bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Acts 13
Acts 13
Burmese (BCL) (Common Language Bible)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 14 →
1
အန္တိအုတ်မြို့အသင်းတော်တွင် ပရောဖက်များ နှင့်ဆရာများရှိ၏။ ထိုသူတို့ကားဗာနဗ၊ နိဂါခေါ်ရှုမောင်၊ ကုရေနေပြည်သားလုကိ၊ (စော်ဘွားဟေရုဒ်၏ငယ်သူငယ်ချင်းဖြစ်သူ) မာနင်နှင့်ရှောလုတို့တည်း။-
2
ထိုသူတို့သည်သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်၍ အစာရှောင်လျက်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်ကသူတို့အား ``ရှောလု နှင့်ဗာနဗတို့ကို ငါ၏အမှုတော်ဆောင်ရန် အတွက်သီးသန့်ရွေးချယ်ကြလော့'' ဟုမိန့် တော်မူ၏။
3
ထိုအခါသူတို့သည်အစာရှောင်၍ဆု တောင်းပတ္ထနာပြုပြီးလျှင် ဗာနဗနှင့်ရှောလု တို့၏ဦးခေါင်းပေါ်တွင်မိမိတို့လက်ကိုတင် ကြ၏။ ထိုနောက်သူတို့အားအမှုတော် ဆောင်ရွက်ရန်စေလွှတ်လိုက်ကြ၏။
4
ဗာနဗနှင့်ရှောလုတို့သည်သန့်ရှင်းသော ဝိညာဉ်တော်စေလွှတ်တော်မူသည်အတိုင်း သေလုကိမြို့သို့သွားရောက်၍ထိုမြို့မှ ကုပရုကျွန်းသို့သင်္ဘောလွှင့်ကြ၏။-
5
သူတို့သည်ရှာလမိမြို့သို့ရောက်သောအခါ တရားဇရပ်များတွင်ဘုရားသခင်၏နှုတ် ကပတ်တရားတော်ကိုဟောပြောကြ၏။ ယောဟန်မာကုသည်သူတို့၏လက်ထောက် အဖြစ်ကူညီဆောင်ရွက်၏။
6
သူတို့သည်ထိုကျွန်းကိုဖြတ်၍ပါဖုမြို့ အထိလျှောက်သွားကြ၏။ ထိုမြို့တွင်ယုဒ အမျိုးသားမိစ္ဆာပရောဖက်ဖြစ်သောမှော် ဆရာတစ်ယောက်ကိုတွေ့ကြ၏။ သူ၏နာမည် မှာဗာယေရှုဖြစ်၏။-
7
သူသည်ဘုရင်ခံသေရဂိပေါလု၏မိတ်ဆွေ ဖြစ်၏။ ထိုဘုရင်ခံကားသတိပညာရှိသူ တစ်ယောက်ဖြစ်ပေသည်။ သူသည်ဘုရားသခင် ၏နှုတ်ကပတ်တရားတော်ကိုကြားနာလို၍ ဗာနဗနှင့်ရှောလုကိုပင့်ဖိတ်လေ၏။-
8
သို့ရာတွင် (ဂရိဘာသာအားဖြင့်ဧလုမဟု နာမည်ရှိသော) ထိုမှော်ဆရာသည်ဘုရင်ခံ အားယုံကြည်ခြင်းလွဲမှားစေရန် ဗာနဗ နှင့်ရှောလုတို့ကိုအတိုက်အခံပြုလေ၏။-
9
ထိုအခါပေါလုခေါ်ရှောလုသည် သန့်ရှင်း သောဝိညာဉ်တော်ဖြင့်ပြည့်ဝလျက် မှော် ဆရာအားစိုက်ကြည့်ပြီးနောက်၊-
10
``မာရ်နတ်၏သား၊ လှည့်စားလိမ်လည်တတ်သူ၊ အမှန်တရား၏ရန်သူ၊ သင်သည်ထာဝရ ဘုရား၏ဖြောင့်မှန်သောတရားလမ်းကို ကောက်လိမ်အောင်ပြုပါသည်တကား။-
11
ယခုပင်လျှင်ထာဝရဘုရား၏လက်တော် သည် သင့်ပေါ်သို့ကျရောက်တော်မူသဖြင့် သင် သည်မျက်စိကွယ်လိမ့်မည်။ ကာလအတန် အကြာနေကိုမြင်ရလိမ့်မည်မဟုတ်'' ဟု မြွက်ဆို၏။ ချက်ချင်းပင်မှော်ဆရာသည်မျက်စိမြှေး ယှက်၍ မှောင်အတိကျရောက်လာသကဲ့သို့ ဖြစ်သဖြင့် လက်ဆွဲ၍လမ်းပြခေါ်ဆောင်ပေး မည့်သူကိုရှာရလေ၏။-
12
ဘုရင်ခံသည်ထိုအဖြစ်အပျက်ကိုမြင်လျှင် ယုံကြည်လာ၏။ သူသည်သခင်ဘုရား၏တရား တော်ကိုကြားသောအခါအံ့သြမိန်းမော၍ နေ၏။
13
ပေါလုနှင့်အပေါင်းဖော်များသည်ပါဖုမြို့မှ သင်္ဘောလွှင့်၍ ပံဖုလိပြည်ပေရဂေမြို့သို့ရောက် ကြ၏။ ထိုအခါယောဟန်မာကုသည်သူတို့ နှင့်ခွဲခွာ၍ယေရုရှလင်မြို့သို့ပြန်လေ၏။-
14
သူတို့သည်ပေရဂေမြို့မှထွက်ခွာကြရာ ပိသိဒိပြည်အန္တိအုတ်မြို့သို့ရောက်၍ ဥပုသ် နေ့၌တရားဇရပ်သို့ဝင်၍ထိုင်ကြ၏။-
15
ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းကိုဖတ်ပြီး သောအခါ တရားဇရပ်အမှုဆောင်လူကြီး များသည်သူတို့အား ``ညီအစ်ကိုတို့၊ လူတို့ အားတိုက်တွန်းအားပေးစကားပြောကြား ရန်ရှိပါလျှင်ပြောကြပါ'' ဟုလူလွှတ်၍ အကြောင်းကြားကြ၏။-
16
ပေါလုသည်နေရာမှထ၍လက်ရိပ်ပြ ပြီးနောက် ``ဣသရေလအမျိုးသားတို့နှင့် ဘုရားသခင်အားကိုးကွယ်သူအခြား အမျိုးသားတို့၊ နားထောင်ကြလော့။-
17
ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ငါတို့ဘိုးဘေးများအီဂျစ်ပြည်တွင် သူစိမ်းတစ်ရံဆံအဖြစ်နှင့်နေထိုင်ကြစဉ်၊ သူတို့အားရွေးကောက်၍ လူမျိုးကြီးဖြစ်စေ တော်မူ၏။ မဟာတန်ခိုးတော်ဖြင့်ထိုပြည် မှထုတ်ဆောင်သွားတော်မူကာ၊-
18
တောကန္တာရတွင်အနှစ်လေးဆယ်ပတ်လုံး သူတို့အားသည်းခံတော်မူ၏။-
19
ထိုနောက်ခါနာန်ပြည်နေလူခုနစ်မျိုးတို့ ကိုဖယ်ရှားပြီးလျှင်ထိုပြည်ကို၊-
20
မိမိလူစုတော်အားပိုင်ဆိုင်ခွင့်ကိုပေး တော်မူ၏။ ဤအဖြစ်အပျက်အထိနှစ် ပေါင်းလေးရာ့ငါးဆယ်ကြာခဲ့၏။ ထိုနောက်ပရောဖက်ရှမွေလပေါ်ထွန်းချိန် အထိ တရားသူကြီးများကိုပေါ်ထွန်းစေ တော်မူ၏။-
21
သူတို့သည်ရှင်ဘုရင်တစ်ပါးခန့်ပေးရန် ရှမွေလအားတောင်းဆိုကြသဖြင့် ဘုရား သခင်သည်ကိရှ၏သားဗင်္ယာမိန်အနွယ်ဝင် ရှောလုကိုခန့်ထားတော်မူ၏။ ရှောလုသည် အနှစ်လေးဆယ်ပတ်လုံးနန်းစံတော်မူ သတည်း။-
22
ထိုနောက်ဘုရားသခင်သည်ရှောလုကိုဖယ် ရှားပြီးလျှင် ဒါဝိဒ်အားဣသရေလဘုရင် အဖြစ်ချီးမြှောက်တော်မူ၏။ ဘုရားသခင်က `ယေရှဲ၏သားဒါဝိဒ်သည်ငါ၏စိတ်တော်နှင့် တွေ့သူ၊ ငါဆောင်ရွက်စေလိုသမျှတို့ကိုဆောင် ရွက်မည့်သူဖြစ်ကြောင်းငါတွေ့ရှိရပြီ' ဟု ဒါဝိဒ်နှင့်ပတ်သက်၍မိန့်တော်မူ၏။-
23
ဘုရားသခင်သည်မိမိ၏ကတိတော်အတိုင်း ဣသရေလအမျိုးသားတို့အဖို့ကယ်တင်ရှင် ကို ထိုသူ၏သားမြေးများအထဲမှပေါ်ထွန်း စေတော်မူ၏။ ထိုအရှင်ကားသခင်ယေရှုပင် ဖြစ်သတည်း။-
24
ထိုအရှင်အမှုတော်ကိုစတင်၍ဆောင်ရွက် တော်မမူမီယောဟန်သည် ဣသရေလအမျိုး သားအပေါင်းတို့အား `နောင်တရ၍ဗတ္တိဇံ မင်္ဂလာကိုခံကြလော့' ဟုဟောပြော၏။-
25
မိမိဆောင်ရွက်ရမည့်အမှုပြီးဆုံးချိန်နီး သောအခါ ယောဟန်က `ငါသည်သင်တို့စောင့် မျှော်နေသည့်အရှင်မဟုတ်။ ထိုအရှင်သည် ငါ့နောက်တွင်ပေါ်ထွန်းလိမ့်မည်။ ငါသည်ထို အရှင်၏ဖိနပ်ကိုမျှမချွတ်ထိုက်' ဟုဆို၏။
26
``အာဗြဟံ၏သားမြေးဖြစ်သူငါ့ညီအစ်ကို တို့နှင့် ဘုရားသခင်ကိုကိုးကွယ်သူအခြား အမျိုးသားတို့၊ ဤကယ်တင်ခြင်းဆိုင်ရာ တရားကိုငါတို့ထံသို့ရောက်ရှိလာစေ၏။-
27
ယေရုရှလင်မြို့သားများနှင့်သူတို့၏ခေါင်း ဆောင်များကား ထိုအရှင်သည်ကယ်တင်ရှင် ဖြစ်သည်ကိုမသိမမြင်ကြ။ ဥပုသ်နေ့တိုင်း မိမိတို့ဖတ်ကြသည့်ပရောဖက်ကျမ်းစကား ကိုလည်းနားမလည်ကြ။ သို့သော်ထိုသူတို့ သည်ပရောဖက်များ၏ဟောကြားချက်အတိုင်း ဖြစ်ပျက်စေရန် ထိုအရှင်ကိုသေဒဏ်စီရင် ကြ၏။-
28
ဤသို့သေဒဏ်စီရင်ထိုက်သောအပြစ်တစ်စုံ တစ်ရာကိုမျှမတွေ့သော်လည်း သေဒဏ်ပေး ရန်ပိလတ်မင်းအားတောင်းဆိုကြ၏။-
29
သူတို့သည်ထိုအရှင်နှင့်ပတ်သက်၍ ကျမ်းစာ တော်တွင်ဖော်ပြပါရှိသမျှသောအရာတို့ ကိုပြုကြပြီးနောက် ထိုအရှင်၏တပည့်တို့ သည်အလောင်းတော်ကိုလက်ဝါးကပ်တိုင်မှ ချ၍သင်္ချိုင်းဂူတွင်သင်္ဂြိုဟ်ကြ၏။-
30
သို့ရာတွင်ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ၏။-
31
ထိုနောက်ထိုအရှင်သည်ယခင်ကမိမိနှင့်အတူ ဂါလိလဲပြည်မှယေရုရှလင်မြို့သို့လိုက်ပါ ကြသူတို့အား ရက်ပေါင်းများစွာကိုယ်ထင်ပြ တော်မူ၏။ သူတို့သည်ယခုအခါဣသရေလ အမျိုးသားတို့အား ကိုယ်တော်၏အကြောင်းကို သက်သေခံလျက်ရှိကြ၏။-
32
ဒုတိယဆာလံတွင်၊`သင်သည်ငါ၏သားတော် ဖြစ်၏။ ယနေ့ပင်သင့်အားသားတော်အရာကို ငါပေးပြီ' ဟုဖော်ပြပါရှိသည်နှင့်အညီ ဘုရားသခင်သည်ယေရှုကိုသေခြင်းမှရှင် ပြန်ထမြောက်စေတော်မူသဖြင့် ငါတို့ဘိုးဘေး များအားထားတော်မူသောကတိတော်ကိုသူ တို့၏သားမြေးဖြစ်သူ ငါတို့အတွက်အကောင် အထည်ဖော်တော်မူပြီ။ ငါတို့သည်ဤသတင်း ကောင်းကိုသင်တို့အားကြားပြောရန်ဤအရပ် သို့ရောက်ရှိနေကြခြင်းဖြစ်၏။-
34
နောက်တစ်ဖန်သင်္ချိုင်းတွင်မပုပ်ပျက်ဘဲသေခြင်း မှ ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့်ပတ် သက်၍ဘုရားသခင်က၊ `ဒါဝိဒ်အားကောင်းချီးပေးရန်ကတိပြုခဲ့သည့် နည်းတူ၊ သင်တို့အားလည်းယုံကြည်စိတ်ချရသည့် မြတ်သောကောင်းချီးပေးရန်ငါပေးမည်' ဟူ၍မိန့်တော်မူသည်။ အခြားဆာလံတွင်၊ `ကိုယ်တော်သည်မိမိအားသစ္စာစောင့်သည့် အစေခံကို သင်္ချိုင်းတွင်ပုပ်ပျက်စေတော်မူလိမ့်မည်မဟုတ်' ဟုပါရှိ၏။-
36
ဒါဝိဒ်သည်မိမိအသက်ရှင်စဉ်ကာလ၌ ဘုရား သခင်အကြံအစည်တော်ရှိသည်အတိုင်း လိုက်လျှောက်ဆောင်ရွက်ပြီးနောက်သေလွန်၍ ဘိုးဘေးများ၏သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းကို ခံရ၏။ သူ၏ကိုယ်ခန္ဓာသည်သင်္ချိုင်းတွင်ပုပ် ပျက်သွားရ၏။-
37
သို့ရာတွင်သေခြင်းမှဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူသောအရှင်၏ကိုယ်ခန္ဓာ ကားထိုသို့ပုပ်ပျက်ခြင်းမရှိ။-
38
ညီအစ်ကိုတို့၊ ထိုအရှင်ကိုအမှီပြု၍အပြစ် ပြေလွှတ်ခြင်းအကြောင်းကို သင်တို့အားငါ ပြောကြားလျက်ရှိသည်ကိုလည်းကောင်း၊ ထို အရှင်ကိုယုံကြည်သူအပေါင်းတို့သည် မောရှေ၏ပညတ်တရားက မဖြေမလွှတ် နိုင်သည့်အပြစ်ဟူသမျှမှပြေလွတ်နိုင် ကြောင်းကိုလည်းကောင်းသိမှတ်ကြလော့။-
40
ပရောဖက်ကျမ်းများတွင်၊ `ငါမိန့်တော်မူသည်ကိုမထီမဲ့မြင်ပြုသူတို့၊ နားထောင်ကြ။ အံ့သြလျက်သေကြလော့။ ယနေ့ငါပြုမည့်အမှုကိုသူတစ်ပါးက ရှင်းလင်းဖော်ပြသော်လည်း၊ သင်တို့ယုံကြည်ကြလိမ့်မည်မဟုတ်' ဟုဖော်ပြပါရှိ၏။ ထိုဖော်ပြချက်အတိုင်းမ ဖြစ်စေရန်သတိပြုကြလော့'' ဟုဟောပြော လေ၏။
42
တရားဇရပ်မှပေါလုနှင့်ဗာနဗတို့ထွက်ခွာ လာကြစဉ် လူတို့ကမိမိတို့အားနောက်လာ မည့်ဥပုသ်နေ့၌ ဤအကြောင်းအရာများကို တစ်ဖန်ဟောပြောရန်တောင်းပန်ကြ၏။-
43
တရားဇရပ်မှလူစုကွဲသောအခါယုဒ အမျိုးသားအမြောက်အမြားနှင့် ယုဒဘာသာ သို့ကူးပြောင်းလာသူအမြောက်အမြားတို့သည် ပေါလုနှင့်ဗာနဗတို့၏နောက်သို့လိုက်ကြ၏။ တမန်တော်တို့ကထိုသူတို့အား ဘုရားသခင် ၏ကျေးဇူးတော်၌ဆက်လက်သက်ရှင်ကြရန် အားပေးတိုက်တွန်းကြ၏။
44
နောက်ဥပုသ်နေ့၌သခင်ဘုရား၏နှုတ်ကပတ် တရားတော်ကိုကြားနာရန် မြို့လုံးကျွတ်နီး ပါးလူတို့လာရောက်ကြ၏။-
45
သို့သော်ယုဒအမျိုးသားတို့သည်လူပရိသတ် ကိုမြင်သောအခါ မနာလိုစိတ်ရှိသဖြင့် ပေါလု ဟောပြောသောစကားများကိုငြင်းခုံကာပုတ် ခတ်ပြောဆိုကြ၏။-
46
ပေါလုနှင့်ဗာနဗတို့ကယခင်ကထက်ပိုမို ရဲရင့်စွာဟောကြားသည်မှာ ``ငါတို့သည်ဘုရား သခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဦးစွာပထမဟောပြောရပေမည်။ သို့ရာတွင် သင်တို့သည်ထိုတရားတော်ကိုပစ်ပယ်ကာ မိမိ တို့ကိုယ်ကိုထာဝရအသက်နှင့်မထိုက်မတန် သူများဖြစ်သည်ဟုစီရင်ကြသောကြောင့် ငါတို့ သည်သင်တို့ထံမှထွက်ခွာ၍လူမျိုးခြားတို့ ထံသို့သွားကြပါမည်။-
47
ငါတို့အားထာဝရဘုရားက၊ `ကယ်တင်ခြင်းကျေးဇူးကိုကမ္ဘာတစ်ဝန်းလုံး ရရှိစေရန်သင်တို့အား၊ လူမျိုးခြားများအဖို့အလင်းဖြစ်စေအံ့သောငှာ ငါခန့်ထား၏' ဟူ၍မိန့်တော်မူခဲ့ပေသည်'' ဟုဟောပြောကြ၏။
48
လူမျိုးခြားတို့သည်ထိုစကားကိုကြားသော အခါ ရွှင်လန်းဝမ်းမြောက်ကာသခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကိုချီးမွမ်းပြောဆို ကြ၏။ ထာဝရအသက်ရရှိရန်ရွေးကောက် ခြင်းခံရသူတို့သည်ယုံကြည်သူများဖြစ် လာကြ၏။-
49
သို့ဖြစ်၍သခင်ဘုရား၏တရားတော်သည် ထိုဒေသတစ်ခုလုံးတွင်နှံ့ပြားလေ၏။-
50
သို့သော်လည်းယုဒအမျိုးသားတို့သည် ဘုရား သခင်ကိုကိုးကွယ်သူအထက်တန်းလွှာအမျိုး သမီးများနှင့် မြို့မျက်နှာဖုံးအမျိုးသားများ ကိုလှုံ့ဆော်ကာပေါလုနှင့်ဗာနဗတို့အား ညှဉ်းပန်းနှိပ်စက်စေကြ၏။ သူတို့သည်ထိုသူ နှစ်ဦးအားမိမိတို့နယ်မှနှင်ထုတ်လိုက်ကြ၏။-
51
ပေါလုနှင့်ဗာနဗတို့သည်ထိုသူတို့၏စိတ် သဘောကိုမနှစ်သက်သည့်အနေဖြင့် မိမိ တို့ခြေမှမြေမှုန့်ကိုခါချခဲ့ပြီးလျှင် ဣကောနိမြို့သို့ထွက်သွားကြ၏။-
52
အန္တိအုတ်မြို့ရှိတပည့်တော်တို့သည်ရွှန်လန်း ဝမ်းမြောက်၍ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက်ရှိကြ၏။
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
Recommended Reading
Commentary
Acts Commentaries
→
Devotional
Acts Devotional Guide
→
Get This Bible
BCL Study Bible
→