bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Chronicles 21
1 Chronicles 21
Burmese MSBU
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 22 →
1
တစ်ဖန် စာတန်သည် အစ္စရေးလူမျိုးတို့ကို ဆန့်ကျင်လို၍ အစ္စရေးလူမျိုးတို့၏အရေအတွက်ကို စာရင်းကောက်ယူရန် ဒါဝိဒ်မင်းကြီး၏စိတ်ကို နှိုးဆော်၏။
2
ထို့ကြောင့် ဒါဝိဒ်မင်းကြီးက ယွာဘနှင့် စစ်သူကြီးတို့အား “ဗေရရှေဘမြို့မှစ၍ ဒန်မြို့တိုင်အောင်သွားပြီး အစ္စရေးလူမျိုးတို့၏အရေအတွက်ကို စာရင်းယူလော့။ ပြီးလျှင် သူတို့အရေအတွက်ကို ငါသိရအောင် ငါ့ထံပြန်လာ၍ အစီရင်ခံလော့”ဟု မိန့်ဆို၏။
3
ယွာဘကလည်း “ထာဝရဘုရားသည် လူတို့ကို သူတို့ရှိသည်ထက် အဆတစ်ရာ တိုးပွားစေတော်မူပါစေသော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သူတို့အားလုံးသည် အကျွန်ုပ်သခင်၏အစေအပါးများပင် ဖြစ်ကြသည်မဟုတ်လော။ အဘယ်ကြောင့် အရှင်မင်းကြီး ဤအမှုကို ပြုလိုပါသနည်း။ အဘယ်ကြောင့် အစ္စရေးလူမျိုးတို့အပေါ် အပြစ်သက်ရောက်စေမည်နည်း”ဟု လျှောက်တင်၏။
4
သို့ရာတွင် ရှင်ဘုရင်၏အမိန့်တော်သည် ယွာဘကိုလွှမ်းမိုးနိုင်သဖြင့် ယွာဘလည်း ထွက်သွား၍ အစ္စရေးပြည်တစ်ပြည်လုံးသို့ လှည့်လည်ပြီး ဂျေရုဆလင်မြို့သို့ ပြန်လာ၏။
5
ယွာဘသည် လူအရေအတွက်စာရင်းကို ဒါဝိဒ်မင်းကြီးထံ ပေးအပ်၏။ စာရင်းအရ အစ္စရေးတစ်မျိုးနွယ်လုံးတွင် ဓားကိုင်တပ်သား အားလုံးပေါင်းအယောက်တစ်ဆယ့်တစ်သိန်း၊ ယုဒအမျိုးတွင် ဓားကိုင်တပ်သား အယောက်လေးသိန်းခုနစ်သောင်း ရှိ၏။
6
ယွာဘသည် ရှင်ဘုရင်၏အမိန့်တော်ကို မနှစ်သက်သဖြင့် လေဝိအမျိုးနှင့်ဗင်္ယာမိန်အမျိုးကို ထည့်၍စာရင်းမကောက်ချေ။
7
ဤအမှုသည် ဘုရားသခင်ရှေ့တွင် ဆိုးညစ်သောအမှုဖြစ်သောကြောင့် အစ္စရေးလူမျိုးကို ဒဏ်ခတ်တော်မူရာ
8
ဒါဝိဒ်မင်းကြီးက ဘုရားသခင်အား “အကျွန်ုပ်သည် ဤအမှုကိုပြုခြင်းဖြင့် ကြီးမားသောအပြစ်ကိုကျူးလွန်မိပါပြီ။ ကိုယ်တော့်အစေအပါး၏အပြစ်ကို ဖြေလွှတ်တော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်မဲသောအမှုကို ပြုမိပါပြီ”ဟု လျှောက်ဆိုလေ၏။
9
ထိုအခါ ထာဝရဘုရားက ဒါဝိဒ်မင်းကြီး၏ဗျာဒိတ်ဆရာဂဒ်အား
10
“သင်သည် ဒါဝိဒ်မင်းကြီးထံသို့သွားပြီး ‘သင့်အား ရွေးချယ်စရာသုံးခုကို ပေးထားပြီ။ ထိုသုံးခုထဲမှ တစ်ခုကို ရွေးလော့။ သင်ရွေးသည့်အချက်အတိုင်း သင့်ကို ပြုမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။
11
ထို့ကြောင့် ဂဒ်သည် ဒါဝိဒ်မင်းကြီးထံသွားပြီး “ထာဝရဘုရား ဤသို့မိန့်တော်မူပြီ။ သင်ရွေးချယ်လော့။
12
ငတ်မွတ်ခေါင်းပါးခြင်းဘေး သုံးနှစ်ဖြစ်စေရမည်လော။ သို့မဟုတ် ရန်သူ၏ဓားသည် အရှင်မင်းကြီးကိုလိုက်မီသဖြင့် ရန်သူ့ရှေ့၌ သုံးလပတ်လုံး ဓားဘေးနှင့်ရင်ဆိုင်မည်လော။ သို့မဟုတ် ထာဝရဘုရား၏ဓားတော်သည်ဤပြည်၌ ကပ်ရောဂါဘေးသက်ရောက်စေ၍ ထာဝရဘုရား၏ကောင်းကင်တမန်သည် အစ္စရေးပြည်အနှံ့ သုံးရက်ပတ်လုံးဖျက်ဆီးသောဘေး ဖြစ်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်သောအရှင်အား မည်သည့်အဖြေပြန်ပေးရမည်ကို ယခု စဉ်းစားဆုံးဖြတ်ပါလော့”ဟု လျှောက်တင်လေ၏။
13
ထိုအခါ ဒါဝိဒ်မင်းကြီးက ဂဒ်အား “ငါသည် အကျဉ်းအကျပ်ထဲသို့ ရောက်ပါပြီတကား။ ထာဝရဘုရားသည် သနားခြင်းကရုဏာကြီးမားသည်ဖြစ်၍ ထာဝရဘုရား၏လက်တော်ထဲသို့သာ ငါကျရောက်ပါစေ၊ လူ့လက်ထဲသို့ မကျရောက်ပါစေနှင့်”ဟု မိန့်ဆို၏။
14
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ထဲသို့ ကပ်ရောဂါဘေးကျရောက်စေသဖြင့် အစ္စရေးလူမျိုး ခုနစ်သောင်း သေကြရ၏။
15
ဘုရားသခင်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် ကောင်းကင်တမန်ကိုလည်း စေလွှတ်သေး၏။ ကောင်းကင်တမန်သည် မြို့ကိုဖျက်ဆီးမည်ပြုစဉ်တွင်ပင် ထာဝရဘုရားသည် ကြည့်ရှုတော်မူ၍ ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် မြို့ကိုဖျက်ဆီးတော့မည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုးဩရနန် ၏ကောက်နယ်တလင်းနား၌ ရပ်နေ၏။
16
ဒါဝိဒ်မင်းကြီးသည် မျှော်ကြည့်လျှင် မိုးနှင့်မြေကြားလေထဲ၌ရပ်နေသောကောင်းကင်တမန်တစ်ပါးကို တွေ့ရ၏။ ထိုကောင်းကင်တမန်သည် ဓားကိုကိုင်ထားလျက် ဂျေရုဆလင်မြို့ဘက်သို့ လက်ဆန့်ထား၏။ ထိုအခါ လျှော်တေအဝတ်ကိုဝတ်ထားသောဒါဝိဒ်မင်းကြီးနှင့်သက်ကြီးဝါကြီးတို့သည် ပျပ်ဝပ်လျက် နေလေ၏။
17
ထို့နောက် ဒါဝိဒ်မင်းကြီးက ဘုရားသခင်အား “လူဦးရေစာရင်းကောက်ယူရန် စေခိုင်းခဲ့သူမှာ အကျွန်ုပ်ပင် ဖြစ်သည်မဟုတ်လော။ ဆိုးညစ်မှုကိုပြုပြီး အပြစ်ရှိသူမှာ အကျွန်ုပ်ပင်ဖြစ်သည် မဟုတ်လော။ ဤသိုးတို့မူကား မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်နှင့်အကျွန်ုပ်ဘိုးဘေး၏အိမ်သူအိမ်သားတို့ကိုသာ ကိုယ်တော်၏လက်သို့ ကျရောက်စေပါ။ ကိုယ်တော်၏လူမျိုးတော်တို့အပေါ်သို့ ဘေးဒဏ်မကျရောက်ပါစေနှင့်”ဟု လျှောက်တင်လေ၏။
18
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က ဂဒ်အား ဒါဝိဒ်မင်းကြီးထံသွားလော့။ ယေဗုသိလူမျိုးဩရနန် ၏ကောက်နယ်တလင်းနားသို့ တက်သွား၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်ပါဟု သူ့အား ဆင့်ဆိုလော့။
19
ဒါဝိဒ်မင်းကြီးသည်လည်း ထာဝရဘုရား၏နာမတော်အားဖြင့် ဂဒ်ဆင့်ဆိုသည့်စကားအတိုင်း သွား၍ပြုလေ၏။
20
ဩရနန် သည် လှည့်ကြည့်၍ ကောင်းကင်တမန်ကိုမြင်၏။ ထိုအခါ သူနှင့်အတူရှိနေသော သားလေးယောက်သည် ပုန်းနေကြ၏။ သြရနန်မူကား ဂျုံစပါးကိုနင်းနယ်လျက်နေ၏။
21
ဒါဝိဒ်မင်းကြီးသည် ဩရနန် ထံသို့ ချဉ်းကပ်လာ၏။ ဩရနန်သည် လှမ်းကြည့်၍ ဒါဝိဒ်မင်းကြီးကို မြင်လျှင် ကောက်နယ်တလင်းမှ ထွက်လာ၍ ဒါဝိဒ်မင်းကြီးရှေ့ မြေမှာပျပ်ဝပ်လေ၏။
22
ထိုအခါ ဒါဝိဒ်မင်းကြီးက ဩရနန် အား “လူတို့တွင်ကျရောက်သောဘေးဒဏ် ငြိမ်းမည့်အကြောင်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်တည်ရမည်ဖြစ်၍ သင့်ကောက်နယ်တလင်းကို ငါ့အား ရောင်းပေးလော့။ ကျသင့်ငွေအတိုင်း ငါဝယ်ယူပါမည်”ဟု မိန့်ဆိုလျှင်
23
ဩရနန် ကလည်း ဒါဝိဒ်မင်းကြီးအား “အကျွန်ုပ်၏သခင်အရှင်မင်းကြီး ယူတော်မူပါ။ အလိုရှိသည့်အတိုင်း ပြုတော်မူပါ။ မီးရှို့ရာယဇ်အဖို့ နွား၊ ထင်းအဖို့ ကောက်နယ်သစ်သားပြား၊ ဘောဇဉ်ပူဇော်သက္ကာအဖို့ ဂျုံ စသည်တို့ကို အကျွန်ုပ်ပေးပါမည်။ အားလုံးကို အကျွန်ုပ်ပေးပါမည်”ဟု လျှောက်တင်၏။
24
သို့သော် ဒါဝိဒ်မင်းကြီးက ဩရနန် အား “ထိုသို့မဟုတ်ပါ။ ကျသင့်ငွေဖြင့် ဝယ်ပါမည်။ ထာဝရဘုရားအဖို့ သင့်ထံမှမြေကို အလဟဿမယူလိုပါ။ အဖိုးအခမပေးဘဲ မီးရှို့ရာယဇ်ကို မပူဇော်လိုပါ”ဟု ပြန်ပြောပြီးလျှင်
25
ဒါဝိဒ်မင်းကြီးသည် ဩရနန် အား မြေနေရာအတွက် ကျသင့်ငွေ ရွှေအချိန်ခြောက်ရာရှယ်ကယ် ကို ပေး၏။
26
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်ပြီး ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ကိုယ်တော်သည် ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်အပေါ်သို့ ကောင်းကင်မှမီးကျလာစေခြင်းဖြင့် ထူးတော်မူ၏။
27
ထိုအခါ ထာဝရဘုရားက ကောင်းကင်တမန်အား အမိန့်ပေးသဖြင့် သူသည် ဓားကိုဓားအိမ်ထဲသို့ ပြန်သွင်းလေ၏။
28
ထိုအချိန်၌ ယေဗုသိလူမျိုး ဩရနန် ၏ကောက်နယ်တလင်းတွင် ထာဝရဘုရားထူးတော်မူသည်ကို ဒါဝိဒ်မင်းကြီး သိမြင်သောအခါ ထိုနေရာ၌ပင် ယဇ်ပူဇော်လေ၏။
29
ထိုစဉ်က တောကန္တာရတွင် မောရှေဆောက်လုပ်ခဲ့သော ထာဝရဘုရား၏တဲတော်နှင့်မီးရှို့ရာယဇ်ပလ္လင်တို့သည် ဂိဗောင်မြို့ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တွင် ရှိနေ၏။
30
သို့သော် ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရား၏ကောင်းကင်တမန်ကိုင်ထားသောဓားကို ကြောက်သောကြောင့် ထိုယဇ်ပလ္လင်သို့သွား၍ ဘုရားသခင်ထံ မမေးမြန်းဝံ့ချေ။
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29