bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ecclesiastes 10
Ecclesiastes 10
Burmese MSBU
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 11 →
1
သေသောယင်ကောင်သည် အမွှေးနံ့သာဖော်စပ်သူ၏နံ့သာဆီကို အပုပ်နံ့ထွက်စေသကဲ့သို့ အနည်းငယ်သောမိုက်မဲခြင်းသည် ဉာဏ်ပညာနှင့် ဂုဏ်သရေထက် အလေးသာတတ်၏။
2
ပညာရှိသောသူ၏စိတ်နှလုံးသည် သူ့ကိုလက်ယာဘက်သို့ တိမ်းညွတ်စေတတ်၏။ မိုက်မဲသောသူ၏စိတ်နှလုံးမူကား သူ့ကိုလက်ဝဲဘက်သို့တိမ်းညွတ်စေတတ်၏။
3
မိုက်မဲသောသူသည် လမ်း၌လျှောက်သွားစဉ်တွင်ပင် အသိစိတ်ကင်းမဲ့၍ မိမိသည်မိုက်မဲသောသူဖြစ်ကြောင်း လူအပေါင်းတို့ရှေ့၌ဖော်ပြတတ်၏။
4
အုပ်စိုးသူမင်းသည် သင့်ကိုစိတ်ဆိုးလျှင်လည်း သင်၏နေရာကိုမစွန့်ခွာနှင့်။ အကြောင်းမူကား တည်ငြိမ်ခြင်းသည် ကြီးစွာသောအမှားကို ပြေပျောက်စေတတ်၏။
5
နေအောက်တွင် ငါတွေ့မြင်သောမကောင်းမှုတစ်ခုရှိ၏။ ၎င်းမှာ အုပ်ချုပ်သူက မတော်တဆပြုမိသောအမှားမျိုးဖြစ်ပြီး
6
မိုက်မဲသောသူအား အလွန်မြင့်သောနေရာကိုပေး၍ ချမ်းသာသောသူတို့သည် နိမ့်ပါးသောနေရာ၌ထိုင်နေရခြင်းဖြစ်၏။
7
ကျွန်တို့သည် မြင်းကိုစီး၍ အကြီးအကဲတို့သည် ကျွန်များကဲ့သို့ မြေပေါ်မှာလျှောက်နေကြရသည်ကို ငါတွေ့မြင်၏။
8
တွင်းကိုတူးသောသူသည် ထိုတွင်းထဲသို့ ကျတတ်၏။ တံတိုင်းကိုဖြိုဖျက်သောသူသည်လည်း မြွေကိုက်ခံရတတ်၏။
9
ကျောက်တို့ကို တူးဖော်သောသူသည် ထိုကျောက်များကြောင့် ဒဏ်ရာရတတ်၏။ ထင်းခွဲသောသူသည် ထိုထင်းများကြောင့် ထိခိုက်ခံရတတ်၏။
10
ပုဆိန်တုံးသောအခါ ၎င်း၏အသွားကိုမသွေးဘဲနေလျှင် ခွန်အားပို၍စိုက်ထုတ်ရလိမ့်မည်။ ဉာဏ်ပညာမူကား အောင်မြင်စေသောအကျိုးကျေးဇူးရှိ၏။
11
မန္တန်မန်းမှုတ်ခြင်းမပြုမီ မြွေကိုက်လျှင် အလမ္ပာယ်သမားသည် အကျိုးမရှိ။
12
ပညာရှိသောသူ၏နှုတ်ထွက်စကားသည် မျက်နှာရစေတတ်၏။ မိုက်မဲသောသူ၏နှုတ်ခမ်းမူကား သူ့ကိုဝါးမျိုဖျက်ဆီးတတ်၏။
13
သူ၏နှုတ်ထွက်စကားအစသည် မိုက်မဲခြင်းဖြစ်ပြီး သူ့စကား၏အဆုံးသည် ဆိုးရွားသောရူးသွပ်ခြင်းဖြစ်၏။
14
မိုက်မဲသောသူသည် စကားများစွာပြောဆိုတတ်၏။ သို့သော် လူသည် မည်သည့်အရာဖြစ်လာမည်ကိုမသိပေ။ သူ့နောက်တွင် ဖြစ်လာမည့်အရာကို သူ့အားမည်သူပြောပြနိုင်မည်နည်း။
15
မိုက်မဲသောသူတို့သည် မြို့သို့သွားသောလမ်းကိုပင် မသိသောကြောင့် သူတို့၏ကြိုးပမ်းအားထုတ်မှုသည် သူတို့ကိုပင်ပန်းစေ၏။
16
အချင်းတိုင်းနိုင်ငံ၊ သင်၏ရှင်ဘုရင်သည် သူငယ်ဖြစ်ပြီး သင်၏အကြီးအကဲတို့သည် နံနက်အချိန်၌ပင် စားသောက်ပွဲကျင်းပလျှင် သင်သည် အမင်္ဂလာရှိ၏။
17
အချင်းတိုင်းနိုင်ငံ၊ သင်၏ရှင်ဘုရင်သည် မြင့်မြတ်သောသူတို့၏အမျိုးအနွယ်ဖြစ်ပြီး သင်၏အကြီးအကဲတို့သည် ယစ်မူးရန်မဟုတ်ဘဲ ခွန်အားရရှိရန် သူ့အချိန်နှင့်သူ စားသောက်ပွဲကျင်းပလျှင် သင်သည် မင်္ဂလာရှိ၏။
18
ပျင်းရိခြင်းကြောင့် အမိုးဒိုင်းသည် ဆွေးမြည့်တတ်၏။ ပျင်းတွဲသောလက်ကြောင့် အိမ်သည် မိုးယိုတတ်၏။
19
ပျော်ရွှင်ရန် စားသောက်ပွဲကိုကျင်းပတတ်ကြ၏။ စပျစ်ဝိုင်သည် အသက်တာကိုဝမ်းမြောက်စေတတ်၏။ ငွေသည် ခပ်သိမ်းသောအမှုကိုဖြေရှင်းပေးတတ်၏။
20
ရှင်ဘုရင်ကို သင်၏စိတ်ကူးထဲ၌ပင် မကျိန်ဆဲနှင့်။ ချမ်းသာသောသူကိုလည်း သင်၏အိပ်ခန်းထဲ၌ပင် မကျိန်ဆဲနှင့်။ အကြောင်းမူကား မိုးကောင်းကင်ငှက်သည် ထိုအသံကို ဆောင်ယူသွားလိမ့်မည်။ တောင်ပံရှိသောအကောင်သည်လည်း ထိုစကားကို ပြောကြားလိမ့်မည်။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12