bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Kings 9
2 Kings 9
Burmese MSBU
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 10 →
1
ထိုအခါ ပရောဖက်ဧလိရှဲသည် ပရောဖက်အဖွဲ့သားထဲမှ တစ်ပါးကို ခေါ်၍ “သင်၏ခါးကိုစည်းလော့။ ဆီဘူးကိုယူပြီးလျှင် ရာမုတ်ဂိလဒ်မြို့သို့ သွားလော့။
2
ထိုမြို့သို့ရောက်လျှင် နိမ်ရှိ၏မြေး၊ ယောရှဖတ်၏သားယေဟုကို ရှာလော့။ သူ့ထံသွား၍ သူ့ကိုညီအစ်ကိုတို့ထဲမှခေါ်ထုတ်ပြီး အတွင်းခန်းထဲသို့ခေါ်သွားလော့။
3
ထို့နောက် ဆီဘူးထဲမှဆီကို သူ့ခေါင်းပေါ်သွန်းလောင်းပြီး သူ့အား ‘ထာဝရဘုရားက “ငါသည် သင့်ကို အစ္စရေးဘုရင်အဖြစ် ဘိသိက်ပေးပြီ”ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုပြီးလျှင် တံခါးကိုဖွင့်၍ မဆိုင်းမလင့်ဘဲ ပြေးလော့”ဟု မှာလိုက်၏။
4
သို့ဖြစ်၍ ပရောဖက်လုလင်ပျိုသည် ရာမုတ်ဂိလဒ်မြို့သို့ သွားလေ၏။
5
သူရောက်လာသောအခါ တပ်မှူးကြီးတို့ ထိုင်နေကြသည်ကို တွေ့ရ၏။ ထိုအခါ သူက “တပ်မှူးကြီး၊ သင့်အဖို့ သတင်းစကားပါ၏”ဟု ဆိုလျှင် ယေဟုက “အားလုံးထဲမှ မည်သူ့ကို ဆိုလိုသနည်း”ဟု မေး၏။ ထိုအခါ လုလင်ပျိုပရောဖက်က “တပ်မှူးကြီး၊ သင့်ကို ဆိုလိုပါ၏”ဟု ပြန်ပြော၏။
6
ထိုအခါ ယေဟုသည် ထ၍အိမ်ထဲသို့ဝင်သွား၏။ ပရောဖက်လုလင်ပျိုသည် ဆီကို သူ့ခေါင်းပေါ်သွန်းလောင်းပြီး “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက သင့်အား ‘ငါသည် သင့်ကို ထာဝရဘုရား၏လူမျိုးတော်အစ္စရေးတို့၏ဘုရင်အဖြစ် ဘိသိက်ပေးတော်မူပြီ။
7
ယေဇဗေလလက်ဖြင့် သေဆုံးခဲ့ရသော ငါ့အစေအပါးပရောဖက်များ၊ ထာဝရဘုရား၏အစေအပါးများ အားလုံးတို့အတွက် ငါလက်တုံ့ပြန်မည်။ ထို့အတွက် သင်သည် သင့်သခင်အာဟပ်မင်းကြီး၏မင်းမျိုးမင်းနွယ်တို့ကို သုတ်သင်ပစ်ရမည်။
8
အာဟပ်မင်းမျိုးမင်းနွယ်အားလုံး ပျက်စီးသွားရလိမ့်မည်။ အစ္စရေးပြည်ရှိ အာဟပ်မင်းကြီးအမျိုးထဲမှ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယောက်ျားတို့ကို ငါပယ်ရှင်းမည်။
9
အာဟပ်မင်းမျိုးမင်းနွယ်ကို နေဗတ်၏သားယေရောဗောင်မင်းမျိုးမင်းနွယ်ကဲ့သို့လည်းကောင်း၊ အဟိယ၏သားဗာရှာမင်းမျိုးမင်းနွယ်ကဲ့သို့လည်းကောင်း ငါဖြစ်စေမည်။
10
ယေဇဗေလကိုမူကား ယေဇရေလမြေကွက်တွင် ခွေးတို့ စားကြလိမ့်မည်။ သူ့ကိုသင်္ဂြိုဟ်မည့်သူ ရှိမည်မဟုတ်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆိုပြီးသည်နှင့် တံခါးကိုဖွင့်ပြီး ထွက်ပြေးသွားလေ၏။
11
ယေဟုသည် အခန်းအပြင်ဘက်ရှိ မိမိသခင်၏အမှုထမ်းတို့ထံပြန်ထွက်လာသောအခါ သူတို့က “အဆင်ပြေပါ၏လော။ ဤသူရူးက သင့်ထံအဘယ်ကြောင့် လာသနည်း”ဟုမေးသော် သူက “ဤသူနှင့်သူပြောတတ်သည့်စကားကို သင်တို့ သိပါ၏”ဟုသာ ပြန်ဖြေ၏။
12
သူတို့ကလည်း “မလိမ်ညာပါနှင့်။ ငါတို့ကို ပြောပြပါ”ဟုဆိုသဖြင့် ယေဟုက “ထိုသူသည် အကျွန်ုပ်အား ထာဝရဘုရားက ‘ငါသည် သင့်ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ် ဘိသိက်ပေးပြီ’ဟု မိန့်တော်မူကြောင်း ဤသို့ဤပုံပြောဆိုပါသည်”ဟု ပြန်ပြော၏။
13
ထိုအခါ သူတို့သည် မိမိတို့အဝတ်ကိုချက်ချင်းယူ၍ ယေဟုဆင်းလာမည့်လှေကားထစ်များတွင် ဖြန့်ခင်းပေး၏။ ထို့နောက် တံပိုးကိုမှုတ်ပြီး “ယေဟုသည် ရှင်ဘုရင် ဖြစ်တော်မူ၏”ဟု ကြွေးကြော်ကြ၏။
14
ဤသို့ဖြင့် နိမ်ရှိ၏မြေး၊ ယောရှဖတ်၏သားယေဟုသည် ယောရံမင်းကြီးကို လုပ်ကြံရန်လျှို့ဝှက်ကြံစည်လေ၏။ ထိုအချိန်တွင် ယောရံမင်းကြီးနှင့် အစ္စရေးစစ်သည်အပေါင်းတို့သည် ဆီးရီးယားဘုရင်ဟာဇေလမင်းကြီး၏ရန်ကြောင့် ရာမုတ်ဂိလဒ်မြို့ကို စောင့်ကြပ်လျက်နေ၏။
15
သို့သော် ယဟောရံ မင်းကြီးသည် ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးနှင့်တိုက်ခိုက်ရာမှ ဆီးရီးယားစစ်သည်တို့လက်ချက်ဖြင့် ဒဏ်ရာရသွား၍ ထိုဒဏ်ရာကိုကုသရန် ယေဇရေလမြို့သို့ ပြန်သွားနှင့်ပြီ။ ယေဟုကလည်း “ဤအမှုကို သင်တို့သဘောတူလျှင် ယေဇရေလမြို့သို့ သတင်းမပေါက်ကြားသွားစေရန် ဤမြို့ထဲမှမည်သူ့ကိုမျှ မထွက်သွားစေနှင့်”ဟု သူတို့အား ဆို၏။
16
ထို့နောက် ယေဟုသည် ယောရံမင်းကြီး နားနေရာယေဇရေလမြို့သို့ စစ်ရထားစီး၍သွားလေ၏။ ယုဒဘုရင်အာခဇိမင်းကြီးလည်း ယောရံမင်းကြီးကို ကြည့်ရှုရန် ရောက်နေ၏။
17
ယေဇရေလမြို့မျှော်စင်ပေါ်တွင်ရပ်လျက် ကင်းစောင့်နေသောသူသည် ယေဟုနှင့်သူ့လူအုပ်ကြီး လာနေသည်ကို မြင်လျှင် “လူအုပ်ကြီး လာနေသည်ကို အကျွန်ုပ် မြင်ပါ၏”ဟု အော်ပြောလေ၏။ ယဟောရံ မင်းကြီးကလည်း “မြင်းစီးသူရဲတစ်ဦးကို လွှတ်၍ သူတို့နှင့်သွားတွေ့ပြီး ‘ငြိမ်းချမ်းပါ၏လော’ဟူ၍ မေးစေပါ”ဟု အမိန့်ပေးလိုက်၏။
18
ထို့ကြောင့် မြင်းစီးသူရဲတစ်ဦးသည် ယေဟုနှင့် သွားတွေ့ပြီး “ရှင်ဘုရင်က ‘ငြိမ်းချမ်းပါ၏လော’ဟူ၍ မေးတော်မူပါသည်”ဟု ဆိုလျှင် ယေဟုက “ငြိမ်းချမ်းခြင်းသည် သင်နှင့်မည်သို့ဆိုင်သနည်း။ ငါ့နောက်သို့ လိုက်ခဲ့လော့”ဟု ပြန်ပြော၏။ ကင်းစောင့်ကလည်း “တမန်သည် သူတို့ထံရောက်သွားပြီး ပြန်မလာတော့ပါ”ဟု သတင်းပို့လာ၏။
19
ထိုအခါ ရှင်ဘုရင်သည် နောက်ထပ်မြင်းစီးသူရဲတစ်ဦးကိုစေလွှတ်၍ သူတို့ထံရောက်သောအခါ “ရှင်ဘုရင်က ‘ငြိမ်းချမ်းပါ၏လော’ဟူ၍ မေးတော်မူပါသည်”ဟုဆိုလျှင် ယေဟုကလည်း “ငြိမ်းချမ်းခြင်းသည် သင်နှင့်မည်သို့ဆိုင်သနည်း။ ငါ့နောက်သို့ လိုက်ခဲ့လော့”ဟု ပြန်ပြောပြန်၏။
20
ကင်းစောင့်ကလည်း “တမန်သည် သူတို့ထံရောက်သွားပြီး ပြန်မလာတော့ပါ။ စစ်ရထားမောင်းလာသူမှာလည်း နိမ်ရှိ၏သားယေဟုကဲ့သို့ တရကြမ်းမောင်းနှင်လာပါသည်”ဟု သတင်းပို့လာပြန်၏။
21
ထိုအခါ ယဟောရံ မင်းကြီးက “အသင့်ပြင်ကြလော့”ဟု အမိန့်ပေးသဖြင့် သူ၏စစ်ရထားကို အသင့်ပြင်ပေးကြ၏။ ထိုအခါ အစ္စရေးဘုရင်ယဟောရံ မင်းကြီးနှင့် ယုဒဘုရင်အာခဇိမင်းကြီးတို့သည် အသီးသီးစစ်ရထားစီး၍ ယေဟုနှင့် တွေ့ဆုံရန် ထွက်သွားရာ ယေဇရေလမြို့သားနာဗုတ်၏မြေကွက်တွင် ဆုံကြ၏။
22
ယဟောရံ မင်းကြီးသည် ယေဟုနှင့်တွေ့လျှင် “ယေဟု၊ ငြိမ်းချမ်းပါ၏လော”ဟုမေးသော် ယေဟုက “မင်းကြီး၏မယ်တော်ယေဇဗေလက ပြည့်တန်ဆာလုပ်သောအမှုနှင့် မှော်အတတ်များစွာကို လိုက်စားနေသရွေ့ မည်သို့ငြိမ်းချမ်းနိုင်မည်နည်း”ဟု ပြန်ပြော၏။
23
ထိုအခါ ယဟောရံ မင်းကြီးက “အို အာခဇိမင်းကြီး၊ ငါတို့ သစ္စာဖောက်ခံရပြီ”ဟု အာခဇိမင်းကြီးအားအော်ဟစ်ရင်း မိမိရထားကို ပြန်လှည့်ပြီးမောင်းပြေးလေ၏။
24
ထိုအခါ ယေဟုက လေးကိုအားကုန်တင်ပြီး ယဟောရံ မင်းကြီး၏လက်ပြင်ကြားကို ပစ်လိုက်ရာ မြားသည် သူ၏နှလုံးကိုထုတ်ချင်းဖောက်သွားသဖြင့် သူသည် ရထားပေါ်၌ပင် လဲကျသွားလေ၏။
25
ယေဟုကလည်း မိမိတပ်မှူးဗိဒကအား “သူ့ကို မ၍ ယေဇရေလမြို့သားနာဗုတ်၏မြေကွက်တွင် ပစ်ချလော့။ သင်နှင့်အကျွန်ုပ် သူ့ခမည်းတော်အာဟပ်မင်းကြီးနောက်မှ ရထားလိုက်စီးစဉ်က သူနှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူခဲ့သည့်ဤဗျာဒိတ်စကားကို မှတ်မိသလော။
26
‘အကယ်စင်စစ် နာဗုတ်နှင့် သူ့သားတို့ အသတ်ခံခဲ့ရသည်ကို မနေ့က ငါမြင်ပြီ။ ဤမြေကွက်ပေါ်တွင်ပင် သင့်ကို ငါပြန်ပေးဆပ်စေမည်’ဟု ထာဝရဘုရား ကြွေးကြော်ထားပြီ။ ထို့ကြောင့် ထာဝရဘုရား၏အမိန့်တော်အတိုင်း သူ့ကို မ၍ ဤမြေကွက်တွင် ပစ်ချပါ”ဟု ဆို၏။
27
ယုဒဘုရင်အာခဇိမင်းကြီးသည် ထိုအဖြစ်အပျက်ကိုမြင်လျှင် ဗက်ဟဂ္ဂန်လမ်းအတိုင်း ထွက်ပြေး၏။ ယေဟုကလည်း သူ့နောက်သို့လိုက်ကာ “သူ့ကိုလည်း ရထားပေါ်မှာပဲ ပစ်သတ်ပါ”ဟု အော်ပြော၏။ အာခဇိမင်းကြီးအား ဣဗလံမြို့အနီး ဂုရတောင်ကုန်းပေါ်တွင် လုပ်ကြံသော်လည်း သူသည် ထွက်ပြေး၍ မေဂိဒ္ဒေါမြို့သို့ရောက်မှ သေဆုံးလေ၏။
28
သူ၏အမှုထမ်းတို့သည် သူ့ကို ဂျေရုဆလင်မြို့သို့ ရထားဖြင့်သယ်ဆောင်သွားပြီး ဒါဝိဒ်မြို့ရှိသူ့သင်္ချိုင်းတွင် ဘိုးဘေးတို့နှင့်အတူ သူ့ကိုသင်္ဂြိုဟ်ကြ၏။
29
အာဟပ်မင်းကြီး၏သားတော်ယောရံမင်းကြီး နန်းစံတစ်ဆယ့်တစ်နှစ်တွင် အာခဇိမင်းကြီးသည် ယုဒပြည်၌ နန်းတက်၏။
30
ယေဇရေလမြို့သို့ ယေဟုရောက်လာကြောင်းကို ယေဇဗေလကြားလျှင် မျက်လုံးကိုအရောင်ခြယ်ပြီး ဆံကေသာကို ပြင်ဆင်ကာ ပြတင်းပေါက်မှ ကြည့်နေ၏။
31
မြို့တံခါးထဲသို့ ယေဟုဝင်လာသောအခါ ယေဇဗေလက “ကိုယ့်သခင်ကိုသတ်ခဲ့သော ဇိမရိသည် ချမ်းသာရာရပါ၏လော”ဟု မေး၏။
32
ထိုအခါ ယေဟုက ပြတင်းပေါက်သို့မော့ကြည့်ပြီး “မည်သူရှိသနည်း၊ ငါ့ဘက်မှာ မည်သူနေမည်နည်း”ဟု မေး၏။ ထိုအခါ မိန်းမစိုးနှစ်ဦးသုံးဦးက သူ့ကို ငုံ့ကြည့်ကြသဖြင့်
33
ယေဟုက သူတို့အား “သူ့ကို တွန်းချပစ်လိုက်”ဟု ဆို၏။ သူတို့ကလည်း ယေဇဗေလကို တွန်းချလိုက်ရာ သူ့သွေးတို့သည် နံရံများ၊ မြင်းများပေါ်သို့ စဉ်သွားလေ၏။ ယေဟုလည်း သူ့ကိုတက်နင်းသွားလေ၏။
34
ယေဟုသည် အထဲသို့ဝင်၍စားသောက်ပြီးမှ “ကျိန်စာသင့်သောဤမိန်းမသည် ဘုရင့်သမီးတော်ဖြစ်သောကြောင့် ကြည့်ပြီးသင်္ဂြိုဟ်လိုက်ကြပါ”ဟု ဆို၏။
35
ယေဇဗေလကို သင်္ဂြိုဟ်ဖို့သွားကြသောအခါ ဦးခေါင်းခွံ၊ ခြေထောက်၊ လက်ဖဝါးတို့မှလွဲ၍ အခြားဘာမျှမရှိတော့ပေ။
36
ထိုသူတို့ ပြန်လာပြီး ယေဟုအား ပြောပြကြလျှင် ယေဟုက “ဤသည်ကား ထာဝရဘုရားက မိမိအစေအပါး တိရှဘိမြို့သား ဧလိယအား ‘ယေဇရေလမြေကွက်တွင် ယေဇဗေလ၏အသားကို ခွေးတို့ စားကြလိမ့်မည်။
37
ယေဇဗေလ၏အလောင်းသည် ယေဇရေလပိုင်မြေကွက်ပေါ်တွင် နောက်ချေးပုံကဲ့သို့ဖြစ်လိမ့်မည်။ ဤသူမှာ ယေဇဗေလဖြစ်သည်ဟု ပြော၍မရအောင်ပင် ဖြစ်လိမ့်မည်’ဟူ၍ မိန့်တော်မူခဲ့သည့်စကား အတိုင်းဖြစ်၏”ဟု ဆိုလေ၏။
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25