bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Acts 16
Acts 16
Burmese (BCL) (Common Language Bible)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 17 →
1
ပေါလုသည်ဒေရဗေမြို့နှင့်လုတ္တရမြို့သို့ရောက် ရှိလာ၏။ လုတ္တရမြို့တွင်တိမောသေနာမည်ရှိ သောတပည့်တော်တစ်ဦးရှိ၏။ သူ၏မိခင်သည် ယုံကြည်သူယုဒအမျိုးသမီးဖြစ်သော်လည်း သူ၏ဖခင်မှာဂရိအမျိုးသားဖြစ်၏။-
2
သူသည်လုတ္တရမြို့နှင့်ဣကောနိမြို့ရှိ ညီအစ် ကိုတို့၏ချီးမွမ်းခြင်းကိုခံရ၏။-
3
ပေါလုသည်သူ့ကိုမိမိနှင့်အတူလိုက်စေလို သဖြင့် သူ့အားအရေဖျားလှီးမင်္ဂလာပေး၏။ ဤသို့ပြုရခြင်းအကြောင်းမှာတိမောသေ၏ ဖခင်သည်ဂရိအမျိုးသားဖြစ်ကြောင်း ထို အရပ်ရှိယုဒအမျိုးသားတို့သိကြသော ကြောင့်ဖြစ်၏။-
4
သူတို့သည်မြို့များကိုဖြတ်၍သွားကြသော အခါ ယေရုရှလင်မြို့၌နေသောတမန်တော် များနှင့်အသင်းတော်လူကြီးများပြဋ္ဌာန်း သောပညတ်များကိုရှင်းလင်းပြောပြကာ ယုံကြည်သူတို့လိုက်နာကျင့်သုံးရန်ညွှန် ကြားကြ၏။-
5
သို့ဖြစ်၍အသင်းတော်တို့၏ယုံကြည်ခြင်း ပိုမိုခိုင်မြဲလာလျက် နေ့စဉ်နေ့တိုင်းအရေ အတွက်အားဖြင့်တိုးတက်များပြားလား ၏။
6
သူတို့သည်ဖြုဂိပြည်နှင့်ဂလာတိပြည်တို့ ကိုဖြတ်သွားကြ၏။ သန့်ရှင်းသောဝိညာဉ်တော် သည် သူတို့အားအာရှပြည်၌နှုတ်ကပတ်တရား တော်ကိုဟောပြောခွင့်ပေးတော်မမူ။-
7
သူတို့သည်မုသိပြည်နယ်စပ်သို့ရောက်ကြသော အခါ ဗိသုန်ပြည်သို့သွားရန်ကြိုးစားကြ၏။ သို့ရာတွင်သခင်ယေရှု၏ဝိညာဉ်တော်ကခွင့် ပြုတော်မမူသဖြင့်၊-
8
မုသိပြည်ကိုဖြတ်၍တရောမြို့သို့ရောက်ကြ၏။-
9
ပေါလုသည်ညဥ့်အခါဗျာဒိတ်ရူပါရုံတွင် ``မာကေဒေါနိပြည်သို့ဖြတ်ကူး၍အကျွန်ုပ် တို့အားကူညီမစပါ'' ဟုမာကေဒေါနိ ပြည်သားတစ်ယောက်သည်ရပ်လျက်တောင်းပန် နေသည်ကိုမြင်ရ၏။-
10
ဤသို့ဗျာဒိတ်ရူပါရုံကိုပေါလုမြင်ပြီးနောက် ချက်ချင်းပင်ကျွန်ုပ်တို့သည်မာကေဒေါနိပြည် သို့သွားရန်ပြင်ဆင်ကြ၏။ အဘယ်ကြောင့်ဆို သော်မာကေဒေါနိပြည်သားတို့အားသတင်း ကောင်းကိုဟောပြောရန် ကျွန်ုပ်တို့အားဘုရား သခင်စေခိုင်းတော်မူသည်ဟုဆုံးဖြတ်ချက် ချကြခြင်းကြောင့်ဖြစ်၏။
11
ကျွန်ုပ်တို့သည်တရောမြို့မှသာမောသရက် ကျွန်းသို့ တည့်တည့်သင်္ဘောလွှင့်ကြရာနောက် တစ်နေ့၌နာပေါလိမြို့သို့ရောက်ကြ၏။-
12
ထိုမြို့မှဖိလိပ္ပိမြို့သို့သွားကြ၏။ ဖိလိပ္ပိမြို့ ကားမာကေဒေါနိပြည်ပထမနယ်၏မြို့တစ် မြို့ဖြစ်၏။ ရောမအမျိုးသားတို့အခြေစိုက် ရာမြို့လည်းဖြစ်၏။ ထိုမြို့တွင်ကျွန်ုပ်တို့သည် ရက်ပေါင်းများစွာနေထိုင်ကြပြီးသည့်နောက်၊-
13
ဥပုသ်နေ့၌မြို့တံခါးအပြင်သို့ထွက်ကြ၏။ ထိုနောက်ဆုတောင်းပတ္ထနာပြုရန်နေရာရှိမည် အထင်နှင့်မြစ်ကမ်းနားသို့သွားရောက်၍ ထို အရပ်တွင်စုဝေးလျက်နေသည့်အမျိုးသမီး တို့အားဟောပြောကြ၏။-
14
ထိုသူတို့အထဲတွင်သွာတိရဲမြို့သူ၊ ကမ္ဗလာ နီအထည်ကုန်သည်လုဒိနာမည်ရှိအမျိုး သမီးတစ်ယောက်ပါ၏။ သူသည်ဘုရားသခင် အားကိုးကွယ်သူတစ်ဦးဖြစ်၏။ သခင်ဘုရား သည်ပေါလုဟောပြောလျက်နေသောတရား စကားများကိုအာရုံစိုက်စေရန် ထိုအမျိုး သမီး၏စိတ်နှလုံးကိုပြုပြင်တော်မူ၏။-
15
သူနှင့်တကွအိမ်သူအိမ်သားတို့သည်ဗတ္တိဇံ မင်္ဂလာခံယူကြ၏။ ထိုနောက်လုဒိက ``ကျွန်မ သည်သခင်ဘုရားကိုအကယ်ပင်ယုံကြည်သူ ဖြစ်သည်ဟု သင်တို့လက်ခံပါလျှင်ကျွန်မ၏ အိမ်သို့လာရောက်တည်းခိုကြပါ'' ဟုကျွန်ုပ် တို့အားဖျောင်းဖျလေသည်။
16
တစ်နေ့သ၌ကျွန်ုပ်တို့သည်ဆုတောင်းပတ္ထနာ ပြုရာအရပ်သို့သွားကြစဉ် ဗေဒင်ဟောနိုင် သောနတ်မိစ္ဆာပူးဝင်နေသူ၊ ငွေဝယ်ကျွန်မိန်းမ ငယ်တစ်ယောက်နှင့်တွေ့ဆုံ၏။ သူသည်ဤသို့ ဗေဒင်ဟောပြောခြင်းဖြင့် မိမိ၏သခင်ဖြစ် သူတို့အားကြေးငွေအမြောက်အမြား ရရှိစေ၏။-
17
ထိုကျွန်မသည်ပေါလုနှင့်ကျွန်ုပ်တို့နောက် သို့လိုက်လျက် ``ဤသူတို့ကားအမြင့်ဆုံး သောဘုရား၏အစေခံများဖြစ်၍ သင်တို့ အားကယ်တင်ခြင်းတရားကိုဟောပြော သူများတည်း'' ဟုဟစ်အော်လေ၏။-
18
ထိုသူငယ်မသည်ဤသို့ရက်ပေါင်းများစွာ ဟစ်အော်လျက်နေသဖြင့် ပေါလုသည်လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်ရကား နောက်သို့လှည့် ၍ ``သင်သည်သူငယ်မအထဲမှထွက်သွားလော့။ ယေရှုခရစ်၏နာမတော်ကိုအမှီပြု၍ သင့် အားငါအမိန့်ပေး၏'' ဟုနတ်မိစ္ဆာအားဆို၏။ ထိုခဏ၌ပင်လျှင်နတ်မိစ္ဆာသည်ထွက်သွား ၏။-
19
သူငယ်မ၏သခင်ဖြစ်သူတို့သည် မိမိတို့ ငွေဝင်ပေါက်ပိတ်သွားကြောင်းသိရှိကြသော အခါ ပေါလုနှင့်သိလတို့ကိုဖမ်းဆီး၍ အာဏာပိုင်များရှိရာမြို့တွင်းမြေကွက် လပ်သို့ဆွဲခေါ်သွားကြ၏။-
20
ရောမအရာရှိတို့၏ရှေ့သို့ရောက်သောအခါ ``ဤသူတို့သည်ယုဒအမျိုးသားများဖြစ် ပါသည်။ ကျွန်တော်တို့မြို့တွင်ဆူပူမှုဖြစ် အောင်ပြုလျက်နေကြပါသည်။-
21
ကျွန်တော်တို့တရားဥပဒေများနှင့် ဆန့်ကျင် သောထုံးတမ်းစဉ်လာများကိုသွန်သင်နေကြ ပါသည်။ ရောမအမျိုးသားများအနေဖြင့် ကျွန်ုပ်တို့သည် ထိုထုံးတမ်းစဉ်လာများကို လက်မခံနိုင်၊ မကျင့်သုံးနိုင်ပါ'' ဟုလျှောက် ထားကြ၏။-
22
လူပရိသတ်ကလည်း ပေါလုနှင့်သိလတို့ ကိုဝိုင်း၍စွပ်စွဲကြ၏။ အရာရှိတို့သည်ထိုသူနှစ်ဦး၏အဝတ်များကို ဆွဲဖြဲ၍ ကြိမ်ဒဏ်ပေးစေရန်အမိန့်ချမှတ်ကြ၏။-
23
စစ်သားများသည်လည်းပေါလုနှင့်သိလတို့ကို ပြင်းထန်စွာကြိမ်ဒဏ်ပေးပြီးလျှင်ထောင်ချထား ကြ၏။ သူတို့အားလုံခြုံစွာချုပ်နှောင်ထားရန် အမိန့်အရ၊-
24
ထောင်မှူးသည်သူတို့အားအလုံထောင်သို့သွင်း ပြီးလျှင် ခြေများကိုထိတ်ခတ်၍ထားလေ၏။
25
သန်းခေါင်အချိန်ခန့်၌ပေါလုနှင့်သိလတို့သည် ပတ္ထနာပြုကာဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်းသီဆိုလျက်နေကြ၏။-
26
ထိုအခါရုတ်တရက်မြေငလျင်ပြင်းစွာလှုပ် သဖြင့် အကျဉ်းထောင်၏အုတ်မြစ်သည်လှုပ်ရှား သွား၏။ ထောင်တံခါးရှိသမျှသည်ချက်ချင်း ပင်ပွင့်ထွက်သွားကုန်၏။ အကျဉ်းသားအပေါင်း တို့သည် သံကြိုးအနှောင်အဖွဲ့မှလွတ်မြောက် ကြကုန်၏။-
27
ထောင်မှူးသည်အိပ်ရာမှနိုး၍ထောင်တံခါး များပွင့်လျက်နေသည်ကိုမြင်လျှင် အကျဉ်း သားများထွက်ပြေးကြပြီဟုထင်မှတ်သဖြင့် ဋ္ဌားကိုဆွဲထုတ်ပြီးလျှင်မိမိကိုယ်ကိုသတ် မည်ပြု၏။-
28
သို့ရာတွင်ပေါလုက ``သင်၏ကိုယ်ကိုအန္တရာယ် မပြုနှင့်။ ငါတို့အားလုံးဤနေရာတွင်ရှိနေ ကြသည်'' ဟုကျယ်စွာဟစ်အော်၍ပြော၏။
29
ထောင်မှူးသည်မီးတိုင်ကိုတောင်းယူပြီးလျှင် ပြေးဝင်၍လာ၏။ သူသည်တုန်လှုပ်လျက် ပေါလုနှင့်သိလတို့၏ခြေရင်းတွင်ပျပ်ဝပ်၏။-
30
ထိုနောက်သူတို့ကိုအပြင်သို့ခေါ်ဆောင်လာပြီး လျှင် ``အရှင်တို့၊ ကျွန်တော်သည်ကယ်တင်ခြင်း ခံရစေရန် အဘယ်သို့ပြုရပါမည်နည်း'' ဟု မေး၏။
31
သူတို့ကလည်း ``သခင်ယေရှုကိုယုံကြည် လော့။ သို့ယုံကြည်လျှင်သင်နှင့်တကွသင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းကို ခံရကြလိမ့်မည်'' ဟုဆိုပြီးနောက်၊-
32
ထိုသူနှင့်တကွသူ၏အိမ်တွင်ရှိသောသူ အပေါင်းတို့အား သခင်ဘုရား၏နှုတ် ကပတ်တရားတော်ကိုဟောပြောကြ၏။-
33
ထိုညအချိန်၌ပင်လျှင်ထောင်မှူးသည် ပေါလု နှင့်သိလတို့ကိုခေါ်၍ဒဏ်ချက်ရာများကို ဆေးကြောပေး၏။ ထိုနောက်ချက်ချင်းပင်သူနှင့် တကွအိမ်သူအိမ်သားအပေါင်းတို့သည် ဗတ္တိဇံ မင်္ဂလာခံယူကြ၏။-
34
သူသည်ပေါလုနှင့်သိလတို့အားမိမိ၏အိမ် သို့ဖိတ်ခေါ်၍ စားဖွယ်သောက်ဖွယ်များကိုတည် ခင်းကျွေးမွေး၏။ သူနှင့်သူ၏အိမ်သားတို့သည် ဘုရားသခင်ကိုယုံကြည်လာကြသဖြင့်လွန် စွာရွှင်လန်းဝမ်းမြောက်ကြလေသည်။
35
နောက်တစ်နေ့မိုးလင်းသောအခါအရာရှိ တို့သည် ထိုသူတို့ကိုထောင်မှလွှတ်လိုက်ရန် ရဲအရာရှိများကိုစေလွှတ်၍အမိန့်ဆင့် ဆိုစေကြ၏။-
36
သို့ဖြစ်၍ထောင်မှူးသည်ပေါလုအား ``အရာရှိ တို့ကအရှင်တို့အားထောင်မှလွှတ်လိုက်ရန် အမိန့်ပေးပါ၏။ ထိုကြောင့်စိတ်အေးချမ်းစွာ အရှင်တို့သွားကြပါ'' ဟုဆို၏။
37
သို့ရာတွင်ပေါလုက ``ရောမနိုင်ငံသားများ ဖြစ်သောငါတို့အားစစ်ကြောစီရင်ခြင်းမ ပြုဘဲ ငါတို့ကိုလူပရိသတ်ရှေ့တွင်ရိုက်နှက် ၍အကျဉ်းချထားခဲ့ကြ၏။ ယခုငါတို့ကို တိတ်တဆိတ်လွှတ်လိုကြပါသလော။ ထိုသို့ မပြုသင့်။ သူတို့ကိုယ်တိုင်လာ၍ငါတို့ကို ထောင်မှထုတ်ကြပါစေ'' ဟုရဲအရာရှိ တို့အားပြော၏။
38
ရဲအရာရှိတို့သည်လည်းဤအကြောင်းကို အရာရှိတို့အားပြန်လည်လျှောက်ထားကြ ၏။ ပေါလုနှင့်သိလတို့သည်ရောမနိုင်ငံသား များဖြစ်ကြောင်းကို အရာရှိတို့ကြားသော အခါကြောက်လန့်ကြ၏။-
39
သို့ဖြစ်၍သူတို့သည်လာ၍ပေါလုနှင့်သိလ တို့အားဖျောင်းဖျပြောဆိုကြ၏။ ထိုနောက်သူ တို့ကိုထောင်မှထုတ်ပြီးလျှင် ထိုမြို့မှထွက်ခွာ သွားရန်တောင်းပန်ကြ၏။-
40
သို့ဖြစ်၍သူတို့သည်အကျဉ်းထောင်မှထွက်ခွာ ၍ လုဒိ၏အိမ်သို့သွားကြ၏။ ထိုနောက်ယုံကြည် သူတို့နှင့်တွေ့ဆုံကာအားပေးစကားပြော ကြားပြီးလျှင် ထိုမြို့မှထွက်ခွာသွားကြလေ သည်။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28