bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Acts 22
Acts 22
Burmese (BCL) (Common Language Bible)
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 23 →
1
``ညီအစ်ကိုများနှင့်ဖခင်တို့၊ ယခုအကျွန်ုပ် ထုချေမည့်စကားကိုနားထောင်ကြပါ'' ဟု ဆို၏။-
2
ထိုသို့ဟေဗြဲဘာသာဖြင့်ပြောဆိုသည်ကို ကြားသောအခါ လူတို့သည်ပို၍ပင်ဆိတ် ဆိတ်နေကြ၏။
3
ပေါလုကဆက်လက်၍ ``အကျွန်ုပ်သည်ကိလိကိ ပြည်၊ တာရှုမြို့တွင်မွေးဖွားသူယုဒအမျိုးသား ဖြစ်ပါ၏။ ယေရုရှလင်မြို့တွင်ကြီးပြင်း၍ဘိုး ဘေးတို့လိုက်လျှောက်ကျင့်သုံးသည့်ပညတ်တရား တော်ကို ဂါမလျေလ၏ခြေရင်း၌တိကျစွာ ဆည်းပူးခဲ့ပါ၏။ ယခုသင်တို့သည်ဘုရား သခင်၏အမှုတော်ကိုထမ်းဆောင်ရန်စိတ်အား ထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်းစိတ် အားထက်သန်ခဲ့ပါ၏။-
4
အကျွန်ုပ်သည်ယေရှု၏လမ်းစဉ်တော်ကိုလိုက် လျှောက်ကြသူများအား အသေသတ်သည်အထိ ညှဉ်းဆဲနှိပ်စက်ခဲ့ပါ၏။ အမျိုးသား၊ အမျိုး သမီးများကိုဖမ်းဆီး၍ထောင်ချခဲ့ပါ၏။-
5
အကျွန်ုပ်ပြောဆိုသည်အတိုင်းမှန်ကန်ကြောင်း ကို ယဇ်ပုရောဟိတ်မင်းနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့ကသက်သေ ခံနိုင်ကြပါ၏။ အကျွန်ုပ်သည်ထိုသူတို့ထံ မှဒမာသက်မြို့နေ ယုဒညီအစ်ကိုထံသို့ ရေးပေးလိုက်သည့်အမှာစာများကိုရယူ ၏။ ထိုနောက်ထိုလမ်းစဉ်တော်ကိုလိုက်လျှောက် သူတို့အား အပြစ်ဒဏ်စီရင်ခြင်းငှာဖမ်းဆီး ချည်နှောင်လျက် ယေရုရှလင်မြို့သို့ခေါ်ဆောင် လာရန်ဒမာသက်မြို့သို့ထွက်ခွာသွားပါ ၏။
6
``အကျွန်ုပ်သည်ခရီးသွားနေစဉ်ဒမာသက် မြို့အနီးသို့ရောက်သောအခါမွန်းတည့်အချိန် ခန့်တွင် ကောင်းကင်မှအလင်းရောင်ကြီးတစ်ခု သည် ရုတ်တရက်အကျွန်ုပ်ပတ်လည်တွင်ထွန်း တောက်သဖြင့်၊-
7
အကျွန်ုပ်သည်မြေပေါ်သို့လဲကျနေစဉ် `ရှောလု၊ ရှောလု၊ သင်သည်အဘယ်ကြောင့်ငါ့ကိုနှိပ်စက် ညှဉ်းဆဲသနည်း' ဟူသောအသံကိုကြားရ ပါ၏။-
8
အကျွန်ုပ်က `အရှင်၊ ကိုယ်တော်သည်မည်သူဖြစ် ပါသနည်း' ဟုမေးလျှောက်လျှင်ကိုယ်တော်က `ငါသည်သင်နှိပ်စက်ညှဉ်းဆဲသောနာဇရက် မြို့သားယေရှုပင်ဖြစ်၏' ဟုမိန့်တော်မူ၏။-
9
အကျွန်ုပ်နှင့်အတူပါလာကြသောသူတို့ သည် ထိုအလင်းရောင်ကိုမြင်ရကြသော် လည်း အကျွန်ုပ်အားမိန့်မှာတော်မူသောအရှင် ၏အသံကိုမူမကြားရကြ။-
10
အကျွန်ုပ်က `အရှင်၊ အကျွန်ုပ်သည်အဘယ်သို့ ပြုရပါမည်နည်း' ဟုမေးလျှောက်လျှင်ကိုယ်တော် က `ထလော့။ ဒမာသက်မြို့သို့သွားလော့။ သင် ဆောင်ရွက်ရန်ခွဲခန့်သတ်မှတ်ထားသည့်အမှု အရာခပ်သိမ်းကို ထိုမြို့တွင်သင့်အားပြော မည်' ဟုမိန့်တော်မူ၏။-
11
အကျွန်ုပ်သည်အလင်းရောင်၏တောက်ပြောင်မှု ကြောင့်မျက်စိကွယ်သွားသဖြင့် အကျွန်ုပ်နှင့် အတူပါလာကြသောသူတို့က အကျွန်ုပ် ကိုလက်ဆွဲ၍ဒမာသက်မြို့သို့ပို့ဆောင် ပေးရကြပါသည်။
12
အာနနိဆိုသူသည်အကျွန်ုပ်၏ထံသို့လာ ပါ၏။ သူသည်ပညတ်တရားကိုလိုက်လျှောက် ကျင့်သုံး၍ ဘုရားဝတ်၌မွေ့လျော်သူဖြစ်၏။ ဒမာသက်မြို့ရှိယုဒအမျိုးသားအပေါင်း တို့၏ရိုသေလေးစားခြင်းကိုလည်းခံရ၏။-
13
သူသည်အကျွန်ုပ်၏အနီးတွင်ရပ်လျက် `ညီရှောလု၊ သင်သည်မျက်စိပြန်၍မြင်စေသတည်းဟုဆို၏။ ထိုခဏ၌ပင်လျှင်အကျွန်ုပ်သည်မျက်စိပြန်၍ မြင်သဖြင့်သူ့ကိုကြည့်လိုက်ရာ၊-
14
အာနနိက `သင်သည်ငါတို့ဘိုးဘေးများ ကိုးကွယ်သည့်ဘုရားသခင်၏အလိုတော် ကိုသိရစေရန်လည်းကောင်း၊ ကိုယ်တော်၏ ဖြောင့်မတ်သောအစေခံအားဖူးမြင်ရစေ ရန်လည်းကောင်း၊ ထိုအရှင်၏နှုတ်တော်မှ အသံတော်ကိုကြားရစေရန်လည်းကောင်း ကိုယ်တော်သည်သင့်အားရွေးချယ်တော်မူ လေပြီ။-
15
သင်သည်မိမိမြင်ရကြားရသည့်အရာ များကို လူအပေါင်းတို့အားပြောကြားရန် ထိုအရှင်၏သက်သေခံဖြစ်ရလိမ့်မည်။-
16
သို့ဖြစ်၍ယခုသင်သည်အဘယ်ကြောင့်ဆိုင်းငံ့ နေပါသနည်း။ ထ၍ဗတ္တိဇံမင်္ဂလာကိုခံလော့။ သင်၏အပြစ်များဖြေလွှတ်စိမ့်သောငှာကိုယ် တော်အားပတ္ထနာပြုလော့' ဟုဆိုလေသည်။
17
``အကျွန်ုပ်သည်ယေရုရှလင်မြို့သို့ပြန်ရောက် ၍ ဗိမာန်တော်တွင်ဆုတောင်းလျက်နေစဉ်ဗျာ ဒိတ်ရူပါရုံကိုမြင်ရပါ၏။-
18
ထိုဗျာဒိတ်ရူပါရုံတွင်သခင်ဘုရားသည် ထင်ရှား၍ `သင်သည်ဆိုင်းငံ့၍မနေဘဲယေရု ရှလင်မြို့မှ အလျင်အမြန်ထွက်ခွာသွားလော့။ ဤမြို့သားတို့သည်ငါ၏အကြောင်းသင်သက် သေခံချက်ကိုလက်ခံကြလိမ့်မည်မဟုတ်' ဟုမိန့်တော်မူ၏။-
19
အကျွန်ုပ်က `သခင်ဘုရား၊ တရားဇရပ်တစ်ခု မှတစ်ခုသို့သွား၍ အရှင့်ကိုယုံကြည်ကြသူ တို့အားဖမ်းဆီးရိုက်နှက်သူမှာ အကျွန်ုပ်ပင် ဖြစ်ကြောင်းထိုသူတို့သိကြပါ၏။-
20
အရှင်၏အကြောင်းသက်သေခံသူသတေဖန် ကိုသတ်ကြသောအခါ၌လည်း အကျွန်ုပ်သည် အနီးတွင်ရပ်လျက်အလိုတူအလိုပါပြု ခဲ့ပါ၏။ သူ့ကိုသတ်ကြသောသူတို့၏အဝတ် များကိုစောင့်ထိန်းပေးခဲ့ပါ၏' ဟုပြန်လျှောက် သော်၊-
21
သခင်ဘုရားက `သွားလော့။ ရပ်ဝေးရှိလူမျိုး ခြားတို့ထံသို့သင့်အားငါစေလွှတ်မည်' မိန့် တော်မူ၏'' ဟုဆို၏။
22
လူတို့သည်ဤမျှကြာအောင်နားထောင်နေ ကြပြီးနောက် ဤသို့ပေါလုပြောဆိုသည်ကို ကြားသောအခါ ``ဤသူအားကမ္ဘာမြေကြီး ပေါ်မှသုတ်သင်ပယ်ရှင်းလော့။ သူ့အားသတ် လော့။ သူသည်အသက်ရှင်ရန်မသင့်'' ဟု အသံကုန်ဟစ်အော်ကြ၏။-
23
သူတို့သည်ဝတ်လုံများကိုဝှေ့ရမ်းကာမြေ မှုန့်ကို မိုးကောင်းကင်သို့ပစ်လွှင့်လျက်အော် ဟစ်ကြ၏။-
24
ထိုအခါရောမတပ်မှူးသည်ပေါလုကိုတပ် စခန်းရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်နှင့် အဘယ်ကြောင့်ဤသို့လူတို့ဆူပူဟစ်အော်ရ ကြောင်းကိုပေါလုအားရိုက်၍စစ်ဆေးရန် အမိန့်ပေး၏။-
25
သူ့ကိုကြိမ်ဒဏ်ခတ်ရန်ချည်နှောင်ကြသော အခါ ပေါလုကအနီးတွင်ရပ်လျက်နေသည့် တပ်ခွဲမှူးအား``ရောမနိုင်ငံသားတစ်ယောက် ကိုစစ်ဆေးစီရင်ခြင်းမပြုဘဲကြိမ်ဒဏ် ခတ်ခြင်းမှာတရားဥပဒေနှင့်ကိုက်ညီပါ သလော'' ဟုမေး၏။
26
ထိုစကားကိုကြားလျှင်တပ်ခွဲမှူးသည်တပ်မှူး ထံသို့သွား၍ ``အရှင်၊ အသို့ပြုဘိသနည်း။ ထို သူသည်ရောမနိုင်ငံသားဖြစ်ပါ၏'' ဟု လျှောက်၏။
27
ထိုအခါတပ်မှူးသည်ပေါလုထံလာ၍ ``သင် သည်ရောမနိုင်ငံသားပေလော။ ငါ့အားပြော ပါ'' ဟုဆိုလျှင်ပေါလုက ``ဟုတ်ပါ၏'' ဟု ဆို၏။
28
တပ်မှူးက ``ငါသည်ငွေအမြောက်အမြားပေး၍ ရောမနိုင်ငံသားအဖြစ်ကိုရရှိ၏'' ဟုဆိုလျှင် ပေါလုက ``ငါမူကားဇာတိအားဖြင့်ရောမ နိုင်ငံသားဖြစ်ပါ၏'' ဟုပြန်ပြော၏။
29
သူ့ကိုစစ်ဆေးမေးမြန်းမည့်သူတို့သည်လည်း ချက်ချင်းပင်နောက်သို့ဆုတ်ခွာသွားကြလေ သည်။ ပေါလုသည်ရောမနိုင်ငံသားဖြစ်သည် ကိုလည်းကောင်း၊ သူ့အားသံကြိုးဖြင့်ချည်နှောင် မိသည်ကိုလည်းကောင်းသိမြင်သောအခါ တပ်မှူးသည်ကြောက်လန့်လေ၏။
30
တပ်မှူးသည်ပေါလုအားယုဒအမျိုးသားတို့ က အဘယ်ပြစ်မှုဖြင့်စွပ်စွဲကြသည်ကိုအသေ အချာသိလို၏။ သို့ဖြစ်၍နောက်တစ်နေ့၌ ပေါလုအားချည်နှောင်ထားသည့်သံကြိုးကို ဖယ်ရှားစေပြီးလျှင် ယဇ်ပုရောဟိတ်ကြီး များနှင့်ယုဒတရားလွှတ်တော်အဖွဲ့ဝင် အပေါင်းတို့ကိုစုဝေးကြရန်အမိန့်ပေး လေသည်။ ထိုနောက်ပေါလုကိုခေါ်ဆောင်ကာ ထိုသူတို့ရှေ့တွင်ရပ်စေ၏။
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28