bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ecclesiastes 12
Ecclesiastes 12
Burmese MSBU
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
1
သင်၏အသက်ပျိုရွယ်သောနေ့ရက်များ၌ သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။ ဘေးဒုက္ခခံရာနေ့ရက်များရောက်လာသဖြင့် “ငါ၌မည်သည့်ပျော်ရွှင်မှုမျှမရှိ”ဟု သင်ပြောဆိုသောနှစ်ကာလများမကျရောက်မီ၊
2
နေနှင့်အလင်း၊ လနှင့်ကြယ်တို့ မှောင်မသွားမီ၊ မိုးရွာပြီးနောက် တိမ်တိုက်များပြန်မလာမီ ကိုယ်တော်ကိုအောက်မေ့လော့။
3
ထိုနေ့ရက်၌ အိမ်ကိုစောင့်သောသူတို့သည် တုန်လှုပ်လျက်၊ ခွန်အားရှိသောသူတို့သည် ညွတ်ကိုင်းလျက်၊ ကြိတ်ဆုံကြိတ်သောသူတို့သည် နည်းပါးသဖြင့် ရပ်သွားလျက်၊ ပြတင်းပေါက်များမှကြည့်သောသူတို့သည် အမြင်မှုန်ဝါးလျက်ရှိကြလိမ့်မည်။
4
လမ်း၌ရှိသောတံခါးရွက်တို့သည် ပိတ်ထားခြင်းခံရလျက် ကြိတ်ဆုံကြိတ်သံသည် တိုးသွားလျက်၊ လူသည် ငှက်သံကြောင့်ထလျက်၊ သီချင်းဆိုသောသမီးပျိုအပေါင်းတို့သည် အားပျော့သွားလျက်ရှိကြလိမ့်မည်။
5
လူတို့သည် မြင့်သောနေရာနှင့်လမ်းပေါ်မှအန္တရာယ်များကို ကြောက်ကြလိမ့်မည်။ ဗာဒံပင်သည် ပွင့်လိမ့်မည်။ နှံကောင်သည် လေးကန်စွာလျှောက်သွားလိမ့်မည်။ အလိုရမ္မက်သည် ပယ်ဖျက်ခြင်းခံရလိမ့်မည်။ လူသည် ထာဝရအိမ်သို့သွားနေသည်ဖြစ်၍ မြည်တမ်းသောသူတို့သည် လမ်း၌ လှည့်ပတ်သွားကြလိမ့်မည်။
6
ငွေကြိုးသည် ဖြတ်တောက်ခြင်းခံရလျက်၊ ရွှေဖလားသည် ချိုးဖျက်ခြင်းခံရလျက်၊ ရေအိုးသည်စမ်းရေတွင်းနား၌ ခွဲဖျက်ခြင်းခံရလျက်၊ စက်သီးသည် ရေတွင်းနား၌ ချိုးဖျက်ခြင်းခံရလျက်
7
မြေမှုန့်သည် လာရင်းမြေသို့ပြန်သွားသကဲ့သို့ အသက်ဝိညာဉ်သည် ၎င်းကိုပေးတော်မူသောဘုရားသခင်ထံသို့ပြန်သွားမည့်အချိန်မရောက်မီ ကိုယ်တော်ကိုအောက်မေ့လော့။
8
အချည်းနှီး၊ အချည်းနှီး၊ ခပ်သိမ်းသောအရာတို့သည် အချည်းနှီးဖြစ်ကြ၏ဟု ဒေသနာဆရာဆို၏။
9
ထိုမျှမက ဒေသနာဆရာသည် ပညာရှိဖြစ်သည့်အလျောက် လူတို့အား အသိပညာကိုလည်း သင်ကြားပေး၏။ သူသည် ချင့်ချိန်တွေးဆ၍ ရှာဖွေစူးစမ်းပြီး များစွာသောသုတ္တံစကားတို့ကို စီကုံးရေးသားခဲ့၏။
10
ဒေသနာဆရာသည် နှစ်သက်ဖွယ်စကားတို့ကိုတွေ့အောင်ရှာ၍ သမ္မာတရားနှင့်ဆိုင်သောစကားတို့ကို မှန်ကန်စွာရေးသားခဲ့၏။
11
ပညာရှိတို့၏စကားများသည် နှင်တံကဲ့သို့ဖြစ်ပြီး တစ်ပါးတည်းသောသိုးထိန်းကြီးပေးအပ်ထားသည့် စုစည်းထားသောစကားများသည် ခိုင်မြဲစွာရိုက်ထားသောသံကဲ့သို့ဖြစ်၏။
12
ထို့ပြင် ငါ့သား၊ ဤအချက်တို့ကိုလည်း သတိပြုလော့။ များစွာသောစာအုပ်တို့ကိုရေးသားပြုစုခြင်းသည် အဆုံးမရှိ။ များစွာလေ့လာဆည်းပူးခြင်းသည်လည်း ကိုယ်ခန္ဓာကိုပင်ပန်းနွမ်းနယ်စေ၏။
13
အားလုံးကိုကြားရပြီးသည့်နောက် နိဂုံးချုပ်စကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ကိုယ်တော်၏ပညတ်တော်တို့ကိုစောင့်ထိန်းလော့။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် လူတို့ပြုရမည့်အရာအလုံးစုံ၏အချုပ်ဖြစ်၏။
14
အကြောင်းမူကား ဘုရားသခင်သည် ကောင်းသောအမှုဖြစ်စေ၊ မကောင်းသောအမှုဖြစ်စေ၊ ဝှက်ထားသောအမှုအားလုံးအပါအဝင် ခပ်သိမ်းသောအမှုတို့ကို တရားသဖြင့်စီရင်တော်မူလိမ့်မည်။
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
All chapters:
1
2
3
4
5
6
7
8
9
10
11
12