bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Chronicles 34
2 Chronicles 34
Burmese MSBU
← Chapter 33
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 35 →
1
ယောရှိ နန်းတက်သောအခါ သက်တော်ရှစ်နှစ်သာရှိသေး၏။ ဂျေရုဆလင်မြို့တွင် သုံးဆယ့်တစ်နှစ် စိုးစံ၏။
2
သူသည် ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။ သူ၏ဘိုးဘေးဒါဝိဒ်မင်းကြီး လျှောက်ခဲ့သောလမ်းအတိုင်း လက်ယာလက်ဝဲမယိမ်းဘဲ လိုက်လျှောက်၏။
3
ယောရှိမင်းကြီး နန်းစံရှစ်နှစ်၊ အသက်အရွယ်နုနယ်နေသေးစဉ်တွင်ပင် ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင်ကို စတင်ရှာခဲ့၏။ သက်တော်တစ်ဆယ့်နှစ်နှစ်တွင် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကို စတင်ဖယ်ရှားပစ်၏။
4
ဗာလယဇ်ပလ္လင်များကိုလည်း သူ့ရှေ့၌ဖြိုဖျက်ပစ်ကြ၏။ ထိုယဇ်ပလ္လင်ပေါ်ရှိ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကိုလည်း ချိုးဖျက်ပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကိုလည်း တစ်စစီချိုးဖဲ့ဖျက်ဆီးပစ်ပြီး ယဇ်ပူဇော်သောသူတို့၏သင်္ချိုင်းဂူများပေါ်တွင် ကြဲပစ်လိုက်လေ၏။
5
ယဇ်ပုရောဟိတ်တို့၏အရိုးများကိုလည်း သူတို့၏ယဇ်ပလ္လင်ပေါ်တွင် မီးရှို့ပစ်ခြင်းဖြင့် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ကို စင်ကြယ်စေ၏။
6
ထို့ပြင် ယောရှိမင်းကြီးသည် မနာရှေနယ်မြေမှစ၍ ဧဖရိမ်၊ ရှိမောင်၊ နဿလိနယ်မြေအထိ မြို့ရွာများနှင့် ဝန်းကျင်ရှိပြိုပျက်ရာတို့တွင်လည်း
7
ယဇ်ပလ္လင်များကို ဖြိုချပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်များနှင့် ရုပ်တုဆင်းတုများကိုလည်း ခြေမွှဖျက်ဆီးပစ်၏။ အစ္စရေးပြည်တစ်ပြည်လုံးရှိ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်အားလုံးတို့ကိုလည်း တစ်စစီချိုးဖဲ့ပစ်ပြီး ဂျေရုဆလင်မြို့သို့ ပြန်လာလေ၏။
8
ယောရှိမင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်တွင် ပြည်တော်နှင့်အိမ်တော်ကို စင်ကြယ်စေပြီးနောက် ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကိုပြုပြင်ရန်အတွက် အာဇလိ၏သားရှာဖန်၊ မြို့တော်ဝန်မာသေယ၊ ယောခတ်၏သားအတွင်းဝန်ယောအာတို့ကို စေလွှတ်လိုက်၏။
9
သူတို့သည် ယဇ်ပုရောဟိတ်မင်းဟိလခိထံသွားပြီး ဘုရားသခင်၏အိမ်တော်အတွက် ယူဆောင်လာသောငွေကို ပေးအပ်၏။ ထိုငွေတို့သည် မနာရှေအမျိုး၊ ဧဖရိမ်အမျိုးတို့မှစ၍ ကြွင်းကျန်သောအစ္စရေးလူမျိုးအားလုံး၊ ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအားလုံးနှင့် ဂျေရုဆလင်မြို့သားတို့ထံမှ လေဝိအမျိုးတံခါးစောင့်တို့ကောက်ခံရရှိသောငွေများ ဖြစ်၏။
10
ထိုငွေများကို ထာဝရဘုရား၏အိမ်တော်၌ ခန့်ထားသောအလုပ်ကြီးကြပ်သူတို့လက်သို့ ပေးအပ်၏။ ထာဝရဘုရား၏အိမ်တော်၌အလုပ်လုပ်သောအလုပ်သမားတို့သည် အိမ်တော်ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ထိုငွေကို အသုံးပြုကြ၏။
11
ထို့ပြင် လက်သမားများ၊ ဆောက်လုပ်ရေးသမားများကိုလည်း ဆစ်ပြီးသားကျောက်များ၊ ဝင်းတံခါးအတွက်သစ်များကို ဝယ်ယူရန်နှင့် ယုဒဘုရင်တို့လက်ချက်ကြောင့်ပျက်စီးသွားသော အိမ်တော်အဆောက်အအုံများ၊ တံခါးထုပ်များကို ပြုလုပ်ရန်အတွက် ငွေများကို ပေးအပ်၏။
12
လူတို့သည် အလုပ်လုပ်ရာ၌ သစ္စာရှိကြ၏။ သူတို့ကို ကြီးကြပ်ပေးဖို့ လေဝိအမျိုး မေရာရိသားမြေးထဲမှ ယာဟတ်နှင့် ဩဗဒိ၊ ကောဟတ်သားမြေးထဲမှ ဇာခရိနှင့် မေရှုလံတို့ကို ခန့်ထား၏။ တူရိယာတီးမှုတ်ကျွမ်းကျင်သူလေဝိအမျိုးသားအားလုံးတို့သည်လည်း
13
အထမ်းသမားများမှစ၍ လုပ်ငန်းခွင်အသီးသီးရှိအလုပ်လုပ်သူများအားလုံးကို ကြီးကြပ်ပေးရ၏။ အချို့လေဝိအမျိုးသားတို့မှာ စာရေးများ၊ ကြီးကြပ်သူများ၊ တံခါးစောင့်များဖြစ်ကြ၏။
14
ယဇ်ပုရောဟိတ်ဟိလခိသည် ထာဝရဘုရား၏အိမ်တော်အတွက် လူတို့ယူဆောင်လာခဲ့သောငွေများကို ထုတ်ယူသောအခါ မောရှေအားပေးအပ်ထားသောထာဝရဘုရား၏ပညတ်တရားကျမ်းကို တွေ့လေ၏။
15
ထိုအခါ ဟိလခိသည် စာရေးတော်ကြီးရှာဖန်အား “ထာဝရဘုရား၏အိမ်တော်တွင် ဤပညတ်တရားကျမ်းကို တွေ့ရှိ၏”ဟု ဆိုလျက် ဟိလခိသည် ထိုကျမ်းစာလိပ်ကို ရှာဖန်အား ပေးလိုက်၏။
16
ရှာဖန်သည် ထိုကျမ်းစာလိပ်ကို ရှင်ဘုရင်ထံသို့ ယူလာပြီးလျှင် ရှင်ဘုရင်အား “အရှင်မင်းကြီး မိန့်မှာထားသည့်အတိုင်း အမှုထမ်းတို့သည် လုပ်ဆောင်လျက်ရှိပါ၏။
17
ထာဝရဘုရား၏အိမ်တော်၌ တွေ့ရှိသောငွေတို့ကို ထုတ်ယူပြီး အလုပ်ကြီးကြပ်သူ၊ အလုပ်လုပ်သောသူတို့လက်သို့ ပေးအပ်ပါပြီ”ဟု အစီရင်ခံ၏။
18
ထို့ပြင် စာရေးတော်ကြီးရှာဖန်က ရှင်ဘုရင်အား “ယဇ်ပုရောဟိတ်ဟိလခိက အကျွန်ုပ်အား ဤကျမ်းစာလိပ်ကို ပေးအပ်ပါပြီ”ဟု လျှောက်တင်ပြီး ရှာဖန်သည် ဘုရင့်ရှေ့မှောက်တွင် ထိုကျမ်းစာကို ဖတ်ပြ၏။
19
ရှင်ဘုရင်သည် ထိုပညတ်တရားကျမ်းစကားများကို ကြားရသောအခါ မိမိအဝတ်ကို ဆုတ်ဖြဲလေ၏။
20
ထို့နောက် ရှင်ဘုရင်က ဟိလခိ၊ ရှာဖန်၏သားအဟိကံ၊ မိက္ခာ၏သားအာဗဒုန်၊ စာရေးတော်ကြီးရှာဖန်နှင့် ဘုရင့်အမှုထမ်းအသာယတို့အား
21
“ငါ့အတွက်သာမက အစ္စရေးပြည်၊ ယုဒပြည်၌ကြွင်းကျန်သောသူတို့အတွက် ဤတွေ့ရှိထားသောကျမ်းပါစကားတော်များနှင့်ပတ်သက်ပြီး ထာဝရဘုရားထံ သွား၍မေးလျှောက်ကြလော့။ ငါတို့ဘိုးဘေးတို့သည် ထာဝရဘုရား၏စကားတော်ကို မလိုက်နာ၊ ဤကျမ်းထဲ၌ရေးထားသမျှအတိုင်း မပြုကျင့်ကြသောကြောင့် ထာဝရဘုရားသည် ငါတို့ကို ပြင်းစွာအမျက်ထွက်လေပြီ”ဟု မိန့်ဆို၏။
22
ထိုအခါ ဟိလခိနှင့်ရှင်ဘုရင်စေလွှတ်လိုက်သူတို့က ဂျေရုဆလင်မြို့၏နေရာသစ်တွင်နေထိုင်သော ဟရဟတ်၏မြေး၊ တိကဝ၏သား ဝတ်လုံတော်ထိန်းရှလ္လုံ၏မယားဖြစ်သူ ပရောဖက်မ ဟုလဒထံသွား၍ ဤအကြောင်းများကို ပြောပြရာ
23
ပရောဖက်မက သူတို့အား “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင်တို့ကို ငါ့ထံသို့စေလွှတ်သောသူအား ဤသို့ပြန်ပြောလော့။
24
ထာဝရဘုရားက ကြည့်ရှုလော့။ ယုဒဘုရင်ရှေ့၌ ဖတ်ပြခဲ့သောကျမ်းတွင် ရေးထားသောကျိန်စာရှိသမျှအတိုင်း ငါသည် ဤမြို့နှင့်မြို့သားတို့ကို ဘေးအန္တရာယ်နှင့် ကြုံတွေ့စေမည်။
25
အကြောင်းမူကား သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး အခြားဘုရားအများတို့ထံ နံ့သာပေါင်းမီးရှို့ပူဇော်လျက် သူတို့လက်နှင့်လုပ်သောအရာများဖြင့် ငါ့ကို အမျက်ထွက်စေကြ၏။ ထို့ကြောင့် ဤမြို့၌ ငါ့အမျက်မီး တောက်လောင်၍ ငြိမ်းလိမ့်မည်မဟုတ်’ဟူ၍ မိန့်တော်မူပြီ”ဟု မိန့်ဆို၏။
26
ထာဝရဘုရားထံ မေးလျှောက်ရန် သင်တို့ကိုစေလွှတ်လိုက်သောယုဒဘုရင်အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘သင်ကြားရသောကျမ်းစကားများနှင့်ပတ်သက်၍ ဤသို့မိန့်တော်မူပြီ။
27
ဤမြို့နှင့်မြို့သားတို့အား ဆန့်ကျင်သောနှုတ်ကပတ်တော်ကို သင်ကြားရသောအခါ သင်သည် နှလုံးကြေကွဲလျက် ဘုရားသခင်ရှေ့တော်တွင် မိမိကိုယ်ကိုနှိမ့်ချလေပြီ။ သင်သည် ငါ့ရှေ့မှောက်တွင် မိမိကိုယ်ကိုနှိမ့်ချလျက်၊ ကိုယ့်အဝတ်ကိုဆုတ်လျက် ငါ့ရှေ့မှောက်၌ငိုကြွေးသည်ကို ငါကြားပြီ။
28
ထို့ကြောင့် သင့်ဘိုးဘေးများရှိရာသို့ သင့်ကို ငါစုစည်းမည်။ သင်သည် သင့်သင်္ချိုင်းတွင် ငြိမ်ဝပ်စွာစုစည်းခံရလိမ့်မည်။ ဤမြို့နှင့် မြို့သားတို့အပေါ် ငါကျရောက်စေမည့်ဘေးအန္တရာယ်အပေါင်းတို့ကို သင်မြင်ရမည်မဟုတ်’ဟူ၍ ထာဝရဘုရားမိန့်တော်မူကြောင်းပြောကြားလော့”ဟု ဆို၏။ သူတို့သည်လည်း ပြန်သွား၍ ဤစကားတို့ကို ရှင်ဘုရင်ထံ လျှောက်တင်ကြ၏။
29
ရှင်ဘုရင်သည် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ရှိ သက်ကြီးဝါကြီးအားလုံးကို ဆင့်ခေါ်၍ လာရောက်စုဝေးစေ၏။
30
ထိုအခါ ယုဒအမျိုးသားအားလုံးနှင့် ဂျေရုဆလင်မြို့သားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးသားများမှစ၍ ပြည်သူပြည်သား လူကြီးလူငယ်တစ်ယောက်မကျန် ရှင်ဘုရင်နှင့်အတူ ထာဝရဘုရား၏အိမ်တော်သို့ သွားကြ၏။ ရှင်ဘုရင်သည် ထာဝရဘုရားအိမ်တော်တွင် တွေ့ရှိသောပဋိညာဉ်ကျမ်းစကားအလုံးစုံကို သူတို့ကြားသိအောင် ဖတ်ပြလေ၏။
31
ရှင်ဘုရင်သည် မိမိနေရာတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြု၏။
32
ဂျေရုဆလင်မြို့သားများနှင့် ဗင်္ယာမိန်နယ်သားအားလုံးတို့ကိုလည်း ကတိသစ္စာပြုစေ၏။ ဂျေရုဆလင်မြို့သားတို့သည်လည်း ဘိုးဘေးတို့၏ဘုရားသခင်တည်းဟူသော ဘုရားသခင်၏ပဋိညာဉ်အတိုင်း လုပ်ဆောင်ကြ၏။
33
ထို့နောက် ယောရှိမင်းကြီးသည် အစ္စရေးအမျိုးသားတို့ပိုင်သောနယ်မြေတစ်ဝန်းလုံးရှိ စက်ဆုပ်ရွံရှာဖွယ်ရုပ်တုအားလုံးကို ဖယ်ရှား၍ အစ္စရေးပြည်သားအားလုံးကို မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုသာ ဝတ်ပြုကိုးကွယ်စေ၏။ ယောရှိမင်းကြီးလက်ထက်တစ်လျှောက်လုံး သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံမှ လမ်းမလွဲဘဲ နောက်တော်သို့လိုက်ကြလေ၏။
← Chapter 33
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 35 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36