bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Chronicles 33
2 Chronicles 33
Burmese MSBU
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 34 →
1
မနာရှေ နန်းတက်သောအခါ သက်တော်တစ်ဆယ့်နှစ်နှစ်သာရှိပြီး ဂျေရုဆလင်မြို့တွင် ငါးဆယ့်ငါးနှစ်စိုးစံ၏။
2
သူသည် အစ္စရေးလူမျိုးတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော လူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
3
သူသည် ခမည်းတော်ဟေဇကိမင်းကြီး ဖြိုဖျက်ခဲ့သည့် အထွတ်အမြတ်ထားရာနေရာတို့ကို ပြန်လည်တည်ဆောက်၏။ ဗာလယဇ်ပလ္လင်များကို တည်၍ အာရှရနတ်ဘုရားမတံခွန်တိုင်တို့ကိုလည်း စိုက်ထူ၏။ ကောင်းကင်တန်ဆာရှိသမျှတို့ကိုလည်း ရှိခိုးကိုးကွယ်၏။
4
“ဂျေရုဆလင်မြို့တွင် ငါ့နာမကိုအစဉ်တည်စေမည်”ဟု ထာဝရဘုရား မိန့်တော်မူရာနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်တွင် ယဇ်ပလ္လင်များကို တည်၏။
5
ထာဝရဘုရား၏အိမ်တော်ဝင်းနှစ်ခုစလုံးအတွင်းတွင် ရှိသမျှကောင်းကင်တန်ဆာများအဖို့ ယဇ်ပလ္လင်များကို တည်၏။
6
ဗင်ဟိန္နုံချိုင့်ဝှမ်းတွင် မိမိသားတို့ကိုလည်း မီးရှို့ပူဇော်၏။ ဗေဒင်အတတ်၊ ဟူးရားအတတ်၊ မှော်အတတ်တို့ကို လိုက်စားသည်သာမက နတ်ဝင်သည်၊ နတ်ထိန်းသည်တို့အား မေးမြန်းသောအလေ့အထကိုလည်း ကျင့်သုံး၏။ ဤသို့မကောင်းမှုများကိုပြုလျက် ထာဝရဘုရားကို အမျက်ထွက်စေ၏။
7
မိမိကိုယ်တိုင်ထွင်းထုထားသော ရုပ်တုဆင်းတုကိုလည်း ဘုရားသခင်၏အိမ်တော်တွင် ထားရှိ၏။ ဘုရားသခင်က ဤအိမ်တော်နှင့်ပတ်သက်၍ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားတော်ရှောလမုန်မင်းကြီးတို့အား “အစ္စရေးမျိုးနွယ်တို့ပိုင်သောမြို့ထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့၊ ဤအိမ်တော်တွင် ငါ့နာမကို အစဉ်တည်စေမည်။
8
မောရှေအားဖြင့် သူတို့အား ငါမိန့်မှာထားသမျှသော ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်အားလုံးတို့ကို လိုက်နာစောင့်ထိန်းလျှင် သင်တို့၏ဘိုးဘေးတို့အား ငါပေးထားသောပြည်တော်မှ အစ္စရေးလူမျိုးတို့ကို နောက်တစ်ဖန်ဖယ်ရှားပစ်တော်မူမည်မဟုတ်”ဟု မိန့်မှာတော်မူခဲ့၏။
9
သို့သော် မနာရှေမင်းကြီးသည် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို လမ်းလွဲစေ၍ အစ္စရေးအမျိုးသားတို့ရှေ့တွင် ထာဝရဘုရား ဖျက်ဆီးတော်မူခဲ့သည့်လူမျိုးခြားတို့ထက် မကောင်းမှုကိုပြုစေခဲ့၏။
10
ထာဝရဘုရားသည် မနာရှေမင်းကြီးနှင့်သူ၏ပြည်သူပြည်သားတို့အား မိန့်တော်မူသည်ကို သူတို့ နားမထောင်ကြ။
11
ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်၏စစ်သူကြီးတို့ကို ချီလာစေ၍ သူတို့ကိုတိုက်ခိုက်စေ၏။ သူတို့သည် မနာရှေမင်းကြီးကို သံချိတ်များဖြင့်ဖမ်းဆီး၍ ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားကြ၏။
12
ထိုသို့ ဒုက္ခရောက်သောအခါ မနာရှေမင်းကြီးသည် သူ၏ဘုရားသခင်ထာဝရဘုရား၏မျက်နှာတော်ကို ရှာလျက် ဘိုးဘေးတို့၏ဘုရားသခင်ရှေ့တော်တွင် မိမိကိုယ်ကိုအလွန်နှိမ့်ချလေ၏။
13
သူဆုတောင်းသောအခါ ကိုယ်တော်သည် သူ့ကိုထူးတော်မူ၏။ သူအသနားခံသည်ကို နားညောင်းပြီး သူ့ကို သူ၏တိုင်းနိုင်ငံ၊ ဂျေရုဆလင်မြို့သို့ ပြန်လာစေတော်မူ၏။ ထိုအခါ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေမင်းကြီးသိမြင်လေ၏။
14
ထို့နောက် မနာရှေမင်းကြီးသည် ဒါဝိဒ်မြို့အပြင်ဘက်တွင် မြို့ရိုးကိုမြင့်မားစွာတည်ဆောက်ထား၏။ ထိုမြို့ရိုးသည် ချိုင့်ဝှမ်းရှိဂိဟုန်ချောင်းအနောက်ဘက်မှ ငါးတံခါးဝအထိရောက်၍ ထိုမှ ဩဖေလအရပ်ဘက်သို့ကွေ့သွား၏။ ယုဒပြည်ရှိခိုင်ခံ့သောမြို့ရှိသမျှတို့၌ စစ်သူကြီးများကို ခန့်ထား၏။
15
တိုင်းတစ်ပါးဘုရားများနှင့် ရုပ်တုများကို ထာဝရဘုရား၏အိမ်တော်မှဖယ်ရှားပစ်၏။ ထာဝရဘုရား၏အိမ်တော်တည်ရာတောင်ကုန်းပေါ်နှင့် ဂျေရုဆလင်မြို့ထဲရှိ သူတည်ဆောက်ခဲ့သောယဇ်ပလ္လင်ရှိသမျှတို့ကိုလည်း ဖယ်ရှား၍ မြို့ပြင်သို့ လွှင့်ပစ်ခဲ့၏။
16
ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို ပြန်လည်ပြုပြင်၍ ထိုယဇ်ပလ္လင်ပေါ်တွင် မိတ်သဟာယယဇ်၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ပူဇော်၏။ ထို့ပြင် ယုဒအမျိုးတို့ကိုလည်း အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကိုသာ ဝတ်ပြုကြရန် မှာကြား၏။
17
သို့သော် လူတို့သည် အထွတ်အမြတ်ထားရာနေရာတို့၌ ဆက်လက်၍ယဇ်ပူဇော်ကြသော်လည်း မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုသာ ပူဇော်ကြ၏။
18
ကျန်ရှိနေသော မနာရှေမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူ၏ဘုရားသခင်ထံ သူဆုတောင်းခဲ့ပုံများ၊ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အားဖြင့် သူ့အားမြွက်ဆိုခဲ့သောဗျာဒိတ်ရသူတို့၏စကားများ စသည်တို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်ကျမ်းတွင် ရေးမှတ်ထား၏။
19
သူ၏ဆုတောင်းချက်၊ သူ့ကိုဘုရားသခင်နားညောင်းတော်မူခြင်း၊ မိမိကိုယ်ကို မနှိမ့်ချမီ သူသစ္စာမဲ့၍ပြုမိခဲ့သောအပြစ်အားလုံး၊ အထွတ်အမြတ်ထားရာနေရာများတည်ခြင်း၊ အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုများစိုက်ထူခြင်း စသည်တို့ကို ဟောဇဲ၏မှတ်တမ်းတွင် ရေးမှတ်ထားလျက်ရှိ၏။
20
မနာရှေမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို သူ့နန်းတော်တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာမုန်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
21
အာမုန်နန်းတက်သောအခါ သက်တော်နှစ်ဆယ့်နှစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်နှစ်စိုးစံ၏။
22
အာမုန်မင်းကြီးသည် ခမည်းတော်မနာရှေမင်းကြီးပြုခဲ့သည့်အတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အကြောင်းမူကား အာမုန်မင်းကြီးသည် ခမည်းတော်မနာရှေမင်းကြီး ပြုလုပ်ထားခဲ့သောရုပ်တုအားလုံးတို့ကို ယဇ်ပူဇော်၍ ကိုးကွယ်၏။
23
ခမည်းတော်မနာရှေမင်းကြီးသည် မိမိကိုယ်ကိုနှိမ့်ချခဲ့သော်လည်း အာမုန်မင်းကြီးမူကား ထာဝရဘုရားရှေ့တော်တွင် မိမိကိုယ်ကိုမနှိမ့်ချခဲ့သည်သာမက ပို၍ပင်အပြစ်ပြုသေး၏။
24
အာမုန်မင်းကြီး၏အမှုထမ်းတို့သည်လည်း လျှို့ဝှက်ကြံစည်ကြပြီး သူ့ကို နန်းတွင်း၌ပင် ကွပ်မျက်ကြလေ၏။
25
ထိုအခါ ပြည်သူပြည်သားတို့သည် အာမုန်မင်းကြီးအား လုပ်ကြံခဲ့သူအားလုံးကို ပြန်သတ်ပြီး ထိုပြည်သူပြည်သားတို့ကပင် မင်းကြီး၏သားတော်ယောရှိအား ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေ၏။
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 34 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36