bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Acts 15
Acts 15
Burmese (BCL) (Common Language Bible)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 16 →
1
လူအချို့တို့သည်ယုဒပြည်မှအန္တိအုတ်မြို့ သို့သွားရောက်၍ ညီအစ်ကိုတို့အား ``သင်တို့ သည်မောရှေ၏ပညတ်တရားအရ အရေ ဖျားလှီးမင်္ဂလာကိုမခံယူလျှင်ကယ်တင် ခြင်းမရနိုင်'' ဟုဟောပြောသွန်သင်ကြ၏။-
2
ပေါလုနှင့်ဗာနဗတို့သည်ထိုသူတို့နှင့် အပြင်းအထန်အငြင်းပွားကာ အချေအတင် ပြောဆိုကြ၏။ ထို့ကြောင့်အသင်းတော်သည်ဤ သို့အငြင်းပွားသည့်ကိစ္စနှင့်ပတ်သက်၍ တိုင်ပင် ဆွေးနွေးရန်ပေါလုနှင့်ဗာနဗတို့ကိုတပည့် တော်အချို့တို့နှင့်အတူ ယေရုရှလင်မြို့ရှိ အသင်းတော်လူကြီးများထံသို့စေလွှတ်ရန် ဆုံးဖြတ်ကြ၏။
3
အသင်းတော်ဝင်တို့သည်ထိုကိုယ်စားလှယ်အဖွဲ့ အား မြို့ပြင်သို့ရောက်အောင်လိုက်ပို့ကြ၏။ ထို အဖွဲ့သည်ဖိနိတ်ပြည်နှင့်ရှမာရိပြည်တို့ကို ဖြတ်သွားစဉ် လူမျိုးခြားတို့ဘုရားသခင်ထံ သို့ပြောင်းလဲလာကြပုံကိုပြောပြကြသဖြင့် ညီအစ်ကိုအပေါင်းတို့သည်လွန်စွာဝမ်းမြောက် ကြ၏။-
4
ယေရုရှလင်မြို့သို့ဗာနဗတို့ရောက်ကြ သောအခါ အသင်းတော်နှင့်တကွတမန်တော် များ၊ အသင်းတော်လူကြီးများကသူတို့အား ကြိုဆိုလက်ခံသည့်အခါ မိမိတို့အားဘုရား သခင်အသုံးပြုတော်မူပုံအလုံးစုံကိုပြန် ကြားကြ၏။-
5
သို့ရာတွင်ဖာရိရှဲအဖွဲ့ဝင်များအနက် ယုံ ကြည်သူလူအချို့တို့သည်ထ၍ ``လူမျိုးခြား တို့သည်အရေဖျားလှီးမင်္ဂလာခံရမည်။ မောရှေ ၏ပညတ်တရားကိုစောင့်ထိန်းရမည်'' ဟုဆို ကြ၏။
6
သို့ဖြစ်၍တမန်တော်များနှင့်အသင်းတော် လူကြီးများသည် ဤအမှုကိစ္စကိုစဉ်းစား ဆင်ခြင်ရန်စည်းဝေးကြ၏။-
7
အတော်ပင်အချေအတင်ဆွေးနွေးကြပြီး သောအခါ ပေတရုသည်နေရာမှထ၍ ``ညီ အစ်ကိုတို့၊ လူမျိုးခြားတို့သည်သတင်းကောင်း ကိုကြား၍ယုံကြည်နိုင်စေရန် ဘုရားသခင် သည်လွန်ခဲ့သည့်ကာလအတန်ကြာက သတင်း ကောင်းကိုကြေညာရန်အတွက် ငါ့အားသင်တို့ အထဲမှရွေးချယ်ခန့်ထားတော်မူခဲ့ကြောင်း သင်တို့သိကြ၏။-
8
လူတို့၏စိတ်နှလုံးကိုသိတော်မူသောဘုရား သခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့ အားပေးတော်မူသည့်နည်းတူလူမျိုးခြားတို့ အားလည်းပေးတော်မူခြင်းအားဖြင့် သူတို့ အားနှစ်သက်လက်ခံတော်မူကြောင်းကိုပြ တော်မူ၏။-
9
ကိုယ်တော်သည်သူတို့ကိုငါတို့နှင့်ခွဲခြား ခြင်းပြုတော်မမူ။ သူတို့သည်ကိုယ်တော်ကို ယုံကြည်သဖြင့် သူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၏။-
10
သို့ဖြစ်၍သင်တို့သည်အဘယ်ကြောင့်ဘုရား သခင်ကိုသွေးစမ်းလိုကြသနည်း။ ငါတို့ဘိုး ဘေးများသော်လည်းကောင်း၊ ငါတို့ကိုယ်တိုင် ပင်သော်လည်းကောင်း၊ မထမ်းနိုင်သည့်ဝန်ကို အဘယ်ကြောင့်ထိုသူတို့အားထမ်းစေကြ ပါသနည်း။-
11
ငါတို့သည်လည်းထိုသူတို့နည်းတူယုံကြည် သဖြင့် သခင်ယေရှု၏ကျေးဇူးတော်အား ဖြင့်ကယ်တင်ခြင်းကိုခံရကြ၏'' ဟုဆို၏။
12
ဗာနဗနှင့်ပေါလုတို့သည်မိမိတို့အား ဖြင့် လူမျိုးခြားတို့တွင်ဘုရားသခင်ပြု တော်မူသော အံ့သြဖွယ်ရာများနှင့်နိမိတ် လက္ခဏာများအကြောင်းကိုပြောကြားနေ စဉ်စုဝေးသောလူအားလုံးပင်ဆိတ်ငြိမ်စွာ နားထောင်လျက်နေကြ၏။-
13
သူတို့ပြောဆိုပြီးသောအခါယာကုပ်က ``ညီအစ်ကိုတို့၊ ငါ့စကားကိုနားထောင် ကြပါ။-
14
ဘုရားသခင်သည်ရှေးဦးစွာလူမျိုးခြားတို့ အနက်အချို့သောသူတို့ကို မိမိ၏လူစု တော်ဝင်များဖြစ်စေရန်ရွေးထုတ်ခြင်းအား ဖြင့် သူတို့ကိုဂရုစိုက်တော်မူကြောင်းရှိမုန် ရှင်းပြခဲ့ပြီ။-
15
ပရောဖက်တို့၏ဟောကြားချက်များသည် လည်း ဤအချက်နှင့်လုံးဝကိုက်ညီလျက် ရှိ၏။ ကျမ်းစာတော်တွင်၊
16
`ငါ၏နာမတော်ဖြင့်ခေါ်ဝေါ်ခြင်းခံရသူ လူမျိုးခြားနှင့်လူမျိုးရှိသမျှတို့သည် ငါ့ထံလာစိမ့်သောငှာနောက်မှငါပြန်လာမည်။ ပြိုကျလျက်ရှိသောဒါဝိဒ်၏နိုင်ငံကို ငါပြန်၍တည်ဆောက်မည်။ ပျက်စီးယိုယွင်းနေသည်တို့ကိုအသစ်ပြုပြင်၍ ထိုနိုင်ငံကိုတစ်ဖန်ခိုင်ခံ့စေမည်။
18
ဤကားရှေးကာလ၌ထာဝရဘုရား မိန့်တော်မူသောဗျာဒိတ်တော်ဖြစ်သတည်း' ဟုဖော်ပြပါရှိသည်။
19
ယာကုပ်ကဆက်လက်၍ ``ထို့ကြောင့်ဘုရား သခင်ထံပြောင်းလဲလာကြသူ လူမျိုးခြား တို့အခက်ကြုံစေရန်ငါတို့မပြုသင့်။-
20
သို့ရာတွင်ရုပ်တုအားပူဇော်ထားသဖြင့် မသန့် စင်သည့်အစားအစာများကိုစားခြင်း၊ ကာမ ဂုဏ်လိုက်စားခြင်း၊ လည်လိမ်သားနှင့်သွေးကို စားသုံးခြင်းတို့ကိုမူရှောင်ရှားကြစေရန် စာရေး၍အကြောင်းကြားသင့်သည်ဟုငါ ယူဆ၏။-
21
အဘယ်ကြောင့်ဆိုသော်ရှေးကာလမှစ၍ မောရှေ၏ပညတ်တရားကိုတရားဇရပ်များ တွင်ဥပုသ်နေ့တိုင်းဖတ်ခြင်း၊ သူ၏တရားကို ဟောပြောခြင်းရှိသောကြောင့်ဖြစ်၏'' ဟုဆို လေသည်။
22
ထိုအခါတမန်တော်များ၊ အသင်းတော်လူ ကြီးများနှင့်အသင်းတော်ဝင်အပေါင်းတို့ သည် ကိုယ်စားလှယ်များကိုရွေးချယ်၍ပေါလု၊ ဗာနဗနှင့်အတူအန္တိအုတ်မြို့သို့စေလွှတ် ရန်ဆုံးဖြတ်ကြ၏။ သူတို့သည်ယုံကြည်သူ တို့အလွန်ကြည်ညိုလေးစားကြသော ဗာရှဗခေါ်ယုဒနှင့်သိလတို့ကိုရွေး ချယ်ကြ၏။-
23
ထိုသူနှစ်ဦး၏လက်ဖြင့်စာတစ်စောင်ပို့လိုက် ကြ၏။ ထိုစာတွင်၊ ``သင်တို့၏ညီအစ်ကိုများဖြစ်ကြသောတမန် တော်များ၊ အသင်းတော်လူကြီးများကအန္တိ အုတ်မြို့နှင့်ရှုရိပြည်၊ ကိလိကိပြည်ရှိလူမျိုး ခြားသားများဖြစ်ကြသောညီအစ်ကိုများ အား နှုတ်ခွန်းဆက်သလိုက်ပါသည်။-
24
ကျွန်ုပ်တို့အထဲမှလူအချို့သည်ကျွန်ုပ်တို့၏ ညွှန်ကြားချက်မရဘဲ သင်တို့ထံသို့သွား၍ စိတ်အနှောင့်အယှက်ဖြစ်စေသည့်စကားများ ကိုပြောဆိုကာ သင်တို့အားဒုက္ခပေးခဲ့ကြ ကြောင်းသိရပါသည်။-
25
သို့ဖြစ်၍ကျွန်ုပ်တို့သည်အစည်းအဝေးပြု လုပ်၍လူအချို့ကိုရွေးချယ်လျက် သင်တို့ထံ သို့စေလွှတ်ရန်အားလုံးသဘောတူဆုံးဖြတ် ကြပါသည်။ ထိုသူတို့သည်ကျွန်ုပ်တို့ချစ်ခင် သူဗာနဗ၊ ပေါလုတို့နှင့်အတူလိုက်သွား ကြပါလိမ့်မည်။-
26
ပေါလုနှင့်ဗာနဗတို့သည်ကား ကျွန်ုပ်တို့ သခင်ယေရှုခရစ်၏အမှုတော်ကို သက်စွန့် ကြိုးပမ်းဆောင်ရွက်ခဲ့သူများပင်တည်း။-
27
သို့ဖြစ်၍ကျွန်ုပ်တို့သည်သူတို့နှင့်အတူယုဒ နှင့်သိလတို့ကို သင်တို့ထံသို့စေလွှတ်လိုက်ပါ သည်။ ကျွန်ုပ်တို့၏စာတွင်ရေးသားဖော်ပြထား သည့်အကြောင်းအရာများကို သူတို့ကိုယ်တိုင် လည်းပြောပြကြပါလိမ့်မည်။-
28
ရုပ်တုများအားပူဇော်ထားသည့်အစား အစာကိုမစားနှင့်။ သွေးကိုလည်းမစားနှင့်။-
29
လည်ညှစ်သားကိုမစားနှင့်။ ကာမဂုဏ်လိုက်စား မှုကိုမပြုနှင့်ဟူသောပညတ်များမှတစ်ပါး အခြားသောဝန်ကိုသင်တို့အပေါ်မတင်ရန် သန့်ရှင်းသောဝိညာဉ်တော်နှင့်ကျွန်ုပ်တို့သဘော တူကြပါ၏။ ဤအရာများကိုရှောင်ကြဉ်ကြ ပါက သင်တို့အတွက်လုံလောက်ပေပြီ။ ကျန်း မာရွှင်လန်းကြပါစေ'' ဟုဖော်ပြပါရှိလေ သည်။
30
စေတမန်တို့အားစေလွှတ်သဖြင့် သူတို့သည် အန္တိအုတ်မြို့သို့သွား၍ယုံကြည်သူအပေါင်း တို့အား စုဝေးစေပြီးလျှင်အမှာစာကိုပေး အပ်ကြ၏။-
31
ထိုစာကိုဖတ်ပြကြသောအခါသူတို့သည် အားပေးစကားများကြောင့်လွန်စွာဝမ်း မြောက်ကြ၏။-
32
ယုဒနှင့်သိလတို့သည်လည်းပရောဖက်များ ဖြစ်ကြသည့်အလျောက် သူတို့အားအချိန်ကြာ မြင့်စွာတိုက်တွန်းအားပေးသဖြင့်သူတို့အား ကြံ့ခိုင်စေကြ၏။-
33
သူတို့သည်ထိုအရပ်တွင်ကာလအတန်ကြာ နေပြီးနောက် ယုံကြည်သူတို့အားနှုတ်ဆက်၍ ပြန်လွှတ်လိုက်ကြ၏။-
34
သို့သော်လည်းသိလသည်နေရစ်ရန်ဆုံးဖြတ်၏။
35
ပေါလုနှင့်ဗာနဗတို့သည်အန္တိအုတ်မြို့တွင် ဆက်လက်နေထိုင်၍ သခင်ဘုရား၏နှုတ်ကပတ် တော်ကိုအခြားသူများနှင့်အတူဟောပြော သွန်သင်ကြ၏။
36
ရက်အနည်းငယ်ကြာသောအခါပေါလုက ဗာနဗအား ``သခင်ဘုရား၏နှုတ်ကပတ် တရားတော်ကိုငါတို့ဟောပြောခဲ့သည့်မြို့ တိုင်း ရှိညီအစ်ကိုများထံသို့ပြန်သွား၍ သူ တို့၏အခြေအနေကိုလေ့လာကြကုန်အံ့'' ဟုဆို၏။-
37
ထိုအခါဗာနဗသည်မာကုခေါ်ယောဟန် ကိုခေါ်ဆောင်သွားရန်အလိုရှိ၏။-
38
သို့သော်ပေါလုကမိမိတို့နှင့်သာသနာ ပြုခရီးအဆုံးတိုင်အောင်မလိုက်ဘဲ ပံဖုလိ ပြည်တွင်မိမိတို့ထံမှထွက်ခွာသွားခဲ့သူ ကိုခေါ်ဆောင်ရန်မသင့်လျော်ဟုယူဆ၏။-
39
သူတို့သည်အပြင်းအထန်အငြင်းပွားပြီး နောက်လမ်းခွဲခွာသွားကြ၏။ ဗာနဗသည် မာကုကိုခေါ်၍ကုပရုကျွန်းသို့သင်္ဘော လွှင့်လေ၏။-
40
ပေါလုမူကားသိလကိုရွေးချယ်၍ထွက်ခွာ သွားလေသည်။ ယုံကြည်သူများသည်ပေါလု အားသခင်ဘုရား၏ကျေးဇူးတော်သို့အပ်နှံ ကြ၏။-
41
ပေါလုသည်ထိုအရပ်မှရှုရိပြည်နှင့်ကိလိ ကိပြည်သို့သွားရောက်၍အသင်းတော်ကို ခိုင်ခံ့စေ၏။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28