bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Kings 23
2 Kings 23
Burmese MSBU
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 24 →
1
ရှင်ဘုရင်သည် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ရှိ သက်ကြီးဝါကြီးအားလုံးကို ဆင့်ခေါ်သဖြင့် သူတို့ စုဝေးရောက်ရှိလာကြ၏။
2
ထိုအခါ ယုဒအမျိုးသားအားလုံးနှင့် ဂျေရုဆလင်မြို့သားအားလုံး၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များမှစ၍ ပြည်သူပြည်သားလူကြီးလူငယ်တစ်ယောက်မကျန် ရှင်ဘုရင်နှင့်အတူ ထာဝရဘုရား၏အိမ်တော်သို့ သွားကြ၏။ ရှင်ဘုရင်သည် ထာဝရဘုရားအိမ်တော်တွင် တွေ့ခဲ့သောပဋိညာဉ်ကျမ်းစကားအလုံးစုံကို သူတို့ကြားသိအောင် ဖတ်ပြလေ၏။
3
ရှင်ဘုရင်သည် တိုင်နားတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြုလျှင် လူအပေါင်းတို့ကလည်း ကတိသစ္စာပြုကြ၏။
4
ထို့နောက် ရှင်ဘုရင်က ယဇ်ပုရောဟိတ်မင်းဟိလခိ၊ လက်ထောက်ယဇ်ပုရောဟိတ်များနှင့် တံခါးစောင့်များအား ဗာလဘုရား၊ အာရှရနတ်ဘုရားမနှင့် ကောင်းကင်တန်ဆာများအဖို့ပြုလုပ်ထားသောအသုံးအဆောင်များအားလုံးကို ထာဝရဘုရား၏ဗိမာန်တော်မှ ထုတ်ဆောင်လာရန် အမိန့်ပေး၏။ ရှင်ဘုရင်သည် ထိုအရာတို့ကို ဂျေရုဆလင်မြို့ပြင် ကေဒြုန်လွင်ပြင်တွင်မီးရှို့ပြီး ပြာများကို ဗေသလမြို့သို့ ယူဆောင်သွား၏။
5
ဂျေရုဆလင်မြို့နှင့်ယုဒမြို့ဝန်းကျင်ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့တွင် နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန် ယုဒဘုရင်များခန့်ထားသော ယဇ်ပုရောဟိတ်တို့ကို ဖယ်ရှားပစ်၏။ ထို့ပြင် ဗာလဘုရား၊ နေဘုရား၊ လဘုရား၊ ကြယ်နက္ခတ်ဘုရား၊ ကောင်းကင်တန်ဆာအပေါင်းတို့အား နံ့သာပေါင်းမီးရှို့ပူဇော်သူများကိုလည်း ဖယ်ရှားပစ်၏။
6
အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း ထာဝရဘုရား၏အိမ်တော်ထဲမှ ဂျေရုဆလင်မြို့ပြင် ကေဒြုန်ချိုင့်ဝှမ်းသို့ ထုတ်လာ၏။ ထိုတံခွန်တိုင်ကို ကေဒြုန်ချိုင့်ဝှမ်း၌ မီးရှို့အမှုန့်ချေပစ်ပြီး ပြာများကို ပြည်သူပြည်သားတို့၏သင်္ချိုင်းပေါ်သို့ ကြဲချလေ၏။
7
မိန်းမတို့ အာရှရနတ်ဘုရားမတံခွန်တိုင်အဖို့ ရွက်ဖျင်များကို ရက်လုပ်သောနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းရှိ မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာတို့၏အိမ်များကိုလည်း ဖြိုပစ်၏။
8
ထို့နောက် ရှင်ဘုရင်သည် ယုဒမြို့ရွာရှိ ယဇ်ပုရောဟိတ်များအားလုံးကိုလည်း ဆင့်ခေါ်၍ ဂေဗမြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ယဇ်ပုရောဟိတ်တို့ နံ့သာပေါင်းမီးရှို့ပူဇော်သောနေရာဖြစ်သည့် အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို မစင်ကြယ်အောင် လုပ်ပစ်၏။ ထို့ပြင် မြို့တံခါးဝ၏ဝဲဘက်၊ မြို့တော်ဝန်ယောရှုတံခါးနားရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကိုလည်း ဖြိုဖျက်ပစ်လေ၏။
9
အထွတ်အမြတ်ထားရာကုန်းမြင့်များမှ ယဇ်ပုရောဟိတ်တို့သည် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏ယဇ်ပလ္လင်သို့ တက်ခွင့်မရှိသော်လည်း တဆေးမဲ့မုန့်ကိုမူ ညီအစ်ကိုတို့နှင့်အတူ စားခွင့်ရကြ၏။
10
ရှင်ဘုရင်သည် ဗင်ဟိန္နုံချိုင့်ဝှမ်းရှိတောဖက်အရပ်ကိုလည်း မစင်ကြယ်အောင် လုပ်လိုက်သဖြင့် ထိုနေရာတွင် မည်သူမျှ မိမိသားသမီးကို မောလုတ်ဘုရားထံ မီးရှို့ပူဇော်၍မရတော့ချေ။
11
ထာဝရဘုရား၏အိမ်တော်အဝင်ဝ၊ အိမ်တော်ဝင်းအတွင်း မိန်းမစိုးနာသန်မေလက်၏အခန်းနားရှိ ယုဒဘုရင်တို့ နေဘုရားအား ပူဇော်ထားသောမြင်းများကိုလည်း ဖယ်ရှားပစ်၍ နေဘုရားရထားတို့ကိုလည်း မီးရှို့ပစ်၏။
12
ရှင်ဘုရင်သည် ယုဒဘုရင်တို့ တည်ထားခဲ့သည့် အာခတ်မင်းကြီး၏လေသာနန်းဆောင်ခေါင်မိုးပြင်ရှိ ယဇ်ပလ္လင်များ၊ ထာဝရဘုရား၏အိမ်တော်ဝင်းနှစ်ခုအတွင်းရှိ မနာရှေမင်းကြီးတည်ထားခဲ့သောယဇ်ပလ္လင်များကို ရှိသည့်နေရာမှ ဖြိုချအမှုန့်ချေပစ်ပြီး ကေဒြုန်ချိုင့်ဝှမ်းထဲသို့ ကြဲချလိုက်လေ၏။
13
ဆီဒုန်အမျိုးသားတို့ကိုးကွယ်သော ရွံရှာဖွယ်အာရှတရက်ဘုရား၊ မောဘအမျိုးသားတို့ကိုးကွယ်သောရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်အမျိုးသားတို့ကိုးကွယ်သောရွံရှာဖွယ် မိလကုံဘုရားတို့အတွက် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးတည်ထားပေးခဲ့သော ဂျေရုဆလင်မြို့အရှေ့ဘက်၊ ပျက်စီးရာတောင်၏တောင်ဘက်ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကိုလည်း ရှင်ဘုရင်က မစင်ကြယ်အောင် လုပ်ပစ်၏။
14
အထွတ်အမြတ်ထားရာကျောက်တိုင်များကို ချိုးပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်ပြီး ထိုနေရာကို လူသေအရိုးများနှင့် အုပ်ထားလိုက်လေ၏။
15
ဗေသလမြို့ရှိ ယဇ်ပလ္လင်နှင့် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီးတည်ထားခဲ့သည့် အထွတ်အမြတ်ထားရာနေရာတို့ကိုလည်း ရှင်ဘုရင်သည် ထိုယဇ်ပလ္လင်နှင့် အထွတ်အမြတ်ထားရာနေရာကိုပါ ဖြိုချပစ်ပြီး မီးရှို့ကာအမှုန့်ချေပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း မီးရှို့ပစ်၏။
16
ထို့နောက် ယောရှိမင်းကြီးသည် ဝန်းကျင်ကိုလှည့်ကြည့်လိုက်သောအခါ တောင်ပေါ်တွင် သင်္ချိုင်းဂူများကို တွေ့သဖြင့် လူလွှတ်၍ သင်္ချိုင်းဂူအတွင်းရှိ အရိုးတို့ကိုယူစေပြီး ယဇ်ပလ္လင်ပေါ်တွင် မီးရှို့၍ ယဇ်ပလ္လင်ကို ညစ်ညူးစေ၏။ ဤသို့ဖြင့် ဘုရားသခင်၏လူ ကြိုတင်ဟောပြောခဲ့သည့်ထာဝရဘုရား၏စကားတော်များအတိုင်း ဤအရာတို့ ဖြစ်လာလေ၏။
17
ထို့ပြင် ရှင်ဘုရင်က “ငါလှမ်းမြင်နေရသော ကမ္ပည်းတိုင်ကား မည်သူ့သင်္ချိုင်းဂူနည်း”ဟု မေးလျှင် မြို့သားတို့က “ဤဗေသလယဇ်ပလ္လင်ကို အရှင်မင်းကြီး ယခုကဲ့သို့ပြုလိမ့်မည်ဟု ကြိုတင်ဟောပြောခဲ့သည့် ယုဒပြည်မှလာသောဘုရားသခင့်လူ၏သင်္ချိုင်းဂူ ဖြစ်ပါ၏”ဟု လျှောက်တင်ကြလျှင်
18
ရှင်ဘုရင်က “ထိုသူ ဤအတိုင်း ရှိပါစေ။ မည်သူမျှ သူ့အရိုးတို့ကို မရွှေ့ရ”ဟု အမိန့်ပေးသဖြင့် ထိုသူ၏အရိုးတို့နှင့် ရှမာရိမြို့မှလာသော ပရောဖက်၏အရိုးတို့ကို ဤအတိုင်း ရှိစေကြ၏။
19
အမျက်တော်ထွက်စေဖို့ အစ္စရေးဘုရင်တို့ တည်ထားခဲ့သည့် ရှမာရိမြို့ရွာများရှိ အထွတ်အမြတ်ထားရာကုန်းမြင့်များမှဝတ်ကျောင်းအားလုံးကိုလည်း ယောရှိမင်းကြီးသည် ဗေသလမြို့တွင် ပြုခဲ့သည့်အတိုင်း ဖယ်ရှားပစ်၏။
20
အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် အမှုဆောင်သောယဇ်ပုရောဟိတ်အားလုံးကို ယဇ်ပလ္လင်ပေါ်တွင် ကွပ်မျက်ပြီး သူတို့အပေါ် လူသေအရိုးတို့ကိုတင်၍ မီးရှို့ပစ်၏။ ထို့နောက်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။
21
ထို့နောက် ရှင်ဘုရင်က ပြည်သူပြည်သားအပေါင်းတို့အား “ဤပဋိညာဉ်ကျမ်းတွင် ရေးထားသည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲကို ကျင်းပကြလော့”ဟု မိန့်ဆို၏။
22
အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ခဲ့သောတရားသူကြီးများလက်ထက်မှစ၍ အစ္စရေးဘုရင်များနှင့် ယုဒဘုရင်များလက်ထက်တစ်လျှောက်လုံးတွင် ဤကဲ့သို့သောပသခါပွဲမျိုး တစ်ခါမျှမကျင်းပခဲ့ဖူးချေ။
23
ယောရှိမင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်သို့ရောက်မှသာ ထာဝရဘုရားအဖို့ ဤကဲ့သို့သောပသခါပွဲကို ဂျေရုဆလင်မြို့တွင် ကျင်းပခဲ့ကြခြင်းဖြစ်၏။
24
ယောရှိမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်၌ ယဇ်ပုရောဟိတ်ဟိလခိတွေ့ရှိခဲ့သောကျမ်းတွင်ရေးသားထားသည့် ပညတ်တရားစကားတော်တို့ကို စောင့်ထိန်းရန် ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်တွင်တွေ့ရှိသော နတ်ဝင်သည်များ၊ နတ်ထိန်းများ၊ တေရပ်ရုပ်တုအပါအဝင်ရုပ်တုဆင်းတုများနှင့် စက်ဆုပ်ရွံရှာဖွယ်အရာအားလုံးတို့ကိုလည်း ဖယ်ရှားပစ်၏။
25
မောရှေ၏ပညတ်တရားအတိုင်း စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ထာဝရဘုရားထံ ပြန်လာသောယောရှိမင်းကြီးကဲ့သို့ဘုရင်မျိုး ရှေးယခင်ကလည်း မရှိ၊ သူ့နောက်၌လည်း မရှိပေ။
26
သို့သော် မနာရှေမင်းကြီးပြုခဲ့သောအမျက်တော်ထွက်စရာအမှုအလုံးစုံတို့ကြောင့် ထာဝရဘုရားသည် ယုဒလူမျိုးကို ပြင်းစွာအမျက်ထွက်သောအရှိန်မှာ မငြိမ်းပေ။
27
ထို့ကြောင့် ထာဝရဘုရားက “အစ္စရေးလူမျိုးကို ငါဖယ်ရှားပစ်သကဲ့သို့ ယုဒလူမျိုးကိုလည်း ငါ့ရှေ့မှဖယ်ရှားပစ်မည်။ ငါရွေးချယ်ခဲ့သောဂျေရုဆလင်မြို့နှင့် ‘ထိုနေရာ၌ငါ့နာမကိုတည်စေမည်’ဟု ငါဆိုခဲ့သောအိမ်တော်ကို ငါစွန့်ပစ်မည်”ဟု မိန့်တော်မူ၏။
28
ကျန်ရှိနေသော ယောရှိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
29
ယောရှိမင်းကြီးလက်ထက်တွင် အီဂျစ်ဘုရင်ဖာရောနေခေါမင်းကြီးသည် အဆီးရီးယားဘုရင်ကိုတိုက်ခိုက်ရန် ယူဖရေးတီးမြစ် သို့ စစ်ချီသွားသည်ကို ယောရှိမင်းကြီးထွက်လာ၍ မေဂိဒ္ဒေါအရပ်တွင် သူ့ကိုရင်ဆိုင်တိုက်ခိုက်ရာ သူသည် ယောရှိမင်းကြီးကိုတွေ့ပြီး ကွပ်မျက်လိုက်လေ၏။
30
ယောရှိမင်းကြီး၏အမှုထမ်းတို့သည် သူ့အလောင်းကို မေဂိဒ္ဒေါအရပ်မှ ဂျေရုဆလင်မြို့သို့ ရထားဖြင့်သယ်သွားပြီး သူ့သင်္ချိုင်းဂူတွင် သင်္ဂြိုဟ်ကြ၏။ ထို့နောက် ပြည်သူပြည်သားတို့သည် ယောရှိမင်းကြီး၏သားတော် ယောခတ်ကို ဘိသိက်ပေး၍ ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေ၏။
31
ယောခတ်နန်းတက်သောအခါ သက်တော်နှစ်ဆယ့်သုံးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် သုံးလစိုးစံ၏။ မယ်တော်ကား လိဗနမြို့သားယေရမိ၏သမီး ဟာမုတလအမည်ရှိ၏။
32
သူသည် ဘိုးဘေးတို့ပြုခဲ့သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
33
ဖာရောနေခေါမင်းကြီးသည် သူ့ကို ဂျေရုဆလင်မြို့တွင် နန်းချပြီး ဟာမတ်ပြည်၊ ရိဗလမြို့တွင် အကျဉ်းချထား၍ တိုင်းပြည်ကိုလည်း ငွေတာလန်တစ်ရာ ၊ ရွှေတစ်တာလန် ဒဏ်တပ်လေ၏။
34
ဖာရောနေခေါမင်းကြီးသည် ယောရှိမင်းကြီး၏သားတော်ဧလျာကိမ်ကို ခမည်းတော်ယောရှိ၏အရိုက်အရာကို ဆက်ခံစေပြီး ယောယကိမ် ဟုအမည်ပြောင်းပေး၏။ ယောခတ်မင်းကြီးကို အီဂျစ်ပြည်သို့ ခေါ်ဆောင်သွားပြီး ထိုပြည်တွင်ပင် သူအနိစ္စရောက်လေ၏။
35
ယောယကိမ်မင်းကြီးသည် ဖာရောနေခေါမင်းကြီးကို ရွှေငွေများ ဆက်သရ၏။ သူသည် ဖာရောမင်းကြီးအမိန့်ဖြင့် ဆက်သရသောအခွန်ငွေများကို ပြည်သူပြည်သားများထံ ကောက်ခံ၏။ ဖာရောနေခေါမင်းကြီးထံ ဆက်သရမည့် ရွှေငွေများကို နှုန်းထားသတ်မှတ်၍ ပြည်သူပြည်သားများထံ အဓမ္မကောက်ခံ၏။
36
ယောယကိမ်နန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်တစ်နှစ်စိုးစံ၏။ မယ်တော်ကား ရုမာမြို့သားပေဒါယ၏သမီး ဇေဗုဒအမည်ရှိ၏။
37
ယောယကိမ်မင်းကြီးသည် ဘိုးဘေးတို့ပြုခဲ့သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25