bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Kings 2
2 Kings 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 3 →
1
ထာဝရဘုရားက ဧလိယအား လေပွေဖြင့် ကောင်းကင်သို့ ချီဆောင်သွားချိန်ရောက်လာလျှင် ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့မှ ထွက်လာကြ၏။
2
ဧလိယက ဧလိရှဲအား “ယခု ဤမြို့၌နေခဲ့လော့။ ထာဝရဘုရားက ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ၏”ဟု ဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့သည် ဗေသလမြို့သို့ ဆင်းသွားကြ၏။
3
ဗေသလမြို့ရှိ ပရောဖက်အဖွဲ့သားတို့က ဧလိရှဲထံသို့လာပြီး “ထာဝရဘုရားက သင့်အရှင်ကိုသင့်ထံမှ ယနေ့ဆောင်ယူသွားမည်ကို သင်သိပါသလော”ဟုမေးလျှင် ဧလိရှဲက “ငါသိပါ၏။ တိတ်တိတ်နေကြပါ”ဟု ပြန်ပြော၏။
4
တစ်ဖန် ဧလိယက “ဧလိရှဲ၊ ယခု ဤမြို့၌ နေခဲ့ပါတော့။ ထာဝရဘုရားက ငါ့ကို ဂျေရိခေါမြို့သို့ စေလွှတ်တော်မူ၏”ဟု ဆို၏။ ဧလိရှဲကလည်း “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့သည် ဂျေရိခေါမြို့သို့ သွားကြ၏။
5
ဂျေရိခေါမြို့ရှိ ပရောဖက်အဖွဲ့သားတို့သည် ဧလိရှဲထံသို့လာပြီး “ထာဝရဘုရားက သင့်အရှင်ကိုသင့်ထံမှ ယနေ့ဆောင်ယူသွားမည်ကို သင်သိပါသလော”ဟုမေးလျှင် ဧလိရှဲက “ငါသိပါ၏။ တိတ်တိတ်နေကြပါ”ဟု ပြန်ပြော၏။
6
တစ်ဖန် ဧလိယက ဧလိရှဲအား “ယခု ဤမြို့မှာ နေခဲ့ပါတော့။ ငါ့ကို ဂျော်ဒန်မြစ်သို့ ထာဝရဘုရား စေလွှတ်တော်မူ၏”ဟုဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့နှစ်ဦး ဆက်သွားကြ၏။
7
သူတို့နှစ်ဦး ဂျော်ဒန်မြစ်နားတွင် ရပ်နေကြစဉ်ပရောဖက်အဖွဲ့သား အယောက်ငါးဆယ်တို့သည် လာ၍ မျက်နှာချင်းဆိုင်ခပ်လှမ်းလှမ်းတွင် ရပ်နေကြ၏။
8
ထို့နောက် ဧလိယသည် မိမိအဝတ်ကိုယူ၍ လိပ်ပြီးမှ ဂျော်ဒန်မြစ်ရေကို ရိုက်လေ၏။ ထိုအခါ ရေသည် ထက်ခြမ်းကွဲသွား၍ သူတို့နှစ်ဦး ခြောက်သွေ့သောမြေပေါ်တွင် လမ်းလျှောက်ကူးသွားကြ၏။
9
သူတို့ မြစ်ကိုဖြတ်ကူးပြီးလျှင် ဧလိယက ဧလိရှဲအား “ငါသည် သင့်ထံမှ ဆောင်ယူသွားခြင်းမခံရမီ သင့်အဖို့ မည်သည့်အရာပြုပေးရမည်ကို ပြောပါလော့”ဟု ဆိုလျှင် ဧလိရှဲက “အရှင့်ထံ၌ရှိသောဝိညာဉ်မျိုး အကျွန်ုပ်၌ နှစ်ဆရှိပါစေသော”ဟု တောင်းဆို၏။
10
ဧလိယကလည်း “သင်သည် ရဖို့ခက်ခဲသောဆုကို တောင်းဆိုပြီ။ သင့်ထံမှ ငါဆောင်ယူသွားခြင်းခံရသည်ကို သင်မြင်လျှင် သင့်အဖို့ ထိုသို့ဖြစ်လိမ့်မည်။ သို့သော် သင်မမြင်လျှင် ထိုသို့ဖြစ်မည်မဟုတ်”ဟု ဆို၏။
11
ထိုသို့ စကားပြောလျက်သွားနေကြစဉ်တွင်ပင် မီးမြင်းနှင့်ကသောမီးရထားတစ်စီး ရုတ်ခြည်းပေါ်လာပြီး သူတို့နှစ်ဦးကိုခွဲပစ်ကာ ဧလိယသည် လေပွေဖြင့် ကောင်းကင်သို့ ပါသွားလေ၏။
12
ထိုအခြင်းအရာကို ဧလိရှဲမြင်လျှင် “အကျွန်ုပ်အဖ၊ အကျွန်ုပ်အဖ၊ အစ္စရေးစစ်ရထားနှင့် မြင်းစီးသူရဲများပါတကား”ဟု အော်ဟစ်လေ၏။ ထိုအချိန်မှစ၍ ဧလိယကို သူ မမြင်ရတော့ပေ။ သူသည် မိမိအဝတ်ကိုကိုင်၍ နှစ်ပိုင်းဆုတ်ဖြဲ၏။
13
ဧလိယကိုယ်မှ ပြုတ်ကျကျန်ခဲ့သောအဝတ်ကိုကောက်ယူပြီး ပြန်လာခဲ့၏။ ဂျော်ဒန်မြစ်ကမ်းနားရောက်လျှင် ရပ်နေ၍
14
ဧလိယကိုယ်မှကျကျန်ခဲ့သောအဝတ်ကိုယူ၍ ရေကိုရိုက်ပြီး “ဧလိယ၏ဘုရားသခင်ထာဝရဘုရားကား အဘယ်မှာနည်း”ဟု ဆို၏။ ထိုသို့ ရေကိုရိုက်သောအခါ ရေသည် ထက်ခြမ်းကွဲသွားသဖြင့် ဧလိရှဲလည်း မြစ်ကိုကူးသွားလေ၏။
15
တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့မှပရောဖက်အဖွဲ့သားတို့သည် ဧလိရှဲကို မြင်သောအခါ “ဧလိယ၏ဝိညာဉ်သည် ဧလိရှဲအပေါ် တည်လေပြီ”ဟုဆိုပြီး သူ့ကို လာရောက်တွေ့ဆုံ၍ မြေမှာပျပ်ဝပ်လျက်
16
“အရှင့်အစေအပါးတို့၌ သန်မာသောသူအယောက်ငါးဆယ်ရှိပါ၏။ အရှင်၏သခင်ကို သွားရှာစေပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကိုဆောင်ယူပြီး တောင်တစ်ခုခုပေါ်တွင်ဖြစ်စေ၊ ချိုင့်ဝှမ်းတစ်နေရာရာတွင်ဖြစ်စေ ချထားကောင်းချထားလိမ့်မည်”ဟု ဆိုလျှင် ဧလိရှဲက “သွားမရှာစေနှင့်”ဟု ပြန်ပြော၏။
17
သို့သော် သူတို့က ဧလိရှဲစိတ်အနှောင့်အယှက်ဖြစ်သည့်တိုင်အောင် တောင်းဆိုကြသဖြင့် ဧလိရှဲက “သွားရှာစေ”ဟု ဆို၏။ သူတို့သည်လည်း လူအယောက်ငါးဆယ်ကိုစေလွှတ်၍ သုံးရက်တိုင်တိုင်ရှာဖွေစေသော်လည်း ဧလိယကို မတွေ့ပေ။
18
ဂျေရိခေါမြို့တွင် ရှိနေသောဧလိရှဲထံသို့ ထိုသူတို့ ပြန်လာကြလျှင် သူက “သင်တို့ကို ‘သွားမရှာကြနှင့်’ဟု ငါမပြောသလော”ဟု ဆိုလေ၏။
19
မြို့သားများသည် ဧလိရှဲထံသို့လာ၍ “ကြည့်ပါ။ အရှင်မြင်သည့်အတိုင်းပင် ဤမြို့သည် နေရာကောင်းသော်လည်း ရေမကောင်းသဖြင့် မြေအသီးအနှံ မဖြစ်ထွန်းပါ”ဟု လျှောက်ကြ၏။
20
ထိုအခါ ဧလိရှဲက “ပန်းကန်အသစ်တစ်ခုထဲတွင် ဆားထည့်ပြီး ငါ့ထံယူခဲ့ပါ”ဟု ဆိုလျှင် သူတို့ယူခဲ့ကြ၏။
21
ထို့နောက် ဧလိရှဲသည် စမ်းရေထွက်သောနေရာသို့သွား၍ ထိုနေရာကိုဆားခတ်ပြီးလျှင် “ထာဝရဘုရားက ‘ဤရေကို ငါသန့်ရှင်းစေပြီ။ နောက်တစ်ဖန် အပင်သေခြင်း၊ မဖြစ်ထွန်းခြင်း မရှိတော့စေရ’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။
22
ထိုနေ့မှစ၍ ယနေ့တိုင်အောင် ထိုရေသည် ဧလိရှဲဆင့်ဆိုသည့်စကားအတိုင်း သန့်ရှင်းလေ၏။
23
ဧလိရှဲသည် ထိုမြို့မှ ဗေသလမြို့သို့ တက်သွားလေ၏။ သူတက်သွားရာလမ်းတွင် လူငယ်တစ်စုက မြို့ထဲမှထွက်လာပြီး “ဟေး ထိပ်ပြောင်ကြီး တက်သွားပါ။ ဟေး ထိပ်ပြောင်ကြီး တက်သွားပါ”ဟု ပြောင်လှောင်ကြ၏။
24
ဧလိရှဲက သူတို့ကိုလှည့်ကြည့်ပြီး ထာဝရဘုရား၏နာမ၌ ကျိန်ဆဲသဖြင့် တောထဲမှဝံမနှစ်ကောင်ထွက်လာ၍ လူငယ်လေးဆယ့်နှစ်ယောက်ကို ကိုက်ဖြတ်လေ၏။
25
ဧလိရှဲသည် ထိုမြို့မှ ကရမေလတောင်ပေါ်သို့ တက်သွားပြီး ထိုနေရာမှ ရှမာရိမြို့သို့ ပြန်လာ၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25