bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Kings 8
2 Kings 8
Burmese MSBU
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 9 →
1
ထို့နောက် ဧလိရှဲက သူအသက်ပြန်ရှင်စေခဲ့သောသူငယ်၏မိခင်အား “သင်နှင့်သင့်အိမ်သူအိမ်သားတို့ ထ၍ထွက်သွားကြပါ။ သင်တည်းခိုနေထိုင်နိုင်မည့်နေရာတွင် တည်းခိုနေထိုင်ပါ။ ထာဝရဘုရားသည် ဤပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဖြစ်စေမည်။ တစ်ပြည်လုံး ခုနစ်နှစ်အစာခေါင်းပါးမည်”ဟု ပြော၏။
2
ထိုအမျိုးသမီးလည်း ဘုရားသခင်၏လူပြောသည့်အတိုင်း ထ၍မိမိအိမ်သားတို့နှင့်အတူ ထွက်သွားပြီး ဖိလိတ္တိပြည်တွင် ခုနစ်နှစ်တည်းခိုနေထိုင်လေ၏။
3
ခုနစ်နှစ်ကုန်ဆုံးသွားသော် ထိုအမျိုးသမီးသည် ဖိလိတ္တိပြည်မှပြန်လာပြီး မိမိအိမ်နှင့်မြေကို ပြန်ရရန်အတွက် ရှင်ဘုရင်ထံ သွားရောက်အသနားခံ၏။
4
ထိုစဉ် ရှင်ဘုရင်သည် ဘုရားသခင့်လူ၏ငယ်သားဂေဟာဇိနှင့် စကားပြောဆိုလျက် ရှိနေ၏။ ရှင်ဘုရင်က “ဧလိရှဲပြုခဲ့သည့် အံ့ဖွယ်အမှုအလုံးစုံကို ငါ့အားကြားလျှောက်ပါ”ဟု မိန့်ဆိုလျှင်
5
သေသွားသောသူကို ဧလိရှဲအသက်ပြန်ရှင်စေခဲ့သည့်အကြောင်း ဂေဟာဇိက ရှင်ဘုရင်အား ပြောပြနေစဉ်ပင် အသက်ပြန်ရှင်လာသောသူငယ်၏မိခင်သည် မိမိအိမ်နှင့်မြေကို ပြန်ရရန်အတွက် ရှင်ဘုရင်ထံလာရောက်အသနားခံလေ၏။ ထို့ကြောင့် ဂေဟာဇိက ချက်ချင်းပင် “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ ဤသူတို့သည် ဧလိရှဲအသက်ပြန်ရှင်စေခဲ့သောသူငယ်နှင့် သူ၏မိခင်ဖြစ်ပါ၏”ဟု လျှောက်တင်လေ၏။
6
ထိုအခါ ရှင်ဘုရင်က ထိုအမျိုးသမီးအား မေးမြန်းလျှင် ထိုအမျိုးသမီးသည်လည်း အကြောင်းစုံကိုလျှောက်တင်၏။ ထို့ကြောင့် ရှင်ဘုရင်သည် မှူးမတ်တစ်ဦးကိုခေါ်ပြီး “ဤအမျိုးသမီးပိုင်ဆိုင်သမျှနှင့် သူထွက်သွားစဉ်ကစပြီး ယခုတိုင် သူ့မြေမှထွက်သမျှတို့ကို သူ့အားပြန်ပေးပါ”ဟု မိန့်ဆို၏။
7
ထို့နောက် ဧလိရှဲသည် ဒမတ်စကပ်မြို့သို့သွားရာ ထိုအချိန်တွင် ဆီးရီးယားဘုရင် ဗင်္ဟာဒဒ်မင်းကြီးသည် နာမကျန်းဖြစ်နေ၏။ ထိုအခါ သူ့အား “ဘုရားသခင်၏လူ ဤမြို့သို့ရောက်နေပါ၏”ဟု လျှောက်တင်လျှင်
8
ရှင်ဘုရင်က ဟာဇေလအား “လက်ဆောင်ကိုယူပြီး ဘုရားသခင်၏လူနှင့် သွားတွေ့လော့။ ‘ငါသည် ဤဝေဒနာမှ ပြန်ကောင်းလာမည်လော’ဟု ထာဝရဘုရားထံ မေးလျှောက်စေလော့”ဟု မိန့်ဆို၏။
9
ထို့ကြောင့် ဟာဇေလသည် ဒမတ်စကပ်မြို့ထွက်အကောင်းဆုံးပစ္စည်းအမျိုးမျိုးကို ကုလားအုတ်အစီးလေးဆယ်ပေါ်တင်ပြီး လက်ဆောင်အဖြစ် ယူသွားကာ ဘုရားသခင်၏လူကို သွားတွေ့၏။ သူသည် ဘုရားသခင်၏လူထံ ရောက်သောအခါ ရှေ့မှောက်၌ ရပ်လျက် “အရှင့်သားဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးက ‘ဤဝေဒနာမှ ပြန်ကောင်းလာပါမည်လော’ဟူ၍ အကျွန်ုပ်အား မေးလျှောက်စေပါ၏”ဟု လျှောက်၏။
10
ဧလိရှဲကလည်း သူ့အား “ ‘ဤဝေဒနာမှ အမှန်ပင်ပြန်ကောင်းလာလိမ့်မည်’ဟု ရှင်ဘုရင်ကို ပြန်လျှောက်လော့။ သို့သော် သူမုချသေရမည်ကို ငါ့အား ထာဝရဘုရားဖော်ပြတော်မူပြီ”ဟု ဆိုလျှင်
11
ဘုရားသခင်၏လူသည် ဟာဇေလအနေရခက်သည်အထိ သူ့မျက်နှာကိုစူးစိုက်ကြည့်ပြီးလျှင် မျက်ရည်ကျလေ၏။
12
ထိုအခါ ဟာဇေလက “အကျွန်ုပ်သခင်၊ အဘယ်ကြောင့် မျက်ရည်ကျရပါသနည်း”ဟုမေးလျှင် ဧလိရှဲက “သင်သည် အစ္စရေးအမျိုးသားတို့အား ဘေးအန္တရာယ်ပြုမည်ကို ငါသိလေပြီ။ သင်သည် သူတို့၏ခံတပ်မြို့များကို မီးရှို့ပစ်လိမ့်မည်။ လူငယ်တို့ကို ဓားဖြင့် သတ်လိမ့်မည်။ ကလေးငယ်များကို ကိုင်ယူပေါက်သတ်လိမ့်မည်။ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းကိုလည်း ခွဲဖောက်လိမ့်မည်”ဟု ဆို၏။
13
ဟာဇေလကလည်း ဧလိရှဲအား “ခွေးမျှသာအဆင့်ရှိသော အရှင့်အစေအပါးအကျွန်ုပ်က ဤအမှုကြီးကို အဘယ်သို့ပြုနိုင်ပါမည်နည်း”ဟု ပြန်လျှောက်လျှင် ဧလိရှဲက သူ့အား “သင်သည် ဆီးရီးယားဘုရင် ဖြစ်လာမည်ကို ငါ့အား ထာဝရဘုရားဖော်ပြတော်မူပြီ”ဟု ဆို၏။
14
ဟာဇေလသည် ဧလိရှဲထံမှပြန်သွားပြီး မိမိသခင်ထံပြန်ရောက်သောအခါ ရှင်ဘုရင်က “သင့်အား ဧလိရှဲမည်သို့ပြောသနည်း”ဟု မေးလျှင် သူက “ ‘မင်းကြီး အမှန်ပင်ပြန်ကောင်းလာလိမ့်မည်’ဟူ၍ ဆိုပါ၏”ဟု ပြန်လျှောက်၏။
15
နောက်တစ်နေ့တွင် ဟာဇေလသည် အဝတ်ကိုယူ၍ ရေ၌နှစ်ပြီး ဘုရင့်မျက်နှာတော်ကို ဖိအုပ်သဖြင့် ရှင်ဘုရင်အနိစ္စရောက်လေ၏။ ထိုအခါ ဟာဇေလသည် ဘုရင့်အရိုက်အရာကို ဆက်ခံလေ၏။
16
အာဟပ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယောရံမင်းကြီးနန်းစံ ငါးနှစ်မြောက်တွင် ယုဒဘုရင်ယောရှဖတ်မင်းကြီး၏သားတော်ယဟောရံသည် သူ့ဖခင် ယုဒဘုရင်ယောရှဖတ်မင်းကြီး၏အရိုက်အရာကို ဆက်ခံ၏။
17
ယဟောရံမင်းကြီးသည် သက်တော်သုံးဆယ့်နှစ်နှစ်တွင် နန်းတက်ပြီး ဂျေရုဆလင်မြို့တွင် ရှစ်နှစ်စိုးစံ၏။
18
သူသည် အာဟပ်မင်းကြီး၏သမီးတော်ကို မိဖုရားမြှောက်ထား၍ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ပြီး ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုလေ၏။
19
သို့သော် ထာဝရဘုရားသည် မိမိ၏အစေအပါးဒါဝိဒ်မင်းကြီးကိုထောက်၍ သူနှင့် သူ့သားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိထားသည်နှင့်အညီ ယုဒပြည်ကို ဖျက်ဆီးရန် အလိုတော်မရှိပေ။
20
ယဟောရံမင်းကြီးလက်ထက်တွင် ယုဒပြည်လက်အောက်ခံဖြစ်သော ဧဒုံပြည်သည် ယုဒပြည်ကိုပုန်ကန်၍ သူတို့ကို အုပ်စိုးရန် ဘုရင်တစ်ပါးကို တင်မြှောက်လိုက်ကြ၏။
21
ထို့ကြောင့် ယောရံ မင်းကြီးသည် မိမိ၌ရှိသမျှသောစစ်ရထားတို့နှင့်တကွ ဇာဣရမြို့သို့ ချီ၍ သူ့အားဝိုင်းရံလာသော ဧဒုံတပ်သားတို့နှင့် စစ်ရထားမှူးတို့ကို ညအချိန် ထ၍တိုက်ခိုက်ရာ သူ၏စစ်သည်တို့သည်လည်း ကိုယ့်တဲသို့ ပြန်ပြေးကြလေ၏။
22
ဤသို့ဖြင့် ယုဒပြည်၏လက်အောက်ခံဖြစ်သောဧဒုံပြည်သည် ယုဒပြည်ကို ယနေ့တိုင်အောင် ပုန်ကန်၏။ တစ်ချိန်တည်းမှာပင် လိဗနပြည်လည်း ယုဒပြည်ကို ပုန်ကန်၏။
23
ကျန်ရှိနေသော ယောရံ မင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
24
ယောရံ မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်လေ၏။ သူ့ကို ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာခဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
25
အာဟပ်မင်းကြီး၏သားတော် အစ္စရေးဘုရင် ယောရံမင်းကြီး နန်းစံတစ်ဆယ့်နှစ်နှစ်တွင် ယုဒဘုရင်ယဟောရံမင်းကြီး၏သားတော် အာခဇိ နန်းတက်လေ၏။
26
အာခဇိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်နှစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်နှစ်စိုးစံ၏။ မယ်တော်ကား အစ္စရေးဘုရင်ဩမရိမင်းကြီး၏မြေးတော် အာသလိအမည်ရှိ၏။
27
သူသည် အာဟပ်မင်းကြီး၏သမက်တော်ဖြစ်သည်နှင့်အညီ အာဟပ်မင်းမျိုးမင်းနွယ်လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၏။ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကို ပြု၏။
28
သူသည် အာဟပ်မင်းကြီး၏သားတော် ယောရံမင်းကြီးနှင့်အတူ ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီ၍ ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးကို တိုက်ခိုက်ရာ ဆီးရီးယားလူမျိုးတို့လက်ချက်ဖြင့် ယောရံမင်းကြီး ဒဏ်ရာရသွား၏။
29
ထိုသို့ ယောရံမင်းကြီးသည် ရာမမြို့တွင် ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးနှင့်တိုက်ခိုက်ရာမှ ဆီးရီးယားလူမျိုးတို့လက်ချက်ဖြင့်ရသွားသောဒဏ်ရာကို ကုသရန်အတွက် ယေဇရေလမြို့သို့ ပြန်သွား၏။ ယဟောရံမင်းကြီး၏သားတော် ယုဒဘုရင်အာခဇိမင်းကြီးသည်လည်း အာဟပ်မင်းကြီး၏သားတော်ယောရံမင်းကြီးဒဏ်ရာရသည်ကိုကြည့်ရှုရန် ယေဇရေလမြို့သို့ လိုက်သွားလေ၏။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25