bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Chronicles 27
1 Chronicles 27
Burmese MSBU
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 28 →
1
နှစ်တစ်နှစ်တွင် တပ်ဖွဲ့အလိုက် ရှင်ဘုရင်၏အမှုကိစ္စအလုံးစုံကို တစ်လစီအလှည့်ကျထမ်းဆောင်သော အစ္စရေးအမျိုးသားတို့၏စာရင်းမှာ တပ်ဖွဲ့တစ်ဖွဲ့တွင် ဘိုးဘေးအိမ်ထောင်စုတို့၏အကြီးအမှူးများ၊ တပ်မှူးများ၊ လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်နှင့် သူတို့ကို ကြီးကြပ်အုပ်ချုပ်သောသူများ ပါဝင်၍ လူပေါင်းနှစ်သောင်းလေးထောင်ပါ၏။
2
ပထမလတွင် တာဝန်ထမ်းဆောင်ရသောပထမတပ်ဖွဲ့ကို ကြီးကြပ်သောသူမှာ ဇာဗဒေလ၏သား ယာရှောဗံဖြစ်ပြီး သူ့တပ်ဖွဲ့တွင် လူပေါင်းနှစ်သောင်းလေးထောင်ပါ၏။
3
သူသည် ဖာရက်၏သားမြေးများမှဆင်းသက်လာ၏။ ပထမလတွင် တာဝန်ထမ်းဆောင်ရသောတပ်မှူးအားလုံး၏ခေါင်းဆောင်ဖြစ်၏။
4
ဒုတိယလတွင် တာဝန်ထမ်းဆောင်ရသောတပ်ဖွဲ့ကို ကြီးကြပ်သောသူမှာ အဟောဟိအမျိုး ဒေါဒဲဖြစ်၏။ ထိုတပ်ဖွဲ့ကို မိကလုတ်က ဦးဆောင်ရပြီး လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
5
တတိယလတွင် တာဝန်ထမ်းဆောင်ရသောတတိယတပ်ဖွဲ့၏တပ်မှူးမှာ ယဇ်ပုရောဟိတ်ယောယဒ၏သား ဗေနာယဖြစ်ပြီး သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
6
ဗေနာယသည် စစ်သူရဲသုံးဆယ်တွင် တစ်ဦးအပါအဝင်ဖြစ်ပြီး လူအယောက်သုံးဆယ်ကို အုပ်ချုပ်ရ၏။ သူ့တပ်ဖွဲ့ကို သူ့သား အမိဇဗဒ်က အုပ်ချုပ်၏။
7
စတုတ္ထလတွင် တာဝန်ထမ်းဆောင်ရသောစတုတ္ထတပ်မှူးမှာ ယွာဘ၏ညီ အာသဟေလဖြစ်၏။ သူမရှိတော့သည့်နောက်တွင် သူ့သား ဇေဗဒိက ဆက်၍ တာဝန်ထမ်းဆောင်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
8
ပဉ္စမလတွင် တာဝန်ထမ်းဆောင်ရသောပဉ္စမတပ်ဖွဲ့၏တပ်မှူးမှာ ဣဇဟာအမျိုးသား ရှံဟုတ်ဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
9
ဆဋ္ဌမလတွင် တာဝန်ထမ်းဆောင်ရသောဆဋ္ဌမတပ်ဖွဲ့၏တပ်မှူးမှာ တေကောမြို့သား ဣကေရှ၏သား ဣရဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
10
သတ္တမလတွင် တာဝန်ထမ်းဆောင်ရသောသတ္တမတပ်ဖွဲ့၏တပ်မှူးမှာ ဧဖရိမ်သားမြေးမှဆင်းသက်လာသော ပေလောမြို့သား ဟေလက်ဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
11
အဋ္ဌမလတွင် တာဝန်ထမ်းဆောင်ရသောအဋ္ဌမတပ်ဖွဲ့၏တပ်မှူးမှာ ဇေရအမျိုးသား ဟုရှသိလူမျိုး သိဗေခဲဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
12
နဝမလတွင် တာဝန်ထမ်းဆောင်ရသောနဝမတပ်ဖွဲ့၏တပ်မှူးမှာ ဗင်္ယာမိန်အမျိုး၊ အနေသောသိလူမျိုး အဗျေဇာဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
13
ဒသမလတွင် တာဝန်ထမ်းဆောင်ရသောဒသမတပ်ဖွဲ့၏တပ်မှူးမှာ ဇေရအမျိုး နေတောဖမြို့သား မဟာရဲဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
14
ဧကာဒသမလတွင် တာဝန်ထမ်းဆောင်ရသောဧကာဒသမတပ်ဖွဲ့၏တပ်မှူးမှာ ဧဖရိမ်သားမြေးထဲမှ ပိရသုန်မြို့သား ဗေနာယဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
15
ဒွါဒသမလတွင် တာဝန်ထမ်းဆောင်ရသောဒွါဒသမတပ်ဖွဲ့၏တပ်မှူးမှာ ဩသံယေလအမျိုးမှ နေတောဖမြို့သား ဟေလဒဲဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
16
အစ္စရေးအမျိုးအနွယ်တို့ကို အုပ်ချုပ်ရသူများမှာ ရုဗင်အမျိုးတွင် ဇိခရိ၏သားဧလျေဇာ၊ ရှိမောင်အမျိုးတွင် မာခါ၏သားရှေဖတိ၊
17
လေဝိအမျိုးတွင် ကေမွေလ၏သားဟာရှဘိ၊ အာရုန်အမျိုးတွင် ဇာဒုတ်၊
18
ယုဒအမျိုးတွင် ဒါဝိဒ်မင်းကြီး၏အစ်ကို ဧလိဟု၊ ဣသခါအမျိုးတွင် မိက္ခေလ၏သားဩမရိ၊
19
ဇာဗုလုန်အမျိုးတွင် ဩဗဒိ၏သားဣရှမာယ၊ နဿလိအမျိုးတွင် အာဇရေလ၏သားယေရိမုတ်၊
20
ဧဖရိမ်အမျိုးတွင် အာဇဇိ၏သားဟောရှေ၊ မနာရှေအမျိုးတစ်ဝက်တွင် ပေဒါယ၏သားယောလ၊
21
ဂိလဒ်ပြည်ရှိကျန်မနာရှေအမျိုးတစ်ဝက်တွင် ဇာခရိ၏သားဣဒေါ၊ ဗင်္ယာမိန်အမျိုးတွင် အာဗနာ၏သားယာသေလ၊
22
ဒန်အမျိုးတွင် ယေရောဟံ၏သားအာဇရေလ စသည်တို့ဖြစ်၏။ ဤသူတို့သည် အစ္စရေးအမျိုးအနွယ်၏အကြီးအကဲများ ဖြစ်ကြ၏။
23
ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ကောင်းကင်ကြယ်နှင့်အမျှ များပြားစေမည်ဟု မိန့်ဆိုခဲ့သောကြောင့် ဒါဝိဒ်မင်းကြီးက အသက်နှစ်ဆယ်မပြည့်သောသူတို့ကို စာရင်းမသွင်းချေ။
24
ဇေရုယာ၏သားယွာဘသည် လူဦးရေစာရင်းကို စတင်ရေတွက်သော်လည်း ပြီးဆုံးသည်အထိ မရေတွက်ချေ။ ထိုသို့စာရင်းရေတွက်ခြင်းကြောင့် အစ္စရေးလူမျိုးအပေါ် အမျက်တော် ကျရောက်ခဲ့ရ၏။ ထိုအရေအတွက်တို့ကို ဒါဝိဒ်မင်းကြီး၏ရာဇဝင်မှတ်တမ်းစာရင်းတွင် မရေးသွင်းခဲ့ချေ။
25
အဒျေလ၏သား အာဇမာဝက်သည် ဘုရင့်ဘဏ္ဍာတိုက်ကို ကြီးကြပ်ပေးရ၏။ ဩဇိ၏သားယောနသန်သည် ကျေးလက်ဒေသများ၊ မြို့များ၊ ရွာများနှင့် ရဲတိုက်များ၌ရှိသော သိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။
26
ခေလုပ်၏သားဧဇရိသည် လယ်ယာမြေ၌ထွန်ယက်လုပ်ကိုင်သောလယ်သမားများကို ကြီးကြပ်ပေးရ၏။
27
ရာမမြို့သားရှိမိသည် စပျစ်ခြံများကို ကြီးကြပ်ပေးရ၏။ ရှိဖမိမြို့သားဇာဗဒိသည် စပျစ်ဝိုင်သိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။
28
ဂေဒါမြို့သားဗာလဟာနန်သည် မြေနိမ့်ဒေသရှိ သံလွင်ပင်၊ သင်္ဘောသဖန်းပင်များကို ကြီးကြပ်ပေးရ၏။ ယောရှသည် သံလွင်ဆီသိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။
29
ရှာရုန်မြို့သား ရှိတရဲသည် ရှာရုန်အရပ်၌ကျက်စားသောတိရစ္ဆာန်အုပ်ကို တာဝန်ယူရ၏။ အာဒလဲ၏သားရှာဖတ်သည် ချိုင့်ဝှမ်းလွင်ပြင်တိရစ္ဆာန်အုပ်ကို တာဝန်ယူရ၏။
30
ဣရှမေလအမျိုး ဩဗိလသည် ကုလားအုတ်များကို တာဝန်ယူရ၏။ မေရောနုတ်မြို့သားယေဒေယသည် မြည်းတို့ကို တာဝန်ယူရ၏။
31
ဟာဂရိလူမျိုးယာဇဇ်သည် သိုးများကို တာဝန်ယူရ၏။ ဤသူအားလုံးတို့သည် ဒါဝိဒ်မင်းကြီးပိုင်ဆိုင်သောဥစ္စာတို့ကို ကြီးကြပ်ပေးရသောအကြီးအကဲများ ဖြစ်ကြ၏။
32
ဒါဝိဒ်မင်းကြီး၏ဘထွေးတော်ယောနသန်သည် သိနားလည်နိုင်စွမ်းရှိသူအတိုင်ပင်ခံအမတ်လည်း ဖြစ်၏။ ကျမ်းပြုဆရာလည်း ဖြစ်၏။ ဟခမောနိ၏သားယေဟေလသည် ဘုရင့်သားတော်တို့ကို စောင့်ရှောက်ပေးရ၏။
33
အဟိသောဖေလသည် ဘုရင့်အတိုင်ပင်ခံအမတ်ဖြစ်ပြီး အာခိလူမျိုးဟုရှဲသည် ဘုရင့်မိတ်ဆွေတော်ဖြစ်၏။
34
အဟိသောဖေလ မရှိတော့သည့်နောက်တွင် ဗေနာယ၏သားယောယဒနှင့် အဗျာသာတို့သည် အတိုင်ပင်ခံအမတ်များဖြစ်လာကြ၏။ ယွာဘသည်လည်း ဘုရင့်တပ်တော်၏ဗိုလ်ချုပ်ဖြစ်၏။
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 28 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29