bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Acts 21
Acts 21
Burmese (BCL) (Common Language Bible)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 22 →
1
ကျွန်ုပ်တို့သည်ထိုသူတို့ထံမှခွဲခွာပြီးလျှင် တည့်တည့်သင်္ဘောလွှင့်၍ကောသကျွန်းသို့ရောက် ကြ၏။ နောက်တစ်နေ့၌ရောဒုကျွန်းသို့လည်း ကောင်း၊ ထိုကျွန်းမှတစ်ဖန်ပါတရမြို့သို့ လည်းကောင်းရောက်ကြ၏။-
2
ဖိနိတ်ပြည်သို့သွားမည့်သင်္ဘောတစ်စင်းကို တွေ့သဖြင့် ထိုသင်္ဘောပေါ်သို့တက်၍ခရီး ပြုကြပြီးနောက်၊-
3
ကျွန်ုပ်တို့သည်ကုပရုကျွန်းကိုမြင်ရသောအခါ ထိုကျွန်း၏တောင်ဘက်မှဖြတ်၍ရှုရိပြည်သို့ သင်္ဘောလွှင့်ကြလေသည်။ တုရုမြို့တွင်ကုန်ပစ္စည်း များကိုချရမည်ဖြစ်၍ ထိုမြို့တွင်သင်္ဘောကို ဆိုက်ကပ်ကြ၏။-
4
ထိုအရပ်တွင်ယုံကြည်သူအချို့တို့ကိုတွေ့ သဖြင့် ကျွန်ုပ်တို့သည်သူတို့နှင့်အတူခုနစ် ရက်မျှနေကြ၏။ ထိုတပည့်တော်တို့သည် ဝိညာဉ်တော်၏တန်ခိုးအားဖြင့် ပေါလုအား ယေရုရှလင်မြို့သို့ဆက်၍မသွားရန်ပြော ကြားကြ၏။-
5
သို့ရာတွင်ခုနစ်ရက်စေ့သောအခါ ကျွန်ုပ်တို့ သည်ဆက်၍ခရီးပြုကြလေသည်။ တပည့် တော်အပေါင်းတို့သည်မိမိတို့၏ဇနီးများ၊ ကလေးများနှင့်အတူမြို့ပြင်ပင်လယ်ကမ်း သို့ရောက်အောင်လိုက်ပို့ကြ၏။ ကျွန်ုပ်တို့သည် ပင်လယ်ကမ်းပေါ်တွင်ဒူးထောက်၍ဆုတောင်း ကြ၏။-
6
ထိုနောက်တစ်ဦးနှင့်တစ်ဦးနှုတ်ဆက်ပြီးလျှင် ကျွန်ုပ်တို့သည်သင်္ဘောပေါ်သို့တက်၍သူတို့ သည်မိမိတို့အိမ်သို့ပြန်ကြ၏။
7
တုရုမြို့မှဆက်၍ခရီးပြုကြရာ ကျွန်ုပ်တို့ သည်ပတောလင်မြို့သို့ရောက်ကြ၏။ ထိုမြို့ တွင်ညီအစ်ကိုများကိုနှုတ်ဆက်ပြီးနောက် သူတို့ထံတွင်တစ်ရက်မျှတည်းခိုကြ၏။-
8
နောက်တစ်နေ့၌ထွက်ခွာပြန်ရာကဲသရိမြို့ သို့ရောက်ကြ၏။ ကျွန်ုပ်တို့သည်ဧဝံဂေလိ တရားဟောဆရာဖိလိပ္ပု၏အိမ်တွင်တည်း ခိုကြ၏။ ဖိလိပ္ပုကားတပည့်တော်များကို ကူညီရန် ယေရုရှလင်မြို့အသင်းတော်က ရွေးချယ်သောလူခုနစ်ဦးတို့တွင်တစ်ဦး ဖြစ်၏။-
9
သူ့မှာအိမ်ထောင်မကျသေးသောသမီးလေး ယောက်ရှိ၏။ ထိုသမီးတို့သည်ဘုရားသခင် ၏တရားတော်ကိုဟောပြောကြေညာသူ များဖြစ်ကြ၏။-
10
ထိုအိမ်တွင်ကျွန်ုပ်တို့တည်းခို၍ရက်အတော် အတန်ကြာသောအခါ အာဂဗုနာမည်ရှိ သောပရောဖက်သည်ယုဒပြည်မှရောက်ရှိ လာ၏။-
11
သူသည်ကျွန်ုပ်တို့ထံသို့လာ၍ပေါလု၏ခါးပန်း ကိုယူပြီးလျှင် မိမိ၏ခြေနှင့်လက်တို့ကိုချည် နှောင်လေ၏။ ထိုနောက် ``ဤခါးပန်းပိုင်ရှင်အား ယုဒအမျိုးသားတို့ကယေရုရှလင်မြို့တွင် ဤသို့ချည်နှောင်၍ လူမျိုးခြားတို့၏လက်သို့ အပ်နှံကြလိမ့်မည်ဟုသန့်ရှင်းသောဝိညာဉ် တော်မိန့်တော်မူသည်'' ဟုဆိုလေ၏။
12
ထိုစကားကိုကြားလျှင်ကျွန်ုပ်တို့နှင့်ထိုအရပ် ရှိလူတို့က ``ယေရုရှလင်မြို့သို့ရောက်အောင် ဆက်၍မသွားပါနှင့်'' ဟုပေါလုအားတောင်း ပန်ကြ၏။-
13
ထိုအခါပေါလုက ``သင်တို့သည်အဘယ်ကြောင့် ဤသို့ငိုယိုကာ ငါ၏စိတ်နှလုံးကိုကြေကွဲစေ ကြပါသနည်း။ ငါသည်သခင်ယေရှု၏နာမ တော်အတွက် ယေရုရှလင်မြို့တွင်အချည်နှောင် ခံရန်သာမကအသေခံရန်ပင်အသင့်ရှိပါ သည်'' ဟုပြန်ပြော၏။
14
ပေါလုအားတောင်းပန်၍မရသောအခါ ကျွန်ုပ် တို့သည် ``သခင်ဘုရား၏အလိုတော်အတိုင်း ပင်ဖြစ်ပါစေသော'' ဟုဆိုကာလက်လျှော့လိုက် ကြ၏။
15
ရက်အနည်းငယ်ကြာသော်ကျွန်ုပ်တို့သည်ပစ္စည်း များကိုထုပ်ပိုး၍ ယေရုရှလင်မြို့သို့ခရီး ဆက်ကြ၏။-
16
ကဲသရိမြို့မှတပည့်တော်အချို့တို့သည် ကျွန်ုပ်တို့နှင့်အတူလိုက်ခဲ့ပြီးလျှင် ကျွန်ုပ်တို့ အားကုပရုကျွန်းသားတပည့်တော်ဟောင်း တစ်ဦးဖြစ်သူမနာသုန်၏အိမ်သို့တည်းခို ရန်ခေါ်သွားကြ၏။
17
ယေရုရှလင်မြို့သို့ကျွန်ုပ်တို့ရောက်ကြသော အခါ ညီအစ်ကိုများကလှိုက်လှဲစွာကြိုဆို ကြ၏။-
18
နောက်တစ်နေ့၌ပေါလုသည်ကျွန်ုပ်တို့နှင့်အတူ ယာကုပ်ထံသို့သွားရောက်တွေ့ဆုံ၏။ အသင်း တော်လူကြီးအပေါင်းတို့လည်းသူ့ထံတွင် ရောက်ရှိနေကြ၏။-
19
ပေါလုသည်ထိုသူတို့အားနှုတ်ဆက်ပြီးနောက် မိမိမှတစ်ဆင့် လူမျိုးခြားတို့အားဘုရား သခင်ပြုတော်မူသောအမှုအရာအလုံးစုံ တို့ကိုတင်ပြ၏။-
20
ထိုသို့တင်ပြသည်ကိုကြားသောအခါ ထိုသူ တို့သည်ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြ၏။ ထိုနောက်ပေါလုအား ``ငါတို့ညီ၊ ယုံကြည် သူယုဒအမျိုးသားတို့ထောင်ပေါင်းများစွာ ရှိကြောင်း၊ သူတို့အားလုံးပင်ပညတ်တရား ကိုစွဲလန်းသူများဖြစ်ကြောင်းသင်အသိ ပင်ဖြစ်သည်။-
21
`သင်သည်လူမျိုးခြားတို့အထဲတွင်နေထိုင် ကြသောယုဒအမျိုးသားများအား သင်တို့ ၏ကလေးများကိုအရေဖျားလှီးမင်္ဂလာ မပေးကြနှင့်။ သင်တို့သည်ယုဒထုံးတမ်း စဉ်လာများကိုမလိုက်နာကြနှင့်' ဟုဆိုကာ မောရှေ၏တရားကိုစွန့်ပယ်စေရန်သွန်သင် လျက်ရှိကြောင်းထိုသူတို့ကြားသိကြ၏။-
22
သို့ဖြစ်၍ငါတို့အဘယ်သို့ပြုကြရပါမည် နည်း။ သင်ရောက်ရှိသည့်သတင်းကိုသူတို့ ကြားကြမည်မှာသေချာပါ၏။-
23
ထို့ကြောင့်ငါတို့ဆိုသည့်အတိုင်းပြုပါလော့။ ငါတို့တွင်သစ္စာကတိပြုထားသောလူလေး ယောက်ရှိ၏။-
24
ထိုသူတို့ကိုခေါ်သွားပြီးလျှင်သန့်စင်ခြင်း မင်္ဂလာကိုသူတို့နှင့်အတူပြုပါလော့။ သူတို့ အတွက်ဦးခေါင်းရိတ်ခငွေကိုသင်ကျခံပါ။ ဤသို့ပြုပါမူသင့်အကြောင်းလူတို့ကြားခဲ့ ကြသည့်သတင်းစကားများမှာ အခြေအမြစ် မရှိကြောင်းကိုလည်းကောင်း၊ သင်ကိုယ်တိုင်ပင် လျှင်ပညတ်တရားကိုတိကျစွာစောင့်ထိန်း ကြောင်းကိုလည်းကောင်းလူတိုင်းသိရှိပါ လိမ့်မည်။-
25
ယုံကြည်သူလူမျိုးခြားတို့အတွက်မူကား ရုပ်တုများကိုပူဇော်သည့်အစားအစာ၊ သွေး၊ လည်ညှစ်သားတို့ကိုမစားရန်နှင့်ကာမဂုဏ် လိုက်စားမှုကိုရှောင်ကြဉ်ရန် ငါတို့စီရင်ဆုံး ဖြတ်၍သူတို့ထံသို့စာရေးအကြောင်း ကြားပြီးပါပြီ'' ဟုဆိုကြ၏။
26
သို့ဖြစ်၍ပေါလုသည်နောက်တစ်နေ့၌ထိုလူ လေးယောက်တို့ကိုခေါ်ပြီးလျှင် သူတို့နှင့်အတူ သန့်စင်ခြင်းမင်္ဂလာကိုပြုလေ၏။ ထိုနောက်သူ သည်ဗိမာန်တော်သို့သွား၍သန့်စင်ခြင်းမင်္ဂလာ ပြုရာကာလပြီးဆုံးမည့်အချိန်နှင့် မိမိတို့ တစ်ဦးစီအတွက်ပူဇော်သကာဆက်သရမည့် အချိန်တို့ကိုကြိုတင်အကြောင်းကြားထား လေသည်။
27
ခုနစ်ရက်ကာလကုန်ဆုံးချိန်နီးသောအခါ အာရှနယ်မှယုဒအမျိုးသားအချို့တို့သည် ပေါလုကိုဗိမာန်တော်တွင်တွေ့မြင်ကြ၏။ သူ တို့သည်လူပရိသတ်တို့အားဆွပေးပြီးလျှင် ပေါလုကိုဖမ်းဆီးကြ၏။-
28
သူတို့က ``ဣသရေလအမျိုးသားတို့၊ ကူညီ ကြပါ။ ဤသူသည်အရပ်တကာသို့သွား၍ ငါ တို့အမျိုးသားတို့ကိုလည်းကောင်း၊ ဤဗိမာန် တော်ကိုလည်းကောင်းပြစ်တင်ရှုတ်ချကာ လူ အပေါင်းတို့အားဟောပြောသွန်သင်သူဖြစ်၏။ ထိုမျှမကယခုသူသည်ဂရိအမျိုးသား တို့ကို ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာပြီး လျှင် ဤမြင့်မြတ်သန့်ရှင်းသည့်ဌာနတော် ကိုညစ်ညမ်းစေပါ၏'' ဟုဟစ်အော်ကြ၏။-
29
(အဘယ်ကြောင့်ဆိုသော်သူတို့သည်ပေါလုကို ဧဖက်မြို့သားတရောဖိမ်ဆိုသူနှင့်အတူ မြို့ ထဲတွင်တွေ့မြင်ခဲ့သဖြင့် ထိုသူအားဗိမာန် တော်ထဲသို့ပေါလုခေါ်ဆောင်ခဲ့သည်ဟုထင် မှတ်သောကြောင့်ဖြစ်၏။)
30
တစ်မြို့လုံးသည်ရှုပ်ယှက်ခတ်ဖြစ်လျက် လူတို့ သည်ပြေး၍လာပြီးလျှင်ပေါလုကိုဖမ်းဆီး ကာ ဗိမာန်တော်အပြင်သို့ဆွဲထုတ်သွားကြ၏။ ထိုနောက်ချက်ချင်းဗိမာန်တော်တံခါးများ ကိုပိတ်လိုက်ကြ၏။-
31
သူတို့သည်ပေါလုကိုသတ်ရန်ကြိုးစားနေ စဉ်ရောမတပ်မှူးသည် ယေရုရှလင်မြို့တစ် မြို့လုံးရုံးရင်းဆန်ခတ်ဖြစ်လျက်နေသည် ဟုသတင်းရသဖြင့်၊-
32
ချက်ချင်းပင်စစ်သားများနှင့်တပ်ခွဲမှူးများ ကိုခေါ်၍ လူပရိသတ်ရှိရာသို့အပြေးလာ ခဲ့၏။ လူတို့သည်တပ်မှူးနှင့်စစ်သားများကို မြင်သောအခါပေါလုကိုမရိုက်ဘဲနေကြ၏။-
33
ထိုအခါတပ်မှူးသည်ပေါလုထံသို့ရောက်၍ ဖမ်းဆီးပြီးလျှင် သံကြိုးနှစ်ချောင်းဖြင့်ချည် နှောင်ထားရန်အမိန့်ပေး၏။ ပေါလုကားမည် သူဖြစ်ကြောင်း၊ မည်သည့်ပြစ်မှုကိုကူးလွန် ကြောင်းကိုမေးမြန်း၏။-
34
လူပရိသတ်တို့ကသူတစ်မျိုးငါတစ်ဖုံဟစ် အော်ပြောဆိုကြ၏။ ထိုဆူညံသံများကြောင့် တပ်မှူးသည်အဖြစ်မှန်ကိုမသိနိုင်ရကား ပေါလုကိုတပ်စခန်းရဲတိုက်ထဲသို့ခေါ် ဆောင်သွားရန်အမိန့်ပေးလေ၏။-
35
ရဲတိုက်လှေခါးသို့ရောက်သောအခါလူထု အကြမ်းဖက်မှုပြင်းထန်လာသဖြင့် စစ်သား များသည်ပေါလုကိုချီမြှောက်ထမ်းသွားရ ကြ၏။-
36
လူပရိသတ်တို့သည် ``သူ့ကိုသတ်ပါ'' ဟု ဟစ်အော်လျက်လိုက်ကြ၏။
37
ပေါလုသည်မိမိအားရဲတိုက်ထဲသို့ခေါ်ဆောင် သွားမည်ပြုသောအခါ တပ်မှူးအား``သင်နှင့် အကျွန်ုပ်စကားအနည်းငယ်ပြောပါရစေ'' ဟုဆို၏။ ``သင်သည်ဂရိဘာသာစကားကိုပြောတတ် ပါသလော။-
38
မကြာသေးမီအခါကပုန်ကန်ထကြွလျက် သူ ပုန်လေးထောင်ကိုခေါင်းဆောင်၍ တောကန္တာရသို့ ခေါ်ဆောင်သွားသူအီဂျစ်အမျိုးသားပင် မဟုတ်လော'' ဟုမေး၏။
39
ပေါလုက ``အကျွန်ုပ်သည်ယုဒအမျိုးသားဖြစ် ပါသည်။ ကိလိကိပြည်၊ တာရှုမြို့တွင်ဖွားမြင်ခဲ့ ၍ထင်ရှားသောမြို့ကြီးသားဖြစ်ပါ၏။ အကျွန်ုပ် ကိုကျေးဇူးပြု၍လူတို့အားစကားပြောခွင့် ပြုပါ'' ဟုဆို၏။
40
တပ်မှူးကခွင့်ပြုသဖြင့်ပေါလုသည်လှေခါး ထစ်ပေါ်တွင်ရပ်လျက် လူတို့အားလက်ရိပ်ပြ၏။ ထိုသူတို့တိတ်ဆိတ်နေကြသောအခါ သူသည် ဟေဗြဲဘာသာစကားဖြင့်မြွက်ဆိုလျက်၊
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
Recommended Reading
Commentary
Acts Commentaries
→
Devotional
Acts Devotional Guide
→
Get This Bible
BCL Study Bible
→