bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Acts 10
Acts 10
Burmese (BCL) (Common Language Bible)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 11 →
1
ကဲသရိမြို့တွင်ကော်နေလိနာမည်ရှိသူလူ တစ်ယောက်ရှိ၏။ သူသည် ``ဣတလိတပ်'' ဟု ခေါ်သောတပ်မှတပ်ခွဲမှူးတစ်ယောက်ဖြစ်၏။-
2
သူနှင့်တကွသူ၏အိမ်ထောင်စုသားတို့သည် ဘုရားတရားကြည်ညို၍ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူများဖြစ်ကြ၏။ သူသည် ဆင်းရဲသောယုဒအမျိုးသားတို့အား ရက် ရောစွာလှူဒါန်းတတ်၏။ သူသည်ဘုရား သခင်ထံအချိန်မှန်မှန်ပတ္ထနာပြုလေ၏။-
3
မွန်းလွဲသုံးနာရီခန့်အချိန်၌ဘုရားသခင် ၏ကောင်းကင်တမန်သည်သူ့ထံသို့လာ၍ ``ကော် နေလိ'' ဟုခေါ်သည်ကိုဗျာဒိတ်ရူပါရုံတွင် အထင်အရှားမြင်ရ၏။
4
သူသည်ထိတ်လန့်လျက်ကောင်းကင်တမန်ကို စိုက်ကြည့်ပြီးလျှင် ``အရှင်၊ အဘယ်အမှု အခင်းရှိပါသနည်း'' ဟုမေးလျှောက်၏။ ကောင်းကင်တမန်ကလည်း ``သင်၏ဆုတောင်း ပတ္ထနာနှင့်စွန့်ကြဲပေးကမ်းမှုကို ဘုရားသခင် နှစ်သက်တော်မူသဖြင့်သင့်အားသိမှတ်တော် မူလေပြီ။-
5
ယခုပင်ယုပ္ပေမြို့သို့လူလွှတ်၍ပေတရုခေါ် ရှိမုန်ဆိုသူကိုပင့်ခေါ်လော့။-
6
သူသည်သားရေနယ်သမားရှိမုန်၏အိမ်တွင် တည်းခိုလျက်နေ၏။ ထိုအိမ်ကားပင်လယ်ကမ်း အနီးတွင်ရှိ၏'' ဟုမြွက်ဆို၏။-
7
ထိုကောင်းကင်တမန်ထွက်ခွာသွားသောအခါ ကော်နေလိသည် မိမိ၏အစေခံနှစ်ယောက်နှင့် ဘုရားဝတ်၌မွေ့လျော်သောအပါးတော်မြဲ စစ်သားတစ်ယောက်ကိုခေါ်ကာ၊-
8
အကြောင်းအလုံးစုံကိုပြောပြပြီးလျှင် ယုပ္ပေမြို့သို့စေလွှတ်လေသည်။
9
ထိုသူတို့သည်ခရီးပြုကြရာနောက်တစ်နေ့ ၌ယုပ္ပေမြို့အနီးသို့ရောက်ကြ၏။ မွန်းတည့် ချိန်ခန့်တွင်ပေတရုသည် ဆုတောင်းရန်အိမ် အမိုးပေါ်သို့တက်လေသည်။-
10
သူသည်ဆာလောင်မွတ်သိပ်သဖြင့်အစား အစာကိုတောင့်တ၏။ သူ၏အတွက်အစား အစာများပြင်ဆင်နေကြစဉ်သူသည်ဗျာ ဒိတ်ရူပါရုံကိုမြင်ရလေသည်။-
11
ထိုဗျာဒိတ်ရူပါရုံတွင်မိုးကောင်းကင်ကွဲဟ သည်ကိုလည်းကောင်း၊ ထောင့်လေးထောင့်မှချုပ် ကိုင်ထားသောရွက်ထည်ကြီးနှင့်တူသည့် အရာမြေသို့ကျလာသည်ကိုလည်းကောင်း တွေ့မြင်ရ၏။-
12
ထိုအရာထဲတွင်ခြေလေးချောင်းသတ္တဝါ မျိုး၊ တွားတတ်သည့်သတ္တဝါအမျိုးမျိုးနှင့် ကောင်းကင်ငှက်အမျိုးမျိုးတို့ဖြင့်ပါရှိ၏။-
13
``ပေတရု၊ ထလော့၊ သတ်၍စားလော့'' ဟူသော အသံကိုသူကြားရ၏။
14
ပေတရုက``အရှင်ဘုရား၊ အဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပါ။ အကျွန်ုပ်သည်ညစ်ညမ်းသောအရာ သို့မဟုတ်မသန့်စင်သည့်အရာကို အဘယ် အခါ၌မျှမစားဘူးပါ'' ဟုလျှောက်၏။
15
ထိုအခါဗျာဒိတ်သံက ``ဘုရားသခင်သန့်စင် သည်ဟုဆိုသည့်အရာကိုသင်ကညစ်ညမ်းသည် ဟုမဆိုရ'' ဟုမိန့်တော်မူ၏။-
16
ဤသို့သုံးကြိမ်တိုင်တိုင်ဖြစ်ပျက်ပြီးနောက် ချက်ချင်းပင်ရွက်ထည်နှင့်တူသောအရာသည် မိုးကောင်းကင်သို့ပြန်လည်ရုပ်သိမ်းခြင်းကို ခံရလေသည်။
17
ပေတရုသည်ထိုဗျာဒိတ်ရူပါရုံ၏အနက် အဋ္ဌိပ္ပါယ်ကိုဆင်ခြင်စဉ်းစားလျက်နေ၏။ ထို အချိန်၌ကော်နေလိစေလွှတ်လိုက်သောလူ တို့သည် ရှိမုန်၏အိမ်ကိုမေးမြန်းရှာဖွေ၍ ယခုအိမ်ရှေ့သို့ရောက်ရှိလာကြ၏။-
18
ထိုသူတို့က ``ပေတရုခေါ်ရှိမုန်သည်ဤ အိမ်တွင်ရှိပါ၏လော'' ဟုအော်၍မေးမြန်း ကြ၏။
19
ပေတရုသည်ဗျာဒိတ်ရူပါရုံအကြောင်း ကိုစဉ်းစားနေစဉ်ဝိညာဉ်တော်က ``လူသုံး ယောက်တို့သည်သင့်ကိုရှာနေကြ၏။-
20
ထ၍ဆင်းသွားလော့။ ငါပင်သူတို့ကိုစေလွှတ် လိုက်သည်ဖြစ်၍ မဆိုင်းမတွဘဲသူတို့နှင့် အတူလိုက်သွားလော့'' ဟုမိန့်တော်မူ၏။-
21
သို့ဖြစ်၍ပေတရုသည်ထိုသူတို့ထံသို့ဆင်း သွားပြီးလျှင် ``သင်တို့ရှာနေသူကားငါပင် ဖြစ်သည်။ အဘယ်အကြောင်းကြောင့်သင်တို့ ရောက်လာကြပါသနည်း'' ဟုမေး၏။
22
ထိုသူတို့က ``ကောင်းကင်တမန်တစ်ပါးသည် တပ်ခွဲမှူးကော်နေလိအားအရှင့်ကိုခေါ်ဖိတ် ၍ အရှင်၏တရားစကားကိုကြားနာရန်ညွှန် ကြားခဲ့ပါသည်။ ကော်နေလိသည်လူကောင်း တစ်ယောက်ဖြစ်၍ဘုရားသခင်ကိုကြောက်ရွံ့ ရိုသေသူဖြစ်ပါသည်။ ယုဒအမျိုးသား အပေါင်းတို့၏ကြည်ညိုလေးစားမှုကို လည်းခံရသူဖြစ်ပါ၏'' ဟုပြောကြား၏။-
23
ပေတရုသည်ထိုသူတို့အားအိမ်ထဲသို့ ခေါ်ဖိတ်၍ထိုညအိပ်စေ၏။ နောက်တစ်နေ့၌သူသည်ထိုသူတို့နှင့်အတူ ထွက်ခွာသွားသောအခါ ယုပ္ပေမြို့မှယုံကြည်သူ ညီအစ်ကိုအချို့တို့လည်းလိုက်ပါသွားကြ၏။-
24
နောက်တစ်နေ့၌ပေတရုသည်ကဲသရိမြို့သို့ ရောက်လေသည်။ ထိုမြို့တွင်ကော်နေလိသည် မိမိဖိတ်ခေါ်ထားသည့်ဆွေမျိုးသားချင်း များ၊ ရင်းနှီးသောမိတ်ဆွေများနှင့်အတူ သူ့အားစောင့်မျှော်လျက်နေကြ၏။-
25
ပေတရုဝင်လာသောအခါ ကော်နေလိသည် ခရီးဦးကြို၍သူ၏ခြေရင်းတွင်ပျပ်ဝပ် လေ၏။-
26
သို့ရာတွင်ပေတရုက ``ထလော့၊ ငါကိုယ်တိုင် ပင်လူသာမန်ဖြစ်ပါသည်'' ဟုဆို၍ ကော်နေလိ ကိုအထခိုင်း၏။-
27
ထိုနောက်ကော်နေလိနှင့်အတူစကားပြော လျက်အိမ်ထဲသို့ဝင်သွားသောအခါ လူ အမြောက်အမြားစုဝေးလျက်ရှိသည်ကို တွေ့မြင်ရ၏။-
28
ထိုသူတို့အားပေတရုက ``ယုဒအမျိုးသား သည်လူမျိုးခြားများနှင့်မပေါင်းမသင်းရ ဟူ၍လည်းကောင်း၊ သူတို့၏ထံသို့အလည် အပတ်မသွားရဟူ၍လည်းကောင်း၊ ဘာသာ တရားကတားမြစ်သည်ကိုသင်တို့သိကြ၏။ သို့သော်မည်သူ့ကိုမျှဘာသာရေးထုံးနည်း အရညစ်ညမ်းသူသို့မဟုတ် မသန့်စင်သူ ဟူ၍မခေါ်စေရန် ဘုရားသခင်သည်ငါ့ အားဖော်ပြတော်မူပြီ။-
29
ထို့ကြောင့်ငါ့ကိုသင်ခေါ်ဖိတ်သောအခါ ငါသည်မငြင်းမဆိုဘဲလိုက်လာခဲ့၏။ အဘယ်ကြောင့်ငါ့ကိုခေါ်ဖိတ်ရကြောင်း ပြောကြားပါလော့'' ဟုဆို၏။
30
ကော်နေလိက ``လွန်ခဲ့သောသုံးရက်ကမွန်း လွဲသုံးနာရီ၌ အကျွန်ုပ်သည်အိမ်မှာဆုတောင်း လျက်နေပါ၏။ ထိုအခါတောက်ပြောင်သော အဝတ်ကိုဝတ်ဆင်ထားသူလူတစ်ယောက် သည် အကျွန်ုပ်၏ရှေ့တွင်ရုတ်တရက်ရပ်၍၊-
31
`ကော်နေလိ၊ သင်၏ဆုတောင်းပတ္ထနာကိုဘုရား သခင်ကြားတော်မူပြီ။ သင်၏စွန့်ကြဲပေးကမ်း မှုကိုလည်းသိမှတ်တော်မူပြီ။-
32
သို့ဖြစ်၍ယုပ္ပေမြို့သို့လူလွှတ်၍ရှိမုန်ပေတရု ဟုခေါ်သောသူကိုပင့်လော့။ သူသည်ပင်လယ်ကမ်း အနီးရှိသားရေနယ်သမားရှိမုန်၏အိမ်တွင် တည်းခိုလျက်နေ၏' ဟုမြွက်ဆိုပါ၏။-
33
ထိုကြောင့်အကျွန်ုပ်သည်ချက်ချင်းပင်အရှင် ၏ထံသို့လူလွှတ်ခဲ့ပါသည်။ အရှင်ကြွလာ သည့်အတွက်ကျေးဇူးကြီးလှပါ၏။ ကိုယ်တော် အားဖြင့်ထာဝရဘုရားမိန့်တော်မူသမျှ သောစကားတော်တို့ကိုကြားနာရန် အကျွန်ုပ် တို့သည်ဘုရားသခင်၏ရှေ့တော်မှောက်သို့ ရောက်ရှိနေကြပါပြီ'' ဟုပြောဆို၏။
34
ထိုအခါပေတရုက ``အကယ်စင်စစ်ဘုရား သခင်သည်မျက်နှာကြီးငယ်ထောက်တော် မမူကြောင်းကို ယခုငါသိရှိနားလည်လာ ၏။-
35
ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေ၍ အမှန်တရားကိုကျင့်သုံးသူမှန်သမျှအား လူမျိုးခွဲခြားမှုမပြုဘဲနှစ်သက်လက်ခံ တော်မူ၏။-
36
ဣသရေလအမျိုးသားတို့ထံသို့ပေးပို့သော ဘုရား၊ လူခပ်သိမ်းတို့၏အရှင်သခင်ဖြစ်တော် မူသောသခင်ယေရှုခရစ်အားဖြင့် ကြေညာ တော်မူသည့်ရန်ငြိမ်းခြင်းဆိုင်ရာသတင်း ကောင်းကိုသင်တို့သိကြ၏။-
37
ဗတ္တိဇံတရားကိုယောဟန်ဟောပြောပြီးသည့် နောက် ဂါလိလဲပြည်မှအစပြု၍ ယုဒပြည် တစ်လျှောက်လုံးတွင်ဖြစ်ပျက်ခဲ့သည့်အမှု အရာများအကြောင်းကိုလည်းကောင်း၊-
38
နာဇရက်မြို့သားယေရှုသည်ဘုရားသခင် ထံတော်မှသန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုး တော်အဘယ်သို့ခံယူရရှိသည်အကြောင်းကို လည်းကောင်းသင်တို့သိကြ၏။ ဘုရားသခင် သည်ကိုယ်တော်နှင့်အတူရှိတော်မူသဖြင့် ကိုယ်တော်သည်အရပ်ရပ်သို့လှည့်လည်၍ လူ တို့အားကျေးဇူးပြုလျက်မာရ်နတ်နှိပ်စက် သူအပေါင်းတို့အားကျန်းမာစေတော်မူခဲ့၏။-
39
ယေရုရှလင်မြို့၌လည်းကောင်း၊ ဣသရေလ နိုင်ငံရှိအခြားမြို့ရွာများ၌လည်းကောင်း၊ ကိုယ်တော်လုပ်ဆောင်ခဲ့သမျှသောအမှုအရာ တို့နှင့်ပတ်သက်၍ ငါတို့သည်အသိသက်သေ များဖြစ်ကြ၏။ ထိုနောက်လူတို့သည်ကိုယ်တော် ကိုလက်ဝါးကပ်တိုင်တွင်တင်၍သတ်ကြ၏။-
40
သို့ရာတွင်တတိယနေ့၌ဘုရားသခင်သည် ကိုယ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၍ကိုယ်ထင်ပြစေတော်မူ၏။-
41
လူတိုင်းကိုယ်တော်ကိုဖူးမြင်ခွင့်ရကြသည် မဟုတ်။ အသိသက်သေများအဖြစ်ဖြင့်ဘုရား သခင်ကြိုတင်ရွေးချယ်ထားသူငါတို့သာ လျှင်ဖူးမြင်ရကြ၏။ ငါတို့သည်ကိုယ်တော် သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်နှင့်အတူစားသောက်ခဲ့သူများဖြစ် ကြ၏။-
42
ကိုယ်တော်သည်လူတို့အားသတင်းကောင်းကို ကြေညာရန်နှင့် ကိုယ်တော်သည်အသက်ရှင်နေ သူ၊ သေလွန်သူများကိုတရားစီရင်သော သခင်အဖြစ်ဖြင့် ဘုရားသခင်ခန့်ထားတော် မူကြောင်းဟောပြောသက်သေခံရန် ငါတို့ အားပညတ်ပေးတော်မူခဲ့၏။-
43
ကိုယ်တော်ကိုသက်ဝင်ယုံကြည်သူအပေါင်း တို့သည် ကိုယ်တော်၏နာမတော်တန်ခိုးအား ဖြင့် မိမိတို့၏အပြစ်များဖြေလွှတ်ခြင်းခံ ရကြလတ္တံ့ဟူ၍ ကိုယ်တော်၏အကြောင်းကို ပရောဖက်အပေါင်းတို့ဟောပြောခဲ့ကြ၏'' ဟုမြွက်ဆိုလေသည်။
44
ဤသို့ပေတရုမြွက်ဆိုနေစဉ် သန့်ရှင်းသော ဝိညာဉ်တော်သည်နှုတ်ကပတ်တရားတော်ကို ကြားနာနေကြသောသူအပေါင်းတို့အပေါ် သို့ဆင်းသက်တော်မူ၏။-
45
လူမျိုးခြားတို့သည်လည်းသန့်ရှင်းသော ဝိညာဉ်တော်ဆုကျေးဇူးကိုခံယူရရှိကြ သည်ဖြစ်၍ ပေတရုနှင့်အတူလိုက်လာကြ သောယုံကြည်သူယုဒအမျိုးသားတို့ သည်လွန်စွာအံ့သြကြ၏။-
46
အဘယ်ကြောင့်ဆိုသော်လူမျိုးခြားတို့သည် ထူးဆန်းသောဘာသာစကားများကိုပြော ၍ ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြသည်ကိုကြားကြသောကြောင့်ဖြစ်၏။ ထိုအခါပေတရုက၊-
47
``ဤသူတို့သည်ငါတို့ကဲ့သို့ပင်သန့်ရှင်း သောဝိညာဉ်တော်ကိုခံယူရရှိသူများဖြစ် ကြ၏။ သို့ဖြစ်၍အဘယ်သူသည်သူတို့ဗတ္တိ ဇံမင်္ဂလာခံယူမှုကိုတားမြစ်နိုင်သနည်း'' ဟု ဆို၏။-
48
ထိုနောက်ပေတရုသည်ထိုသူတို့အားယေရှု ခရစ်၏နာမတော်ကိုအမှီပြု၍ ဗတ္တိဇံမင်္ဂလာ ခံစေရန်အမိန့်ပေးလေ၏။ ထိုနောက်ပေတရု အားမိမိတို့နှင့်အတူ ရက်အနည်းငယ်နေ ထိုင်ရန်ထိုသူတို့သည်မေတ္တာရပ်ခံကြ၏။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28