bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Acts 5
Acts 5
Burmese (BCL) (Common Language Bible)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 6 →
1
အာနနိဆိုသူနှင့်သူ၏ဇနီးရှဖိရေတို့ သည် မိမိတို့၏မြေကိုရောင်းချကြ၏။-
2
သို့သော်အာနနိသည်ရောင်းရသောငွေအချို့ အဝက်ကို ဇနီးသည်၏သဘောတူညီချက် အရ မိမိအဖို့ဖယ်ထားပြီးမှကျန်ငွေကို တမန်တော်တို့အားပေးအပ်လေသည်။-
3
ပေတရုက ``အာနနိ၊ သင်သည်လယ်ရောင်းရ ငွေအချို့အဝက်ကိုမိမိအဖို့ဖယ်ထားခြင်း အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိုလှည့် စားလေပြီ။ အဘယ်ကြောင့်စာတန်အားသင် ၏စိတ်နှလုံးကိုစိုးမိုးခွင့်ပေးပါသနည်း။-
4
သင်သည်ထိုလယ်ကိုမရောင်းချမီကပိုင်ဆိုင် သည်မဟုတ်လော။ ရောင်းချပြီးသောအခါ ၌လည်း မြေဖိုးငွေကိုပိုင်သည်မဟုတ်လော။ သို့ ပါလျက်အဘယ်ကြောင့်ဤသို့သောအကြံ အစည်ကိုပြုပါသနည်း။ သင်သည်လူကို လှည့်စားသည်မဟုတ်။ ဘုရားသခင်ကိုလှည့် စားလေပြီ'' ဟုဆို၏။-
5
ထိုစကားကိုကြားသည်နှင့်တစ်ပြိုင်နက် အာနနိသည်လဲကျသေဆုံးလေသည်။ ဤ အဖြစ်အပျက်အကြောင်းကိုကြားကြသူ အပေါင်းသည် လွန်စွာကြောက်လန့်ကြ၏။-
6
လူငယ်လူရွယ်များသည်လာ၍ အာနနိ၏ ရုပ်အလောင်းကိုအဝတ်နှင့်ပတ်ပြီးနောက် အပြင်သို့ထုတ်ယူသင်္ဂြိုဟ်ကြ၏။
7
သုံးနာရီခန့်ကြာသောအခါ အာနနိ၏ ဇနီးရောက်လာ၏။ သို့ရာတွင်သူသည်ဖြစ် ပျက်ခဲ့သည့်အချင်းအရာကိုမသိ။-
8
ပေတရုက``သင်တို့သည်လယ်ကိုအဖိုး ဤမျှဖြင့်ရောင်းပါသလော'' ဟုမေး၏။ ထိုအမျိုးသမီးက ``မှန်ပါ၏။ ဤမျှဖြင့် ပင်ရောင်းပါသည်'' ဟုဆို၏။-
9
ပေတရုက ``သခင်ဘုရား၏ဝိညာဉ်တော် ကိုသွေးတိုးစမ်းရန် အဘယ်ကြောင့်သင်တို့ သဘောတူကြံစည်ကြသနည်း။ ကြည့်လော့။ သင်၏ခင်ပွန်းကိုသင်္ဂြိုဟ်ခဲ့သူတို့သည် ယခု တံခါးဝသို့ပြန်ရောက်ပြီ။ သူတို့သည်သင့် ကိုလည်းဆောင်ယူသွားကြလတ္တံ့' ဟုဆို၏။-
10
ချက်ချင်းပင်ထိုအမျိုးသမီးသည် ပေတရု ၏ခြေရင်းတွင်လဲကျသေဆုံးလေ၏။ လူ ငယ်လူရွယ်တို့ရောက်လာကြသောအခါ ထိုအမျိုးသမီးသေဆုံးနေသည်ကိုတွေ့ ရ၏။ ရုပ်အလောင်းကိုထုတ်ယူပြီးလျှင် ခင်ပွန်းဖြစ်သူ၏အနီးတွင်သင်္ဂြိုဟ်ကြ၏။-
11
အသင်းတော်တစ်သင်းလုံးနှင့်ထိုအဖြစ် အပျက်အကြောင်းကို ကြားကြသူအပေါင်း သည်လွန်စွာကြောက်လန့်ကြကုန်၏။
12
တမန်တော်တို့သည်လူတို့ရှေ့တွင်အံ့သြဖွယ် ရာအမှုအရာများနှင့် နိမိတ်လက္ခဏာများ ကိုပြကြ၏။ ယုံကြည်သူအပေါင်းတို့သည် ရှောလမုန်မုခ်တွင်စုဝေးကြ၏။-
13
လူတို့သည်ထိုသူတို့အားချီးကူးပြောဆို ကြသော်လည်း မည်သူတစ်စုံတစ်ယောက်မျှ သူတို့နှင့်မပေါင်းမသင်းဝံ့ကြ။-
14
သို့ရာတွင်သခင်ဘုရားကိုသက်ဝင်ယုံကြည် သူ အမျိုးသားအမျိုးသမီးအရေအတွက် သည်ပို၍ပို၍များလာ၏။-
15
လူတို့သည်သူနာများကိုယူဆောင်လာကြ ၏။ ပေတရုလျှောက်လာသောအခါယုတ်စွ အဆုံး၊ အချို့သောသူနာတို့အပေါ်သို့ ပေတရု၏အရိပ်လွှမ်းမိစေရန်အိပ်ရာ များ၊ ထမ်းစင်များဖြင့်သူနာများကိုလမ်း ပေါ်တွင်ချထားကြ၏။-
16
ထို့ပြင်ယေရုရှလင်မြို့ပတ်ဝန်းကျင်မြို့ရွာ များမှ လူပရိသတ်တို့သည်ဖျားနာသူများ၊ နတ်မိစ္ဆာပူးဝင်နေသူများကိုခေါ်ဆောင်လာ ကြ၏။ ထိုသူနာအပေါင်းသည်ရောဂါပျောက် ကင်းသွားကြ၏။
17
ထိုအခါယဇ်ပုရောဟိတ်မင်းနှင့်သူ၏နောက် လိုက်များဖြစ်သော ဒေသဆိုင်ရာဇဒ္ဒုကဲဂိုဏ်း ဝင်များသည် တမန်တော်တို့ကိုလွန်စွာမနာ လိုဝန်တိုစိတ်ရှိလာကြသဖြင့် သူတို့ကို အရေးယူရန်ဆုံးဖြတ်ကြ၏။-
18
သူတို့သည်တမန်တော်တို့ကိုဖမ်းဆီးပြီး လျှင် ထောင်တွင်အကျဉ်းချထားကြ၏။-
19
သို့သော်ညအခါ၌သခင်ဘုရား၏ ကောင်းကင်တမန်သည် ထောင်တံခါးများ ကိုဖွင့်၍ တမန်တော်တို့ကိုအပြင်သို့ ခေါ်ထုတ်ပြီးလျှင်၊-
20
``သင်တို့သည်ဗိမာန်တော်သို့သွား၍ လူတို့ အားဘဝသစ်အကြောင်းအလုံးစုံကို ဟောပြောကြလော့'' ဟုဆို၏။-
21
တမန်တော်တို့သည်ကောင်းကင်တမန်၏စကား ကိုနာခံ၍ အရုဏ်တက်ချိန်၌ဗိမာန်တော်ထဲ သို့ဝင်၍ဟောပြောသွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့်သူ၏အပေါင်းဖော်တို့ သည် တရားလွှတ်တော်အစည်းအဝေးကိုပြု လုပ်ရန် အဖွဲ့ဝင်အပေါင်းတို့ကိုစုဝေးစေ၏။ ထိုနောက်တမန်တော်တို့ကိုခေါ်ဆောင်ခဲ့ရန် အမိန့်ပေး၍ လွှတ်တော်ရဲများကိုအကျဉ်း ထောင်သို့စေလွှတ်ကြ၏။-
22
ထိုသူတို့သည်အကျဉ်းထောင်သို့ရောက်သော အခါ တမန်တော်တို့ကိုမတွေ့ရကြ။ သို့ဖြစ် ၍တရားလွှတ်တော်အဖွဲ့ဝင်တို့ထံသို့ပြန် လာပြီးလျှင်၊-
23
``အကျဉ်းထောင်တံခါးသည်သေချာစွာပိတ် လျက်ရှိသည်ကိုလည်းကောင်း၊ ထောင်စောင့်တို့ သည်လည်းတံခါးပြင်တွင်ရပ်လျက်ရှိသည် ကိုလည်းကောင်း အကျွန်ုပ်တို့တွေ့ပါ၏။ သို့ရာ တွင်တံခါးကိုဖွင့်လိုက်သောအခါ အတွင်း တွင်မည်သူ့ကိုမျှမတွေ့ရပါ'' ဟုလျှောက် ထားကြ၏။-
24
ထိုစကားကိုကြားလျှင်ဗိမာန်တော်အစောင့် တပ်မှူးနှင့်ယဇ်ပုရောဟိတ်ကြီးတို့သည် ``ဤ အမှုကားအဘယ်သို့ဖြစ်ပါလိမ့်မည်နည်း'' ဟုတွေးတောကြ၏။-
25
ထိုအခါလူတစ်ယောက်ရောက်ရှိလာ၍ ``အရှင် တို့အကျဉ်းချထားခဲ့သောသူများသည် ဗိမာန် တော်ထဲတွင်ရပ်လျက်လူတို့အားဟောပြော သွန်သင်နေပါသည်'' ဟုလျှောက်၏။-
26
ထိုအခါဗိမာန်တော်အစောင့်တပ်မှူးသည် မိမိ၏တပ်သားများနှင့်သွားရောက်၍ တမန် တော်တို့ကိုခေါ်ဆောင်ခဲ့၏။ သို့ရာတွင်မိမိ တို့အားလူထုကခဲနှင့်ပေါက်မည်ကိုစိုးရိမ် သဖြင့် တမန်တော်တို့အားအကြမ်းဖက်မှု ကိုမပြုကြ။
27
ဤသို့တမန်တော်တို့ကိုခေါ်ဆောင်လာပြီး လျှင် တရားလွှတ်တော်အဖွဲ့၏ရှေ့တွင်ရပ်စေ ၏။ ယဇ်ပုရောဟိတ်မင်းသည်တမန်တော်တို့ ကိုစစ်ဆေးမေးမြန်း၏။-
28
သူက``ထိုနာမကိုအမှီပြု၍ဟောပြောသွန် သင်ခြင်းမပြုရန် သင်တို့အားငါတို့ကျပ်တည်း စွာအမိန့်ပေးခဲ့၏။ သို့ရာတွင်ယခုသင်တို့ သည်ယေရုရှလင်မြို့တစ်မြို့လုံးတွင် အနှံ့ အပြားဟောပြောသွန်သင်ကြလေပြီ။ ထို သူသေရသည်မှာငါတို့ကြောင့်ဖြစ်သည်ဟူ ၍ သင်တို့အပြစ်တင်လိုကြသည်တကား'' ဟုတမန်တော်တို့အားပြောကြားကြ ၏။
29
ပေတရုနှင့်တမန်တော်တို့က``ငါတို့သည် လူ့အမိန့်ထက်ဘုရားသခင့်အမိန့်တော် ကိုနားထောင်ရမည်။-
30
ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် သင် တို့လက်ဝါးကပ်တိုင်ပေါ်မှာတင်၍သတ်ခဲ့ သောသခင်ယေရှုအား ရှင်ပြန်ထမြောက်စေ တော်မူပြီ။-
31
ဣသရေလအမျိုးသားတို့သည်နောင်တရ ၍ မိမိတို့အပြစ်များမှပြေလွတ်စိမ့်သောငှာ ဘုရားသခင်သည်ထိုသခင်အားမိမိ၏ လက်ယာတော်ဘက်တွင်စံပယ်စေ၍ ဦးစီး ခေါင်းဆောင်အဖြစ်နှင့်ကယ်တင်ရှင်အဖြစ် ချီးမြှင့်တော်မူ၏။-
32
ဤအမှုအရာများနှင့်ပတ်သက်၍ ငါတို့ သည်အသိသက်သေဖြစ်ကြ၏။ ဘုရားသခင် ၏အမိန့်ကိုနာခံသူတို့အားချပေးတော်မူ သည့်ဆုကျေးဇူးတည်းဟူသော ဝိညာဉ်တော် သည်လည်းအသိသက်သေဖြစ်တော်မူ၏'' ဟု ပြန်၍ပြောကြားကြ၏။
33
ဤစကားကိုကြားကြသောအခါတရား လွှတ်တော်အဖွဲ့ဝင်တို့သည် ပြင်းစွာအမျက် ထွက်ကြသဖြင့် တမန်တော်တို့အားသေဒဏ် ပေးရန်တိုင်ပင်ကြ၏။-
34
သို့ရာတွင်ဂါမလျေလနာမည်ရှိသော ဖာရိရှဲသည် တရားလွှတ်တော်တွင်ထိုင်ရာ မှထ၍ တမန်တော်တို့အားအပြင်သို့ခေတ္တ ခေါ်ထုတ်သွားရန်အမိန့်ပေး၏။ သူသည်လူ အပေါင်းတို့ရိုသေလေးစားသည့်ကျမ်းတတ် ဆရာတစ်ဦးဖြစ်၏။-
35
ထိုသူက``ဣသရေလအမျိုးသားတို့၊ ဤ သူတို့အားသင်တို့ပြုမည့်အရာကိုသတိ နှင့်ပြုကြလော့။-
36
လွန်ခဲ့သောနှစ်အနည်းငယ်ကသုဒဆိုသူ သည် မိမိကိုယ်ကိုခေါင်းဆောင်ကြီးတစ်ဦးဟု ဆိုကာပေါ်ပေါက်ခဲ့၏။ သူသည်နောက်လိုက်လူ လေးရာခန့်ရရှိခဲ့၏။ သို့ရာတွင်သူအသတ် ခံရပြီးနောက် သူ၏နောက်လိုက်များသည်တစ် ကွဲတစ်ပြားဖြစ်လျက် သူဦးဆောင်ခဲ့သော လှုပ်ရှားမှုသည်လည်းပျောက်ပျက်သွား၏။-
37
ထိုနောက်သန်းခေါင်စာရင်းကောက်ချိန်၌ ဂါလိလဲပြည်သားယုဒဆိုသူပေါ်ပေါက် လာကာ လူတို့ကိုဆွဲဆောင်စည်းရုံးခဲ့၏။ သူ သည်လည်းသေကျေပျက်စီးရလျက် သူ၏ နောက်လိုက်အပေါင်းသည်ကွဲလွင့်သွားကြ ကုန်၏။-
38
သို့ဖြစ်၍ယခုသင်တို့အားငါဆိုသည်ကား ဤသူတို့ကိုအရေးမယူကြနှင့်။ သူတို့ ဘာသာနေပါစေ။-
39
သူတို့ကြံစည်ပြုလုပ်သောအမှုကိစ္စသည် လူမှဖြစ်ခဲ့သော်ထိုအကြံအစည်အမှု ကိစ္စသည်ပျက်ရမည်။ သို့ရာတွင်ဘုရား သခင်မှဖြစ်ပါမူ ထိုသူတို့ကိုမဖျက် နိုင်သည့်ပြင်ဘုရားသခင်အားသင်တို့ ဆန့်ကျင်ရာရောက်အံ့'' ဟုဆို၏။ ယုဒတရားလွှတ်တော်အဖွဲ့ဝင်တို့သည် ဂါမလျေလ၏အကြံပေးချက်ကိုလက်ခံ ပြီးလျှင်၊-
40
တမန်တော်တို့ကိုခေါ်ယူကြ၏။ ထိုနောက်သူ တို့အားကြိမ်ဒဏ်ခတ်ကာ``ယေရှု၏နာမကို အမှီပြု၍ ဟောပြောသွန်သင်ခြင်းကိုနောက် တစ်ဖန်မပြုရ'' ဟုအမိန့်ပေးပြီးနောက် လွှတ်လိုက်ကြ၏။-
41
တမန်တော်တို့သည်မိမိတို့အားသခင်ယေရှု အတွက် အသရေပျက်ခြင်းကိုခံထိုက်သူများ အဖြစ်ဖြင့် ဘုရားသခင်မှတ်တော်မူသောကြောင့် ဝမ်းမြောက်စွာယုဒတရားလွှတ်တော်မှထွက် သွားကြ၏။-
42
နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင်လည်းကောင်း၊ အိမ်များတွင်လည်းကောင်းသခင်ယေရှုသည် မေရှိယဖြစ်တော်မူကြောင်းကိုဆက်လက်၍ ဟောပြောသွန်သင်ကြ၏။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28