bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Chronicles 4
1 Chronicles 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 5 →
1
ယုဒ၏သားများမှာ ဖာရက်၊ ဟေဇရုံ၊ ကာမိ၊ ဟုရ၊ ရှောဗလ တို့ဖြစ်ကြ၏။
2
ရှောဗလ၏သားရာယသည် သားယာဟတ်ကိုရ၏။ ယာဟတ်သည် သားအဟုမဲနှင့်လာဟဒ် တို့ကိုရ၏။ ဤသူတို့သည် ဇောရာသိမျိုးနွယ်စုများ ဖြစ်ကြ၏။
3
ဧတံ၏သားများမှာ ယေဇရေလ၊ ဣရှမ၊ ဣဒဗတ် တို့ဖြစ်ကြ၍ သူတို့နှမ၏အမည်မှာ ဟာဇလေလပေါနိ ဖြစ်၏။
4
ပေနွေလသည် ဂေဒေါ်၏ဖခင်၊ ဧဇာသည် ဟုရှ၏ဖခင် ဖြစ်၏။ ဤသူတို့သည် ဗက်လင်၏ဖခင်၊ ဧဖရတ်၏သားဦး ဟုရ၏သားမြေးများ ဖြစ်ကြ၏။
5
တေကော၏ဖခင် အာရှုရတွင် ဟေလနှင့်နာရ ဟုခေါ်သောမယားနှစ်ယောက် ရှိ၏။
6
နာရသည် အဟုဇံ၊ ဟေဖာ၊ တေမနိ၊ ဟာဟရှတရိ တို့ကိုမွေးဖွား၏။ ဤသူတို့သည် နာရ၏သားများ ဖြစ်ကြ၏။
7
ဟေလ၏သားများမှာ ဇေရက်၊ ဇောဟာ ၊ ဧသနန် တို့ဖြစ်ကြ၏။
8
ကောဇသည် သားအာနုပ်နှင့်ဇောဗေဒ တို့ကိုရ၏။ ထိုမှ ဟာရုံ၏သား အဟာရေလမျိုးနွယ်စုတို့ ဆင်းသက်လာ၏။
9
ယာဗက်သည် အခြားညီအစ်ကိုတို့ထက် ထူးခြားသူဖြစ်၏။ သူ၏မိခင်သည် သူ့ကို ဖွားစဉ်အခါက “ဝေဒနာပြင်းစွာခံပြီး သူ့ကိုမွေးဖွားရသည်”ဟုဆို၍ သူ့ကို ယာဗက်ဟု အမည်မှည့်ခေါ်၏။
10
ယာဗက်က အစ္စရေးလူမျိုး၏ဘုရားသခင်ထံ “အကျွန်ုပ်ကို ကောင်းချီးပေးတော်မူပါ။ အကျွန်ုပ်နယ်မြေကို ကျယ်ဝန်းစေတော်မူပါ။ အကျွန်ုပ်နှင့်အတူ ပါရှိတော်မူပြီး ထိခိုက်ဒဏ်ရာရမည့်ဘေးအန္တရာယ်မှ ကွယ်ကာတော်မူပါ”ဟု အော်ဟစ်ဆုတောင်းသောအခါ သူဆုတောင်းသည့်အတိုင်း ဘုရားသခင်ပေးသနားတော်မူ၏။
11
ရှုအာ၏ညီ ခေလုပ်သည် သားမဟိရကိုရ၏။ မဟိရသည် သားဧရှတုန်ကိုရ၏။
12
ဧရှတုန်သည် သားဗက်ရာဖ၊ ပါသာ၊ တေဟိန္န တို့ကိုရ၏။ တေဟိန္နသည် သားဣရနာဟတ်ကိုရ၏။ ဤသူတို့သည် ရေခါအမျိုးသားများ ဖြစ်ကြ၏။
13
ကေနတ်၏သားများမှာ ဩသံယေလနှင့် စရာယ တို့ဖြစ်ကြ၏။ ဩသံယေလ၏သားများမှာ ဟာသတ်နှင့် မောနောသဲ တို့ဖြစ်ကြ၏။
14
မောနောသဲသည် သားဩဖရကိုရ၏။ စရာယသည် သားယွာဘကိုရ၏။ ယွာဘသည် သားဂေဟာရရှိန်ကိုရ၏။ သူတို့သည် လက်မှုပညာသည်များ ဖြစ်ကြ၏။
15
ယေဖုန္နာ၏မြေး၊ ကာလက်၏သားများမှာ ဣရု၊ ဧလာ၊ နာမ တို့ဖြစ်ကြ၏။ ဧလာ၏သားမှာ ကေနတ် ဖြစ်၏။
16
ယေဟလလေလ၏သားများမှာ ဇိဖ၊ ဇိဖာ၊ တိရိ၊ အာသရေလ တို့ဖြစ်ကြ၏။
17
ဧဇရာ၏သားများမှာ ယေသာ၊ မေရက်၊ ဧဖေရ၊ ယာလုန် တို့ဖြစ်ကြ၏။ မေရက်၏မယား ဖာရော၏သမီးဗိသဟာသည် မိရိအံ၊ ရှမ္မဲ၊ ဧရှတမော၏ဖခင်ဣရှဘ တို့ကိုမွေးဖွား၏။
18
မေရက်၏မယား ယေဟုဒိသည်လည်း ဂေဒေါ်၏ဖခင်ယေရက်၊ စောခေါ၏ဖခင်ဟေဗာနှင့် ဇာနော၏ဖခင်ယေကုသေလ တို့ကိုမွေးဖွား၏။
19
နာဟံ၏နှမ၊ ဟောဒိယ၏မယားမှမွေးဖွားသောသားများမှာ ဂါမိလူမျိုးကိလ၏ဖခင်နှင့် မာခါသိလူမျိုးဧရှတမော၏ဖခင် တို့ဖြစ်ကြ၏။
20
ရှိမုန်၏သားများမှာ အာမနုန်၊ ရိန္န၊ ဗင်္ဟာနန်၊ တိလုန် တို့ဖြစ်ကြ၏။ ဣရှိ၏သားများမှာ ဇောဟက်၊ ဗင်ဇောဟက် တို့ဖြစ်ကြ၏။
21
ယုဒ၏မြေး၊ ရှေလ၏သားများမှာ လေက၏ဖခင်ဧရ၊ မရေရှ၏ဖခင်လာဒ၊ ပိတ်ချောထည်ရက်လုပ်သူ အာရှဗာမျိုးနွယ်စု၊
22
ယောကိမ်၊ ခေါဇေဘအမျိုးသား၊ မောဘသမီးပျိုတို့နှင့်စုံဖက်သောယောရှနှင့် သာရပ်၊ ယာရှုဗိလင် တို့ဖြစ်ကြ၏။ ဤသည်ကား ရှေးမှတ်တမ်းများဖြစ်၏။
23
သူတို့သည် အိုးထိန်းသည်များ ဖြစ်ကြပြီး နတိမ်မြို့၊ ဂဒေရမြို့တို့တွင် နေထိုင်ကြ၏။ ရှင်ဘုရင်နှင့်အတူ ထိုအရပ်တွင်နေထိုင်ပြီး ဘုရင့်အမှုတော်ကို ထမ်းဆောင်ကြ၏။
24
ရှိမောင်၏သားများမှာ နေမွေလ ၊ ယာမိန်၊ ယာရိပ်၊ ဇေရ၊ ရှောလ တို့ဖြစ်ကြ၏။
25
ရှောလ၏သားမှာ ရှလ္လုံ၊ ရှလ္လုံ၏သားမှာ မိဗသံ၊ မိဗသံ၏သားမှာ မိရှမ ဖြစ်၏။
26
မိရှမ၏သားမှာ ဟမွေလ၊ ဟမွေလ၏သားမှာ ဇက္ကုရ၊ ဇက္ကုရ၏သားမှာ ရှိမိ ဖြစ်၏။
27
ရှိမိ၌ သားတစ်ဆယ့်ခြောက်ယောက်၊ သမီးခြောက်ယောက် ရှိသော်လည်း ကျန်သူ့ညီအစ်ကိုများမှာ သားသမီးမများပေ။ ထို့ကြောင့် သူတို့၏မျိုးနွယ်သည် ယုဒအမျိုးသားလောက် မများပေ။
28
သူတို့သည် ဗေရရှေဘမြို့၊ မောလဒါမြို့၊ ဟာဇာရွာလမြို့၊
29
ဗိလဟာမြို့၊ ဧဇင်မြို့၊ တောလဒ်မြို့၊
30
ဗေသွေလမြို့၊ ဟောမာမြို့၊ ဇိကလတ်မြို့၊
31
ဗက်မာကဗုတ်မြို့၊ ဟာဇသုသိမ်မြို့၊ ဗက်ဗိရိမြို့၊ ရှာရိမ်မြို့တို့တွင် နေထိုင်ကြ၏။ သူတို့သည် ဒါဝိဒ်မင်းကြီးလက်ထက်တိုင်အောင် ထိုမြို့တို့တွင် နေထိုင်ကြ၏။
32
သူတို့နေထိုင်သောမြို့ရွာများမှာ ဧတံ၊ အဣန၊ ရိမ္မုန်၊ တောခင်၊ အာရှန် စသောမြို့ငါးမြို့နှင့်
33
ထိုမြို့တို့၏ဝန်းကျင်ရှိရွာများမှစ၍ ဗာလမြို့နှင့်ဝန်းကျင်ရှိရွာများတိုင်အောင် နေထိုင်ကြ၏။ ဤသည်ကား သူတို့နေထိုင်ရာမြို့ရွာများနှင့် သူတို့၏မျိုးရိုးစဉ်ဆက်မှတ်တမ်းဖြစ်၏။
34
မေရှောဗပ်၊ ယာမလက်၊ အာမဇိသားယောရှ၊
35
ယောလနှင့် အာသေလ၏မြစ်၊ စရာယ၏မြေး၊ ယောရှိဘိ၏သား ယေဟု၊
36
ဧလိဩနဲ၊ ယာကောဘ၊ ယေရှောဟာယ၊ အသာယ၊ အဒျေလ၊ ယေသိမျေလ၊ ဗေနာယ၊
37
ရှေမာယ၏တွတ်၊ ရှိမရိ၏တီ၊ ယေဒါယ၏မြစ်၊ အလ္လုန်၏မြေး၊ ရှိဖိ၏သား ဇိဇ စသော
38
အမည်နှင့်ရေးမှတ်ထားသူတို့မှာ သူတို့၏မျိုးနွယ်စုခေါင်းဆောင်များ ဖြစ်ကြ၏။ သူတို့ဘိုးဘေးတို့၏အမျိုးအနွယ်မှာလည်း အလွန်တိုးပွားလျက် ရှိကြ၏။
39
သူတို့သည် ဂေဒေါ်မြို့အဝင် အရှေ့ဘက်ချိုင့်ဝှမ်းလွင်ပြင်အထိ သွား၍ သိုးအုပ်အတွက် စားကျက်မြေကို ရှာဖွေကြရာ
40
စားကျက်မြေပေါများ၍ စားကျက်မြေကောင်းသောနေရာ၊ မြေနေရာကျယ်ဝန်းပြီး အေးချမ်းသာယာသောနေရာကို ရှာတွေ့သွားကြ၏။ ထိုနေရာတို့သည် ယခင်က ဟာမအမျိုးသားများ နေထိုင်ခဲ့သောနေရာ ဖြစ်၏။
41
ထိုအမည်နှင့်ရေးမှတ်ထားသောသူတို့သည် ယုဒဘုရင် ဟေဇကိမင်းကြီးလက်ထက်တွင် ထိုနေရာသို့လာ၍ ဟာမအမျိုးတို့နေရာတဲများနှင့် ထိုအရပ်တွင်နေထိုင်ကြသောမဟုနိမ်လူမျိုးတို့ကို တိုက်ခိုက်ဖျက်ဆီးသဖြင့် လုံးလုံးပျက်စီးသွားခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်၏။ ထိုနေရာတွင် သူတို့၏သိုးများအတွက် စားကျက်မြေရှိသောကြောင့် ထိုနေရာတွင် နေထိုင်ကြ၏။
42
ဣရှိ၏သားများဖြစ်သော ပေလတိ၊ နာရိ၊ ရေဖာယ၊ ဩဇေလတို့သည် ရှိမောင်အမျိုးသားအယောက်ငါးရာကို ဦးဆောင်ပြီး စိရတောင်ပေါ်သို့ တက်သွားကြကာ
43
ထိုအရပ်၌ လွတ်မြောက်၍ကြွင်းကျန်နေသောအာမလက်လူမျိုးတို့ကို သုတ်သင်ပြီး ထိုအရပ်တွင် နေထိုင်ခဲ့ကြသည်မှာ ယနေ့တိုင်အောင် ဖြစ်၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29