bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Chronicles 2
1 Chronicles 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 3 →
1
အစ္စရေး၏သားများမှာ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊
2
ဒန်၊ ယောသပ်၊ ဗင်္ယာမိန်၊ နဿလိ၊ ဂဒ်နှင့်အာရှာ တို့ဖြစ်ကြ၏။
3
ယုဒ၏သားများမှာ ဧရ၊ ဩနန်နှင့်ရှေလ တို့ဖြစ်ကြပြီး ခါနာန်အမျိုးသမီး ဗာသရှုအာသည် ထိုသားသုံးဦးကို မွေးဖွား၏။ ယုဒ၏သားဦးဧရသည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုသဖြင့် သူ့ကိုကွပ်မျက်တော်မူ၏။
4
ယုဒ၏ချွေးမတာမာသည် ဖာရက်နှင့်ဇေရတို့ကို မွေးဖွား၏။ ထို့ကြောင့် ယုဒတွင် စုစုပေါင်းသားငါးယောက် ရှိ၏။
5
ဖာရက်၏သားများမှာ ဟေဇရုန်နှင့်ဟာမုလ တို့ဖြစ်ကြ၏။
6
ဇေရ၏သားများမှာ ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလကောလ၊ ဒါရ အားလုံးပေါင်းငါးယောက် ရှိ၏။
7
ကာမိ၏သားမှာ အာခါ ဖြစ်ပြီး သူသည် သစ္စာမစောင့် ကျိန်ခြင်းခံရသောပစ္စည်းကိုယူခြင်းဖြင့် အစ္စရေးလူမျိုးကို ဒုက္ခရောက်စေသောသူဖြစ်၏။
8
ဧသန်၏သားမှာ အာဇရိ ဖြစ်၏။
9
ဟေဇရုန်ရသောသားများမှာ ယေရမေလ၊ ရာမ၊ ကာလုဘိုင် တို့ဖြစ်ကြ၏။
10
ရာမ၏သားမှာ အမိနဒပ်၊ အမိနဒပ်၏သားမှာ ယုဒအမျိုးသားတို့၏ခေါင်းဆောင်နာရှုန် ဖြစ်၏။
11
နာရှုန်၏သားမှာ စာလမာ ၊ စာလမာ၏သားမှာ ဗောဇ ဖြစ်၏။
12
ဗောဇ၏သားမှာဩဗက်၊ ဩဗက်၏သားမှာ ယေရှဲ ဖြစ်၏။
13
ယေရှဲသည် သားဦး ဧလျာဘ၊ ဒုတိယသား အဘိနဒပ်၊ တတိယသား ရှိမာ၊
14
စတုတ္ထသား နာသနေလ၊ ပဉ္စမသား ရဒ္ဒဲ၊
15
ဆဋ္ဌမသား ဩဇင်၊ သတ္တမသားဒါဝိဒ် တို့ကိုရ၏။
16
သူတို့၏နှမများမှာ ဇေရုယာနှင့် အဘိဂဲလ တို့ဖြစ်၏။ ဇေရုယာ၏သားများမှာ အဘိရှဲ၊ ယွာဘ၊ အာသဟေလ အားလုံးပေါင်းသုံးယောက် ဖြစ်၏။
17
အဘိဂဲလသည် အာမသကို မွေးဖွား၏။ အာမသ၏ဖခင်မှာ ဣရှမေလလူမျိုး ယေသာ ဖြစ်၏။
18
ဟေဇရုန်၏သားကာလက်က မယားအဇုဘနှင့်ယေရုတ်အားဖြင့် သားများကိုရ၏။ အဇုဘ၏သားများမှာ ယေရှာ၊ ရှောဗပ်၊ အာဒုန် တို့ဖြစ်ကြ၏။
19
အဇုဘ ကွယ်လွန်သွားလျှင် ကာလက်သည် ဧဖရတ်နှင့်စုံဖက်၍ သားဟုရကိုရ၏။
20
ဟုရသည် သားဥရိကိုရ၏။ ဥရိသည် သားဗေဇလေလကိုရ၏။
21
ဟေဇရုန်သည် အသက်ခြောက်ဆယ်အရွယ်တွင် ဂိလဒ်၏ဖခင်ဖြစ်သောမာခိရ၏သမီးကိုယူ၍ သားစေဂုပ်ကိုရ၏။
22
စေဂုပ်သည် သားယာဣရကိုရ၏။ ယာဣရသည် ဂိလဒ်ပြည်တွင် မြို့နှစ်ဆယ့်သုံးမြို့ကို ပိုင်၏။
23
ဂေရှုရပြည်သားနှင့် ဆီးရီးယားပြည်သားတို့က ထိုမြို့များထဲမှ ဟာဝုတ်ယာဣရမြို့ကိုလည်းကောင်း၊ ကေနတ်မြို့နှင့်ထိုမြို့ပတ်ဝန်းကျင်ရှိမြို့ရွာပေါင်းခြောက်ဆယ်ကိုလည်းကောင်း သိမ်းပိုက်လိုက်ကြ၏။ ထိုမြို့တို့သည် ဂိလဒ်၏ဖခင်ဖြစ်သောမာခိရ၏သားမြေးတို့ပိုင်သောမြို့များ ဖြစ်၏။
24
ဟေဇရုန်သည် ကာလက်ဧဖရတ်အရပ်၌ ကွယ်လွန်သွား၏။ ဟေဇရုန်၏မယားအဘိယသည် သားအာရှုရကို မွေးဖွား၍ သူသည် တေကော၏ဖခင် ဖြစ်၏။
25
ဟေဇရုန်၏သားဦးဖြစ်သောယေရမေလ၏သားများမှာ သားဦးရာမ၊ ဗုန၊ ဩရင်၊ ဩဇင်နှင့် အဟိယ တို့ဖြစ်ကြ၏။
26
ယေရမေလတွင် အာတရဟုခေါ်သောမယားတစ်ဦး ရှိသေး၏။ သူသည် ဩနံ၏မိခင် ဖြစ်၏။
27
ယေရမေလသားဦးဖြစ်သောရာမ၏သားများမှာ မာဇ၊ ယာမိန်၊ ဧကာ တို့ဖြစ်ကြ၏။
28
ဩနံ၏သားများမှာ ရှမ္မဲနှင့် ယာဒ တို့ဖြစ်ကြ၏။ ရှမ္မဲ၏သားများမှာ နာဒပ်နှင့် အဘိရှုရ တို့ဖြစ်ကြ၏။
29
အဘိရှုရ၏မယားအမည်မှာ အဘိဟဲလ ဖြစ်ပြီး သူသည် အာဗန်နှင့်မောလိဒ် တို့ကိုမွေးဖွား၏။
30
နာဒပ်၏သားများမှာ သေလက်နှင့်အပ္ပိမ် တို့ဖြစ်ကြပြီး သေလက်သည် သားသမီးမရှိဘဲ ကွယ်လွန်သွား၏။
31
အပ္ပိမ်၏သားမှာ ဣရှိ၊ ဣရှိ၏သားမှာ ရှေရှန်၊ ရှေရှန်၏သားမှာ အာလဲ ဖြစ်၏။
32
ရှမ္မဲ၏ညီဖြစ်သောယာဒ၏သားများမှာ ယေသာနှင့်ယောနသန် တို့ဖြစ်ကြပြီး ယေသာသည် သားသမီးမရှိဘဲ ကွယ်လွန်သွား၏။
33
ယောနသန်၏သားများမှာ ပေလက်နှင့်ဇာဇ တို့ဖြစ်ကြ၏။ ဤသူတို့ကား ယေရမေလ၏သားမြေးများ ဖြစ်ကြ၏။
34
ရှေရှန်၌ သားမရှိ။ သမီးများသာ ရှိ၏။ ထို့ပြင် ရှေရှန်၌ ယာဟဟုခေါ်သော အီဂျစ်ကျွန်တစ်ဦး ရှိ၏။
35
ရှေရှန်သည် သူ့သမီးကို ကျွန်ယာဟနှင့်ပေးစား၍ သူ့သမီးသည် အတ္တဲကို မွေးဖွား၏။
36
အတ္တဲသည် သားနာသန်ကိုရ၏။ နာသန်သည် သားဇာဗဒ်ကိုရ၏။
37
ဇာဗဒ်သည် သားဧဖလလကိုရ၏။ ဧဖလလသည် သားဩဗက်ကိုရ၏။
38
ဩဗက်သည် သားယေဟုကိုရ၏။ ယေဟုသည် သားအာဇရိကိုရ၏။
39
အာဇရိသည် သားဟေလက်ကိုရ၏။ ဟေလက်သည် သားဧလာသကိုရ၏။
40
ဧလာသသည် သားသိသမဲကိုရ၏။ သိသမဲသည် သားရှလ္လုံကိုရ၏။
41
ရှလ္လုံသည် သားယေကမိကိုရ၏။ ယေကမိသည် သားဧလိရှမာကိုရ၏။
42
ယေရမေလ၏ညီဖြစ်သောကာလက်၏သားများတွင် သားဦးမှာမေရှ၊ မေရှ၏သားမှာ ဇိဖ၊ ဇိဖ၏သားမှာ မရေရှ၊ မရေရှ၏သားမှာ ဟေဗြုန်ဖြစ်၏။
43
ဟေဗြုန်၏သားများမှာ ကောရ၊ တာပွာ၊ ရေကင်၊ ရှေမာ တို့ဖြစ်ကြ၏။
44
ရှေမာသည် သားရာဟံကိုရ၏။ ရာဟံ၏သားမှာ ယော်ကောင်ဖြစ်၏။ ရေကင်သည် သားရှမ္မဲကိုရ၏။
45
ရှမ္မဲ၏သားမှာ မောန၊ မောန၏သားမှာ ဗက်ဇုရဖြစ်၏။
46
ကာလက်၏မယားငယ်ဧဖာသည် ဟာရန်၊ မောဇ၊ ဂါဇက် တို့ကိုမွေးဖွား၏။ ဟာရန်သည် သားဂါဇက်ကိုရ၏။
47
ယာဒဲ၏သားများမှာ ရေဂင်၊ ယောသံ၊ ဂေရှံ၊ ပေလက်၊ ဧဖာ၊ ရှာဖ တို့ဖြစ်ကြ၏။
48
ကာလက်၏မယားငယ်မာခါသည် ရှေဗာနှင့် တိရဟာန တို့ကိုမွေးဖွား၏။
49
မာဒမေန၏ဖခင်ရှာဖ၊ မာခဗေနနှင့်ဂိဗေတို့၏ဖခင်ရှေဝ တို့ကိုလည်းမွေးဖွား၏။ ကာလက်၏သမီးမှာ အာခသဖြစ်၏။
50
ဤသူတို့ကား ကာလက်၏သားမြေးများ ဖြစ်ကြ၏။ ဧဖရတ်၏သားဦးဟုရ၏သားများကား ကိရယတ်ယာရိမ်၏ဖခင်ရှောဗလ၊
51
ဗက်လင်၏ဖခင်စာလမာ၊ ဗက်ဂါဒါ၏ဖခင်ဟာရပ် တို့ဖြစ်ကြ၏။
52
ကိရယတ်ယာရိမ်၏ဖခင်ရှောဗလ၏သားမြေးများမှာ ဟာရောလူမျိုးနှင့်မနဟေသိလူမျိုးတစ်ဝက်ဖြစ်၏။
53
ကိရယတ်ယာရိမ်၏မျိုးနွယ်စုများမှာ ဣသရိလူမျိုး၊ ဖုဟိလူမျိုး၊ ရှုမသိလူမျိုး၊ မိရှရိလူမျိုး တို့ဖြစ်ကြ၏။ ထိုမှတစ်ဆင့် ဇောရာသိလူမျိုး၊ ဧရှတောလိလူမျိုးတို့ ဆင်းသက်လာ၏။
54
စာလမာ၏သားမြေးများမှာ ဗက်လင်မြို့သား၊ နေတောဖမြို့သား၊ အတရုတ်ဗက်ယွာဘမြို့သား၊ မနဟေသိလူမျိုးတစ်ဝက်နှင့် ဇောရိလူမျိုး၊
55
ယာဗက်မြို့တွင်နေထိုင်သော စာရေးတော်ကြီးမျိုးနွယ်စုများ၊ တိရသိလူမျိုး၊ ရှိမသိလူမျိုး၊ စုခသိလူမျိုးတို့ ဖြစ်ကြ၏။ ဤသူတို့သည် ရေခပ်အမျိုးအနွယ်၏ဖခင်ဟမ္မတ်မှဆင်းသက်လာသော ကေနိလူမျိုးများဖြစ်၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29