bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Kings 19
2 Kings 19
Burmese MSBU
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 20 →
1
ဟေဇကိမင်းကြီးသည် ထိုစကားကိုကြားလျှင် မိမိအဝတ်ကိုဆုတ်ဖြဲ၍ လျှော်တေအဝတ်ကိုဝတ်ပြီး ထာဝရဘုရား၏အိမ်တော်သို့ သွားလေ၏။
2
မင်းကြီးသည် လျှော်တေအဝတ်ဝတ်ထားသည့် နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အသက်ကြီးသောယဇ်ပုရောဟိတ်တို့ကို အာမုတ်၏သားပရောဖက်ဟေရှာယထံသို့ စေလွှတ်၏။
3
သူတို့က ဟေရှာယအား “ဟေဇကိမင်းကြီးက ‘ယနေ့သည် ဆင်းရဲဒုက္ခရောက်သောနေ့၊ ဆုံးမခြင်းခံရသောနေ့၊ အရှက်ကွဲရသောနေ့ ဖြစ်၏။ သားဖွားချိန်ရောက်သော်လည်း သားဖွားရန်ခွန်အားမရှိ။
4
ရာဗရှာခ၏သခင်အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားအလုံးစုံကို သင်၏ဘုရားသခင်ထာဝရဘုရားကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။
5
ဟေဇကိမင်းကြီး၏မင်းမှုထမ်းတို့သည် ဟေရှာယထံသို့ရောက်လာလျှင်
6
ဟေရှာယက သူတို့အား “သင်တို့သခင်ကို ဤသို့လျှောက်ထားကြလော့။ ထာဝရဘုရားက ‘ငါ့အား အဆီးရီးယားဘုရင်၏ငယ်သားတို့ စော်ကားပြောဆိုသည့်စကားကို သင်ကြားရသည့်အတွက် မကြောက်နှင့်။
7
ကြည့်ရှုလော့။ ငါသည် သူ၌အခြားသောစိတ်သဘောကိုသွင်းပေးမည်။ သူသည် သတင်းတစ်ခုကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထို့နောက် သူ့ပြည်၌ သူ့ကို ဓားဖြင့်ကျဆုံးစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆို၏။
8
အဆီးရီးယားဘုရင်သည် လာခိရှမြို့မှထွက်သွားကြောင်း ရာဗရှာခကြားသဖြင့် ပြန်သွားရာ ရှင်ဘုရင်သည် လိဗနမြို့အားတိုက်ခိုက်နေသည်ကို တွေ့ရ၏။
9
“အီသီယိုးပီးယားဘုရင်တိရက္ကမင်းကြီးသည် သင့်ကိုတိုက်ခိုက်ရန်စစ်ချီလာပြီ”ဟူသော သတင်းကို အဆီးရီးယားဘုရင် ကြားရ၏။ သို့သော် ဟေဇကိမင်းကြီးထံသို့ စေတမန်တို့ကို တစ်ဖန်စေလွှတ်၍
10
“သင်တို့သည် ယုဒဘုရင် ဟေဇကိမင်းကြီးအား ‘သင်ယုံကြည်ကိုးစားသောသင်၏ဘုရားသခင်က ဂျေရုဆလင်မြို့သည် အဆီးရီးယားဘုရင်၏လက်သို့ ရောက်မည်မဟုတ်’ဟု သင့်အား လှည့်စားမိန့်ဆိုသည်ကို သင်မခံနှင့်။
11
ကြည့်ရှုလော့။ အဆီးရီးယားဘုရင်တို့သည် တိုင်းပြည်အားလုံး အကုန်အစင်ပျက်စီးသွားအောင် မည်သို့ပြုခဲ့သည်ကို သင်ကြားရပြီ။ သင်လည်း လွတ်မြောက်မည်ဟုမထင်နှင့်။
12
ငါ့ဘိုးဘေးတို့ဖျက်ဆီးခဲ့သောလူမျိုးများဖြစ်သည့် ဂေါဇန်လူမျိုး၊ ဟာရန်လူမျိုး၊ ရေဇပ်လူမျိုးနှင့် တေလသာမြို့ရှိ ဧဒင်လူမျိုးတို့၏ဘုရားများသည် ကယ်ခဲ့ဖူးသလော။
13
ဟာမတ်ဘုရင်၊ အာပဒ်ဘုရင်တို့အဘယ်မှာရှိတော့သနည်း။ သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့တို့၏ဘုရင်တို့သည်လည်း အဘယ်မှာရှိတော့သနည်း”ဟု ပြောကြားစေ၏။
14
ဟေဇကိမင်းကြီးသည် စေတမန်တို့လက်မှ စာကိုယူဖတ်ပြီးလျှင် ထာဝရဘုရား၏အိမ်တော်သို့သွား၍ ထာဝရဘုရားရှေ့တော်၌ ထိုစာကိုဖြန့်လေ၏။
15
ထို့နောက် ထာဝရဘုရားရှေ့တော်တွင် ဟေဇကိမင်းကြီးက “ခေရုဗိမ် တို့အထက်၌ စံပယ်တော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးတို့တွင် ကိုယ်တော်တစ်ပါးတည်းသာ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။
16
အို ထာဝရဘုရား၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ အို ထာဝရဘုရား၊ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ စေတမန်ကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အား ကဲ့ရဲ့ပြစ်တင်စေသောသနာခရိပ်မင်းကြီး၏စကားအလုံးစုံတို့ကို နားထောင်တော်မူပါ။
17
အို ထာဝရဘုရား၊ အကယ်စင်စစ် အဆီးရီးယားဘုရင်တို့သည် လူမျိုးအပေါင်းတို့နှင့် သူတို့၏ပြည်တို့ကို ဖျက်ဆီးပါပြီ။
18
သူတို့၏ဘုရားများကိုလည်း မီးထဲသို့လွှင့်ပစ်ကြပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူ့လက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်များသာဖြစ်ပါ၏။ ထို့ကြောင့် ထိုဘုရားတို့ကိုလည်း ဖျက်ဆီးပစ်ကြပြီ။
19
အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာ ထာဝရဘုရားဖြစ်တော်မူကြောင်းကို မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံး သိမြင်စေရန် အကျွန်ုပ်တို့ကို ထိုဘုရင်၏လက်မှ ယခုကယ်နုတ်တော်မူပါ”ဟု ဆုတောင်းလေ၏။
20
အာမုတ်၏သားဟေရှာယသည်လည်း ဟေဇကိမင်းကြီးထံသို့လူလွှတ်၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးနှင့်ပတ်သက်၍ ငါ့ထံဆုတောင်းသောအရာကို ငါကြားရပြီ’ဟု မိန့်တော်မူ၏။
21
ထိုဘုရင်ကိုရည်ညွှန်း၍ ထာဝရဘုရားက ‘ဇိအုန်သမီးပျိုသည် သင့်ကိုမထီမဲ့မြင်ပြုလေပြီ။ သင့်ကိုပြက်ရယ်ပြုလေပြီ။ ဂျေရုဆလင်သမီးပျိုသည် သင့်နောက်မှနေ၍ ခေါင်းခါယမ်းလေပြီ။
22
သင်မည်သူ့ကို ကဲ့ရဲ့ပြစ်တင်နေသနည်း၊ မည်သူ့ကို စော်ကားပြောဆိုနေသနည်း၊ မည်သူ့ကို အော်ဟစ်နေသနည်း၊ မည်သူ့ကို မောက်မောက်မာမာကြည့်နေသနည်း။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကိုပင် မဟုတ်လော။
23
သင်သည် တမန်များကိုစေလွှတ်၍ ဘုရားရှင်ကိုစော်ကားပြောဆိုစေခဲ့၏။ သင်က ငါ၏စစ်ရထားများစွာဖြင့် လက်ဘနွန်တောင်ထိပ်အစွန်အဖျားသို့ ငါတက်ခဲ့ပြီ။ ထိုတောင်ပေါ်ရှိ မြင့်မားသောသစ်ကတိုးပင်၊ အကောင်းဆုံးထင်းရှူးပင်တို့ကို ငါခုတ်လှဲခဲ့ပြီ။ တောနက်ကြီး၏အစွန်အဖျားသို့လည်း ငါရောက်ခဲ့ပြီ။
24
ငါသည် တိုင်းတစ်ပါးတို့တွင် တွင်းတူး၍ ရေကိုသောက်ခဲ့ပြီ။ ငါ၏ခြေဖဝါးဖြင့် အီဂျစ်ပြည်၏မြစ်ချောင်းရှိသမျှကို ခန်းခြောက်စေခဲ့ပြီဟု ဆို၏။
25
ဤအမှုကို ရှေးယခင်ကပင် ငါချမှတ်ခဲ့ကြောင်း သင်မကြားဖူးသလော။ သင်သည် ခိုင်ခံ့သောမြို့တို့ကို အပျက်အစီးကျောက်ပုံဖြစ်စေမည့်အကြောင်း ရှေးကာလကပင် ငါစီမံထားခဲ့သည့်အတိုင်း ယခု ငါဖြစ်စေပြီ။
26
ထိုမြို့သားတို့ အားလျော့စိတ်ပျက်ကြပြီ။ ရှက်ကြောက်ကြပြီ။ သူတို့သည် မကြီးမီညှိုးနွမ်းသွားသောတောမြက်ပင်ကဲ့သို့၊ မြက်နုစိမ်းကဲ့သို့၊ ခေါင်မိုးပေါ်မှမြက်ပင် ကဲ့သို့ဖြစ်ကြပြီ။
27
သင်၏နေထိုင်သွားလာခြင်း၊ ငါ့အား အမျက်ထွက်ခြင်းတို့ကို ငါသိ၏။
28
သင်သည် ငါ့ကိုအမျက်ထွက်ပြီး စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ခွံ့မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည်။
29
သင့်အတွက် နိမိတ်လက္ခဏာကား ဤသို့ဖြစ်၏။ ယခုနှစ်တွင် အလေ့ကျပေါက်သောသီးနှံများကို စားရမည်။ ဒုတိယနှစ်တွင် ထိုသီးနှံတို့မှပြန်ပေါက်သောသီးနှံများကို စားရမည်။ တတိယနှစ်တွင်မူ မျိုးကြဲကြလော့၊ ရိတ်သိမ်းကြလော့၊ စပျစ်ပင်ကိုစိုက်ကြလော့၊ စပျစ်သီးကိုစားကြလော့။
30
အသက်ဘေးမှလွတ်မြောက်၍ ကြွင်းကျန်သောယုဒအမျိုးအနွယ်သည် အောက်ဘက်တွင် ပြန်၍အမြစ်စွဲမည်။ အပေါ်ဘက်တွင် ပြန်၍အသီးသီးမည်။
31
ကြွင်းကျန်သောသူတို့သည် ဂျေရုဆလင်မြို့မှလည်းကောင်း၊ လွတ်မြောက်သောသူတို့သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ထွက်ပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကိုပြုတော်မူမည်’ဟု မိန့်ဆိုပြီ။
32
ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်ကို ရည်ညွှန်း၍ ‘သူသည် ဤမြို့သို့ဝင်ရမည်မဟုတ်။ ဤအရပ်၌ မြားကိုပစ်ရမည်မဟုတ်။ ဤမြို့ရှေ့သို့ ဒိုင်းလွှားဖြင့် ချဉ်းကပ်ရမည်မဟုတ်။ မြေကတုတ်လည်း ဆောက်ရမည်မဟုတ်’ဟု မိန့်တော်မူ၏။
33
ထာဝရဘုရားက ‘သူသည် လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ ဝင်ရမည်မဟုတ်။
34
အကြောင်းမူကား ငါသည် ငါ့အတွက်၊ ငါ့အစေအပါးဒါဝိဒ်မင်းကြီးအတွက် ဤမြို့ကို ကာကွယ်မည်၊ ကယ်တင်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုစေ၏။
35
ထိုညမှာပင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များကိုသာ တွေ့ရ၏။
36
ထိုအခါ အဆီးရီးယားဘုရင် သနာခရိပ်မင်းကြီးသည် တပ်ဆုတ်၍ လှည့်ပြန်သွားပြီး နိနေဝေမြို့၌ စံမြန်းလေ၏။
37
သူသည် မိမိဘုရား နိသရုတ်ဝတ်ကျောင်း၌ ရှိခိုးကိုးကွယ်နေစဉ် သားတော်အာဒြမ္မေလက်နှင့်ရှရေဇာတို့သည် သူ့ကို ဓားဖြင့်ကွပ်မျက်ပြီးလျှင် အာရရတ်ပြည်သို့ ထွက်ပြေးသွားကြ၏။ သူ၏သားတော်ဧသရဟဒ္ဒုန်သည် သူ့အရိုက်အရာကို ဆက်ခံလေ၏။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25