bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Chronicles 23
1 Chronicles 23
Burmese MSBU
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 24 →
1
ဒါဝိဒ်မင်းကြီးသည် အသက်ကြီး၍ အိုမင်းလာသောအခါ မိမိ၏သားတော်ရှောလမုန်ကို အစ္စရေးဘုရင်အဖြစ် တင်မြှောက်၍
2
အစ္စရေးအကြီးအကဲအပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများကို စုဝေးစေ၏။
3
အသက်သုံးဆယ်အရွယ်နှင့်အထက် လေဝိအမျိုးများကို ရေတွက်ကြည့်ရာ ယောက်ျားစုစုပေါင်း သုံးသောင်းရှစ်ထောင် ရှိ၏။
4
ထိုသူတို့တွင် ထာဝရဘုရား၏အိမ်တော်နှင့်ဆိုင်သောအမှုများကို ကြီးကြပ်ကွပ်ကဲသူ အယောက်နှစ်သောင်းလေးထောင်၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရာတာဝန်ယူရသူ အယောက်ခြောက်ထောင်၊
5
တံခါးကိုစောင့်ကြပ်ရသူ အယောက်လေးထောင်၊ ချီးမွမ်းသီဆိုဖို့ ဒါဝိဒ်မင်းကြီး ပြုလုပ်ထားသောတူရိယာများဖြင့် ထာဝရဘုရားကို ချီးမွမ်းသီဆိုရသူ အယောက်လေးထောင် ဟူ၍ခွဲထား၏။
6
ထို့ပြင် ဒါဝိဒ်မင်းကြီးသည် လေဝိ၏သားများရှိသည့်အတိုင်း ဂေရရှုန်၊ ကောဟတ်၊ မေရာရိ ဟူ၍ အဖွဲ့ခွဲထားပြီး
7
ဂေရရှုန်အမျိုးတွင် လာဒန်နှင့် ရှိမိတို့ပါဝင်၏။
8
လာဒန်၏သားသုံးယောက်မှာ သားဦးယေဟေလ၊ ဇေသံ၊ ယောလ တို့ဖြစ်ကြ၏။
9
ရှိမိ၏သားသုံးယောက်မှာ ရှေလောမုတ်၊ ဟာဇေလ၊ ဟာရန် တို့ဖြစ်ကြ၏။ သူတို့သည် လာဒန်၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြ၏။
10
ရှိမိ၏သားများမှာ ယာဟတ်၊ ဇိဇ၊ ယုရှ၊ ဗေရိယ တို့ဖြစ်ကြ၏။ သူတို့သည် ရှိမိ၏သားလေးယောက် ဖြစ်၏။
11
သားဦးမှာ ယာဟတ်၊ ဒုတိယသားမှာ ဇိဇဖြစ်၏။ ယုရှနှင့်ဗေရိယတွင် သားများစွာမရှိသောကြောင့် သူတို့သည် ဘိုးဘေးမိသားစုတစ်စုတည်းကဲ့သို့ စာရင်းဝင်ကြ၏။
12
ကောဟတ်၏သားများမှာ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ ပေါင်းလေးယောက် ရှိ၏။
13
အာမရံ၏သားများမှာ အာရုန်နှင့်မောရှေ တို့ဖြစ်ကြ၏။ အာရုန်သည် အသန့်ရှင်းဆုံးဌာနကို သန့်ရှင်းစင်ကြယ်စေရန်၊ သူနှင့်သူ့သားမြေးတို့သည် ထာဝရဘုရားရှေ့တော်တွင် ယဇ်ပူဇော်ရသောအမှုကို အစဉ်ဆောင်ရွက်ရန်နှင့် နာမတော်ကို အစဉ်ချီးမွမ်းရန် ခန့်ထားခြင်းခံရသူများဖြစ်၏။
14
ဘုရားသခင်၏လူမောရှေ၏သားမြေးများမှာ လေဝိမျိုးနွယ်အဖြစ် စာရင်းသွင်းခံရ၏။
15
မောရှေ၏သားများမှာ ဂေရရှုံနှင့်ဧလျေဇာ တို့ဖြစ်ကြ၏။
16
ဂေရရှုံ၏သားများတွင် ရှေဗွေလသည် သားဦးဖြစ်၏။
17
ဧလျေဇာ၏သားတို့တွင် ရေဟဘိသည် သားဦးဖြစ်၏။ သို့သော် ဧလျေဇာတွင် အခြားသားမရှိ။ ရေဟဘိတွင် သားအများအပြားရှိ၏။
18
ဣဇဟာ၏သားတို့တွင် ရှေလောမိတ်သည် သားဦးဖြစ်၏။
19
ဟေဗြုန်၏သားများမှာ သားဦး ယေရိ၊ ဒုတိယသား အာမရိ၊ တတိယသား ယဟာဇေလ၊ စတုတ္ထသား ယေကမံ တို့ဖြစ်ကြ၏။
20
ဩဇေလ၏သားများမှာ သားဦး မိက္ခာ၊ ဒုတိယသား ဣရှိယ ဖြစ်၏။
21
မေရာရိ၏သားများမှာ မဟာလိနှင့်မုရှိ၊ မဟာလိ၏သားများမှာ ဧလာဇာနှင့်ကိရှ တို့ဖြစ်ကြ၏။
22
ဧလာဇာ ကွယ်လွန်ချိန်ထိ သားမရှိ၊ သမီးများသာ ရှိ၏။ ဧလာဇာ၏သမီးတို့သည် သူတို့၏ဆွေမျိုးသားချင်းဖြစ်သော ကိရှ၏သားတို့နှင့် စုံဖက်ကြ၏။
23
မုရှိ၏သားများမှာ မဟာလိ၊ ဧဒေ၊ ယေရမုတ် ပေါင်းသုံးယောက် ဖြစ်၏။
24
ဤသူတို့ကား ထာဝရဘုရား၏အိမ်တော်တွင် အမှုတော်ထမ်းဆောင်ရန် လေဝိသားမြေးတို့ကို သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အသက်နှစ်ဆယ်နှင့်အထက်ရှိသူများအား စာရင်းကောက်ယူရာတွင် နာမည်နှင့်တကွစာရင်းဝင်သောအကြီးအမှူးများ ဖြစ်ကြ၏။
25
ဒါဝိဒ်မင်းကြီးက “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မိမိလူမျိုးတော်တို့အား အေးချမ်းသာယာစွာနေစေမည်။ ကိုယ်တော်သည်လည်း ဂျေရုဆလင်မြို့တွင် အစဉ်စံနေတော်မူမည်။
26
လေဝိအမျိုးတို့သည်လည်း ကိန်းဝပ်တော်မူရာတဲတော်နှင့် အမှုတော်ထမ်းဆောင်ရာတွင်သုံးသော တဲတော်၏အသုံးအဆောင်တို့ကို သယ်ဆောင်ရတော့မည်မဟုတ်”ဟု မိန့်ဆို၏။
27
ထိုသို့ဖြင့် ဒါဝိဒ်မင်းကြီး၏နောက်ဆုံးအမိန့်တော်အတိုင်း အသက်နှစ်ဆယ်နှင့်အထက် လေဝိသားမြေးတို့ကို စာရင်းကောက်ကြ၏။
28
သူတို့၏တာဝန်မှာ အာရုန်၏သားမြေးများ ထာဝရဘုရား၏အိမ်တော်တွင် အမှုတော်ထမ်းဆောင်သောအခါ ဝိုင်းကူပေးရန်ဖြစ်၏။ အိမ်တော်ဝင်း၊ အိမ်တော်အခန်းများ၊ သန့်ရှင်းရာဌာနရှိအရာအားလုံး သန့်ရှင်းသပ်ရပ်အောင်ဆောင်ရွက်ရန်နှင့် ဘုရားသခင်၏အိမ်တော်အမှုကို ထမ်းဆောင်ရန်အတွက်ဖြစ်၏။
29
ဆင့်ထားသောရှေ့တော်မုန့်၊ ဘောဇဉ်ပူဇော်သက္ကာဖို့ အကောင်းဆုံးဂျုံမှုန့်၊ တဆေးမဲ့မုန့်ကြွပ်၊ ဒယ်ပြားနှင့်လုပ်သောမုန့်၊ ဆီနှင့်ကြော်သောမုန့် စသည်တို့နှင့် ချိန်ခွက်အရွယ်အစား အမျိုးမျိုးတို့ကို တာဝန်ယူလုပ်ဆောင်ရ၏။
30
နံနက်တိုင်း ထာဝရဘုရား၏ကျေးဇူးတော်ချီးမွမ်းဖို့ ရှေ့တော်တွင် ရပ်နေရသကဲ့သို့ ညနေခင်းတွင်လည်း ထိုနည်းတူပြု၏။
31
ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောပွဲတော်နေ့များတွင် ထာဝရဘုရားထံ ပူဇော်ရမည့်မီးရှို့ရာယဇ်အားလုံးကို စီရင်ထုံးဖွဲ့ထားသောအရေအတွက်နှင့်အညီ ထာဝရဘုရားရှေ့တော်၌ ပုံမှန်ပူဇော်ရ၏။
32
ထိုသို့ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၌ဆောင်ရွက်ရမည့်အမှုများ၊ သန့်ရှင်းရာဌာန၌ဆောင်ရွက်ရမည့်အမှုများ၊ အာရုန်၏သားမြေးနှင့် သူတို့၏ဆွေမျိုးသားချင်းတို့အတွက်ဆောင်ရွက်ရမည့်အမှုများ စသည်ဖြင့် ထာဝရဘုရား၏အိမ်တော်အမှုကို လိုက်နာဆောင်ရွက်ကြရ၏။
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29