bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Chronicles 32
2 Chronicles 32
Burmese MSBU
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 33 →
1
ဤသို့ ဟေဇကိမင်းကြီးသည် ဤအမှုတို့ကို သစ္စာရှိစွာဆောင်ရွက်ပြီးသည့်နောက်တွင် အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးသည် စစ်ချီလာ၏။ ထိုမင်းသည် ယုဒပြည်ထဲသို့ ဝင်ရောက်၍ ခံတပ်မြို့များကို ဝိုင်းထားပြီး ထိုးဖောက်တိုက်ခိုက်ရန် အကြံရှိ၏။
2
ထိုသို့ သနာခရိပ်မင်းကြီးသည် ဂျေရုဆလင်မြို့ကိုတိုက်ခိုက်ရန် ချီလာနေကြောင်းကို ဟေဇကိမင်းကြီး သိမြင်လျှင်
3
မြို့ပြင်ရှိစမ်းရေတွင်းများကို ပိတ်ပစ်ရန် မိမိ၏မှူးမတ်များ၊ စစ်သူရဲများနှင့်တိုင်ပင်ရာ သူတို့သည်လည်း ဟေဇကိမင်းကြီးကို ကူညီကြ၏။
4
လူအုပ်ကြီးသည်လည်း စုရုံးလာကြပြီး “အဆီးရီးယားဘုရင် ချီလာလျှင် အဘယ်ကြောင့် ရေအလုံအလောက်ရစေရမည်နည်း”ဟု ဆိုလျက် စမ်းရေတွင်းရှိသမျှနှင့် ပြည်ထဲတွင်စီးဆင်းနေသောစမ်းချောင်းများကို ပိတ်ဆို့ကြလေ၏။
5
ထို့နောက် ဟေဇကိမင်းကြီးသည် မိမိကိုယ်ကို အားမာန်သွင်းလျက် ကျိုးပျက်နေသောမြို့ရိုးအားလုံးကို ပြန်လည်ပြုပြင်၏။ ရဲတိုက်များကိုလည်း တည်ဆောက်၏။ မြို့ရိုးအပြင်ဘက်တွင် မြို့ရိုးတစ်ခုကိုထပ်မံတည်ဆောက်၏။ ဒါဝိဒ်မြို့ရှိ မိလ္လော ကိုလည်း ခိုင်ခံ့အောင်ပြုလုပ်၏။ လက်နက်နှင့်ဒိုင်းလွှားအမြောက်အမြားကိုလည်း ပြုလုပ်၏။
6
ထို့နောက် လူတို့ကိုအုပ်ချုပ်မည့်စစ်သူကြီးများကို ခန့်ထားပြီး မြို့တံခါးနားရှိကွင်းပြင်တွင် စုဝေးစေလျက်
7
“အားယူ၍ရဲရင့်ကြလော့။ အဆီးရီးယားဘုရင်နှင့် သူ့လူအုပ်ကြီးကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ ငါတို့ဘက်၌ရှိသောသူသည် သူတို့ဘက်၌ရှိသောသူတို့ထက် ပို၍အင်အားကြီး၏။
8
သူတို့ဘက်၌ လူအင်အားရှိ၏။ ငါတို့ဘက်တွင်မူ စစ်ပွဲ၌ငါတို့ကိုကူညီတိုက်ခိုက်ပေးမည့် ငါတို့၏ဘုရားသခင်ထာဝရဘုရား ရှိ၏”ဟု အားပေးစကားပြော၏။ ယုဒဘုရင်ဟေဇကိမင်းကြီး၏စကားကြောင့် လူတို့ အားမာန်ပြည့်လာကြ၏။
9
ထို့နောက်တွင် အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးသည် မိမိဗိုလ်ခြေအပေါင်းတို့နှင့်အတူ လာခိရှမြို့ကိုဝိုင်းထားပြီး မိမိအမှုထမ်းများကို ဂျေရုဆလင်မြို့သို့စေလွှတ်၍ ယုဒဘုရင်ဟေဇကိမင်းကြီးနှင့် ဂျေရုဆလင်မြို့ရှိယုဒလူမျိုးအပေါင်းတို့အား
10
“အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးက ‘သင်တို့သည် ဝိုင်းထားခံရသောဂျေရုဆလင်မြို့တွင် မည်သူ့ကို ကိုးစား၍နေနေကြသနည်း။
11
ဟေဇကိမင်းကြီးက ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို အဆီးရီးယားဘုရင်လက်မှ ကယ်နုတ်လိမ့်မည်ဟု ဆိုလျက် အစာရေစာပြတ်လပ်၍ သေစေရန် သင်တို့ကို လှည့်စားပြီမဟုတ်လော။
12
အထွတ်အမြတ်ထားရာနေရာများ၊ ယဇ်ပလ္လင်များကို ဖယ်ရှားပစ်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အား ယဇ်ပလ္လင်တစ်ခုတည်းတွင်သာ ယဇ်ပူဇော်ရမည်၊ ထိုယဇ်ပလ္လင်ရှေ့တွင်သာ ဝတ်ပြုရမည်ဟု ပြောခဲ့သည်မှာ ထိုဟေဇကိမင်းကြီးပင် မဟုတ်လော။
13
ငါနှင့် ငါ့ဘိုးဘေးတို့သည် မြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့အား မည်သို့ပြုခဲ့သည်ကို သင်တို့မသိကြသလော။ မြေကြီးပေါ်ရှိလူမျိုးတို့၏ဘုရားများသည် သူတို့၏ပြည်များကို ငါ့လက်မှ အမှန်တကယ်ကယ်နုတ်နိုင်သလော။
14
ငါ့ဘိုးဘေးတို့ အကုန်အစင်ဖျက်ဆီးပစ်ခဲ့သောဤလူမျိုးတို့၏ဘုရားအပေါင်းတို့တွင် မည်သည့်ဘုရားက မိမိလူမျိုးကို ငါ့လက်မှ ကယ်နုတ်နိုင်သနည်း။ သင်တို့၏ဘုရားသခင်သည်လည်း သင်တို့ကို ငါ့လက်မှ မည်သို့ကယ်နုတ်နိုင်မည်နည်း။
15
ထို့ကြောင့် ယခု ဟေဇကိမင်းကြီးသည် သင်တို့ကို မလှည့်စားစေနှင့်။ ထိုသို့ မသွေးဆောင်စေနှင့်။ သူ့ကို မယုံကြနှင့်။ အကြောင်းမူကား မည်သည့်လူမျိုး၊ မည်သည့်တိုင်းနိုင်ငံ၏ဘုရားကမျှ မိမိလူမျိုးကို ငါ့လက်မှလည်းကောင်း၊ ငါ့ဘိုးဘေးတို့လက်မှလည်းကောင်း မကယ်နုတ်နိုင်။ သင်တို့၏ဘုရားတို့သည်လည်း သင်တို့ကို ငါ့လက်မှကယ်နုတ်နိုင်မည်မဟုတ်’ဟူ၍ မိန့်မှာလိုက်သည်”ဟု ပြောကြားစေ၏။
16
သူ၏အမှုထမ်းတို့သည် ဘုရားသခင်ထာဝရဘုရားနှင့် ကိုယ်တော့်အစေအပါးဟေဇကိမင်းကြီးကို ထို့ထက်မက ကဲ့ရဲ့ပြောဆိုကြသေး၏။
17
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအား ကဲ့ရဲ့စော်ကားသောစာကိုလည်း ရေးသားသေး၏။ စာထဲတွင် “မြေကြီးပေါ်ရှိလူမျိုးတို့၏ဘုရားများသည် သူတို့လူမျိုးကို ငါ့လက်မှမကယ်နုတ်နိုင်။ ထိုနည်းတူ ဟေဇကိမင်းကြီး၏ဘုရားသခင်သည်လည်း သူ့လူမျိုးတော်ကို ငါ့လက်မှကယ်နုတ်နိုင်မည်မဟုတ်”ဟု ရေးသားထား၏။
18
သူတို့သည် မြို့ကိုသိမ်းပိုက်လိုသောကြောင့် မြို့ရိုးပေါ်ရှိဂျေရုဆလင်မြို့သားတို့ ကြောက်ရွံ့ထိတ်လန့်အောင် ယုဒဘာသာစကားဖြင့် ကျယ်လောင်စွာအော်ဟစ်ပြောဆိုကြ၏။
19
သူတို့သည် ဂျေရုဆလင်မြို့၏ဘုရားသခင်ကို လူ့လက်ဖြင့်လုပ်သောအရာများဖြစ်သည့် မြေကြီးပေါ်ရှိလူမျိုးတို့၏ဘုရားများနှင့်တူသည်ဟု ကဲ့ရဲ့ပြောဆိုကြ၏။
20
ဤအမှုကြောင့် ဟေဇကိမင်းကြီးနှင့် အာမုတ်၏သားပရောဖက်ဟေရှာယတို့သည် ကောင်းကင်သို့အော်ဟစ်ဆုတောင်းကြ၏။
21
ထိုအခါ ထာဝရဘုရားသည် ကောင်းကင်တမန်ကိုစေလွှတ်၍ အဆီးရီးယားဘုရင်၏တပ်စခန်းရှိ စစ်သူရဲများ၊ တပ်မှူးများ၊ စစ်သူကြီးများ အားလုံးကို သုတ်သင်ပစ်လေ၏။ ထို့ကြောင့် အဆီးရီးယားဘုရင်သည် မိမိပြည်သို့ အရှက်ရသောမျက်နှာနှင့် ပြန်ဆုတ်သွားပြီး မိမိဘုရားဝတ်ကျောင်းသို့ဝင်သွားလျှင် သားတော်အရင်းတို့ကပင် သူ့ကို ဓားဖြင့်ကွပ်မျက်ပစ်ကြလေ၏။
22
ဤသို့ဖြင့် ထာဝရဘုရားသည် ဟေဇကိမင်းကြီးနှင့် ဂျေရုဆလင်မြို့သားတို့ကို အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးနှင့် အခြားရန်သူအပေါင်းတို့၏လက်မှ ကယ်နုတ်တော်မူ၍ ပတ်ဝန်းကျင်အရပ်ရပ်တွင် အေးချမ်းစေလေ၏။
23
ထာဝရဘုရားထံပူဇော်ရန် ဘောဇဉ်ပူဇော်သက္ကာများ၊ ယုဒဘုရင်ဟေဇကိမင်းကြီးအဖို့ အဖိုးတန်သောလက်ဆောင်ပဏ္ဏာများကို ဂျေရုဆလင်မြို့သို့ယူဆောင်လာပေးသောသူ အများအပြားရှိ၏။ ထိုအချိန်မှစ၍ ဟေဇကိမင်းကြီးသည် လူမျိုးအပေါင်းတို့ရှေ့၌ ချီးမြှောက်ခြင်းခံရ၏။
24
ထိုကာလတွင် ဟေဇကိမင်းကြီးသည် သေလုနီးပါးနာမကျန်း ဖြစ်၍ ထာဝရဘုရားထံ ဆုတောင်းသောအခါ ကိုယ်တော်သည် သူ့ကို အဖြေပေးတော်မူ၏။ အံ့ဖွယ်နိမိတ်လက္ခဏာကိုလည်း ပြပေးတော်မူ၏။
25
သို့သော် ဟေဇကိမင်းကြီးသည် ခံစားရသောကျေးဇူးတော်အတိုင်း မတုံ့ပြန်ဘဲ ဘဝင်မြင့်လာ၏။ ထို့ကြောင့် အမျက်တော်သည် သူ့အပေါ်သာမက ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ်သို့ ကျရောက်လေ၏။
26
သို့သော် ဟေဇကိမင်းကြီးနှင့် ဂျေရုဆလင်မြို့သားတို့သည် ဘဝင်မြင့်ရာမှ မိမိကိုယ်ကိုနှိမ့်ချကြသဖြင့် ဟေဇကိမင်းကြီးလက်ထက်တွင် သူတို့အပေါ် ထာဝရဘုရား၏အမျက်တော် မကျရောက်ခဲ့ပေ။
27
ဟေဇကိမင်းကြီးသည် ဓနဥစ္စာပေါများကြွယ်ဝ၍ ဘုန်းအသရေထွန်းတောက်လေ၏။ ရွှေ၊ ငွေ၊ အဖိုးတန်ကျောက်မျက်ရတနာများနှင့် အမွှေးနံ့သာများ၊ ဒိုင်းလွှားများနှင့် အဖိုးတန်အသုံးအဆောင်အမျိုးမျိုးတို့အတွက် သိုလှောင်ရုံများကို ဆောက်လုပ်၏။
28
ကောက်ပဲသီးနှံများ၊ စပျစ်ဝိုင်အသစ်များနှင့် ဆီများအတွက် သိုလှောင်ရုံများ၊ ကျွဲနွားတိရစ္ဆာန်အပေါင်းတို့အတွက် တင်းကုပ်များ၊ သိုးများအတွက် သိုးခြံများကို တည်ဆောက်၏။
29
မိမိအဖို့ မြို့များကိုလည်း တည်ဆောက်၏။ ဘုရားသခင်သည် သူ့အား အလွန်ချမ်းသာကြွယ်ဝစေသဖြင့် သူ၌ သိုးနွားတိရစ္ဆာန် အမြောက်အမြားရှိ၏။
30
ထို့ပြင် ဟေဇကိမင်းကြီးသည် ဂိဟုန်ချောင်းအထက်ရေစီးကြောင်းကို ပိတ်ပြီး ဒါဝိဒ်မြို့၏အနောက်ဘက်သို့ မြောင်းသွယ်၍စီးဆင်းစေ၏။ ဟေဇကိမင်းကြီးသည် ပြုလေသမျှတို့၌ အောင်မြင်၏။
31
သို့သော် တိုင်းပြည်တွင်ဖြစ်ပျက်ခဲ့သောအံ့ဖွယ်အမှုတို့ကို သိလို၍ ဘေဘီလုံမှူးမတ်တို့သည် သူ့ထံသို့ သံတမန်ကိုစေလွှတ်၍မေးမြန်းစေသောအခါ ဘုရားသခင်သည် ဟေဇကိမင်းကြီး၏စိတ်ထဲရှိသမျှကိုသိလို၍ သူ့ကိုစမ်းသပ်သည့်အနေဖြင့် လွှတ်ထားလိုက်လေ၏။
32
ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သောကောင်းမှုများကို ယုဒဘုရင်နှင့်အစ္စရေးဘုရင်တို့၏ရာဇဝင်ကျမ်းတွင် ပါဝင်သော အာမုတ်၏သားပရောဖက်ဟေရှာယ၏ဗျာဒိတ်နိမိတ်ကျမ်းတွင် ရေးမှတ်ထား၏။
33
ဟေဇကိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဒါဝိဒ်သားမြေးတို့၏သင်္ချိုင်းမြေရှိရာတောင်ကုန်းပေါ်တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူအနိစ္စရောက်သောအခါ ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည် သူ့ကို ဂုဏ်ပြုကြ၏။ သူ၏သားတော်မနာရှေသည် သူ့အရိုက်အရာကို ဆက်ခံ၏။
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 33 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36