bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Chronicles 25
2 Chronicles 25
Burmese MSBU
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 26 →
1
အာမဇိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်ဆယ့်ကိုးနှစ် စိုးစံ၏။ မယ်တော်ကား ဂျေရုဆလင်မြို့သူ ယုဒ္ဒန်အမည်ရှိ၏။
2
သူသည် ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မတ်စွာပြုကျင့်သော်လည်း စိတ်နှလုံးအကြွင်းမဲ့နှင့်မဟုတ်ချေ။
3
သူသည် မိမိလက်ထက် နိုင်ငံတော်တည်မြဲလာသည့်အခါ ရှင်ဘုရင်ဖြစ်သောမိမိခမည်းတော်ကို လုပ်ကြံခဲ့သော မင်းမှုထမ်းတို့အား ကွပ်မျက်ပစ်လိုက်လေ၏။
4
သို့သော် သူသည် “သားသမီးကြောင့် ဖခင်ကို မသတ်ရ။ ဖခင်ကြောင့် သားသမီးကို မသတ်ရ။ လူတိုင်း ကိုယ့်အပြစ်နှင့်ကိုယ်သာ အသတ်ခံရမည်”ဟု မောရှေပညတ္တိကျမ်းတွင်ရေးသားထားသော ထာဝရဘုရား၏ပညတ်ချက်အတိုင်း ခမည်းတော်အားလုပ်ကြံသောသူတို့၏သားသမီးများကိုမူ မကွပ်မျက်ခဲ့ပေ။
5
အာမဇိမင်းကြီးသည် ယုဒလူမျိုးတို့ကို စုဝေးစေပြီး ယုဒလူမျိုးနှင့်ဗင်္ယာမိန်လူမျိုးအပေါင်းတို့တွင် ထောင်တပ်မှူး၊ ရာတပ်မှူးတို့ကို ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် နေရာချထား၏။ ထို့ပြင် အသက်နှစ်ဆယ်နှင့်အထက်ရှိသူတို့ကို စာရင်းကောက်ရာတွင် လှံနှင့်ဒိုင်းလွှားတို့ကို ကိုင်ဆောင်ပြီး စစ်မှုထမ်းနိုင်သူ လက်ရွေးစင်စစ်သည် သုံးသိန်းရှိ၏။
6
ထို့ပြင် အစ္စရေးလူမျိုးထံမှ စစ်သူရဲတစ်သိန်းကိုလည်း ငွေတာလန်တစ်ရာ ဖြင့် ငှားသေး၏။
7
သို့သော် ဘုရားသခင်၏လူတစ်ယောက်က ရှင်ဘုရင်ထံရောက်လာ၍ “အရှင်မင်းကြီး၊ ထာဝရဘုရားသည် အစ္စရေးလူမျိုးနှင့်အတူရှိတော်မမူ။ ဧဖရိမ်အမျိုးသားတစ်ယောက်နှင့်မျှ အတူရှိတော်မမူ။ ထို့ကြောင့် အစ္စရေးစစ်တပ်ကို မင်းကြီးနှင့်အတူ မချီတက်စေပါနှင့်။
8
မင်းကြီးသွားလိုလျှင် သွားလော့။ စစ်ပွဲအတွက်ကိုယ်ကိုခိုင်ခံ့အောင်လုပ်သော်လည်း ဘုရားသခင်သည် မင်းကြီးကို ရန်သူတို့ရှေ့မှာ ရှုံးနိမ့်စေလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် ကူညီနိုင်စွမ်း၊ ရှုံးနိမ့်စေနိုင်စွမ်းရှိ၏”ဟု ဆိုလေ၏။
9
အာမဇိမင်းကြီးကလည်း ဘုရားသခင်၏လူအား “အစ္စရေးစစ်တပ်အား ငါပေးလိုက်သော ငွေတာလန်တစ်ရာကို မည်သို့ပြုရမည်နည်း”ဟု ပြန်မေးလျှင် ဘုရားသခင်၏လူက “ထာဝရဘုရားသည် ထိုမျှမကများစွာသောငွေကို မင်းကြီးအား ပေးနိုင်၏”ဟု ပြန်ပြော၏။
10
ထို့ကြောင့် အာမဇိမင်းကြီးသည် သူ့ထံသို့ရောက်လာသော ဧဖရိမ်ပြည်မှစစ်သူရဲများကို သူတို့အိမ်သို့ပြန်သွားရန် လွှတ်လိုက်၏။ သူတို့သည် ယုဒလူမျိုးတို့ကို အမျက်ထွက်၍ ဒေါသတကြီးနှင့် မိမိတို့အိမ်သို့ပြန်သွားကြ၏။
11
ထို့နောက် အာမဇိမင်းကြီးသည် ရဲရင့်စွာဖြင့် မိမိစစ်သည်တို့ကိုဦးဆောင်လျက် ဆားချိုင့်ဝှမ်းသို့ချီတက်ကာ စိရပြည်သားတစ်သောင်းကို ကွပ်မျက်နိုင်ခဲ့၏။
12
ယုဒအမျိုးသားတို့သည် လူတစ်သောင်းကို အရှင်ဖမ်းမိရာ သူတို့ကို ကျောက်ဆောင်ထိပ်သို့ခေါ်သွားပြီး တွန်းချလိုက်သဖြင့် သူတို့အားလုံး သေကျေပျက်စီးကြကုန်၏။
13
စစ်ကူတိုက်ခွင့်မပေးဘဲ အာမဇိမင်းကြီး ပြန်လွှတ်လိုက်သောစစ်သူရဲတို့သည် ရှမာရိမြို့မှ ဗေသောရုန်မြို့တိုင်အောင် ယုဒမြို့ရွာများကို ဝင်ရောက်တိုက်ခိုက်ပြီး လူသုံးထောင်ကိုသတ်ကာ တိုက်ရာပါပစ္စည်းများစွာကိုလည်း သိမ်းယူသွားကြ၏။
14
အာမဇိမင်းကြီးသည် ဧဒုံလူမျိုးတို့ကို ချေမှုန်းရာမှပြန်လာပြီးနောက် စိရပြည်သားတို့၏ဘုရားများကို ယူလာပြီး မိမိအဖို့ဘုရားအဖြစ် တည်ထား၏။ ထိုဘုရားများကို ကိုးကွယ်ပြီး နံ့သာပေါင်းကိုမီးရှို့ပူဇော်၏။
15
ထို့ကြောင့် ထာဝရဘုရားသည် အာမဇိမင်းကြီးကို အမျက်ထွက်တော်မူ၍ သူ့ထံပရောဖက်တစ်ပါးကို စေလွှတ်ကာ “မင်းကြီး၏လက်မှ မိမိလူတို့ကိုမကယ်တင်နိုင်သောလူမျိုးခြားတို့၏ဘုရားများကို အဘယ်ကြောင့် ဆည်းကပ်သနည်း”ဟု ဆို၏။
16
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
17
ထို့နောက် ယုဒဘုရင် အာမဇိမင်းကြီးသည် စည်းဝေးတိုင်ပင်ပြီးမှ ယေဟုမင်းကြီး၏မြေးတော်၊ ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယောရှ မင်းကြီးထံသို့ တမန်ကိုစေလွှတ်၍ “လာပါ။ ငါတို့ ရင်ဆိုင်တိုက်ခိုက်ကြစို့”ဟု ပြောကြားစေ၏။
18
သို့သော် အစ္စရေးဘုရင်ယောရှ မင်းကြီးသည် ယုဒဘုရင်အာမဇိမင်းကြီးအား “လက်ဘနွန်တောရှိဆူးပင်က ထိုလက်ဘနွန်တောရှိသစ်ကတိုးပင်ထံ လူလွှတ်၍ ‘သင့်သမီးကို ငါ့သားနှင့် စုံဖက်စေပါ’ဟု မှာလိုက်၏။ သို့သော် လက်ဘနွန်တောရိုင်းတိရစ္ဆာန်တစ်ကောင် ဖြတ်လာပြီး ဆူးပင်ကို နင်းချေသွား၏။
19
သင်သည် ဧဒုံပြည်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ဘဝင်မြင့်လှ၏။ ကိုယ့်နန်းတော်၌သာ ကိုယ်စံမြန်းပါလော့။ အဘယ်ကြောင့် ပြဿနာရှာပြီး ယုဒပြည်ကို သင်နှင့်အတူ ကျရှုံးစေလိုသနည်း”ဟု ပြန်လည်ပြောကြားလိုက်၏။
20
သို့သော် အာမဇိမင်းကြီးသည် နားမထောင်ပေ။ သူသည် ဧဒုံဘုရားများကို ကိုးကွယ်သောကြောင့် ဘုရားသခင်သည် သူ့ကိုရန်သူလက်သို့အပ်ရန် စီရင်တော်မူပြီ။
21
ထို့ကြောင့် အစ္စရေးဘုရင်ယောရှ မင်းကြီးသည် စစ်ချီလာ၍ ယုဒဘုရင်အာမဇိမင်းကြီးနှင့် ယုဒပြည်၊ ဗက်ရှေမက်မြို့တွင် ရင်ဆိုင်တိုက်ခိုက်လေ၏။
22
ယုဒလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ရှုံးနိမ့်သဖြင့် ကိုယ့်တဲများသို့ အသီးသီးပြန်ပြေးကြကုန်၏။
23
ထိုအခါ အစ္စရေးဘုရင်ယောရှမင်းကြီးသည် ယောခတ်မင်းကြီး၏မြေး၊ ယောရှ မင်းကြီး၏သား ယုဒဘုရင်အာမဇိမင်းကြီးကို ဗက်ရှေမက်မြို့တွင် ဖမ်းမိပြီး ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာ၏။ ထို့နောက် ဂျေရုဆလင်မြို့ရိုးကို ဧဖရိမ်တံခါးမှထောင့်တံခါးတိုင်အောင် အတောင်လေးရာ ဖြိုချပစ်ပြီး
24
ဘုရားသခင်၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်၌ တွေ့သမျှသော ရွှေငွေအားလုံး၊ အသုံးအဆောင်အားလုံးကိုသိမ်းယူ၍ ဩဗဒေဒုံနှင့်ဓားစာခံများကိုလည်း ဖမ်းဆီးပြီး ရှမာရိမြို့သို့ ပြန်သွားလေ၏။
25
ယောရှမင်းကြီး၏သားတော် ယုဒဘုရင်အာမဇိမင်းကြီးသည် ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယောရှ မင်းကြီး အနိစ္စရောက်ပြီးနောက် တစ်ဆယ့်ငါးနှစ်အသက်ရှင်သေး၏။
26
ကျန်ရှိနေသော အာမဇိမင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ယုဒဘုရင်များ၊ အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
27
အာမဇိမင်းကြီးသည် ထာဝရဘုရားကိုကျောခိုင်းသွားပြီးနောက် ဂျေရုဆလင်မြို့တွင် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသဖြင့် သူသည် လာခိရှမြို့သို့ ထွက်ပြေးသွား၏။ သို့သော် လာခိရှမြို့အထိ လူကိုစေလွှတ်၍ ထိုအရပ်၌ သူ့ကို ကွပ်မျက်ကြ၏။
28
သူ့အလောင်းကို မြင်းဖြင့် ပြန်သယ်လာပြီး ယုဒမြို့တွင် ဘိုးဘေးတို့နှင့်အတူသင်္ဂြိုဟ်ကြ၏။
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 26 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36