်စာ၌ မသွင်းမမှတ်။
25
အဒေလသား အာဇိမာဝက်သည် ဘဏ္ဍာတော်စိုးဖြစ်၏။ ဩဇိသားယောနသန်သည် လယ်ပြင်၊ မြို့ရွာ၊ ရဲတိုက်၌ရှိသော ဘဏ္ဍာတိုက်တို့ကိုအုပ်ရ၏။
26
ခေလုပ်သားဧဇရိသည် လယ်ယာလုပ်သောသူတို့ကို အုပ်ရ၏။
27
ရာမမြို့သားရှိမိသည် စပျစ်ဥယျာဉ်တော်ကိုလည်းကောင်း၊ ရှိဖမိမြို့သား ဇဗဒိသည် စပျစ်သီးနှင့် စပျစ်ရည်တိုက်တို့ကိုလည်းကောင်း အုပ်ရ၏။
28
ဂေဒရိလူ ဗာလဟာနန်သည် ချိုင့်တို့၌ရှိသော သံလွင်ပင်နှင့် သဖန်းပင်တို့ကိုလည်းကောင်း၊ ယောရှသည် ဆီတိုက်တို့ကိုလည်းကောင်း အုပ်ရ၏။
29
ရှာရုန်အရပ်သား ရှိတရဲသည် ရှာရုန်အရပ်၌ ကျက်စားသောနွားစုကိုလည်းကောင်း၊ အာဒလဲသား ရှာဖတ်သည် ချိုင့်တို့၌ကျက်စားသော နွားစုကိုလည်းကောင်း အုပ်ရ၏။
30
ဣရှမေလအမျိုးသား ဩဗိလသည် ကုလားအုတ်တို့ကိုလည်းကောင်း၊ မေရောနသိလူ ယေဒေယသည် မြည်းတို့ကိုလည်းကောင်း၊
31
ဟာဂရအမျိုးသားယာဇဇ်သည် သိုးတို့ကိုလည်းကောင်း အုပ်ရ၏။ ဤသူတို့သည် ဒါဝိဒ်မင်းကြီး၏ ဥစ္စာဘဏ္ဍာတော်ကို အုပ်ရသောသူပေတည်း။
32
ဒါဝိဒ်၏ဘထွေးတော် ယောနသန်သည် တိုင်ပင်မှူးမတ် ပညာရှိကျမ်းတတ်ဖြစ်၏။ ဟခမောနိသား ယေဟေလသည် ရှင်ဘုရင်၏သားတော်တို့ အပေါင်းအဖော်ဖြစ်၏။
33
အဟိသောဖေလသည် ရှင်ဘုရင်၏တိုင်ပင်မှူးမတ်၊ အာခိမြို့သားဟုရှဲသည် ရှင်ဘုရင်၏အဆွေခင်ပွန်းဖြစ်၏။
34
အဟိသောဖေလနောက်မှာ အဗျာသာနှင့် ဗေနာယသားယောယဒသည် နေရာကျ၏။ ယွာဘသည် တပ်တော်ဗိုလ်ချုပ်မင်းဖြစ်၏။
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 28 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29