bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Chronicles 16
1 Chronicles 16
Burmese MSBU
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 17 →
1
သူတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သယ်ဆောင်လာပြီး ဒါဝိဒ်မင်းကြီး စိုက်ထူထားသောတဲတော်အတွင်းတွင် ချထား၍ ထာဝရဘုရားရှေ့တော်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြလေ၏။
2
ထိုသို့ မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ပူဇော်ပြီးသောအခါ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရား၏နာမတော်၌ လူတို့ကို ကောင်းချီးပေးလေ၏။
3
ထို့နောက် အစ္စရေးလူထုတစ်ရပ်လုံးအား ယောက်ျားမိန်းမ မကျန် တစ်ဦးလျှင် မုန့်တစ်လုံး၊ အသားတစ်တုံး၊ စပျစ်ပျဉ်တစ်ချပ် ဝေပေး၏။
4
ထို့ပြင် ထာဝရဘုရား၏သေတ္တာတော်ရှေ့တွင် အမှုတော်ထမ်းဆောင်ရန် လေဝိလူမျိုးအချို့ကို ခန့်ထား၏။ သူတို့သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းအသနားခံခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းတို့ကို ပြုပေးရ၏။
5
ခေါင်းဆောင်မှာ အာသပ်ဖြစ်၍ သူ၏လက်ထောက်မှာ ဇာခရိဖြစ်၏။ ယေယေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ ဩဗဒေဒုံ၊ ယေယေလ တို့သည် စောင်းပြား၊ စောင်းကောက်စသောတူရိယာတို့ကို တီးခတ်ရ၏။ အာသပ်ကား လင်းကွင်းကို တီးရ၏။
6
ယဇ်ပုရောဟိတ်ဗေနာယနှင့်ယဟာဇေလတို့သည် ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင် တံပိုးခရာကိုပုံမှန်မှုတ်ရ၏။
7
ထိုနေ့တွင် ဒါဝိဒ်မင်းကြီးသည် အာသပ်နှင့်သူ၏ဆွေမျိုးသားချင်းတို့အား ထာဝရဘုရားထံချီးမွမ်းသီချင်းကိုသီဆိုရန် အဦးဆုံးအကြိမ် တာဝန်ပေးအပ်၏။
8
ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတို့ကို လူမျိုးတကာတို့အား ကြားသိစေကြလော့။
9
ကိုယ်တော်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ပြောကြားကြလော့။
10
ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့။ ထာဝရဘုရားကို ရှာသောသူတို့၏စိတ်နှလုံး၌ ဝမ်းမြောက်ခြင်း ရှိကြပါစေ။
11
ထာဝရဘုရားနှင့် ထာဝရဘုရား၏တန်ခိုးတော်ကို စူးစမ်းကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။
12
ပြုတော်မူသောအံ့ဖွယ်အမှုများ၊ ပြတော်မူသောနိမိတ်လက္ခဏာများ၊ နှုတ်တော်ထွက်စီရင်ထုံးဖွဲ့ချက်များကို အောက်မေ့ကြလော့။
13
အို ကိုယ်တော်၏အစေအပါး အစ္စရေး၏သားစဉ်မြေးဆက်၊ ကိုယ်တော်ရွေးကောက်တော်မူသော ယာကုပ်သားမြေးတို့၊
14
ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ကမ္ဘာမြေတစ်ခွင်လုံး၌ရှိ၏။
15
ကိုယ်တော်၏ပဋိညာဉ်တော်ကို အစဉ်သတိရကြလော့။ မိန့်တော်မူထားသောစကားတော်ကို မျိုးဆက်ပေါင်းတစ်ထောင်တိုင်အောင် သတိရကြလော့။
16
ဤသည်ကား အာဗြဟံနှင့် ဖွဲ့ခဲ့သောပဋိညာဉ်၊ ဣဇက်၌ထားခဲ့သောကတိတော် ဖြစ်၏။
17
ထိုကတိတော်ကို ယာကုပ်အဖို့ ပြဋ္ဌာန်းချက်အဖြစ်၊ အစ္စရေးအဖို့ ထာဝရပဋိညာဉ်အဖြစ် တည်စေတော်မူပြီး
18
“ခါနာန်ပြည်ကို သင်တို့အား အမွေဝေစုအဖြစ် ငါပေးမည်”ဟု မိန့်တော်မူခဲ့၏။
19
ထိုစဉ်က သင်တို့သည် အမှန်တကယ် လူနည်းစုသာဖြစ်ပြီး ထိုပြည်၌ ဧည့်သည်အဖြစ်တည်းခိုနေထိုင်ခဲ့ရ၏။
20
သူတို့သည် လူမျိုးတစ်မျိုးမှတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံမှတစ်နိုင်ငံသို့ လှည့်လည်သွားလာခဲ့ကြရ၏။
21
သူတို့ကို နှိပ်စက်ဖို့ မည်သူကိုမျှအခွင့်ပေးတော်မမူ။ သူတို့အတွက် ရှင်ဘုရင်တို့ကို ဆုံးမတော်မူပြီး
22
“ငါဘိသိက်ပေးသောသူတို့ကို မထိကြနှင့်။ ငါ့ပရောဖက်တို့ကို ဘေးမပြုကြနှင့်”ဟု မိန့်တော်မူ၏။
23
မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားထံ သီချင်းဆိုကြလော့။ ကယ်တင်ခြင်းအကြောင်းကို နေ့ရက်အစဉ်ဟောပြောကြလော့။
24
ဘုန်းအသရေတော်အကြောင်းကို လူမျိုးခြားတို့အားလည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို လူမျိုးအပေါင်းတို့အားလည်းကောင်း ပြောကြားကြလော့။
25
အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ ချီးမွမ်းဖွယ်အလွန်ကောင်း၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေဖွယ် ကောင်းလှ၏။
26
အကယ်စင်စစ် လူမျိုးတို့၏ဘုရားရှိသမျှတို့သည် ရုပ်တုမျှသာ ဖြစ်၏။ ထာဝရဘုရားမူကား ကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
27
ရှေ့တော်တွင် ဘုန်းကျက်သရေနှင့် ခန့်ညားထည်ဝါမှုတို့ ရှိပါ၏။ ကိန်းဝပ်တော်မူရာအရပ်တွင် အစွမ်းတန်ခိုးနှင့် ဝမ်းမြောက်ခြင်းတို့ရှိပါ၏။
28
လူမျိုးတို့၏မျိုးနွယ်စုတို့၊ ထာဝရဘုရားကို သိမှတ်ဝန်ခံကြလော့။ ထာဝရဘုရား၌ ဘုန်းအသရေ၊ အစွမ်းတန်ခိုးရှိကြောင်းကို သိမှတ်ဝန်ခံကြလော့။
29
ထာဝရဘုရား၏နာမတော်ဘုန်းကြီးတော်မူကြောင်းကို သိမှတ်ဝန်ခံကြလော့။ ပူဇော်သက္ကာကို ရှေ့တော်သို့ ယူဆောင်လာကြလော့။ သန့်ရှင်းခြင်းတန်ဆာကိုဆင်၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။
30
မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်ကြလော့။ ကမ္ဘာမြေကြီးကို မလှုပ်ရှားနိုင်အောင် ခိုင်မြဲစွာတည်ထားတော်မူပြီ။
31
မိုးကောင်းကင် ဝမ်းမြောက်ပါစေ။ ကမ္ဘာမြေကြီး ရွှင်လန်းပါစေ။ လူမျိုးခြားတို့အလယ်တွင် “ထာဝရဘုရား စိုးစံတော်မူ၏”ဟု ကြွေးကြော်ကြစေ။
32
ပင်လယ်နှင့် ပင်လယ်ပြင်ရှိအရာအားလုံးတို့လည်း မြည်ဟည်းကြစေ။ လယ်ပြင်နှင့် လယ်ပြင်ရှိအရာအားလုံးတို့လည်း ရွှင်မြူးကြစေ။
33
ထာဝရဘုရားသည် ကမ္ဘာမြေကြီးကို တရားစီရင်ရန် ကြွလာတော်မူမည်ဖြစ်၍ တောသစ်ပင်တို့သည် ရှေ့တော်၌ ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။
34
ထာဝရဘုရားသည် ကောင်းမြတ်တော်မူပြီး မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်သည်ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
35
“အကျွန်ုပ်တို့၏ကယ်တင်ရှင်၊ အကျွန်ုပ်တို့၏ဘုရားသခင်၊ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ သန့်ရှင်းသောနာမတော်ကို ချီးမွမ်း၍ ဂုဏ်ကျေးဇူးတော်ကို ထောမနာပြုနိုင်ရန် လူမျိုးတကာတို့ထံမှ အကျွန်ုပ်တို့ကို စုစည်း၍ကယ်နုတ်တော်မူပါ”ဟု တောင်းလျှောက်ကြလော့။
36
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ကာလအစဉ်အဆက်မင်္ဂလာရှိပါစေသော ဟုသီဆိုကြ၍ လူအပေါင်းတို့က “အာမင်”ဟုဆိုလျက် ထာဝရဘုရားကို ချီးမွမ်းကြ၏။
37
ထို့နောက် သေတ္တာတော်ရှေ့တွင် ထမ်းဆောင်ရမည့်အမှုတော်များကို နေ့စဉ်ပုံမှန်ထမ်းဆောင်နိုင်ရန် ဒါဝိဒ်မင်းကြီးသည် အာသပ်နှင့်သူ၏ဆွေမျိုးသားချင်းတို့ကို ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင် နေရာချထားပေးလေ၏။
38
ဩဗဒေဒုံနှင့်သူ၏ဆွေမျိုးသားချင်းခြောက်ဆယ့်ရှစ်ယောက်လည်း ပါ၏။ ယေဒုသုန်၏သား ဩဗဒေဒုံနှင့် ဟောသတို့ကို တံခါးစောင့်အဖြစ် ချထား၏။
39
ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် သူ၏ဆွေမျိုးသားချင်းယဇ်ပုရောဟိတ်တို့ကို ဂိဗောင်မြို့၊ အထွတ်အမြတ်ထားရာကုန်းမြင့်ရှိ ထာဝရဘုရား၏တဲတော်ရှေ့တွင် နေရာချထား၏။
40
သူတို့သည် အစ္စရေးလူမျိုးတို့အား ထာဝရဘုရားပေးအပ်တော်မူသောပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း မီးရှို့ရာယဇ်ကို မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင် ထာဝရဘုရားအား နံနက်တစ်ကြိမ်၊ နေဝင်ချိန်တစ်ကြိမ် ပုံမှန်ယဇ်ပူဇော်ရ၏။
41
သူတို့နှင့်အတူ ဟေမန်နှင့်ယေဒုသုန်တို့လည်း ပါရှိ၏။ ထာဝရဘုရား၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်သည်ဖြစ်၍ ကျန်နာမည်နှင့်တကွ စာရင်းဝင်ရွေးချယ်ခံရသောသူတို့သည် ထာဝရဘုရားကို ချီးမွမ်းထောမနာပြုရသောသူများဖြစ်ကြ၏။
42
ဟေမန်နှင့်ယေဒုသုန်တို့သည် တံပိုးခရာ၊ လင်းကွင်းတို့မှစ၍ ဘုရားသခင်ထံ သီဆိုချီးမွမ်းရန် တူရိယာများကို တီးမှုတ်ရ၏။ ယေဒုသုန်၏သားများမှာ တံခါးကို စောင့်ကြပ်ရ၏။
43
ထို့နောက် လူအပေါင်းတို့သည် အသီးသီးကိုယ့်အိမ်သို့ပြန်သွားကြ၏။ ဒါဝိဒ်မင်းကြီးသည်လည်း မိမိအိမ်သူအိမ်သားတို့ကို ကောင်းချီးပေးရန် ပြန်သွားလေ၏။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29