bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Chronicles 20
2 Chronicles 20
Burmese MSBU
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 21 →
1
ထို့နောက်တွင် မောဘအမျိုးသား၊ အမ္မုန်အမျိုးသားတို့နှင့်အတူ မဟုနိမ်လူမျိုးအချို့တို့သည် ယောရှဖတ်မင်းကြီးကို တိုက်ခိုက်ရန်ချီလာကြ၏။
2
လူတို့သည်လာ၍ ယောရှဖတ်မင်းကြီးအား “ပင်လယ်တစ်ဖက်ကမ်း ဆီးရီးယားပြည်မှ စစ်တပ်ကြီးချီလာပြီး အင်္ဂေဒိ ခေါ် ဟာဇဇုန္တာမာမြို့တွင် တပ်ချနေပါသည်”ဟူသောသတင်းကို ကြားပြောလျှင်
3
ယောရှဖတ်မင်းကြီးသည်ကြောက်ရွံ့၍ ထာဝရဘုရားကိုရှာရန် စိတ်ဆုံးဖြတ်ပြီး ယုဒပြည်တစ်ပြည်လုံးသို့ အစာရှောင်ရန် ကြေညာ၏။
4
ယုဒလူမျိုးတို့သည် ထာဝရဘုရားကိုရှာရန် စုဝေးလာကြ၏။ ထာဝရဘုရားကိုရှာရန် ယုဒမြို့ရွာအားလုံးမှ လူတို့ရောက်လာကြ၏။
5
ထိုအခါ ယောရှဖတ်မင်းကြီးက ယုဒပြည်သူဂျေရုဆလင်မြို့သား လူအစုအဝေးတို့ရှေ့၊ ထာဝရဘုရား၏အိမ်တော်ဝင်းအသစ်ရှေ့တွင် ရပ်လျက်
6
“ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းကင်ဘုံတွင်စံမြန်း၍ လူမျိုးတကာတို့နေထိုင်ရာတိုင်းနိုင်ငံအလုံးစုံကို အုပ်စိုးပိုင်သတော်မူသည်မဟုတ်လော။ ကိုယ်တော်၏လက်တော်၌ အစွမ်းသတ္တိတန်ခိုး ရှိတော်မူသည်ဖြစ်၍ ကိုယ်တော်နှင့်ဆန့်ကျင်လျှင် မည်သူမျှမခံမရပ်နိုင်ပါ။
7
အကျွန်ုပ်တို့၏ဘုရားသခင်၊ ဤပြည်၌နေထိုင်သောလူမျိုးတို့ကို ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ရှေ့မှနှင်ထုတ်တော်မူ၍ ကိုယ်တော်၏မိတ်ဆွေဖြစ်တော်မူသောအာဗြဟံ၏သားစဉ်မြေးဆက်ကို ထာဝရနေထိုင်စေတော်မူသည်မဟုတ်လော။
8
သူတို့သည် ထိုပြည်တွင်နေထိုင်၍ ကိုယ်တော်၏နာမတော်အဖို့ သန့်ရှင်းရာဌာနတော်ကို တည်ကြပါ၏။
9
သူတို့က ‘အကျွန်ုပ်တို့သည် ဓားဘေး၊ အပြစ်ဒဏ်ဘေး၊ ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး စသည့်ဘေးအန္တရာယ်တို့နှင့် ကြုံရလျှင် ဤအိမ်တော်၌နာမတော်တည်သောကြောင့် ဤအိမ်တော်ရှေ့၊ ကိုယ်တော့်ရှေ့တွင် ရပ်လျက် အကျွန်ုပ်တို့ကြုံရသောဆင်းရဲဒုက္ခအတွက် ကိုယ်တော့်ထံအော်ဟစ်သောအခါ ကိုယ်တော်သည် နားညောင်း၍ ကယ်မတော်မူမည်’ဟု ဆိုကြပါ၏။
10
အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှထွက်လာခဲ့စဉ်က ကိုယ်တော်သည် အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ စိရတောင်ပေါ်သားတို့၏နယ်မြေကို အစ္စရေးလူမျိုးတို့အား ကျူးကျော်ခွင့်မပေး။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် သူတို့ပြည်ကို မဖျက်ဆီးဘဲ ရှောင်သွားခဲ့ပါ၏။
11
သို့သော် ယခုမှာ ကြည့်ရှုတော်မူပါ။ သူတို့သည် အကျွန်ုပ်တို့အား ကျေးဇူးဆပ်သောအားဖြင့် ကိုယ်တော်အမွေပေးတော်မူသောပြည်မှ အကျွန်ုပ်တို့ကို နှင်ထုတ်ရန် လာနေပါပြီ။
12
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် သူတို့ကို စီရင်တော်မူမည်မဟုတ်လော။ အကျွန်ုပ်တို့ကို တိုက်ခိုက်လာသောဤစစ်တပ်ကြီးကို ရင်ဆိုင်ဖို့ အကျွန်ုပ်တို့၌ အင်အားမရှိပါ။ အကျွန်ုပ်တို့ မည်သို့ပြုရမည်ကို မသိသောကြောင့် ကိုယ်တော်ကိုသာ မျှော်ကြည့်နေကြပါ၏”ဟု ဆုတောင်းလေ၏။
13
ထိုစဉ် ယုဒပြည်သားအားလုံးနှင့်တကွ သူတို့၏ကလေးငယ်များ၊ မယားများ၊ သားသမီးများပါ ထာဝရဘုရားရှေ့တော်တွင် ရပ်လျက်နေကြ၏။
14
ထိုအခါ လူထုထဲတွင်ရှိနေသော လေဝိအမျိုးဖြစ်သော အာသပ်သားမြေးမတ္တနိ၏တီ၊ ယေယေလ၏မြစ်၊ ဗေနာယ၏မြေး၊ ဇာခရိ၏သား ယဟာဇေလအပေါ် ထာဝရဘုရား၏ဝိညာဉ်တော်သက်ရောက်လာ၍
15
“အို ယောရှဖတ်မင်းကြီးနှင့် ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့၊ နားထောင်ကြပါလော့။ ထာဝရဘုရားက သင်တို့အား ‘ဤစစ်တပ်ကြီးကြောင့် သင်တို့မကြောက်ကြနှင့်၊ စိတ်မပျက်ကြနှင့်။ စစ်မှုသည် သင်တို့အရေးမဟုတ်။ ဘုရားသခင်၏အရေးသာ ဖြစ်၏။
16
မနက်ဖြန်နေ့တွင် သူတို့နှင့်စစ်တိုက်ဖို့ ချီသွားကြလော့။ သူတို့သည် ဇိဇမြို့သို့တက်သွားရာလမ်းအတိုင်း ချီလာကြလိမ့်မည်။ ယေရွေလတောကန္တာရနှင့် မျက်နှာချင်းဆိုင် ချိုင့်ဝှမ်းအဆုံးနားတွင် သင်တို့နှင့်ဆုံကြလိမ့်မည်။
17
ဤတိုက်ပွဲကို သင်တို့တိုက်စရာမလို။ ခိုင်မာစွာရပ်တည်၍ ထာဝရဘုရား သင်တို့ကိုမည်သို့ ကယ်တင်မည်ကို စောင့်ကြည့်ကြလော့။ အို ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ မကြောက်နှင့်။ စိတ်မပျက်နှင့်’ဟု မိန့်တော်မူ၏။ မနက်ဖြန်နေ့တွင် သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်ဖို့ စစ်ချီထွက်လော့။ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူ၏”ဟု မိန့်ဆို၏။
18
ထိုအခါ ယောရှဖတ်မင်းကြီးသည် မြေပေါ်ပျပ်ဝပ်တော်မူလျှင် ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည်လည်း ထာဝရဘုရားရှေ့တော်တွင် ပျပ်ဝပ်လျက် ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြ၏။
19
လေဝိအမျိုးများဖြစ်သော ကောဟတ်သားမြေးနှင့် ကောရသားမြေးတို့သည်လည်းရပ်လျက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို သံကုန်ဟစ်၍ချီးမွမ်းကြ၏။
20
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။
21
မင်းကြီးသည် လူတို့နှင့် တိုင်ပင်ပြီးမှ တပ်ရှေ့တွင် ချီတက်၍ ထာဝရဘုရားထံ ချီးမွမ်းသီဆိုမည့်သူ၊ သန့်ရှင်းသောအသရေတော်ကို ချီးမွမ်းမည့်သူတို့ကို ခန့်ထား၍ “ထာဝရဘုရား၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်သည်ဖြစ်၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့”ဟု သီဆိုစေကြ၏။
22
ထိုသို့ စတင်ချီးမွမ်းသီဆိုလိုက်သည်နှင့် ယုဒပြည်ကို ဝင်ရောက်ကျူးကျော်သည့် အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် စိရတောင်ပေါ်သားတို့အား ချောင်းမြောင်းတိုက်ခိုက်မှုကို ထာဝရဘုရားဖြစ်စေတော်မူသဖြင့် သူတို့ ရှုံးနိမ့်သွားလေ၏။
23
အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားတို့သည် ထ၍ စိရတောင်ပေါ်သားတို့ကို အကုန်ချေမှုန်းဖျက်ဆီးကြ၏။ ထိုသို့ စိရတောင်ပေါ်သားတို့ကို အကုန်ချေမှုန်းပြီးနောက် အချင်းချင်းလည်းတိုက်ခိုက်ကြပြန်၏။
24
ယုဒလူမျိုးတို့သည် တောကန္တာရရှိ ကင်းမျှော်စင်သို့ရောက်၍ စစ်သည်ထုကြီးကို ကြည့်သောအခါ မြေပေါ်လဲကျသေဆုံးနေသောအလောင်းများကိုသာ တွေ့ရလေ၏။ လွတ်မြောက်သောသူတစ်ယောက်မျှမရှိ။
25
ထို့ကြောင့် ယောရှဖတ်မင်းကြီးနှင့် သူ၏လူတို့သည် တိုက်ရာပါပစ္စည်းများကို လာရောက်သိမ်းယူကြ၏။ အလောင်းများ၌ ပစ္စည်းဥစ္စာများ၊ အဖိုးတန်အသုံးအဆောင်များ အမြောက်အမြား တွေ့ရှိ၍ မိမိတို့အတွက် ချွတ်ယူကြ၏။ တိုက်ရာပါပစ္စည်း အလွန်များပြားသဖြင့် တစ်ချီတည်းမသယ်နိုင်။ သုံးရက်တိုင်တိုင် သယ်သွားကြရ၏။
26
စတုတ္ထမြောက်နေ့တွင် ဗေရာခချိုင့်ဝှမ်းလွင်ပြင်တွင် စုဝေးကြပြီး ထာဝရဘုရားအား ချီးမွမ်းထောမနာပြုကြ၏။ ထို့ကြောင့် ထိုနေရာသည် ဗေရာခချိုင့်ဝှမ်းလွင်ပြင်ဟု ယနေ့တိုင် အမည်တွင်လေ၏။
27
ထိုသို့ ရန်သူကိုအောင်နိုင်၍ ဝမ်းမြောက်ရသောအခွင့်ကို ထာဝရဘုရားပေးသနားတော်မူသောကြောင့် ယောရှဖတ်မင်းကြီးဦးဆောင်သော ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည် ဂျေရုဆလင်မြို့သို့ ဝမ်းမြောက်စွာပြန်သွားကြ၏။
28
သူတို့သည် စောင်းပြားများ၊ စောင်းကောက်များ၊ တံပိုးခရာများ တီးမှုတ်ကြလျက် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်သို့ သွားကြလေ၏။
29
အစ္စရေးလူမျိုးတို့၏ရန်သူတို့အား ထာဝရဘုရားတိုက်ခိုက်သည့်အကြောင်းကို မြေကြီးပေါ်ရှိတိုင်းနိုင်ငံအပေါင်းတို့ ကြားသိကြလျှင် ဘုရားသခင်ကို ကြောက်ရွံ့ကြလေ၏။
30
ယောရှဖတ်မင်းကြီး၏နိုင်ငံတော်ဝန်းကျင်အရပ်ရပ်တို့၌ သူ၏ဘုရားသခင်သည် ငြိမ်းချမ်းခြင်းကို ပေးတော်မူသဖြင့် နိုင်ငံတော်အေးချမ်းသာယာလျက်ရှိ၏။
31
ဤသို့ဖြင့် ယောရှဖတ်မင်းကြီးသည် ယုဒပြည်ကို စိုးစံလျက်နေ၏။ သူနန်းတက်စဉ်က သက်တော်သုံးဆယ့်ငါးနှစ် ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်ဆယ့်ငါးနှစ်စိုးစံ၏။ မယ်တော်ကား ရှိလဟိ၏သမီး အဇုဘအမည်ရှိ၏။
32
ယောရှဖတ်မင်းကြီးသည် ခမည်းတော်အာသမင်းကြီးလျှောက်သောလမ်းအတိုင်း လိုက်လျှောက်၏။ ထိုလမ်းမှ လွဲမသွားဘဲ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မှန်စွာပြုကျင့်၏။
33
သို့သော် အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့။ လူတို့သည်လည်း မိမိတို့ဘိုးဘေးတို့၏ဘုရားသခင်ထံ စိတ်နှလုံးကို မအပ်နှံဘဲနေကြသေး၏။
34
ကျန်ရှိနေသောယောရှဖတ်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင်ပါဝင်သော ဟာနနိ၏သားယေဟု၏မှတ်တမ်းထဲတွင် ရေးမှတ်ထားလျက်ရှိ၏။
35
ထို့နောက်တွင် ယုဒဘုရင်ယောရှဖတ်မင်းကြီးသည် အစ္စရေးဘုရင်အာခဇိမင်းကြီးနှင့် မဟာမိတ်ဖွဲ့ခဲ့၏။ အာခဇိမင်းကြီးသည် ဆိုးယုတ်သောအမှုကို ပြုကျင့်သောသူဖြစ်၏။
36
ယောရှဖတ်မင်းကြီးသည် တာရှုမြို့သို့ကုန်ကူးသောသင်္ဘောကိုဆောက်လုပ်ရန် အာခဇိမင်းကြီးနှင့် သဘောတူခဲ့ပြီး ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောများကို ဆောက်လုပ်ကြ၏။
37
ထိုအခါ မရေရှမြို့မှ ဒေါဒေဝ၏သားဧလျေဇာက ယောရှဖတ်မင်းကြီးအား “အရှင်မင်းကြီးသည် အာခဇိမင်းကြီးနှင့် မဟာမိတ်ဖွဲ့သောကြောင့် အရှင်မင်းကြီး၏လုပ်ငန်းများကို ထာဝရဘုရားဖျက်ဆီးပစ်လိမ့်မည်”ဟု ပရောဖက်ပြုဆင့်ဆို၏။ ထို့ကြောင့် သူတို့၏သင်္ဘောများပျက်စီးပြီး တာရှုမြို့သို့လည်း ကုန်ကူးမသွားနိုင်တော့ချေ။
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36