bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ecclesiastes 5
Ecclesiastes 5
Burmese MSBU
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 6 →
1
ဘုရားသခင်၏အိမ်တော်သို့သွားသောအခါ သင်၏ခြေလှမ်းကိုစောင့်ထိန်းလော့။ နားထောင်ရန်ချဉ်းကပ်ခြင်းသည် မိုက်မဲသောသူတို့နှင့်ဆိုင်သောယဇ်ကိုပူဇော်ခြင်းထက် ပို၍ကောင်း၏။ အကြောင်းမူကား သူတို့သည် မိမိတို့မကောင်းမှုပြုနေသည်ကို မသိကြချေ။
2
ဘုရားသခင်၏ရှေ့တော်၌နှုတ်မြွက်ရန် သင်၏နှုတ်ကိုမလောစေနှင့်။ သင်၏စိတ်ကိုလည်း မမြန်စေနှင့်။ အကြောင်းမူကား ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူပြီး သင်သည် မြေကြီးပေါ်၌ရှိ၏။ ထို့ကြောင့် သင်၏စကားကို နည်းစေလော့။
3
အလုပ်များပြားခြင်းအားဖြင့် အိပ်မက်မက်တတ်သကဲ့သို့ စကားများပြားခြင်းအားဖြင့် မိုက်မဲသောသူ၏အသံပါတတ်၏။
4
ဘုရားသခင်အား ကတိသစ္စာပြုသောအခါ ၎င်းကိုပြည့်စုံစေရန် မနှောင့်နှေးစေနှင့်။ အကြောင်းမူကား ကိုယ်တော်သည် မိုက်မဲသောသူကို နှစ်သက်တော်မမူ။ သင်ကတိသစ္စာပြုထားသည့်အတိုင်း ပြည့်စုံစေလော့။
5
ကတိသစ္စာပြုပြီး မပြည့်စုံစေဘဲနေခြင်းထက် ကတိသစ္စာမပြုဘဲနေခြင်းက ပို၍ကောင်း၏။
6
သင်၏နှုတ်ကြောင့် သင့်အပေါ်၌ အပြစ်မရောက်စေနှင့်။ စေတမန်ရှေ့၌ “ထိုကတိသစ္စာကို မတော်တဆပြုမိပါသည်”ဟု ပြောရသောအကြောင်းမရှိစေနှင့်။ အဘယ်ကြောင့် သင်၏စကားအားဖြင့် ဘုရားသခင်ကို အမျက်ထွက်စေ၍ သင်၏လက်ဖြင့်ပြုသောအမှုကို ဖျက်ဆီးစေမည်နည်း။
7
အိပ်မက်များပြားခြင်းအားဖြင့် အချည်းနှီးသောအရာနှင့် စကားတို့သည်လည်း များပြားလာတတ်၏။ သို့ဖြစ်၍ ဘုရားသခင်ကို ကြောက်ရွံ့လော့။
8
နယ်မြေဒေသတစ်ခုခုတွင် ဆင်းရဲသားတို့ကိုဖိနှိပ်ချုပ်ချယ်ခြင်းကိုလည်းကောင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှသွေဖည်ခြင်းကိုလည်းကောင်း သင်မြင်ရလျှင်လည်း ထိုအမှုကိုအံ့ဩခြင်းမရှိနှင့်။ အကြောင်းမူကား ရာထူးမြင့်သောသူတစ်ဦးကို သူ့ထက်ရာထူးမြင့်သောသူက စောင့်ကြည့်နေ၏။ ထိုသူတို့ထက် ရာထူးမြင့်သောသူများလည်း ရှိကြ၏။
9
မြေကြီးမှရသောအကျိုးသည် အားလုံးအတွက်ဖြစ်၏။ ရှင်ဘုရင်သည်လည်း လယ်ယာ၏ကျေးဇူးကိုခံရ၏။
10
ငွေကိုတပ်မက်သောသူသည် ငွေအားဖြင့် အလိုမပြည့်စုံနိုင်။ စည်းစိမ်ဘဏ္ဍာကိုတပ်မက်သောသူသည်လည်း မိမိရရှိသောအရာအားဖြင့် အလိုမပြည့်စုံနိုင်။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
11
ဥစ္စာတိုးပွားသောအခါ ၎င်းကိုစားသုံးသူလည်း များပြားလာတတ်၏။ ၎င်းကိုပိုင်ဆိုင်သောသူသည်လည်း မိမိ၏မျက်စိဖြင့် ကြည့်နေခြင်းမှတစ်ပါး အခြားမည်သည့်အကျိုးကျေးဇူးကိုရရှိသနည်း။
12
အလုပ်လုပ်သောသူသည် အနည်းငယ်စားသည်ဖြစ်စေ၊ များစွာစားသည်ဖြစ်စေ နှစ်ခြိုက်စွာအိပ်စက်တတ်၏။ ချမ်းသာသောသူ၏ဝပြောခြင်းမူကား ထိုချမ်းသာသောသူကိုအိပ်ပျော်ခွင့်မပေးတတ်။
13
နေအောက်တွင် ငါတွေ့မြင်ရသည့် ဆိုးရွား၍ငြီးငွေ့ဖွယ်ကောင်းသောအမှုတစ်ခုရှိ၏။ ထိုအမှုမှာ ဓနဥစ္စာသည် ၎င်းကိုထိန်းသိမ်းထားသောပိုင်ရှင်အား ဒုက္ခပေးခြင်းပင်ဖြစ်၏။
14
ထိုဓနဥစ္စာသည် အဖြစ်ဆိုးတစ်ခုကြောင့်ဆုံးရှုံးသွား၍ ထိုသူသည် သားကိုရသော်လည်း ထိုသား၏လက်တွင် မည်သည့်အရာမျှမရှိချေ။
15
သူသည် အမိဝမ်းထဲမှ အဝတ်မပါအချည်းစည်းထွက်လာသည့်နည်းတူ ပြန်သည့်အခါ၌လည်း မိမိလာသည့်အတိုင်း ပြန်သွားရမည်။ မိမိ၏လက်တွင် မိမိကြိုးပမ်းအားထုတ်မှုထဲမှ ဘာမျှမယူဆောင်ဘဲသွားရမည်။
16
ဤအရာသည်လည်း ဆိုးရွား၍ငြီးငွေ့ဖွယ်ကောင်းသောအမှုဖြစ်၏။ လူသည် မိမိလာသည့်အတိုင်း အလျှင်းမခြားနားဘဲ ပြန်သွားရမည်။ သူသည် လေအတွက်ကြိုးပမ်းအားထုတ်သည်ဖြစ်၍ သူ၌မည်သည့်အကျိုးရှိသနည်း။
17
သူသည် မိမိ၏နေ့ရက်အားလုံးတို့၌ များစွာစိတ်ပျက်ခြင်း၊ ဝေဒနာခံစားရခြင်းနှင့် အမျက်ထွက်ခြင်းဖြင့် အမှောင်ထဲတွင်စားသောက်ရမည်။
18
ကြည့်ရှုလော့။ ဘုရားသခင်ပေးတော်မူသည့် အနည်းငယ်သောအသက်တာနေ့ရက်များ၌ လူသည် စားလျက်၊ သောက်လျက်၊ နေအောက်၌ ကြိုးပမ်းအားထုတ်သည့် မိမိ၏ကြိုးပမ်းအားထုတ်မှုအားလုံးအပေါ် ကျေနပ်အားရလျက်နေခြင်းသည် ကောင်းမြတ်၍တင့်တယ်ကြောင်း ငါတွေ့မြင်၏။ အကြောင်းမူကား ဤအရာသည် လူ၏ဝေစုဖြစ်၏။
19
ဘုရားသခင်သည် ဓနဥစ္စာနှင့် စည်းစိမ်ချမ်းသာကိုပေးတော်မူသောသူတိုင်းအား ထိုအရာတို့ကိုခံစားသုံးဆောင်ရသောအခွင့်ကိုလည်းကောင်း၊ မိမိ၏ဝေစုကိုယူ၍ မိမိ၏ကြိုးပမ်းအားထုတ်မှု၌ ဝမ်းမြောက်ရသောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။ ဤအရာသည် ဘုရားသခင်ပေးတော်မူသောလက်ဆောင်ဖြစ်၏။
20
အကြောင်းမူကား ထိုသူသည် မိမိအသက်တာ၏နေ့ရက်များကို လွန်ကဲစွာအောက်မေ့ခြင်းမရှိ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ၏စိတ်နှလုံးကို ဝမ်းမြောက်ခြင်းဖြင့် ပြည့်ဝစေတော်မူ၏။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12