bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Acts 14
Acts 14
Burmese (BCL) (Common Language Bible)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 15 →
1
ဣကောနိမြို့တွင်လည်းပေါလုနှင့်ဗာနဗ သည် ယုဒအမျိုးသားတို့၏တရားဇရပ်သို့ ဝင်၍ဟောပြောသွန်သင်ကြရာ ယုဒအမျိုး သားနှင့်လူမျိုးခြားအမြောက်အမြားသည် ယုံကြည်ကြ၏။-
2
သို့သော်မယုံကြည်သည့်ယုဒအမျိုးသား များသည် လူမျိုးခြားတို့အားညီအစ်ကိုတို့ ကိုမနာလိုစိတ်ရှိစေရန်ဆွပေးကြ၏။-
3
တမန်တော်တို့သည်ထိုအရပ်တွင်ကြာမြင့်စွာ နေထိုင်လျက် သခင်ဘုရား၏အကြောင်းကို ရဲရင့်စွာဟောပြောကြ၏။ ကိုယ်တော်သည်ထို သူတို့ဟောပြောသည့်ကျေးဇူးတော်ဆိုင်ရာ တရားမှန်ကန်ကြောင်းသက်သေပြရန် သူတို့ အားအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များပြနိုင်သောတန်ခိုးကိုပေးတော်မူ၏။-
4
မြို့သူမြို့သားတို့သည်နှစ်စုကွဲကြ၏။ တစ်စု ကယုဒအမျိုးသားတို့ဘက်သို့ပါ၍ အခြား တစ်စုကတမန်တော်တို့ဘက်သို့ပါကြ၏။
5
ယုဒအမျိုးသားနှင့်လူမျိုးခြားအချို့တို့ သည် တမန်တော်တို့ကိုညှဉ်းဆဲရန်နှင့်ခဲဖြင့် ပေါက်ရန် မိမိတို့ခေါင်းဆောင်များနှင့်ကြံစည် အားထုတ်ကြ၏။-
6
ထိုအကြောင်းကိုတမန်တော်တို့ကြားသိ ကြသောအခါ လုကောနိပြည်ရှိလုတ္တရမြို့၊ ဒေရဗေမြို့နှင့်အနီးရှိဒေသသို့ထွက်ပြေး ၍၊-
7
သတင်းကောင်းကိုဟောပြောကြ၏။
8
လုတ္တရမြို့တွင်အဘယ်အခါကမျှလမ်းမ လျှောက်နိုင်ခဲ့သူ၊ မွေးစကပင်ခြေမစွမ်းမသန် ခဲ့သူလူတစ်ယောက်ရှိ၏။-
9
သူသည်ပေါလုဟောပြောသည်ကိုနားထောင် လျက်နေ၏။ ပေါလုသည်သူ့အားစိုက်ကြည့် လိုက်သောအခါ ရောဂါပျောက်ကင်းစေနိုင် လောက်အောင်သူ့မှာယုံကြည်မှုရှိကြောင်း ကိုသိမြင်လျှင်၊-
10
``ထ၍မတ်မတ်ရပ်လော့'' ဟုထိုသူအား အသံကျယ်စွာဆို၏။ ထိုအခါသူသည် ခုန်၍ထပြီးလျှင်လမ်းလျှောက်လေ၏။-
11
လူပရိသတ်တို့သည်ပေါလုပြုသောအမှု အရာကိုမြင်လျှင် ``နတ်ဘုရားတို့သည်လူ့ အသွင်ကိုဆောင်၍ ငါတို့ထံသို့သက်ဆင်း လာလေပြီ'' ဟုမိမိတို့လုကောနိဘာသာ စကားဖြင့်ကြွေးကြော်ကြ၏။-
12
သူတို့သည်ဗာနဗအားဇုသဟုခေါ်ကြ၏။ ခေါင်းဆောင်၍ဟောပြောသူဖြစ်သောကြောင့် ပေါလု အားဟေရမေဟုခေါ်ကြ၏။-
13
ဇုသနတ်ဘုရား၏ဗိမာန်သည်မြို့အပြင်တွင် ရှိရာ ထိုနတ်ဘုရား၏ယဇ်ပုရောဟိတ်သည် နွား လားများနှင့်ပန်းကုံးများကိုမြို့တံခါးဝသို့ ယူဆောင်လာ၏။ သူနှင့်တကွလူပရိသတ်တို့ သည် တမန်တော်တို့အားယဇ်ပူဇော်ပသလို ကြ၏။
14
ထိုသို့ပူဇော်ပသမည့်အကြောင်းကိုဗာနဗ နှင့်ပေါလုတို့ကြားကြသောအခါ မိမိတို့၏ အဝတ်များကိုဆုတ်ဖြဲ၍လူတို့ထံသို့ပြေး သွားပြီးလျှင်၊-
15
အချင်းလူတို့၊ သင်တို့သည်အဘယ်ကြောင့်ဤ သို့ပြုကြသနည်း။ ငါတို့သည်လည်းသင်တို့ကဲ့ သို့ပင်လူသာမန်များသာဖြစ်ကြ၏။ သင်တို့ သည်ဤသို့အကျိုးမရှိသည့်အမှုအရာများ ကိုစွန့်ပစ်၍ အသက်ရှင်တော်မူသောဘုရား သခင်အားဆည်းကပ်ကြစေရန် ငါတို့သည် သင်တို့အားသတင်းကောင်းကိုကြေညာရန် ရောက်ရှိလာကြ၏။ အသက်ရှင်တော်မူသော ဘုရားသခင်သည်မိုးမြေကိုလည်းကောင်း ပင်လယ်နှင့်အရပ်ခပ်သိမ်းတွင်ရှိလေသမျှ သောအရာတို့ကိုလည်းကောင်းဖန်ဆင်းတော် မူ၏။-
16
လွန်ခဲ့သောခေတ်ကာလများကကိုယ်တော် သည်လူမျိုးတကာတို့အား မိမိတို့အလို ဆန္ဒရှိသည်အတိုင်းပြုကျင့်ခွင့်ကိုပေးတော် မူခဲ့၏။-
17
သို့ရာတွင်ကိုယ်တော်ရှိတော်မူကြောင်းသက် သေခံအထောက်အထားများဖြင့် လူတို့အား အစဉ်ပင်ပြသတော်မူ၏။ ကိုယ်တော်သည် ကောင်းကင်မှမိုးကိုရွာစေလျက်အချိန်တန် လျှင် သီးနှံများကိုဖြစ်ပွားစေတော်မူ၏။ သင် တို့အားအစာအာဟာရကျွေးမွေး၍စိတ် ရွှင်လန်းဝမ်းမြောက်စေတော်မူ၏'' ဟုကြွေး ကြော်လေသည်။-
18
ဤသို့တမန်တော်တို့ကြွေးကြော်ကြသော် လည်း လူတို့ယဇ်ပူဇော်ရန်ကြိုးစားမှုကိုမူ ဆီးတား၍မရချေ။
19
သို့ရာတွင်ယုဒအမျိုးသားအချို့သည်အန္တိ အုတ်မြို့နှင့်ဣကောနိမြို့တို့မှရောက်လာကြ ပြီးလျှင် လူပရိသတ်တို့ကိုမိမိတို့ဘက်သို့ ပါအောင်ဆွဲဆောင်ကြ၏။ ထိုနောက်ပေါလုကို ခဲဖြင့်ပေါက်၍ သေလုပြီဟုထင်သဖြင့်မြို့ ပြင်သို့ဆွဲထုတ်သွားကြ၏။-
20
သို့သော်မိမိ၏ပတ်လည်တွင်တပည့်တော်တို့ ရောက်လာကြသောအခါ ပေါလုသည်ထ၍မြို့ ထဲသို့ဝင်လေ၏။ နောက်တစ်နေ့၌ပေါလုနှင့် ဗာနဗသည်ဒေရဗေမြို့သို့ထွက်ခွာသွား ကြ၏။
21
ပေါလုနှင့်ဗာနဗတို့သည်ဒေရဗေမြို့တွင် သတင်းကောင်းကိုဟောပြောကြေညာသဖြင့် လူအမြောက်အမြားတပည့်တော်များဖြစ် လာကြ၏။ ထိုနောက်လုတ္တရမြို့၊ ဣကောနိ မြို့နှင့်ပိသိဒိပြည်အန္တိအုတ်မြို့သို့ပြန် ကြ၏။-
22
``ငါတို့သည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရန် ဒုက္ခဆင်းရဲများစွာခံရကြလိမ့်မည်'' ဟုဟောပြောသွန်သင်ကာတပည့်တော်တို့ အားကြံ့ခိုင်စေကြ၏။ သူတို့၏ယုံကြည်ခြင်း ခိုင်မြဲစေရန်အားပေးနှိုးဆော်ကြ၏။-
23
ပေါလုနှင့်ဗာနဗတို့သည်အသင်းတော်တိုင်း ၌ အသင်းတော်လူကြီးများကိုခန့်ထားကြ၏။ ထိုနောက်ဆုတောင်းပတ္ထနာပြု၍အစာရှောင် ပြီးလျှင် အသင်းတော်ဝင်တို့ယုံကြည်ကြ သည့်သခင်ဘုရား၏လက်တော်သို့ထိုသူ တို့ကိုအပ်ကြ၏။-
24
ပေါလုနှင့်ဗာနဗသည်ဝိသိဒိပြည်ကိုဖြတ် သွားပြီးနောက် ပံဖုလိပြည်သို့ရောက်ကြ၏။-
25
သူတို့သည်ပေရဂေမြို့တွင်တရားတော်ကို ဟောပြောကြ၏။ ထိုနောက်အတ္တလိမြို့သို့ သွားပြီးလျှင်၊-
26
အန္တိအုတ်မြို့သို့သင်္ဘောလွှင့်ကြ၏။ ထိုမြို့ကား ယခုမိမိတို့ဆောင်ရွက်ပြီးစီးသွားသည့် အမှုတော်အတွက် ဘုရားသခင်၏ကျေးဇူး တော်သို့အပ်နှံ၍စေလွှတ်သောမြို့ပင်ဖြစ် သတည်း။
27
အန္တိအုတ်မြို့သို့ရောက်သောအခါ သူတို့သည် အသင်းတော်ဝင်တို့ကိုစုရုံးစေလျက် မိမိ တို့အားဖြင့်ဘုရားသခင်ပြုတော်မူခဲ့သမျှ သောအမှုအရာတို့ကိုလည်းကောင်း၊ လူမျိုး ခြားတို့ယုံကြည်လာစေရန်ကိုယ်တော်လမ်း ဖွင့်ပေးတော်မူကြောင်းကိုလည်းကောင်းပြန် ကြားကြ၏။-
28
ထိုနောက်သူတို့သည်တပည့်တော်တို့နှင့် အတူကြာမြင့်စွာနေထိုင်ကြ၏။
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28