bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Chronicles 13
1 Chronicles 13
Burmese MSBU
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 14 →
1
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် လူတစ်ထောင်အုပ်များ၊ လူတစ်ရာအုပ်များ၊ ခေါင်းဆောင်များအားလုံးတို့နှင့် တိုင်ပင်ပြီး
2
အစ္စရေးလူထုတစ်ရပ်လုံးအား “သင်တို့သဘောတူမည်၊ ငါတို့၏ဘုရားသခင်ထာဝရဘုရားလည်း အခွင့်ပေးမည်ဆိုလျှင် အစ္စရေးပြည်တစ်ပြည်လုံးမှ ကျန်နေသောညီအစ်ကိုတို့မှစ၍ မြို့များနှင့်ဝန်းကျင်ရှိစားကျက်မြေတို့တွင်နေထိုင်ကြသော ယဇ်ပုရောဟိတ်များ၊ လေဝိလူများရှိရာနေရာအနှံ့အပြားသို့ လူကိုစေလွှတ်၍ အကျွန်ုပ်တို့နှင့် လာရောက်ပူးပေါင်းစေမည်။
3
ထို့နောက် ရှောလုမင်းကြီးလက်ထက်က မေးမြန်းခြင်းမရှိခဲ့သော ငါတို့ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ကို ငါတို့ထံ ပြန်လည်သယ်ဆောင်လာကြမည်”ဟု ဆို၏။
4
ပြည်သူပြည်သားအားလုံး သဘောတူနှစ်သက်ကြသောကြောင့် လူထုတစ်ရပ်လုံးက ထိုသို့ပြုမည်ဟု ဆိုကြ၏။
5
ဤသို့ဖြင့် ဒါဝိဒ်မင်းကြီးသည် ကိရယတ်ယာရိမ်မြို့ရှိ ဘုရားသခင်၏သေတ္တာတော်ကို ပြန်လည်သယ်ဆောင်လာရန် အီဂျစ်ပြည်၊ ရှိဟောရအရပ်မှ လီဘိုဟာမတ်အရပ်တိုင်အောင် အစ္စရေးလူမျိုးအားလုံးကို စုဝေးစေ၏။
6
ထာဝရဘုရား၏နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်သော၊ ခေရုဗိမ် တို့အထက်တွင် စံနေတော်မူသော ဘုရားသခင်၏သေတ္တာတော်ကို သယ်ဆောင်လာရန် ဒါဝိဒ်မင်းကြီးသည် အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ ယုဒပြည်၊ ကိရယတ်ယာရိမ် ခေါ် ဗာလာမြို့သို့ သွားလေ၏။
7
ဘုရားသခင်၏သေတ္တာတော်ကို လှည်းအသစ်ပေါ်တွင်တင်ပြီး အဘိနဒပ်၏အိမ်မှ သယ်ဆောင်လာကြ၏။ ဩဇနှင့်အဟိဩတို့သည် လှည်းကိုမောင်းနှင်ပေးကြ၏။
8
ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ဘုရားသခင်ရှေ့တော်တွင် စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ လင်းကွင်း၊ တံပိုးခရာတို့ကို တီးမှုတ်လျက် အားရပျော်မြူးစွာသီချင်းဆိုကြ၏။
9
ခိဒုန်ကောက်နယ်တလင်းသို့ ရောက်လာသောအခါ နွားခြေချော်သွား၍ ဩဇသည် သေတ္တာတော်ကို လက်နှင့်လှမ်းထိန်းလိုက်မိ၏။
10
ဤသို့ ဩဇသည် သေတ္တာတော်ကို လှမ်းထိန်းလိုက်မိရာ ထာဝရဘုရားသည် သူ့အားအမျက်ထွက်တော်မူပြီး ဒဏ်ခတ်တော်မူသောကြောင့် သူသည် ဘုရားသခင်ရှေ့တွင်ပင် သေလေ၏။
11
ဤသို့ ဩဇအား ထာဝရဘုရားဒဏ်ခတ်တော်မူသောကြောင့် ဒါဝိဒ်မင်းကြီးသည် စိတ်ဆိုးလေ၏။ ထို့ကြောင့် ယနေ့တိုင် ထိုနေရာကို ပေရဩဇ ဟုခေါ်ဆိုလေ၏။
12
ထိုနေ့တွင် ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့် “ဘုရားသခင်၏သေတ္တာတော်သည် ငါ့ထံ မည်သို့ရောက်လာနိုင်မည်နည်း”ဟု တွေးတောလေ၏။
13
ဒါဝိဒ်မင်းကြီးသည် သေတ္တာတော်ကို မိမိနှင့်အတူ ဒါဝိဒ်မြို့သို့ မသယ်ဆောင်သွားဘဲ ဂိတ္တိလူမျိုး ဩဗဒေဒုံ၏အိမ်သို့ သယ်ဆောင်သွား၏။
14
ဤသို့ဖြင့် ဘုရားသခင်၏သေတ္တာတော်သည် ဩဗဒေဒုံ၏အိမ်၌ အိမ်သားတို့နှင့်အတူ သုံးလမျှကိန်းဝပ်တော်မူပြီး ထာဝရဘုရားသည် ဩဗဒေဒုံ၏အိမ်သူအိမ်သားများနှင့် သူပိုင်ဆိုင်သမျှတို့ကို ကောင်းချီးပေးတော်မူ၏။
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29