bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Chronicles 29
2 Chronicles 29
Burmese MSBU
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 30 →
1
ဟေဇကိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်ဆယ့်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား ဇာခရိ၏သမီး အဘိယ အမည်ရှိ၏။
2
ဟေဇကိမင်းကြီးသည် မိမိဘိုးဘေးဒါဝိဒ်မင်းကြီးပြုကျင့်ခဲ့သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
3
သူသည် နန်းတက်စ ပထမနှစ်၊ ပထမလတွင်ပင် ထာဝရဘုရား၏အိမ်တော်တံခါးတို့ကို ပြန်လည်ဖွင့်၍ ပြုပြင်၏။
4
ထို့နောက် ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများကို ခေါ်ယူ၍ အရှေ့ဘက်ရင်ပြင်တွင် စုဝေးစေပြီး
5
သူတို့အား “လေဝိအမျိုးတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ ယခုမှာ သင်တို့ကိုယ်ကို သန့်ရှင်းခြင်းဝတ်ပြုကြလော့။ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကိုလည်း သန့်ရှင်းစေကြလော့။ ညစ်ညူးသောအရာတို့ကို သန့်ရှင်းရာဌာနတော်မှ ဖယ်ရှားပစ်ကြလော့။
6
ငါတို့၏ဘိုးဘေးတို့သည် သစ္စာမဲ့၍ ငါတို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြုကြပြီ။ ကိုယ်တော်ကို စွန့်ပယ်၍ ထာဝရဘုရားကိန်းဝပ်တော်မူရာအရပ်ကို မျက်နှာလွှဲပြီး ကိုယ်တော်ကိုကျောခိုင်းသွားကြပြီ။
7
အိမ်တော်ဆင်ဝင်တံခါးများကိုပိတ်ထားပြီး မီးခွက်များကိုလည်း ငြှိမ်းထားပြီ။ အမွှေးနံ့သာကိုလည်း မပူဇော်။ အစ္စရေးလူမျိုး၏ဘုရားသခင်အဖို့ သန့်ရှင်းရာဌာနတွင် မီးရှို့ရာယဇ်ကို မပူဇော်။
8
ထို့ကြောင့် ထာဝရဘုရားသည် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို အမျက်ထွက်ပြီး သင်တို့မြင်သည့်အတိုင်း သူတို့ကို ရွံရှာစရာ၊ ထိတ်လန့်စရာ၊ ကဲ့ရဲ့လှောင်ပြောင်စရာ ဖြစ်စေပြီ။
9
ဤသို့သောအမှုကြောင့်လည်း ငါတို့၏ဘိုးဘေးတို့သည် ဓားဖြင့်ကျရှုံးရပြီး ငါတို့၏သားသမီးများ၊ မယားများသည်လည်း သုံ့ပန်းဘဝရောက်သွားကြရပြီ။
10
ယခုမှာ ပြင်းထန်သောအမျက်တော်ကို ငါတို့ထံမှ လွှဲသွားစေရန် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့မည်ဟု ငါစိတ်ဆုံးဖြတ်ပြီ။
11
ငါ့သားတို့၊ ယခု မပေါ့ဆကြနှင့်။ ထာဝရဘုရားရှေ့တော်တွင် ရပ်၍အမှုတော်ထမ်းဆောင်ရန်နှင့် ရှေ့တော်တွင် အမှုတော်ဆောင်အဖြစ် နံ့သာပေါင်းမီးရှို့ပူဇော်ရန်အတွက် သင်တို့ကို ထာဝရဘုရား ရွေးချယ်တော်မူပြီ”ဟု မိန့်ဆို၏။
12
ထို့နောက် လေဝိအမျိုး ကောဟတ်သားမြေးမှ အာမသဲ၏သားမာဟတ်၊ အာဇရိ၏သားယောလ၊ မေရာရိသားမြေးမှ အာဗဒိ၏သားကိရှ၊ ယေဟလလေလ၏သားအာဇရိ၊ ဂေရရှုန်အမျိုးမှ ဇိမ္မ၏သားယောအာ၊ ယောအာ၏သားဧဒင်၊
13
ဧလိဇာဖန်သားမြေးတို့မှ ရှိမရိနှင့်ယေယေလ၊ အာသပ်သားမြေးမှ ဇာခရိနှင့်မတ္တနိ၊
14
ဟေမန်သားမြေးတို့မှ ယေဟေလနှင့်ရှိမိ၊ ယေဒုသုန်သားမြေးတို့မှ ရှေမာယနှင့်ဩဇေလ တို့သည်
15
ညီအစ်ကိုချင်းတို့ကိုစုဝေးစေပြီး မိမိတို့ကိုယ်ကိုသန့်ရှင်းခြင်းဝတ်ပြုစေကြ၏။ ထို့နောက် ထာဝရဘုရားမိန့်မှာထားသည်နှင့်အညီ ရှင်ဘုရင်၏အမိန့်တော်အတိုင်း သူတို့သည် သွား၍ ထာဝရဘုရား၏အိမ်တော်ကိုသန့်ရှင်းအောင်ပြုကြ၏။
16
ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏အိမ်တော်အတွင်းခန်းထဲသို့ ဝင်သွားပြီး သန့်ရှင်းအောင်ပြု၏။ ထာဝရဘုရား၏အိမ်တော်အတွင်းရှိ သူတို့တွေ့သမျှ မသန့်ရှင်းသောအရာတို့ကို ထာဝရဘုရား၏အိမ်တော်ဝင်းသို့ထုတ်သွားကြ၏။ လေဝိအမျိုးသားတို့သည် ၎င်းတို့ကို မြို့ပြင်ကေဒြုန်ချိုင့်ဝှမ်းသို့ သယ်ထုတ်သွားကြ၏။
17
ပထမလ၊ ပထမရက်တွင် သန့်ရှင်းခြင်းအမှုကို စတင်ပြုလုပ်ရာ ထိုလရှစ်ရက်မြောက်သောနေ့တွင်မှ ထာဝရဘုရားအိမ်တော်ဆင်ဝင်ထိရောက်၏။ နောက်ထပ်ရှစ်ရက်ပတ်လုံး ထာဝရဘုရား၏အိမ်တော်သန့်ရှင်းခြင်းအမှုကိုပြုပြီး ပထမလ၊ တစ်ဆယ့်ခြောက်ရက်နေ့တွင် ပြီးစီးလေ၏။
18
ထို့နောက် သူတို့သည် ဟေဇကိမင်းကြီးရှေ့သို့ အခစားဝင်၍ “အကျွန်ုပ်တို့သည် ထာဝရဘုရား၏အိမ်တော်တစ်ခုလုံး၊ မီးရှို့ရာယဇ်ပလ္လင်နှင့်၎င်း၏အသုံးအဆောင်များအားလုံး၊ ရှေ့တော်မုန့်တင်ရာစားပွဲနှင့်၎င်း၏အသုံးအဆောင်များအားလုံးတို့ကို သန့်ရှင်းစေပါပြီ။
19
အာခတ်မင်းကြီးစိုးစံစဉ်က သစ္စာမဲ့၍ဖယ်ရှားပစ်ခဲ့သောအသုံးအဆောင်အားလုံးတို့ကိုလည်း အကျွန်ုပ်တို့ ပြုပြင်၍သန့်ရှင်းစေပြီး ထာဝရဘုရား၏ယဇ်ပလ္လင်တော်ရှေ့တွင် ထားရှိပါသည်”ဟု လျှောက်တင်ကြ၏။
20
ဟေဇကိမင်းကြီးသည် မနက်စောစောထပြီး မြို့အကြီးအကဲများကို စုဝေးစေ၍ ထာဝရဘုရား၏အိမ်တော်သို့ သွား၏။
21
သူတို့သည် တိုင်းပြည်အတွက်၊ သန့်ရှင်းရာဌာနတော်အတွက်၊ ယုဒပြည်သူတို့အတွက် အပြစ်ဖြေရာယဇ်အဖြစ် နွားထီး ခုနစ်ကောင်၊ သိုးထီး ခုနစ်ကောင်၊ သိုးသငယ် ခုနစ်ကောင်၊ ဆိတ်ထီး ခုနစ်ကောင်တို့ကို ယူဆောင်လာပြီး ဟေဇကိမင်းကြီးက အာရုန်၏သားမြေးယဇ်ပုရောဟိတ်တို့အား ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်တွင်ပူဇော်ရန် မိန့်ဆို၏။
22
နွားတို့ကိုသတ်ကြပြီးနောက် ယဇ်ပုရောဟိတ်တို့သည် သွေးကိုယူ၍ ယဇ်ပလ္လင်ပေါ်တွင် ဖျန်းကြ၏။ သိုးထီးတို့ကိုလည်း သတ်ပြီးသွေးကို ယဇ်ပလ္လင်ပေါ်တွင် ဖျန်းကြ၏။ သိုးသငယ်တို့ကိုလည်း သတ်ပြီးသွေးကို ယဇ်ပလ္လင်ပေါ်တွင် ဖျန်းကြ၏။
23
ထို့နောက် အပြစ်ဖြေရာယဇ်ကောင်အဖြစ် ဆိတ်သငယ်တို့ကို ရှင်ဘုရင်နှင့်လူထုရှေ့သို့ယူလာ၍ သူတို့သည် ဆိတ်သငယ်တို့အပေါ်တွင် လက်ကိုတင်ကြ၏။
24
ထို့နောက် ယဇ်ပုရောဟိတ်တို့သည် ဆိတ်တို့ကိုသတ်ပြီး အစ္စရေးတစ်မျိုးလုံးအတွက် မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်ကို ပူဇော်ပေးရန် ရှင်ဘုရင်မိန့်မှာထားသည်ဖြစ်၍ ထိုဆိတ်တို့၏အသွေးကို အစ္စရေးတစ်မျိုးလုံးအတွက် အပြစ်ဖြေပေးသောအပြစ်ဖြေရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ကြ၏။
25
ဒါဝိဒ်မင်းကြီးနှင့်တကွ မင်းကြီး၏ဗျာဒိတ်ဆရာဂဒ်နှင့် ပရောဖက်နာသန်တို့ ညွှန်ကြားထားနှင့်သည့်အတိုင်း ဟေဇကိမင်းကြီးသည် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက် တီးမှုတ်တတ်သောလေဝိအမျိုးတို့ကို ထာဝရဘုရား၏အိမ်တော်တွင် နေရာချထား၏။ ထိုသို့ ထာဝရဘုရားသည် ပရောဖက်တို့မှတစ်ဆင့် မိန့်မှာထားတော်မူ၏။
26
လေဝိအမျိုးတို့သည် ဒါဝိဒ်မင်းကြီးစီမံခဲ့သောတူရိယာများကိုကိုင်ဆောင်ပြီး ယဇ်ပုရောဟိတ်တို့သည် တံပိုးခရာများကိုကိုင်ဆောင်လျက် ရပ်နေကြ၏။
27
ထိုအခါ ဟေဇကိမင်းကြီးသည် ယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်ပူဇော်ရန် အမိန့်ပေး၏။ ထိုသို့ မီးရှို့ရာယဇ်စတင်ပူဇော်သောအခါ တံပိုးခရာများကိုမှုတ်လျက်၊ အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီး စီမံခဲ့သောတူရိယာများဖြင့် တီးမှုတ်လျက် ထာဝရဘုရားထံ ချီးမွမ်းသီချင်းကို စတင်သီဆိုကြ၏။
28
မီးရှို့ရာယဇ်ကို ပူဇော်ပြီးသည်အထိ လူထုတစ်ရပ်လုံး ဝတ်ပြုကိုးကွယ်လျက်၊ သီချင်းသီဆိုသူက ဆိုပြီး တံပိုးခရာမှုတ်သူက မှုတ်လျက်နေကြ၏။
29
ယဇ်ပူဇော်ခြင်းအမှုပြီးစီးသောအခါ ရှင်ဘုရင်မှစ၍ သူနှင့်အတူရှိနေသောသူအပေါင်းတို့သည် ဒူးထောက်လျက်ရှိခိုးကိုးကွယ်ကြလေ၏။
30
ထို့နောက် ဟေဇကိမင်းကြီးနှင့်မှူးမတ်တို့က လေဝိအမျိုးတို့အား ဒါဝိဒ်မင်းကြီးနှင့် ဗျာဒိတ်ရသူအာသပ်တို့ရေးဖွဲ့ခဲ့သောသီချင်းဖြင့် ထာဝရဘုရားကိုချီးမွမ်းသီဆိုရန်ပြောသောအခါ သူတို့သည် ဝမ်းမြောက်စွာချီးမွမ်းလျက် ဦးညွှတ်ပျပ်ဝပ်ကြလေ၏။
31
ထိုအခါ ဟေဇကိမင်းကြီးက သူတို့အား “သင်တို့သည် ထာဝရဘုရားထံ မိမိတို့ကိုယ်ကိုဆက်ကပ်ကြပြီဖြစ်၍ ထာဝရဘုရား၏အိမ်တော်သို့ ပူဇော်သက္ကာများ၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ယူဆောင်လာကြလော့”ဟု မိန့်ဆို၏။ လူအစုအဝေးတို့သည်လည်း ပူဇော်သက္ကာများ၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ယူဆောင်လာကြ၏။ စေတနာစိတ်အလျောက်ပူဇော်သော မီးရှို့ရာယဇ်အပေါင်းတို့ကိုလည်း ယူဆောင်လာကြ၏။
32
လူအစုအဝေးတို့ ယူဆောင်လာသော မီးရှို့ရာယဇ်အရေအတွက်မှာ နွားအကောင်ခုနစ်ဆယ်၊ သိုးထီးအကောင်တစ်ရာ၊ သိုးသငယ်အကောင်နှစ်ရာ ဖြစ်၏။ ဤအရာအားလုံးသည် ထာဝရဘုရားထံပူဇော်သော မီးရှို့ရာယဇ်ဖြစ်၏။
33
သန့်ရှင်းသောပူဇော်သက္ကာများမှာ နွားအကောင်ခြောက်ရာ၊ သိုးအကောင်သုံးထောင် ဖြစ်၏။
34
သို့သော် ယဇ်ပုရောဟိတ်အင်အားနည်းသောကြောင့် မီးရှို့ရာယဇ်ကောင်အားလုံး၏အရေခွံကို မခွာနိုင်။ ထို့ကြောင့် သူတို့၏ညီအစ်ကို လေဝိအမျိုးတို့သည် အမှုအားလုံးပြီးစီးသည်အထိ၊ အခြားယဇ်ပုရောဟိတ်တို့ မိမိကိုယ်ကို သန့်ရှင်းခြင်းဝတ်ပြုပြီးသည့်အချိန်အထိ သူတို့ကို ကူညီကြ၏။ အကြောင်းမူကား လေဝိအမျိုးတို့သည် ယဇ်ပုရောဟိတ်တို့ထက်ပင် စိတ်နှလုံးဖြောင့်မှန်၍ မိမိတို့ကိုယ်ကိုသန့်ရှင်းစေသောသူများ ဖြစ်ကြ၏။
35
ဤတွင် များစွာသောမီးရှို့ရာယဇ်အပြင် အဆီဖြင့်ပူဇော်သောမိတ်သဟာယယဇ်များ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်ပူဇော်သော မီးရှို့ရာယဇ်များလည်း ပါရှိ၏။ ဤသို့ဖြင့် ထာဝရဘုရား၏အိမ်တော်အမှုကို ပြန်လည်အသက်ဝင်စေခဲ့၏။
36
ဘုရားသခင်သည် လူတို့အဖို့ ပြုပေးတော်မူသဖြင့် အချိန်အနည်းငယ်အတွင်း ထိုအမှုများဖြစ်မြောက်လာသောကြောင့် ဟေဇကိမင်းကြီးနှင့် ပြည်သူပြည်သားတို့ အလွန်ပျော်ရွှင်ဝမ်းမြောက်ကြ၏။
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 30 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36