bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Kings 17
2 Kings 17
Burmese MSBU
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 18 →
1
ယုဒဘုရင်အာခတ်မင်းကြီး နန်းစံတစ်ဆယ့်နှစ်နှစ်တွင် ဧလာမင်းကြီး၏သားတော်ဟောရှေသည် ရှမာရိမြို့တွင် အစ္စရေးလူမျိုးကို ကိုးနှစ်အုပ်စိုး၏။
2
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြုသော်လည်း သူ့အလျင်ရှိခဲ့သောအစ္စရေးဘုရင်တို့ကဲ့သို့ မပြု။
3
ဟောရှေမင်းကြီးအား အဆီးရီးယားဘုရင်ရှာလမနေဇာမင်းကြီး ချီတက်တိုက်ခိုက်ရာ ဟောရှေမင်းကြီးသည် သူ၏လက်အောက်ခံအဖြစ်ခံယူပြီး အခွန်ဆက်သရလေ၏။
4
သို့သော် ဟောရှေမင်းကြီးသည် အီဂျစ်ဘုရင်သွာမင်းကြီးထံသို့ တမန်များစေလွှတ်ဆက်သွယ်သည့်အပြင် အဆီးရီးယားဘုရင်ထံ နှစ်စဉ်ဆက်သရမည့်အခွန်ကိုလည်း မဆက်သတော့ဘဲ ပုန်ကန်ဖို့လျှို့ဝှက်ကြံစည်နေသည်ကို အဆီးရီးယားဘုရင် သိရှိလျှင် အဆီးရီးယားဘုရင်သည် သူ့ကိုဖမ်းပြီး ထောင်ထဲ၌ အကျဉ်းချထားလေ၏။
5
ထို့နောက် အဆီးရီးယားဘုရင်သည် အစ္စရေးပြည်တစ်ပြည်လုံးသို့ ဝင်ရောက်ကျူးကျော်ပြီး ရှမာရိမြို့သို့ ချီတက်သွား၍ မြို့ကိုသုံးနှစ်မျှဝိုင်းရံထား၏။
6
ဟောရှေမင်းကြီးနန်းစံကိုးနှစ်အကြာတွင် အဆီးရီးယားဘုရင်သည် ရှမာရိမြို့ကိုသိမ်းပိုက်ပြီး အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ဖမ်းခေါ်သွားကာ ဟာလာအရပ်၊ ဂေါဇန်နယ်ရှိဟာဗော်မြစ်နားနှင့်မေဒိမြို့ တို့၌နေထိုင်စေ၏။
7
ဤသို့ဖြစ်ရခြင်းမှာ အစ္စရေးလူမျိုးတို့သည် သူတို့အား အီဂျစ်ပြည်၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးလက်အောက်မှ ထုတ်ဆောင်လာခဲ့သောမိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြသောကြောင့်ဖြစ်၏။ သူတို့သည် အခြားသောဘုရားများကို ကိုးကွယ်ကြ၏။
8
အစ္စရေးအမျိုးသားတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူခဲ့သော လူမျိုးခြားတို့နှင့် အစ္စရေးဘုရင်တို့ပြုကျင့်သောဓလေ့စရိုက်များနောက်သို့ လိုက်ကြ၏။
9
အစ္စရေးအမျိုးသားတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရားကို ဆန့်ကျင်ပြီး မဟုတ်မမှန်သောအရာများကို တိတ်တဆိတ်လုပ်ဆောင်ကြ၏။ ကင်းစောင့်ရာမျှော်စင်မှစ၍ ခံတပ်မြို့အထိ မြို့ရွာရှိသမျှတို့၌ အထွတ်အမြတ်ထားရာနေရာတို့ကို သူတို့အတွက် တည်ဆောက်ကြ၏။
10
ရှိရှိသမျှကုန်းမြင့်များပေါ်တွင်ဖြစ်စေ၊ စိမ်းလန်းသောသစ်ပင်များအောက်တွင်ဖြစ်စေ ကျောက်တိုင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကို စိုက်ထူထားကြ၏။
11
သူတို့ရှေ့မှထာဝရဘုရားနှင်ထုတ်တော်မူခဲ့သောလူမျိုးခြားများကဲ့သို့ အထွတ်အမြတ်ထားရာကုန်းမြင့်ရှိသမျှတို့၌ နံ့သာပေါင်းကို မီးရှို့ပူဇော်ကြ၏။ မကောင်းသောအမှုများကိုပြုလျက် ထာဝရဘုရားကို အမျက်ထွက်စေကြ၏။
12
ထာဝရဘုရားက “ဤအမှုကို မပြုရ”ဟု တားမြစ်ထားသောရုပ်တုကိုးကွယ်ခြင်းအမှုကို သူတို့ပြုကြ၏။
13
ထို့ကြောင့် ထာဝရဘုရားက ဗျာဒိတ်ရသူပရောဖက်အပေါင်းတို့အားဖြင့် အစ္စရေးလူမျိုးနှင့်ယုဒလူမျိုးတို့အား “ဆိုးညစ်သောလမ်းတို့မှ ပြန်လှည့်လာကြလော့။ ငါ့အစေအပါးပရောဖက်တို့အားဖြင့် ဆင့်ဆိုစေသော၊ သင်တို့၏ဘိုးဘေးတို့အား ငါမိန့်မှာထားသောပညတ်တရားအလုံးစုံဖြစ်သည့် ငါ၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းကြလော့”ဟု သတိပေးတော်မူခဲ့၏။
14
သို့သော် သူတို့သည် နားမထောင်ကြ။ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုပင် မယုံကြည်သောဘိုးဘေးတို့ ခေါင်းမာ သကဲ့သို့ သူတို့လည်း ခေါင်းမာ ကြ၏။
15
ပြဋ္ဌာန်းချက်များ၊ ဘိုးဘေးတို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်များ၊ သူတို့အား ပြတော်မူသောသက်သေခံချက်များကို စွန့်ပယ်ကြ၏။ မိမိတို့ဝန်းကျင်ရှိလူမျိုးခြားတို့နောက်သို့မလိုက်ရ၊ သူတို့ကဲ့သို့မပြုရဟု ထာဝရဘုရားမိန့်တော်မူလျက်နှင့် သူတို့သည် အချည်းနှီးသောအရာများနောက်သို့လိုက်ပြီး အချည်းနှီးသောသူများဖြစ်ကြ၏။
16
သူတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသမျှသောပညတ်ချက်တို့ကို စွန့်ပစ်ပြီး နွားသငယ်ရုပ်တုနှစ်ရုပ်ကို သွန်းလုပ်ကြ၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကို စိုက်ထူကြ၏။ ကောင်းကင်တန်ဆာရှိသမျှကို ကိုးကွယ်ကြ၏။ ဗာလဘုရားကို ဝတ်ပြုကြ၏။
17
သူတို့၏သားသမီးတို့ကို မီးရှို့ပူဇော်ကြ၏။ ဂမ္ဘီရအတတ်၊ ဟူးရားအတတ်တို့ကို ဆည်းပူးကြ၏။ မကောင်းမှုပြုရန် ကိုယ့်ကိုယ်ကိုယ်ရောင်းစားခြင်းဖြင့် ထာဝရဘုရားကို အမျက်ထွက်စေကြ၏။
18
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ပြင်းစွာအမျက်ထွက်တော်မူသဖြင့် ယုဒအမျိုးအနွယ်မှလွဲ၍ ကျန်အမျိုးအနွယ်အားလုံးကို အထံတော်မှ ဖယ်ရှားတော်မူ၏။
19
ယုဒအမျိုးတို့ပင်လျှင် သူတို့ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်တို့ကို မစောင့်ထိန်းဘဲ အစ္စရေးလူမျိုးတို့၏ဓလေ့စရိုက်နောက်သို့လိုက်၍ ပြုကျင့်ကြ၏။
20
ထို့ကြောင့် ထာဝရဘုရားက အစ္စရေး၏သားစဉ်မြေးဆက်အားလုံးကို စွန့်ပစ်ပြီး ဒဏ်ခတ်တော်မူ၏။ သူတို့ကို တိုက်ခိုက်လုယက်သူတို့လက်သို့ အပ်ပြီး အထံတော်မှနှင်ထုတ်တော်မူ၏။
21
ကိုယ်တော်သည် ဒါဝိဒ်မင်းမျိုးမင်းနွယ်ထဲမှ အစ္စရေးလူမျိုးကို ခွဲထုတ်လိုက်သောအခါ အစ္စရေးလူမျိုးတို့သည် နေဗတ်၏သားယေရောဗောင်ကို မင်းမြှောက်လိုက်ကြ၏။ ယေရောဗောင်သည် အစ္စရေးလူမျိုးတို့ကို ထာဝရဘုရားထံမှ လမ်းလွဲစေပြီး ကြီးလေးသောအပြစ်ကို ကျူးလွန်စေခဲ့၏။
22
အစ္စရေးလူမျိုးတို့သည် ယေရောဗောင်မင်းပြုသမျှသောအပြစ်တို့ကိုမလွှဲမရှောင် လိုက်၍ပြုကျင့်လေ၏။
23
ထာဝရဘုရားက မိမိအစေအပါးပရောဖက်တို့မှတစ်ဆင့် မိန့်မှာခဲ့သည့်အတိုင်း အစ္စရေးလူမျိုးတို့ကို အထံတော်မှနှင်ထုတ်ခဲ့ရသည်အထိ ဖြစ်၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ကိုယ့်နေရင်းပြည်မှ အဆီးရီးယားပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ၍ ယနေ့တိုင်အောင်ထိုပြည်တွင် နေကြရ၏။
24
အဆီးရီးယားဘုရင်သည် ဘေဘီလုံမြို့၊ ကုသမြို့၊ အာဝမြို့၊ ဟာမတ်မြို့၊ သေဖရဝိမ်မြို့တို့မှ လူတို့ကို ခေါ်လာပြီး အစ္စရေးအမျိုးသားတို့နေရာ ရှမာရိမြို့ရွာများတွင် နေထိုင်စေ၏။ ဤသို့ဖြင့် ထိုသူတို့သည် ရှမာရိမြို့ကို အပိုင်စီးထားပြီး ရှမာရိမြို့ရွာတို့တွင် နေထိုင်ကြလေ၏။
25
ထိုသူတို့သည် ထိုမြို့ရွာတို့တွင်နေထိုင်ခါစ၌ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေခြင်းမရှိသောကြောင့် ထာဝရဘုရားသည် သူတို့ထံ ခြင်္သေ့ကိုစေလွှတ်၍ သူတို့ထဲမှအချို့ကို ကိုက်သတ်စေတော်မူ၏။
26
ထိုသူတို့က “အရှင်မင်းကြီး ခေါ်ထုတ်လာပြီး ရှမာရိမြို့တွင် နေထိုင်စေသောလူတို့သည် ထိုပြည်စောင့်ဘုရား၏ဓလေ့ထုံးတမ်းကို မသိကြပါ။ ထို့ကြောင့် ထိုပြည်စောင့်ဘုရားသည် သူတို့ထံ ခြင်္သေ့ကိုစေလွှတ်ပြီး သူတို့ကိုကိုက်သတ်စေပါပြီ”ဟူသောသတင်းကို အဆီးရီးယားဘုရင်အား ကြားလျှောက်ကြလျှင်
27
အဆီးရီးယားဘုရင်က “ထိုပြည်မှ သင်တို့ဖမ်းခေါ်သွားသောယဇ်ပုရောဟိတ်တစ်ပါးကိုလွှတ်၍ ထိုပြည်သို့ပြန်လာနေထိုင်စေပြီး ထိုပြည်စောင့်ဘုရား၏ဓလေ့ထုံးတမ်းကို သူတို့အား သွန်သင်ပြသစေလော့”ဟု မိန့်ဆို၏။
28
ထို့ကြောင့် ရှမာရိမြို့မှ သူတို့ဖမ်းခေါ်သွားသောယဇ်ပုရောဟိတ်တစ်ပါး ပြန်ရောက်လာကာ ဗေသလမြို့တွင် နေထိုင်ပြီး ထာဝရဘုရားအား မည်သို့ကြောက်ရွံ့ရိုသေရမည်ကို သူတို့အား သွန်သင်ပြသပေး၏။
29
သို့သော် လူမျိုးတိုင်း မိမိတို့၏ဘုရားများကို ပြုလုပ်ပြီး ရှမာရိမြို့သားတို့တည်ထားသော အထွတ်အမြတ်ထားရာကုန်းမြင့်ရှိ ဝတ်ကျောင်းတို့တွင် ထားရှိကြ၏။ လူမျိုးတိုင်း မိမိတို့နေထိုင်ရာမြို့ရွာတို့တွင် ထိုသို့ပြုကြ၏။
30
ဘေဘီလုံမြို့သားတို့က သုကုတ်ဗေနုတ်ဘုရား၊ ကုသမြို့သားတို့က နေရဂါလဘုရား၊ ဟာမတ်မြို့သားတို့က အရှိမဘုရား၊
31
အာဝမြို့သားတို့က နိဗဟာဇဘုရားနှင့် တာတက်ဘုရား စသည်တို့ကို ပြုလုပ်ကြ၏။ သေဖရဝိမ်မြို့သားတို့က မိမိတို့၏သားသမီးတို့ကို သေဖရဝိမ်ဘုရားများဖြစ်သည့် အာဒြမ္မေလက်နှင့် အာနမ္မေလက်ဘုရားတို့အား မီးရှို့ပူဇော်ကြ၏။
32
သူတို့သည် ထာဝရဘုရားကိုကြောက်ရွံ့ကြသော်လည်း အထွတ်အမြတ်ထားရာကုန်းမြင့်ရှိဝတ်ကျောင်းတို့တွင် အမှုဆောင်ဖို့ သာမန်လူတို့ကို အထွတ်အမြတ်ထားရာကုန်းမြင့်၌ ယဇ်ပုရောဟိတ်အဖြစ် ခန့်ထားပြီး သူတို့အဖို့ ယဇ်ပူဇော်စေကြ၏။
33
သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြသော်လည်း ယခင်နေခဲ့သောပြည်ရှိလူမျိုးတို့၏ဓလေ့ထုံးတမ်းကဲ့သို့ပင် သူတို့၏ဘုရားအများကိုလည်း ဝတ်ပြုကြ၏။
34
ယနေ့ထိတိုင်အောင် ဓလေ့ထုံးတမ်းဟောင်းများအတိုင်း ပြုကျင့်လျက်နေကြ၏။ ထာဝရဘုရားအား ကြောက်ရွံ့ခြင်းအလျှင်းမရှိ။ အစ္စရေးဟု အမည်ရသောယာကုပ်၏သားတို့အား ထာဝရဘုရားမိန့်မှာထားတော်မူသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ဥပဒေသများ၊ ပညတ်ချက်များ စသည်တို့ကိုလည်း မလိုက်နာကြပေ။
35
ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့ခဲ့စဉ်က သူတို့အား “အခြားသောဘုရားများကို ကြောက်ရွံ့ခြင်းမရှိရ။ ထိုဘုရားတို့ကို မကိုးကွယ်ရ၊ ဝတ်မပြုရ၊ ယဇ်မပူဇော်ရ။
36
လက်ရုံးတော်ကိုဆန့်၍ကြီးမားသောတန်ခိုးတော်နှင့် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောထာဝရဘုရားကိုသာ ကြောက်ရွံ့ရမည်၊ ကိုးကွယ်ရမည်၊ ယဇ်ပူဇော်ရမည်။
37
သင်တို့အဖို့ ရေးမှတ်ထားသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ဥပဒေသများ၊ ပညတ်ချက်များကို အစဉ်အမြဲလိုက်နာစောင့်ထိန်းရမည်။ အခြားသောဘုရားများကို မကြောက်ရွံ့ရ။
38
သင်တို့နှင့် ငါဖွဲ့ခဲ့သောပဋိညာဉ်ကို မမေ့လျော့ရ။ အခြားသောဘုရားများကို မကြောက်ရွံ့ရ။
39
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုသာလျှင် ကြောက်ရွံ့ရမည်။ သို့ပြုလျှင် ကိုယ်တော်သည် ရန်သူအပေါင်းတို့၏လက်မှ သင်တို့ကို ကယ်နုတ်တော်မူလိမ့်မည်”ဟု မိန့်တော်မူခဲ့၏။
40
သို့သော် သူတို့သည် နားမထောင်ကြဘဲ ဓလေ့ထုံးတမ်းဟောင်းများအတိုင်းသာ ပြုကျင့်ကြ၏။
41
ထို့ကြောင့် ထိုလူမျိုးတို့သည် ထာဝရဘုရားကို ကြောက်ရွံ့သော်လည်း သူတို့၏ရုပ်တုများကိုလည်း ဝတ်ပြုကြသေး၏။ သူတို့၏သားစဉ်မြေးဆက်တို့သည်လည်း ယနေ့တိုင်အောင် ဘိုးဘေးတို့ပြုကျင့်သကဲ့သို့ ပြုကျင့်ကြလေ၏။
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25