bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Chronicles 35
2 Chronicles 35
Burmese MSBU
← Chapter 34
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 36 →
1
ယောရှိမင်းကြီးသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ဂျေရုဆလင်မြို့တွင် ကျင်းပ၏။ ပထမလ၊ တစ်ဆယ့်လေးရက်တွင် ပသခါသိုးသငယ်ကို သတ်ကြ၏။
2
ယဇ်ပုရောဟိတ်များကိုလည်း တာဝန်ကိုယ်စီခွဲခန့်ထား၍ ထာဝရဘုရား၏အိမ်တော်အမှုကိုထမ်းရွက်ကြရန် တိုက်တွန်းအားပေး၏။
3
အစ္စရေးတစ်မျိုးနွယ်လုံးကို သွန်သင်သောသူများဖြစ်၍ ထာဝရဘုရားအဖို့ သန့်ရှင်းသူများဖြစ်သောလေဝိအမျိုးသားတို့ကိုလည်း “သန့်ရှင်းသောသေတ္တာတော်ကို ဒါဝိဒ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးတည်ဆောက်ခဲ့သော အိမ်တော်တွင် ထားကြလော့။ သင်တို့ပခုံးဖြင့် ထမ်းသွားစရာမလိုတော့ပေ။ ယခုမှာ သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် သူ၏လူမျိုးတော်အစ္စရေးတို့အဖို့ အမှုတော်ကိုထမ်းကြပါလော့။
4
အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီးနှင့် သားတော်ရှောလမုန်မင်းကြီးတို့ ရေးမှတ်ထားခဲ့သည့်အတိုင်း သင်တို့ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အလှည့်ကျအသင့်ရှိစေကြလော့။
5
ဘိုးဘေးအိမ်ထောင်စုအလိုက် အုပ်စုခွဲထားသောညီအစ်ကိုချင်းပြည်သူပြည်သားများနှင့် ဘိုးဘေးအိမ်ထောင်စုအလိုက် အဖွဲ့ခွဲထားသောလေဝိအမျိုးသားတို့၊ သန့်ရှင်းရာဌာနတွင် နေရာယူကြလော့။
6
ပသခါသိုးသငယ်ကိုသတ်၍ မိမိတို့ကိုယ်ကိုသန့်ရှင်းခြင်းဝတ်ပြုကြလော့။ မောရှေမှတစ်ဆင့်ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ကိုယ့်ညီအစ်ကိုချင်းတို့လိုက်နာဆောင်ရွက်နိုင်ရန် သူတို့အဖို့ ပြင်ဆင်ပေးကြလော့”ဟု မှာကြား၏။
7
ယောရှိမင်းကြီးသည် ထိုနေရာတွင်ရှိနေသော ပြည်သူပြည်သားတို့အဖို့ ပသခါယဇ်အဖြစ် သိုးသငယ်၊ ဆိတ်သငယ်စုစုပေါင်းအကောင်ရေသုံးသောင်း၊ နွားအကောင်ရေသုံးထောင်တို့ကို ရှင်ဘုရင်ပိုင်ဆိုင်ရာထဲမှ လှူဒါန်းပေးလေ၏။
8
ဘုရင့်မှူးမတ်တို့လည်း ပြည်သူပြည်သားများ၊ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့အား စေတနာအလျောက်ပေးလှူကြ၏။ ဘုရားသခင်၏အိမ်တော်အုပ်များဖြစ်ကြသော ဟိလခိ၊ ဇာခရိနှင့် ယေဟေလတို့လည်း ယဇ်ပုရောဟိတ်တို့အဖို့ ပသခါယဇ်အဖြစ် သိုးသငယ်၊ ဆိတ်သငယ်အကောင်ရေနှစ်ထောင့်ခြောက်ရာနှင့် နွားအကောင်ရေသုံးရာတို့ကို ပေးလှူကြ၏။
9
လေဝိအကြီးအကဲများဖြစ်ကြသော ကောနနိ၊ ရှေမာယ၊ နာသနေလတို့ညီအစ်ကိုများနှင့် ဟာရှဘိ၊ ယေယေလ၊ ယောဇဗဒ်တို့လည်း လေဝိအမျိုးတို့အဖို့ ပသခါယဇ်အဖြစ် သိုးသငယ်၊ ဆိတ်သငယ်အကောင်ရေငါးထောင်နှင့် နွားအကောင်ရေငါးရာတို့ကို ပေးလှူကြ၏။
10
ဤသို့ဖြင့် ရှင်ဘုရင်၏အမိန့်တော်အတိုင်း ပွဲတော်ကိုပြင်ဆင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် ကိုယ်စီနေရာယူကြ၏။ လေဝိအမျိုးတို့သည်လည်း အဖွဲ့လိုက်နေရာယူကြ၏။
11
ထို့နောက် သူတို့သည် ပသခါသိုးသငယ်ကိုသတ်ပြီး သိုးသငယ်အရေခွံကို လေဝိအမျိုးတို့ဆုတ်နေချိန်တွင် ယဇ်ပုရောဟိတ်တို့သည် သိုးသငယ်သွေးကို ယူ၍ဖျန်းကြ၏။
12
ထို့နောက် မောရှေကျမ်းတွင်ရေးသားထားသည့်အတိုင်း ထာဝရဘုရားထံယဇ်ပူဇော်ရန် ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အုပ်စုခွဲထားသောပြည်သူပြည်သားတို့အား မီးရှို့ရာယဇ်ကို ခွဲဝေပေးကြ၏။ နွားများကိုလည်း ထိုနည်းတူပြုကြ၏။
13
ထို့နောက် စီရင်ထုံးဖွဲ့ချက်အတိုင်း ပသခါယဇ်ကောင်ကို မီးကင်၍ သန့်ရှင်းသောယဇ်များကိုလည်း အိုးများ၊ ဒယ်စောက်များ၊ ဒယ်အိုးများတွင် ပြုတ်ပြီးလျှင် ပြည်သူပြည်သားတို့အား အလျင်အမြန်ဝေပေး၏။
14
ထို့နောက်မှ မိမိတို့အဖို့နှင့် ယဇ်ပုရောဟိတ်တို့အဖို့ ပြင်ဆင်ကြ၏။ အာရုန်သားမြေးယဇ်ပုရောဟိတ်တို့သည် မီးရှို့ရာယဇ်နှင့် အဆီတို့ကို ညရောက်သည်အထိ ပူဇော်ရသဖြင့် လေဝိအမျိုးတို့သည် မိမိတို့အဖို့နှင့် အာရုန်သားမြေးယဇ်ပုရောဟိတ်တို့အဖို့ ပြင်ဆင်ပေးရ၏။
15
အာသပ်သားမြေးသီချင်းသည်တို့သည် ဒါဝိဒ်မင်းကြီးနှင့် အာသပ်၊ ဟေမန်၊ ရှင်ဘုရင်၏ဗျာဒိတ်ဆရာယေဒုသုန်တို့ စီစဉ်ညွှန်ကြားထားခဲ့သည့်အတိုင်း ကိုယ့်နေရာတွင် ရပ်နေကြ၏။ တံခါးစောင့်တို့သည်လည်း မိမိတို့ တံခါးတိုင်တွင် ရပ်နေကြရ၏။ သူတို့၏ညီအစ်ကိုချင်းဖြစ်သောလေဝိအမျိုးတို့သည် သူတို့အဖို့ကိုလည်း ပြင်ဆင်ပေးသောကြောင့် မိမိတို့တာဝန်ကျသောနေရာမှ ထွက်သွားစရာမလိုပေ။
16
ဤသို့ဖြင့် ယောရှိမင်းကြီး၏အမိန့်တော်အတိုင်း ပသခါပွဲတော်ကြီးကို ကျင်းပရန်နှင့် ထာဝရဘုရား၏ယဇ်ပလ္လင်တော်အပေါ်၌ မီးရှို့ရာယဇ်ကိုပူဇော်ရန်အတွက် ထာဝရဘုရားနှင့်ဆိုင်သောဝတ်အလုံးစုံတို့ကို ထိုနေ့တွင် အဆင်သင့်ပြင်ဆင်ကြ၏။
17
ထိုအချိန်၌ ပသခါပွဲတော်သို့ ရောက်လာသောအစ္စရေးအမျိုးသားတို့သည် တဆေးမဲ့မုန့်ပွဲတော်ကို ခုနစ်ရက်တိုင်တိုင်ကျင်းပကြ၏။
18
ပရောဖက်ရှမွေလလက်ထက်မှစ၍ အစ္စရေးပြည်တွင် ဤကဲ့သို့သောပသခါပွဲမျိုး တစ်ခါမျှမကျင်းပဖူးချေ။ ယောရှိမင်းကြီးနှင့်အတူ ယဇ်ပုရောဟိတ်များ၊ လေဝိလူမျိုးများနှင့် အစ္စရေးလူမျိုးအပါအဝင် ယုဒလူမျိုးအားလုံးမှစ၍ ဂျေရုဆလင်မြို့သားတို့ စုပေါင်း၍ပြုလုပ်သောပသခါပွဲမျိုး အစ္စရေးဘုရင်အပေါင်းတို့လက်ထက်တွင် တစ်ခါမျှမကျင်းပခဲ့ဖူးချေ။
19
ယောရှိမင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်တွင်မှ ဤကဲ့သို့သောပသခါပွဲကို ကျင်းပခဲ့ကြခြင်းဖြစ်၏။
20
ဤသို့ ယောရှိမင်းကြီး အိမ်တော်ကိုပြင်ဆင်ပြီးသည့်နောက်တွင် အီဂျစ်ဘုရင်နေခေါမင်းကြီးသည် ယူဖရေးတီးမြစ်နားရှိ ကာခေမိတ်မြို့ကို ချီတက်တိုက်ခိုက်ရာ ယောရှိမင်းကြီးသည် သူနှင့်ရင်ဆိုင်ရန် စစ်ချီထွက်ခဲ့၏။
21
သို့သော် နေခေါမင်းကြီးက ယောရှိမင်းကြီးထံ တမန်ကိုလွှတ်၍ “အို ယုဒဘုရင်၊ သင်နှင့် အကျွန်ုပ် မည်သို့ဆိုင်သနည်း။ ယခု သင်နှင့်စစ်တိုက်ရန် အကျွန်ုပ်ချီလာသည်မဟုတ်။ အကျွန်ုပ်နှင့်စစ်ဖြစ်နေသောလူမျိုးကိုသာတိုက်ရန် ချီလာ၏။ ဘုရားသခင်သည် အကျွန်ုပ်အား စစ်အမြန်တိုက်စေပြီဖြစ်၍ အကျွန်ုပ်နှင့်အတူရှိသောဘုရားသခင်ကို ဆန့်ကျင်၍ဆီးတားမနေပါနှင့်။ သို့မဟုတ်လျှင် သင့်ကိုဖျက်ဆီးတော်မူမည်”ဟု မှာကြားလိုက်၏။
22
သို့သော် ယောရှိမင်းကြီးသည် နောက်ပြန်မလှည့်ဘဲ နေခေါမင်းကြီးကို ရင်ဆိုင်တိုက်ခိုက်၏။ နေခေါမင်းကြီးအား ဘုရားသခင်မိန့်တော်မူသောစကားကို နားမထောင်ဘဲ ရုပ်ဖျက်ကာ မေဂိဒ္ဒေါလွင်ပြင်သို့ ချီတက်၍ စစ်ပွဲသို့ဝင်၏။
23
လေးသည်တော်တို့ပစ်လိုက်သောမြားသည် ယောရှိမင်းကြီးအား ထိမှန်သောအခါ မင်းကြီးက ရဲမက်တို့အား “ငါ့ကို ခေါ်ထုတ်သွားပါ။ ငါဒဏ်ရာအပြင်းအထန်ရပြီ”ဟု မိန့်ဆို၏။
24
ထို့ကြောင့် ရဲမက်တို့သည် သူ့ကို စစ်ရထားပေါ်မှချ၍ အခြားစစ်ရထားတစ်ခုပေါ်သို့တင်ကာ ဂျေရုဆလင်မြို့သို့ ပြန်ခေါ်ဆောင်လာ၏။ မင်းကြီးအနိစ္စရောက်၍ ဘိုးဘေးတို့၏သင်္ချိုင်းတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည် ယောရှိမင်းကြီးအတွက် ငိုကြွေးမြည်တမ်းကြလေ၏။
25
ယေရမိသည် ယောရှိမင်းကြီးအတွက် ငိုချင်းကို ဖွဲ့ခဲ့၏။ သီချင်းသည်ယောက်ျားမိန်းမအပေါင်းတို့သည်လည်း ယောရှိမင်းကြီးအတွက် ငိုချင်းများကို ယနေ့တိုင် သီဆိုနေကြ၏။ ထိုငိုချင်းတို့ကို အစ္စရေးပြည်၏ဓလေ့ထုံးတမ်းတစ်ခုအဖြစ်ထားရှိပြီး မြည်တမ်းစာ၌ရေးမှတ်ထားကြ၏။
26
ကျန်ရှိနေသောယောရှိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ထာဝရဘုရား၏ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း မေတ္တာဖြင့်လုပ်ဆောင်ခဲ့ပုံ၊
27
သူ၏လုပ်ဆောင်မှုအစအဆုံးတို့ကို အစ္စရေးနှင့် ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းများတွင် ရေးမှတ်ထား၏။
← Chapter 34
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 36 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36