bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Kings 6
2 Kings 6
Burmese MSBU
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 7 →
1
ပရောဖက်အဖွဲ့သားတို့က ဧလိရှဲအား “ကြည့်ပါ။ ယခု အရှင်နှင့်အတူ အကျွန်ုပ်တို့နေသောနေရာသည် အကျွန်ုပ်တို့အတွက် အလွန်ကျဥ်းကျပ်ပါ၏။
2
ယခု အကျွန်ုပ်တို့ဂျော်ဒန်မြစ်သို့သွား၍ တစ်ယောက်လျှင် သစ်လုံးတစ်လုံးစီယူပြီး ထိုနေရာတွင် အကျွန်ုပ်တို့အတွက်နေစရာကို ဆောက်ပါရစေ”ဟု ဆိုကြလျှင် ဧလိရှဲက “သွားပါ”ဟု ခွင့်ပြု၏။
3
ပရောဖက်တစ်ပါးက ဧလိရှဲအား “အရှင့်အစေအပါးတို့နှင့်အတူ လိုက်ခဲ့ပါ”ဟု တောင်းဆိုသဖြင့် “ငါလိုက်မည်”ဟု ဆို၏။
4
ဤသို့ဖြင့် ဧလိရှဲသည် သူတို့နှင့်အတူ လိုက်သွား၏။ ဂျော်ဒန်မြစ်သို့ရောက်သောအခါ သစ်များကို ခုတ်လှဲကြ၏။
5
သူတို့ထဲမှပရောဖက်တစ်ပါးက သစ်ကိုခုတ်နေစဉ် သူ့ပုဆိန်ရေထဲသို့ကျသွားသဖြင့် “အလို၊ အကျွန်ုပ်၏အရှင်၊ ဤပုဆိန်မှာ ငှားခဲ့သောပုဆိန် ဖြစ်၏”ဟု အော်ဟစ်လေ၏။
6
ထိုအခါ ဘုရားသခင်၏လူက “မည်သည့်နေရာတွင် ကျသွားသနည်း”ဟု မေးလျှင် ထိုသူက နေရာကိုညွှန်ပြပေးသဖြင့် ဧလိရှဲသည် တုတ်တစ်ချောင်းကိုခုတ်၍ ထိုနေရာတွင်ပစ်ချလိုက်ရာ ပုဆိန်မှာ ပေါလောပေါ်လာလေ၏။
7
ဧလိရှဲကလည်း “ဆယ်ယူလိုက်ပါ”ဟုဆိုသဖြင့် ထိုသူသည် ပုဆိန်ကို လက်ဖြင့် လှမ်းယူလိုက်လေ၏။
8
ဆီးရီးယားဘုရင်သည် အစ္စရေးဘုရင်နှင့် စစ်တိုက်ရန် တစ်ဖန်ချီလာ၍ စခန်းချရမည့်နေရာကို မိမိအမှုထမ်းတို့နှင့် တိုင်ပင်ပြီး “ဤနေရာ၊ ဤနေရာတို့တွင် စခန်းချမည်”ဟု မိန့်ဆို၏။
9
ထိုအခါ ဘုရားသခင်၏လူက အစ္စရေးဘုရင်ထံ လူလွှတ်၍ “ဤနေရာကို ဖြတ်သွားလျှင် သတိပြုပါ။ ဆီးရီးယားစစ်သည်တို့ ဤနေရာသို့ ဆင်းလာကြပြီ”ဟု မှာလိုက်၏။
10
အစ္စရေးဘုရင်လည်း ဘုရားသခင်၏လူသတိပေးသောနေရာသို့ မိမိလူတို့ကို စေလွှတ်၍စူးစမ်းစေ၏။ ဤနည်းဖြင့် ရန်သူကို တစ်ကြိမ်နှစ်ကြိမ်မက ရှောင်နိုင်ခဲ့၏။
11
ထိုသို့ဖြစ်သောကြောင့် ဆီးရီးယားဘုရင်သည် သံသယစိတ်ဝင်လာကာ မိမိအမှုထမ်းတို့ကိုဆင့်ခေါ်ပြီးလျှင် “ငါတို့တွင် မည်သူသည် အစ္စရေးဘုရင်၏လူ ဖြစ်သည်ကို ငါ့အား ပြောပါ”ဟု ဆို၏။
12
ထိုအခါ အမှုထမ်းတစ်ဦးက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ မည်သူမျှမရှိပါ။ အစ္စရေးပြည်ရှိ ပရောဖက်ဧလိရှဲက အရှင့်အိပ်ခန်းတွင်းမှပြောသောစကားများကို အစ္စရေးဘုရင်အား ပြန်ပြောပြလေ့ရှိပါ၏”ဟု လျှောက်တင်၏။
13
ထိုအခါ ရှင်ဘုရင်က “သူရှိမည့်နေရာကို သွား၍စုံစမ်းပါ။ သူ့ကို လူလွှတ်ပြီးဖမ်းမည်”ဟု မိန့်ဆို၏။ “ဒေါသန်မြို့၌ရှိသည်”ဟု ရှင်ဘုရင် သတင်းရလျှင်
14
ထိုမြို့သို့ မြင်းတပ်၊ ရထားတပ်နှင့် စစ်သူရဲအမြောက်အမြားကို စေလွှတ်၍ ညအချိန်တွင် မြို့ကို ဝိုင်းထားကြ၏။
15
ဘုရားသခင့်လူ၏ငယ်သားတစ်ယောက်က စောစောထ၍အပြင်ထွက်ကြည့်သောအခါ စစ်သည်နှင့် မြင်းများ၊ ရထားများ မြို့ကိုဝိုင်းရံထားသည်ကို တွေ့သဖြင့် ထိုငယ်သားက သူ့သခင်အား “အို အကျွန်ုပ်၏သခင်၊ အကျွန်ုပ်တို့ မည်သို့ပြုရပါမည်နည်း”ဟု မေးလျှောက်၏။
16
သူ့သခင်ကလည်း “မကြောက်ရွံ့နှင့်။ ငါတို့နှင့်အတူရှိသောသူသည် သူတို့၌ရှိသောလူထက်သာ၍များ၏”ဟု ပြန်ပြော၏။
17
ထို့နောက် ဧလိရှဲက “အို ထာဝရဘုရား၊ သူ၏မျက်စိကိုဖွင့်ပေး၍ သူ့ကိုမြင်စေတော်မူပါ”ဟု ဆုတောင်းလျှင် ထာဝရဘုရားသည် ထိုငယ်သား၏မျက်စိကိုဖွင့်ပေးတော်မူသဖြင့် ဧလိရှဲပတ်ပတ်လည်တွင် မြင်းနှင့်ကသောမီးစစ်ရထားများ တောင်တစ်တောင်လုံးပြည့်နေသည်ကို တွေ့ရလေ၏။
18
ဆီးရီးယားတပ်တို့ချီလာသောအခါ ဧလိရှဲက ထာဝရဘုရားထံ “ဤလူတို့ကို ဒဏ်ခတ်တော်မူပါ။ မျက်စိကွယ်စေတော်မူပါ”ဟု ဆုတောင်း၏။ ဧလိရှဲဆုတောင်းသည့်အတိုင်း ထာဝရဘုရားသည် ထိုသူတို့ကို ဒဏ်ခတ်၍ မျက်စိကွယ်စေတော်မူ၏။
19
ထိုအခါ ဧလိရှဲက သူတို့အား “ဤလမ်းမဟုတ်ပါ။ ဤမြို့လည်း မဟုတ်ပါ။ ငါ့နောက်လိုက်ခဲ့ကြ။ သင်တို့ရှာနေသောသူထံ ငါခေါ်သွားပေးမည်”ဟု ဆိုကာ သူတို့ကို ရှမာရိမြို့သို့ ခေါ်သွားလေ၏။
20
ရှမာရိမြို့သို့ရောက်သွားသောအခါ ဧလိရှဲက “အို ထာဝရဘုရား၊ သူတို့ပြန်မြင်ရဖို့ သူတို့၏မျက်စိကိုဖွင့်ပေးတော်မူပါ”ဟု ဆုတောင်းလျှင် ထာဝရဘုရားက သူတို့၏မျက်စိကိုဖွင့်ပေးတော်မူသဖြင့် သူတို့သည် ရှမာရိမြို့လယ်သို့ ရောက်နေသည်ကို တွေ့ရလေ၏။
21
အစ္စရေးဘုရင်သည် သူတို့ကိုမြင်သောအခါ ဧလိရှဲအား “အို အကျွန်ုပ်၏အဖ၊ သူတို့ကို သတ်ရပါမည်လော။ သတ်ရပါမည်လော”ဟု မေးလျှင်
22
ဧလိရှဲက “မသတ်ရပါ။ သင့်ဓား၊ သင့်လေးဖြင့် တိုက်ခိုက်ဖမ်းမိသောသူကို သင်သတ်မည်လော။ သူတို့ကို အစာရေစာကျွေးမွေးပါ။ သူတို့စားသောက်ပြီးမှ သူတို့သခင်ထံ ပြန်သွားစေပါ”ဟု ပြန်ပြော၏။
23
ထို့ကြောင့် ရှင်ဘုရင်သည်လည်း ထိုသူတို့ကို စားသောက်ပွဲကြီးတည်ခင်းကျွေးမွေး၍ သူတို့စားသောက်ပြီးမှ သူတို့ကိုပြန်လွှတ်လိုက်သဖြင့် သူတို့၏သခင်ထံသို့ ပြန်သွားကြလေ၏။ ထို့ကြောင့် ဆီးရီးယားတပ်သည် အစ္စရေးမြေပေါ်သို့ နောက်ထပ်ဝင်ရောက်ကျူးကျော်ခြင်း မရှိတော့ချေ။
24
ထိုနောက်ပိုင်းတွင် ဆီးရီးယားဘုရင် ဗင်္ဟာဒဒ်မင်းကြီးသည် သူ၏စစ်သည်အပေါင်းတို့ကိုစုဆောင်းပြီး စစ်ချီလာ၍ ရှမာရိမြို့ကို ဝိုင်းထား၏။
25
ထိုသို့ မြို့ကိုဝိုင်းထားချိန်ကြာလာသောအခါ ရှမာရိမြို့တွင်း၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီး ဆိုက်ရောက်ပြီး မြည်းခေါင်းတစ်ခေါင်းကို ငွေစရှစ်ဆယ်ရှယ်ကယ် ၊ ခိုချေးတစ်ကက် ၏လေးပုံတစ်ပုံကို ငွေစငါးရှယ်ကယ် ဖြစ်သွားလေ၏။
26
အစ္စရေးဘုရင်သည် မြို့ရိုးပေါ်တွင်ဖြတ်လျှောက်စဉ် အမျိုးသမီးတစ်ဦးက သူ့အား “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ အကျွန်ုပ်ကို ကယ်တော်မူပါ”ဟု အော်ဟစ်၏။
27
ထိုအခါ ရှင်ဘုရင်က “သင့်ကို ထာဝရဘုရားကယ်တော်မမူလျှင် သင့်ကို ငါမည်သို့ကယ်ရမည်နည်း။ ကောက်နယ်တလင်းမှလော၊ သို့မဟုတ်လျှင် စပျစ်သီးနယ်ရာကျင်းမှလော”ဟု ပြန်လည်မိန့်ဆို၏။
28
ထို့ပြင် ရှင်ဘုရင်က ထိုအမျိုးသမီးအား “ယခု သင် မည်သို့ဖြစ်သနည်း”ဟု မေးလျှင် “ဤအမျိုးသမီးက အကျွန်ုပ်အား ‘ယနေ့ ငါတို့စားဖို့ သင့်သားကိုပေးပါ။ မနက်ဖြန် ငါ့သားကို စားကြမည်’ဟု ဆိုပါ၏။
29
ထို့ကြောင့် အကျွန်ုပ်၏သားကို ချက်ပြုတ်၍စားကြပါ၏။ နောက်နေ့ရောက်သောအခါ အကျွန်ုပ်က သူ့အား ‘ငါတို့စားဖို့ သင့်သားကိုပေးပါ’ဟုဆိုလျှင် သူက သားကိုမပေးဘဲ ဝှက်ထားပါ၏”ဟု လျှောက်တင်လေ၏။
30
ထိုအမျိုးသမီး၏စကားကို ကြားသောအခါ ရှင်ဘုရင်သည် မိမိအဝတ်ကို ဆွဲဆုတ်ပစ်၍ မြို့ရိုးပေါ်လျှောက်သွားတော်မူလျှင် ရှင်ဘုရင်၏ဝတ်လုံအောက် ကိုယ်ပေါ်တွင် လျှော်တေအဝတ်ဝတ်ထားသည်ကို လူတို့တွေ့မြင်ရလေ၏။
31
ရှင်ဘုရင်က “ယနေ့ ရှာဖတ်၏သား ဧလိရှဲ၏ခေါင်းသည် သူ့ကိုယ်နှင့်တွဲနေသေးလျှင် ဘုရားသခင်သည် ငါ့ကို ထိုထက်မကပြုတော်မူပါစေသော”ဟု မိန့်ဆိုလေ၏။
32
ထိုအချိန်၌ ဧလိရှဲသည် မိမိအိမ်၌ထိုင်နေ၏။ သက်ကြီးဝါကြီးတို့လည်း သူနှင့်အတူထိုင်လျက်ရှိ၏။ ရှင်ဘုရင်က ဧလိရှဲထံ ရှေ့တော်ပြေးတစ်ယောက်ကိုစေလွှတ်၏။ သို့သော် ထိုတမန်မရောက်မီ ဧလိရှဲက သက်ကြီးဝါကြီးတို့အား “ဤလူသတ်သမား၏သားသည် ငါ့ခေါင်းကိုဖြတ်ဖို့ လူကိုစေလွှတ်သည်ကို သင်တို့ သိသလော။ ထိုတမန်ရောက်လာလျှင် တံခါးကိုပိတ်ထားပါ။ တံခါးကို တွန်းထားကြပါ။ သူ့နောက်၌ သူ့သခင်၏ခြေသံကပ်ပါလာသည် မဟုတ်လော”ဟု ဆို၏။
33
ထိုသို့ သက်ကြီးဝါကြီးတို့အား ပြောဆိုနေစဉ် တမန်သည် သူတို့ထံရောက်လာ၍ ဧလိရှဲက “ဤကပ်ဘေးသည် ထာဝရဘုရားထံတော်မှ လာခြင်းဖြစ်၏။ အဘယ်ကြောင့် ထာဝရဘုရားကို စောင့်နေရဦးမည်နည်း”ဟု ဆို၏။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25