bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Chronicles 24
2 Chronicles 24
Burmese MSBU
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 25 →
1
ယောရှနန်းတက်သောအခါ သက်တော်ခုနစ်နှစ်သာရှိသေး၏။ ဂျေရုဆလင်မြို့တွင် အနှစ်လေးဆယ် စိုးစံ၏။ မယ်တော်ကား ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။
2
ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒအသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
3
ယောယဒသည် ယောရှမင်းကြီးအတွက် မိဖုရားနှစ်ပါးကို ရွေးချယ်ပေးပြီး သားတော်သမီးတော်များကို ရလေ၏။
4
နောက်ပိုင်းတွင် ယောရှမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ကို ပြန်လည်ပြုပြင်ရန် စိတ်ပိုင်းဖြတ်ပြီး
5
ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးများကို စုရုံး၍ သူတို့အား “ယုဒမြို့ရွာများသို့သွား၍ ဘုရားသခင်၏အိမ်တော်ကို ပြုပြင်ရန်အတွက် အစ္စရေးလူမျိုးတစ်မျိုးလုံးတို့ထံမှ နှစ်စဉ်ကြေးငွေများကောက်ခံကြလော့။ ဤအမှုကို ချက်ချင်းလုပ်ဆောင်လော့”ဟု မိန့်ဆို၏။ သို့သော် လေဝိအမျိုးတို့သည် ချက်ချင်းမလုပ်ဆောင်ဘဲ နေကြ၏။
6
ထို့ကြောင့် ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်မင်းယောယဒကိုခေါ်၍ “သက်သေခံချက်တဲတော်အဖို့ ထာဝရဘုရား၏အစေအပါးမောရှေမှာကြားထားသော အစ္စရေးလူထုတို့ပေးဆောင်ရမည့်အခွန်ငွေကို ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ထံမှကောက်ခံရန် လေဝိအမျိုးသားတို့ကို အဘယ်ကြောင့် သင် မမှာထားသနည်း”ဟု မေး၏။
7
ဆိုးယုတ်သောဘုရင်မအာသလိ၏သားတို့သည် ဘုရားသခင်၏အိမ်တော်ကိုဖြိုဖျက်ပြီး ထာဝရဘုရား၏အိမ်တော်ရှိ သန့်ရှင်းသောအသုံးအဆောင်အားလုံးကိုယူသွား၍ ဗာလဘုရားအတွက် အသုံးပြုခဲ့ကြ၏။
8
ထို့နောက်တွင် ရှင်ဘုရင်၏အမိန့်တော်အတိုင်း သေတ္တာတစ်လုံးကိုပြုလုပ်ပြီး ထာဝရဘုရား၏အိမ်တော်တံခါးအပြင်ဘက်နားတွင် ထားကြ၏။
9
တောကန္တာရတွင် ဘုရားသခင်၏အစေအပါးမောရှေက အစ္စရေးလူမျိုးတို့အား မိန့်မှာခဲ့သည့်အတိုင်း ယုဒပြည်သူဂျေရုဆလင်မြို့သားတို့သည် ထာဝရဘုရားအထံတော်သို့ အခွန်ငွေကိုယူဆောင်လာကြရန် ကြေညာလိုက်၏။
10
မှူးမတ်များနှင့်ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ယူဆောင်လာ၍ သေတ္တာပြည့်သည်အထိ ထည့်ကြ၏။
11
လေဝိအမျိုးသားတို့သည် ငွေအမြောက်အမြားရလာပြီဖြစ်ကြောင်း သိမြင်လျှင် သေတ္တာကို ဘုရင့်အမှုထမ်းများထံသို့ ယူဆောင်လာကြ၏။ ထိုအခါ စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်အကြီးအကဲတို့သည်လာ၍ သေတ္တာထဲမှ ငွေကိုထုတ်ပြီး ယူဆောင်သွား၏။ သေတ္တာကိုမူ သူ့နေရာတွင် ပြန်ထားစေ၏။ နေ့စဉ်နေ့တိုင်း ထိုသို့ပြုရာ ငွေအမြောက်အမြားကို ကောက်ခံရရှိလေ၏။
12
ရှင်ဘုရင်နှင့်ယောယဒသည် ထိုငွေတို့ကို ထာဝရဘုရား၏အိမ်တော်အမှုကိုဆောင်ရွက်သူတို့လက်သို့အပ်၏။ သူတို့က ထာဝရဘုရား၏အိမ်တော်ကို ပြုပြင်ရန်အတွက် ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငှား၏။ ထို့အတူ ထာဝရဘုရား၏အိမ်တော်ကို ပြုပြင်ရန်အတွက် သံ၊ ကြေးနီတို့ကိုသွန်းလုပ်တတ်သောပန်းပဲသမားတို့ကို ငှား၏။
13
အလုပ်လုပ်သောသူတို့သည် အလုပ်ကိုကြိုးစား၍လုပ်ဆောင်ကြ၏။ သူတို့လုပ်ဆောင်သောအိမ်တော်ပြုပြင်ခြင်းအမှုသည်လည်း အထမြောက်၍ ဘုရားသခင်၏အိမ်တော်ကို ယခင်ပုံစံအတိုင်း ခိုင်ခံ့အောင်ပြုပြင်ကြ၏။
14
အိမ်တော်ပြုပြင်ခြင်းအမှုပြီးစီးသောအခါ ကျန်ရှိသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံ ယူဆောင်လာကြ၏။ ထိုငွေဖြင့် ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်များ၊ အမှုတော်နှင့် မီးရှို့ရာယဇ်ပူဇော်ခြင်းအတွက် လိုအပ်သောအသုံးအဆောင်များ၊ ခွက်များ၊ ရွှေထည်ငွေထည်အသုံးအဆောင်များကို ပြုလုပ်၏။ ယောယဒလက်ထက်တစ်လျှောက်လုံး ထာဝရဘုရား၏အိမ်တော်တွင် မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။
15
ယောယဒသည် အသက်ကြီး၍သက်တမ်းစေ့သောအခါ ကွယ်လွန်သွား၏။ ကွယ်လွန်ချိန်တွင် အသက်တစ်ရာ့သုံးဆယ် ရှိ၏။
16
သူသည် အစ္စရေးနိုင်ငံတွင် ဘုရားသခင်နှင့်အိမ်တော်အတွက်ကောင်းသောအမှုများကို ပြုသောကြောင့် သူ့ကို ဒါဝိဒ်မြို့တွင် ဘုရင်များနှင့်အတူ သင်္ဂြိုဟ်ကြ၏။
17
ယောယဒကွယ်လွန်သွားပြီးနောက်တွင် ယုဒအကြီးအကဲတို့သည် ရှင်ဘုရင်ထံလာ၍ ပျပ်ဝပ်ဦးညွှတ်ကြ၏။ ရှင်ဘုရင်သည်လည်း သူတို့စကားကို နားထောင်၏။
18
သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို စွန့်ခွာသွားကြပြီး အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုတို့ကို ကိုးကွယ်ကြ၏။ ထိုအပြစ်ကြောင့် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အမျက်တော်သက်ရောက်လေ၏။
19
ထာဝရဘုရားထံ ပြန်လှည့်လာကြရန် ပရောဖက်များကို သူတို့ထံ စေလွှတ်တော်မူ၏။ ပရောဖက်တို့သည် သူတို့ကိုသတိပေးသော်လည်း သူတို့ နားမထောင်ကြ။
20
ထိုစဉ်က ဘုရားသခင်၏ဝိညာဉ်တော်သည် ယဇ်ပုရောဟိတ်ယောယဒ၏သားဇာခရိထံသက်ရောက်သဖြင့် သူသည် လူတို့ရှေ့တွင်ရပ်ပြီး “ဘုရားသခင်က ‘သင်တို့ အဘယ်ကြောင့် ထာဝရဘုရား၏ပညတ်တော်များကို ချိုးဖောက်ကြသနည်း။ သင်တို့အောင်မြင်ကြီးပွားမည်မဟုတ်။ သင်တို့သည် ထာဝရဘုရားကို စွန့်ပယ်သည်ဖြစ်၍ ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပယ်ပြီ’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။
21
ထိုအခါ သူတို့သည် ဇာခရိကိုသတ်ရန် လျှို့ဝှက်ကြံစည်ကြ၏။ ရှင်ဘုရင်၏အမိန့်တော်ဖြင့် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းတွင်ပင် သူ့ကို ကျောက်ခဲနှင့်ပေါက်သတ်ကြ၏။
22
ယောရှမင်းကြီးသည် ဇာခရိ၏ဖခင်ယောယဒပြခဲ့သောမေတ္တာကရုဏာကိုပင် မအောက်မေ့ဘဲ သားဖြစ်သူကိုသတ်လေ၏။ ဇာခရိသည် သေလုဆဲဆဲတွင် “ထာဝရဘုရားသည် ဤအမှုကို မြင်၍စီရင်တော်မူပါစေ”ဟု ဆို၏။
23
နှစ်လည်သောအခါ ဆီးရီးယားတပ်သည် ယောရှမင်းကြီးကိုတိုက်ခိုက်ရန် စစ်ချီလာ၏။ သူတို့သည် ယုဒပြည်၊ ဂျေရုဆလင်မြို့သို့ ဝင်ရောက်၍ ပြည်သူပြည်သားတို့၏အကြီးအကဲများအားလုံးကို သတ်ပြီး တိုက်ရာပါပစ္စည်းအားလုံးကို ဒမတ်စကပ်ဘုရင်ထံ ပေးပို့ဆက်သကြ၏။
24
ယုဒလူမျိုးတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်သောကြောင့် ဆီးရီးယားစစ်သည်တို့သည် လူအနည်းငယ်နှင့်သာချီလာသော်လည်း ထာဝရဘုရားသည် ယုဒစစ်သည်အမြောက်အမြားကို သူတို့လက်သို့ အပ်လိုက်လေ၏။ ထို့ကြောင့် သူတို့သည် ယောရှမင်းကြီးကို ဒဏ်ခတ်စီရင်ကြလေ၏။
25
သူတို့ ပြန်သွားသောအခါ ယောရှမင်းကြီးကို ဒဏ်ရာအပြင်းအထန်နှင့်ထားခဲ့၏။ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒ၏သားကို သတ်သောအပြစ်ကြောင့် သူ၏အမှုထမ်းတို့သည် သူ့ကိုလုပ်ကြံ၍အိပ်ရာထက်တွင်ပင် သူ့ကိုကွပ်မျက်လိုက်ကြ၏။ ထို့ကြောင့် သူသည် အနိစ္စရောက်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြချေ။
26
သူ့ကို လုပ်ကြံသောသူများမှာ အမ္မုန်အမျိုးသမီးရှိမတ်၏သားဇာဗဒ်နှင့် မောဘအမျိုးသမီးရှိမရိတ်၏သားယဟောဇဗဒ် တို့ဖြစ်ကြ၏။
27
သူ့သားတော်များအကြောင်း၊ သူနှင့်ပတ်သက်သောဗျာဒိတ်တော်များအကြောင်း၊ ဘုရားသခင်၏အိမ်တော်ကိုပြုပြင်ခဲ့ပုံအကြောင်းများကို ရှင်ဘုရင်တို့၏ရာဇဝင်မှတ်တမ်းများတွင် ရေးမှတ်ထား၏။ သူ၏သားတော်အာမဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36