bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Kings 5
2 Kings 5
Burmese MSBU
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 6 →
1
ဆီးရီးယားဘုရင်၏ဗိုလ်ချုပ်နေမန်သည် မိမိအရှင်၏ချီးမြှောက်ခြင်း၊ မျက်နှာသာပေးခြင်းကို ခံရသောသူဖြစ်၏။ အကြောင်းမူကား ထာဝရဘုရားသည် သူ့အားဖြင့် ဆီးရီးယားပြည်ကို အောင်ပွဲရစေတော်မူ၏။ သူသည် ရဲစွမ်းသတ္တိရှိသောစစ်သူရဲဖြစ်သော်လည်း အနာကြီးရောဂါစွဲနေ၏။
2
အစ္စရေးပြည်ကို ဆီးရီးယားလူမျိုးတို့ ချီတက်တိုက်ခိုက်စဉ်က ဖမ်းဆီးခေါ်ဆောင်လာခဲ့သောမိန်းမငယ်လေးတစ်ယောက်သည် နေမန်၏ဇနီးထံ၌ အစေခံရ၏။
3
သူက မိမိသခင်မအား “အကျွန်ုပ်၏သခင်သည် ရှမာရိမြို့ရှိပရောဖက်ထံသို့သွားလျှင် မည်မျှလောက်ကောင်းလိမ့်မည်နည်း။ သူသည် သခင်၌စွဲသောအနာကြီးရောဂါကို ပျောက်ကင်းစေလိမ့်မည်”ဟု လျှောက်ဆို၏။
4
ထို့ကြောင့် နေမန်သည် မိမိအရှင်ထံသို့သွား၍ “အစ္စရေးပြည်မှခေါ်လာသောမိန်းမငယ်လေးက ဤသို့ဤနှယ်ဆိုပါသည်”ဟု လျှောက်တင်လျှင်
5
ဆီးရီးယားဘုရင်ကလည်း “ယခုပင် သွားပါ။ အစ္စရေးဘုရင်ထံ စာပါးလိုက်မည်”ဟု ဆိုသဖြင့် သူသည် ငွေတာလန်တစ်ဆယ် ၊ ရွှေရှယ်ကယ်ခြောက်ထောင် နှင့် အဝတ်ဆယ်စုံကိုယူ၍ ခရီးထွက်သွားလေ၏။
6
နေမန်သည် အစ္စရေးဘုရင်ထံ စာကိုယူသွားပေး၏။ စာထဲတွင် “ယခု ဤစာနှင့်အတူ အကျွန်ုပ်၏အမှုထမ်းနေမန်ကို သင့်ထံစေလွှတ်ပါ၏။ သူ၏အနာကြီးရောဂါပျောက်ကင်းအောင် ကုသပေးပါ”ဟု ပါရှိ၏။
7
အစ္စရေးဘုရင်သည် ထိုစာကိုဖတ်ပြီးလျှင် မိမိအဝတ်ကိုဆုတ်ဖြဲလျက် “ငါသည် အသက်ကို သေစေနိုင်၊ ရှင်စေနိုင်သောဘုရားလော။ အဘယ်ကြောင့် ဤဘုရင်သည် အနာကြီးရောဂါစွဲနေသောသူကို ငါ့ထံပို့ပြီးပျောက်အောင်ကုသစေသနည်း။ ယခု ကြည့်ပါ။ သူသည် ငါ့ကိုရန်ရှာခြင်းသာဖြစ်သည်မှာသိသာ၏”ဟု မိန့်ဆို၏။
8
ထိုသို့ အစ္စရေးဘုရင်သည် မိမိအဝတ်ကိုဆုတ်ဖြဲကြောင်း ဘုရားသခင်၏လူဧလိရှဲကြားလျှင် ရှင်ဘုရင်ထံလူလွှတ်၍ “အဘယ်ကြောင့် ကိုယ့်အဝတ်ကိုဆုတ်ဖြဲရသနည်း။ ထိုသူကို အကျွန်ုပ်ထံသို့ လွှတ်လိုက်ပါ။ အစ္စရေးပြည်တွင် ပရောဖက်ရှိကြောင်းကို သူသိရလိမ့်မည်”ဟု မှာလိုက်၏။
9
ထို့ကြောင့် နေမန်သည် မိမိမြင်းရထားကိုစီးသွား၍ ဧလိရှဲ၏အိမ်တံခါးဝတွင် ရပ်နေ၏။
10
ဧလိရှဲက သူ့ထံလူလွှတ်၍ “ဂျော်ဒန်မြစ်သို့သွားပြီး ခုနစ်ကြိမ်ရေချိုးပါ။ သို့ပြုလျှင် သင့်အသားအရေသည် ပြန်ကောင်းလာပြီး စင်ကြယ်သွားလိမ့်မည်”ဟု မှာလိုက်၏။
11
နေမန်သည် အမျက်ထွက်လျက် “သူကိုယ်တိုင်ထွက်လာပြီး မတ်တပ်ရပ်လျက် သူ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ဖြင့်ဆုတောင်းပေးလိမ့်မည်၊ အနာကိုလက်နှင့်သပ်ပေးမည်၊ ငါ့အနာကြီးရောဂါကို ပျောက်ကင်းစေမည်ဟု ငါထင်ခဲ့၏။
12
ဒမတ်စကပ်မြို့ရှိအာဗနမြစ်ရေ၊ ဖာဖာမြစ်ရေသည် အစ္စရေးပြည်ရှိရေအားလုံးတို့ထက် ပိုကောင်းသည်မဟုတ်လော။ ငါသည် ထိုမြစ်ရေတို့ကို ချိုးပြီးမစင်ကြယ်နိုင်သလော”ဟု ဆိုကာ ဒေါသတကြီးနှင့် လှည့်ပြန်သွားလေ၏။
13
ထိုအခါ သူ့ငယ်သားတို့က သူ့ထံသို့လာပြီး “အကျွန်ုပ်၏အဖ၊ ပရောဖက်က ခက်ခဲသောအရာကို လုပ်စေလျှင် လုပ်မည်မဟုတ်လော။ ယခု ‘ရေချိုးလျှင် သန့်ရှင်းသွားမည်’ဟု ဆိုသည်မှာ ပို၍ပင်လုပ်သင့်သည်မဟုတ်ပါလော”ဟု လျှောက်တင်၏။
14
ထို့ကြောင့် နေမန်သည် ဘုရားသခင်၏လူပြောသောစကားအတိုင်း ဂျော်ဒန်မြစ်သို့ဆင်းသွားပြီး ခုနစ်ကြိမ်ရေနှစ်လိုက်သောအခါ သူ့အသားအရေသည် သူငယ်အသားအရေကဲ့သို့ဖြစ်ပြီး စင်ကြယ်သွားလေ၏။
15
သူသည် နောက်လိုက်ဗိုလ်ပါအပေါင်းတို့နှင့်တကွ ဘုရားသခင်၏လူထံပြန်လာပြီး သူ့ရှေ့တွင် သွားရပ်လျက် “အစ္စရေးပြည်မှလွဲ၍ မြေတစ်ပြင်လုံးတွင် ဘုရားသခင် မရှိကြောင်းကို အကျွန်ုပ်သိပါပြီ။ ယခု အရှင့်အစေအပါး၏လက်ဆောင်ကို လက်ခံပါလော့”ဟု ဆို၏။
16
ဧလိရှဲက “ငါကိုးကွယ်သောထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်လက်ဆောင်ကို ငါလက်မခံ”ဟု ဆို၏။ လက်ဆောင်ကိုလက်ခံရန် နေမန်တိုက်တွန်းသော်လည်း သူငြင်းဆို၏။
17
ထိုအခါ နေမန်က “သို့ပြုလျှင် အရှင့်အစေအပါးအား လားနှစ်စီးတင်နိုင်သောမြေကို ပေးပါ။ အရှင့်အစေအပါးသည် ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားများထံ မီးရှို့ရာယဇ်နှင့်ပူဇော်သက္ကာကို ပူဇော်တော့မည်မဟုတ်ပါ။
18
ထာဝရဘုရား၏အစေအပါးပြုသော ဤအမှုအတွက် ခွင့်လွှတ်တော်မူပါ။ အကျွန်ုပ်၏သခင်သည် ရိမ္မုန်ဝတ်ကျောင်းသို့သွား၍ ပျပ်ဝပ်ကိုးကွယ်သောအခါ သူသည် အကျွန်ုပ်၏လက်ကိုမှီသဖြင့် အကျွန်ုပ်သည်လည်း ရိမ္မုန်ဝတ်ကျောင်း၌ ပျပ်ဝပ်ရပါ၏။ ရိမ္မုန်ဝတ်ကျောင်း၌ အကျွန်ုပ်ပျပ်ဝပ်သောအမှုအတွက် ထာဝရဘုရားသည် အရှင့်အစေအပါးကို ခွင့်လွှတ်တော်မူပါစေသော”ဟု ဆို၏။
19
ဧလိရှဲကလည်း “အေးအေးချမ်းချမ်းပြန်ပါလော့”ဟုဆိုသဖြင့် သူသည်ပြန်သွား၍ ခပ်လှမ်းလှမ်းသို့ရောက်သွားသောအခါ
20
ဘုရားသခင်၏လူဧလိရှဲ၏ငယ်သား ဂေဟာဇိက “ငါ့သခင်သည် ဤဆီးရီးယားလူမျိုးနေမန် ယူဆောင်လာသောလက်ဆောင်တို့ကို မယူဘဲ လက်လွှတ်လိုက်ပြီ။ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ ငါသည် သူ့နောက်သို့ပြေးလိုက်ပြီး သူ့ထံမှတစ်စုံတစ်ခုကိုတောင်းယူမည်”ဟု တွေး၏။
21
ထို့ကြောင့် ဂေဟာဇိသည် နေမန်နောက်သို့ လိုက်လေ၏။ နေမန်ကလည်း သူ့နောက်သို့ တစ်စုံတစ်ယောက်ပြေးလာနေသည်ကို မြင်လျှင် ရထားပေါ်မှဆင်းလာပြီး သူနှင့်တွေ့၍ “အဆင်ပြေပါ၏လော”ဟု မေး၏။
22
သူကလည်း “အဆင်ပြေပါ၏။ အကျွန်ုပ်သခင်က ‘ယခုလေးပင် ဧဖရိမ်တောင်ပေါ်ဒေသမှ ပရောဖက်အဖွဲ့သားလူငယ်နှစ်ဦး ငါ့ထံသို့ရောက်လာသဖြင့် သူတို့အဖို့ ငွေတစ်တာလန် နှင့် အဝတ်နှစ်စုံ ပေးပါလော့’ဟု မှာလိုက်ပါ၏”ဟု ဆို၏။
23
နေမန်ကလည်း “ငွေကိုမူ နှစ်တာလန် ယူပါ။ မငြင်းပါနှင့်”ဟု တိုက်တွန်း၍ ငွေနှစ်တာလန်နှင့် အဝတ်နှစ်စုံကို အိတ်နှစ်လုံးထဲထည့်ချည်ပြီး ငယ်သားနှစ်ဦးထံသို့အပ်၍ ဂေဟာဇိရှေ့မှ ထမ်းသွားစေ၏။
24
တောင်ကုန်းပေါ်သို့ရောက်သောအခါ ဂေဟာဇိက ငယ်သားတို့ထံမှပစ္စည်းတို့ကိုယူပြီး အိမ်ထဲတွင်သိမ်းထားကာ သူတို့ကို ပြန်လွှတ်လိုက်သဖြင့် သူတို့လည်း ပြန်သွားကြ၏။
25
ထို့နောက် သူသည် မိမိသခင်ထံဝင်၍ရှေ့တွင် ရပ်နေ၏။ ဧလိရှဲက သူ့အား “ဂေဟာဇိ၊ အဘယ်အရပ်က ပြန်လာသနည်း”ဟု မေးလျှင် သူက “အရှင့်အစေအပါးသည် မည်သည့်နေရာမှ မသွားပါ”ဟု ပြန်ဖြေ၏။
26
ဧလိရှဲက သူ့အား “ထိုလူသည် ရထားပေါ်မှဆင်းလာပြီး သင်နှင့်တွေ့သည့်နေရာသို့ ငါ့ဝိညာဉ်သည် ရောက်နေသည်ကို သင်မသိသလော။ ယခုအချိန်သည် ငွေကိုလက်ခံရမည့်အချိန်လော။ အဝတ်အစား၊ သံလွင်ခြံ၊ စပျစ်ခြံ၊ သိုးနွား၊ ကျွန်ယောက်ျားကျွန်မိန်းမတို့ကို လက်ခံရမည့်အချိန်လော။
27
သို့ဖြစ်၍ နေမန်၌စွဲသောအနာကြီးရောဂါသည် သင်နှင့် သင့်သားစဉ်မြေးဆက်တို့၌ အမြဲစွဲကပ်နေလိမ့်မည်”ဟု ဆို၏။ ဂေဟာဇိလည်း အနာကြီးရောဂါစွဲကပ်ပြီး နှင်းပွင့်ကဲ့သို့ဖြစ်၍ ဧလိရှဲထံမှ ထွက်သွားလေ၏။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25