bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Chronicles 6
1 Chronicles 6
Burmese MSBU
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 7 →
1
လေဝိ၏သားများမှာ ဂေရရှုန်၊ ကောဟတ်၊ မေရာရိ တို့ဖြစ်ကြ၏။
2
ကောဟတ်၏သားများမှာ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ တို့ဖြစ်ကြ၏။
3
အာမရံ၏သားသမီးများမှာ အာရုန်၊ မောရှေ၊ မိရိအံ တို့ဖြစ်ကြ၏။ အာရုန်၏သားများမှာ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ဖြစ်ကြ၏။
4
ဧလာဇာသည် သားဖိနဟတ်ကိုရ၏။ ဖိနဟတ်သည် သားအဘိရွှကိုရ၏။
5
အဘိရွှသည် သားဗုက္ကိကိုရ၏။ ဗုက္ကိသည် သားဩဇိကိုရ၏။
6
ဩဇိသည် သားဇေရဟိကိုရ၏။ ဇေရဟိသည် သားမေရာယုတ်ကိုရ၏။
7
မေရာယုတ်သည် သားအာမရိကိုရ၏။ အာမရိသည် သားအဟိတုပ်ကိုရ၏။
8
အဟိတုပ်သည် သားဇာဒုတ်ကိုရ၏။ ဇာဒုတ်သည် သားအဟိမတ်ကိုရ၏။
9
အဟိမတ်သည် သားအာဇရိကိုရ၏။ အာဇရိသည် သားယောဟနန်ကိုရ၏။
10
ယောဟနန်သည် သားအာဇရိကိုရ၏။ အာဇရိသည် ဂျေရုဆလင်မြို့တွင် ရှောလမုန်မင်းကြီးတည်ထားခဲ့သောအိမ်တော်၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ရသူဖြစ်၏။
11
အာဇရိသည် သားအာမရိကိုရ၏။ အာမရိသည် သားအဟိတုပ်ကိုရ၏။
12
အဟိတုပ်သည် သားဇာဒုတ်ကိုရ၏။ ဇာဒုတ်သည် သားရှလ္လုံကိုရ၏။
13
ရှလ္လုံသည် သားဟိလခိကိုရ၏။ ဟိလခိသည် သားအာဇရိကိုရ၏။
14
အာဇရိသည် သားစရာယကိုရ၏။ စရာယသည် သားယောဇဒက်ကိုရ၏။
15
ထာဝရဘုရားက နေဗုခဒ်နေဇာမင်းကြီးအားဖြင့် ယုဒပြည်သူနှင့်တကွ၊ ဂျေရုဆလင်မြို့သားတို့ကို ဖမ်းခေါ်သွားသောအခါ ယောဇဒက်လည်း ပါသွား၏။
16
လေဝိ၏သားများမှာ ဂေရရှုံ၊ ကောဟတ်၊ မေရာရိ တို့ဖြစ်ကြ၏။
17
ဂေရရှုံသားတို့၏အမည်မှာ လိဗနိနှင့် ရှိမိ ဖြစ်ကြ၏။
18
ကောဟတ်၏သားများမှာ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ တို့ဖြစ်ကြ၏။
19
မေရာရိ၏သားများမှာ မဟာလိနှင့် မုရှိ တို့ဖြစ်ကြ၏။ ဤသည်ကား ဘိုးဘေးမျိုးနွယ်အလိုက် လေဝိအမျိုးတို့၏မျိုးနွယ်စုများ ဖြစ်ကြ၏။
20
ဂေရရှုံ၏သားမှာ လိဗနိ၊ လိဗနိ၏သားမှာ ယာဟတ်၊ ယာဟတ်၏သားမှာ ဇိမ္မ၊
21
ဇိမ္မ၏သားမှာ ယောအာ၊ ယောအာ၏သားမှာ ဣဒေါ၊ ဣဒေါ၏သားမှာ ဇေရ၊ ဇေရ၏သားမှာ ယာတရဲ တို့ဖြစ်ကြ၏။
22
ကောဟတ်၏သားမြေးများမှာ ကောဟတ်၏သား အမိနဒပ်၊ အမိနဒပ်၏သား ကောရ၊ ကောရ၏သား အဿိရ၊
23
အဿိရ၏သား ဧလကာန၊ ဧလကာန၏သား ဧဗျာသပ်၊ ဧဗျာသပ်၏သား အဿိရ၊
24
အဿိရ၏သား တာဟတ်၊ တာဟတ်၏သား ဥရေလ၊ ဥရေလ၏သား ဩဇိ၊ ဩဇိ၏သား ရှောလ တို့ဖြစ်ကြ၏။
25
ဧလကာန၏သားများမှာ အာမသဲနှင့် အဟိမုတ် တို့ဖြစ်ကြ၏။
26
ဧလကာန၏သားမြေးများမှာ ဧလကာန၏သား ဇောဖဲ၊ ဇောဖဲ၏သား နာဟတ်၊
27
နာဟတ်၏သား ဧလျာဘ၊ ဧလျာဘ၏သား ယေရောဟံ၊ ယေရောဟံ၏သား ဧလကာန တို့ဖြစ်ကြ၏။
28
ရှမွေလ၏သားများမှာ သားဦးယောလ၊ ဒုတိယသား အဘိယ တို့ဖြစ်ကြ၏။
29
မေရာရိ၏သားမြေးများမှာ မေရာရိ၏သား မဟာလိ၊ မဟာလိ၏သား လိဗနိ၊ လိဗနိ၏သား ရှိမိ၊ ရှိမိ၏သား ဩဇ၊
30
ဩဇ၏သား ရှိမာ၊ ရှိမာ၏သား ဟဂ္ဂိယ၊ ဟဂ္ဂိယ၏သား အသာယ တို့ဖြစ်ကြ၏။
31
ဤသူတို့သည် သေတ္တာတော်ကို နေရာချထားပြီးနောက် ထာဝရဘုရား၏အိမ်တော်တွင် သီချင်းဆိုသောအဖွဲ့အား ဦးဆောင်ညွှန်ကြားရန် ဒါဝိဒ်မင်းကြီးခန့်ထားသောသူများဖြစ်ကြ၏။
32
ဂျေရုဆလင်မြို့တွင် ထာဝရဘုရား၏အိမ်တော်ကို ရှောလမုန်မင်းကြီး မတည်ဆောက်မီအချိန်ထိ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၊ ကိန်းဝပ်တော်မူရာတဲတော်တွင် သီချင်းဖြင့် အမှုတော်ကိုထမ်းကြ၏။ စီရင်ထုံးဖွဲ့ချက်များအတိုင်းလည်း အမှုတော်ကို ထမ်းရကြ၏။
33
ဤသို့ အမှုတော်ကို ထမ်းဆောင်သောသူများနှင့် သူတို့၏သားမြေးများမှာ ဤသူတို့ဖြစ်၏။ ကောဟတ်၏သားမြေးများတွင် ဟေမန်သည် သီချင်းသည်ဖြစ်၏။ ဟေမန်သည် ယောလ၏သား၊ ယောလသည် ရှမွေလ၏သား ဖြစ်၏။
34
ရှမွေလသည် ဧလကာန၏သား၊ ဧလကာနသည် ယေရောဟံ၏သား၊ ယေရောဟံသည် ဧလျေလ၏သား၊ ဧလျေလသည် တောအာ၏သား၊
35
တောအာသည် ဇုဖ၏သား၊ ဇုဖသည် ဧလကာန၏သား၊ ဧလကာနသည် မာဟတ်၏သား၊ မာဟတ်သည် အာမသဲ၏သား၊
36
အာမသဲသည် ဧလကာန၏သား၊ ဧလကာနသည် ယောလ၏သား၊ ယောလသည် အာဇရိ၏သား၊ အာဇရိသည် ဇေဖနိ၏သား၊
37
ဇေဖနိသည် တာဟတ်၏သား၊ တာဟတ်သည် အဿိရ၏သား၊ အဿိရသည် ဧဗျာသပ်၏သား၊ ဧဗျာသပ်သည် ကောရ၏သား၊
38
ကောရသည် ဣဇဟာ၏သား၊ ဣဇဟာသည် ကောဟတ်၏သား၊ ကောဟတ်သည် လေဝိ၏သား၊ လေဝိသည် အစ္စရေး၏သား ဖြစ်၏။
39
ဟေမန်၏လက်ယာဘက်တွင် သူ၏ညီအစ်ကိုချင်းဖြစ်သော အာသပ်သည် နေရာယူရ၏။ အာသပ်သည် ဗေရခိ၏သား၊ ဗေရခိသည် ရှိမာ၏သား၊
40
ရှိမာသည် မိက္ခေလ၏သား၊ မိက္ခေလသည် ဗာသေယ၏သား၊ ဗာသေယသည် မာလခိယ၏သား၊
41
မာလခိယသည် ဧသနိ၏သား၊ ဧသနိသည် ဇေရ၏သား၊ ဇေရသည် အဒါယ၏သား၊
42
အဒါယသည် ဧသန်၏သား၊ ဧသန်သည် ဇိမ္မ၏သား၊ ဇိမ္မသည် ရှိမိ၏သား၊
43
ရှိမိသည် ယာဟတ်၏သား၊ ယာဟတ်သည် ဂေရရှုံ၏သား၊ ဂေရရှုံသည် လေဝိ၏သားဖြစ်၏။
44
သူတို့၏ညီအစ်ကိုဖြစ်သော မေရာရိ၏သားမြေး ဧသန်သည် ဟေမန်၏လက်ဝဲဘက်တွင် နေရာယူရ၏။ ဧသန်သည် ကိရှိ၏သား၊ ကိရှိသည် အာဗဒိ၏သား၊ အာဗဒိသည် မလ္လုတ်၏သား၊
45
မလ္လုတ်သည် ဟာရှဘိ၏သား၊ ဟာရှဘိသည် အာမဇိ၏သား၊ အာမဇိသည် ဟိလခိ၏သား၊
46
ဟိလခိသည် အံဇိ၏သား၊ အံဇိသည် ဗာနိ၏သား၊ ဗာနိသည် ရှမေရ၏သား၊
47
ရှမေရသည် မဟာလိ၏သား၊ မဟာလိသည် မုရှိ၏သား၊ မုရှိသည် မေရာရိ၏သား၊ မေရာရိသည် လေဝိ၏သား ဖြစ်၏။
48
ကျန်လေဝိဆွေမျိုးသားချင်းတို့သည် ဘုရားသခင်၏အိမ်တော်ရှိ ကိန်းဝပ်တော်မူရာတဲတော်၏အမှုရှိသမျှကို ထမ်းဆောင်ရန် ခန့်အပ်ခံထားရသူများ ဖြစ်ကြ၏။
49
အာရုန်နှင့်သူ၏သားမြေးတို့မူကား ဘုရားသခင်၏အစေအပါးမောရှေ မိန့်မှာထားခဲ့သည့်အတိုင်း မီးရှို့ရာယဇ်ပလ္လင်နှင့် နံ့သာပေါင်းယဇ်ပလ္လင်တို့တွင် မီးရှို့ပူဇော်ခြင်းဖြင့် အသန့်ရှင်းဆုံးဌာန၏အမှုအလုံးစုံတို့ကို ထမ်းဆောင်ရ၍ အစ္စရေးလူမျိုးတို့အဖို့ အပြစ်ဖြေလွှတ်ခြင်းဝတ်ကိုလည်း ပြုပေးရ၏။
50
အာရုန်၏သားမြေးများကား အာရုန်၏သားမှာ ဧလာဇာ၊ ဧလာဇာ၏သားမှာ ဖိနဟတ်၊ ဖိနဟတ်၏သားမှာ အဘိရွှ၊
51
အဘိရွှ၏သားမှာ ဗုက္ကိ၊ ဗုက္ကိ၏သားမှာ ဩဇိ၊ ဩဇိ၏သားမှာ ဇေရဟိ၊
52
ဇေရဟိ၏သားမှာ မေရာယုတ်၊ မေရာယုတ်၏သားမှာ အာမရိ၊ အာမရိ၏သားမှာ အဟိတုပ်၊
53
အဟိတုပ်၏သားမှာ ဇာဒုတ်၊ ဇာဒုတ်၏သားမှာ အဟိမတ် ဖြစ်၏။
54
အာရုန်၏သားမြေးများဖြစ်သော ကောဟတ်မျိုးနွယ်စုတို့ မဲကျ၍ရသောနယ်မြေအတွင်း စခန်းချနေထိုင်ရသောနေရာများမှာ ဤသို့ဖြစ်၏။
55
သူတို့အား ယုဒနယ်မြေရှိ ဟေဗြုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများကို ခွဲဝေပေး၏။
56
ဟေဗြုန်မြို့ရှိ လယ်ယာများ၊ ရွာများကိုမူ ယေဖုန္နာ၏သားကာလက်အား ခွဲဝေပေး၏။
57
အာရုန်၏သားမြေးများအား ခိုလှုံရာမြို့များဖြစ်သော ဟေဗြုန်မြို့အပါအဝင် လိဗနမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ယတ္တိရမြို့၊ ဧရှတမောမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
58
ဟိလိန်မြို့ နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ဒေဗိရမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
59
အာရှန်မြို့ နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ဗက်ရှေမက်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
60
ဗင်္ယာမိန်အမျိုးအနွယ်၏နယ်မြေထဲမှ ဂေဗမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ အာလမက်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ အာနသုတ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ စုစုပေါင်းမြို့တစ်ဆယ့်သုံးမြို့ကို သူတို့မျိုးနွယ်စုအတွက် ခွဲဝေပေး၏။
61
ကောဟတ်အမျိုးအနွယ်၏မျိုးနွယ်စုထဲမှ ကြွင်းကျန်သောကောဟတ်သားမြေးတို့အဖို့ မဲချရာ မနာရှေအမျိုးတစ်ဝက်တို့ထံမှ မြို့ဆယ်မြို့ကို ရကြ၏။
62
ဂေရရှုံအမျိုး၏မျိုးနွယ်စုအလိုက် ဂေရရှုံသားမြေးတို့အဖို့ မဲချရာ ဣသခါအမျိုးအနွယ်၊ အာရှာအမျိုးအနွယ်၊ နဿလိအမျိုးအနွယ်၊ ဗာရှန်ပြည်ရှိမနာရှေအမျိုးအနွယ် တို့ထံမှ မြို့တစ်ဆယ့်သုံးမြို့ကို ရကြ၏။
63
မေရာရိအမျိုး၏မျိုးနွယ်စုအလိုက် မေရာရိသားမြေးတို့အဖို့ မဲချရာ ရုဗင်အမျိုးအနွယ်၊ ဂဒ်အမျိုးအနွယ်၊ ဇာဗုလုန်အမျိုးအနွယ်တို့ထံမှ မြို့တစ်ဆယ့်နှစ်မြို့ကို ရကြ၏။
64
ဤသို့ဖြင့် အစ္စရေးအမျိုးသားတို့က လေဝိအမျိုးတို့အား မြို့များနှင့် စားကျက်မြေများကို ခွဲဝေပေးကြ၏။
65
ယုဒအမျိုးအနွယ်၊ ရှိမောင်အမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ် တို့ထံမှလည်း မြို့များကို နာမည်နှင့်တကွ သူတို့အား မဲချခွဲဝေပေး၏။
66
ကောဟတ်သားမြေးထဲမှ အချို့မျိုးနွယ်စုတို့မှာ ဧဖရိမ်အမျိုးအနွယ်ပိုင် နယ်မြေများထဲမှ မြို့များကို ရရှိကြ၏။
67
သူတို့အား ခွဲဝေပေးသောမြို့များမှာ ခိုလှုံရာမြို့များဖြစ်သော ဧဖရိမ်တောင်ပေါ်ရှိ ရှေခင်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ဂေဇာမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
68
ယောကမံမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ဗေသောရုန်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
69
အာယလုန်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ဂါသရိမ္မုန်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ ဖြစ်၏။
70
ကြွင်းကျန်သောကောဟတ်သားမြေးမှ မျိုးနွယ်စုတို့အား မနာရှေအမျိုးအနွယ်တစ်ဝက်တို့ထံမှ အာနေရမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ဗိလံမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများကို ခွဲဝေပေး၏။
71
ဂေရရှုံသားမြေးတို့ကိုမူ မနာရှေအမျိုးအနွယ်တစ်ဝက်၏မျိုးနွယ်စုထံမှ ဗာရှန်ပြည်ရှိဂေါလန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ အာရှတရုတ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
72
ဣသခါအမျိုးအနွယ်ထံမှ ကေဒေရှမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ဒါဗရတ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
73
ရာမုတ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ အာနင်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
74
အာရှာအမျိုးအနွယ်ထံမှ မိရှလမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ အာဗဒုန်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
75
ဟုကုတ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ရဟောဘမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
76
နဿလိအမျိုးအနွယ်ထံမှ ဂါလိလဲပြည်၊ ကေဒေရှမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ဟမ္မုန်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ကိရယသိမ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ စသည်ဖြင့် ခွဲဝေပေးကြ၏။
77
ကြွင်းကျန်သောမေရာရိသားမြေးများအဖို့ ဇာဗုလုန်အမျိုးအနွယ်ထံမှ ရိမ္မုန်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ တာဗော်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
78
ရုဗင်အမျိုးအနွယ်ထံမှ ဂျေရိခေါမြို့နှင့်မျက်နှာချင်းဆိုင် ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ ဂျော်ဒန်မြစ်အရှေ့ဘက် တောကန္တာရရှိဗေဇာမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ယာဇမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
79
ကေဒမုတ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ မေဖတ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
80
ဂဒ်အမျိုးအနွယ်ထံမှ ဂိလဒ်ပြည်၊ ရာမုတ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ မဟာနိမ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
81
ဟေရှဘုန်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ယာဇာမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ စသည်ဖြင့် ခွဲဝေပေး၏။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29