bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ecclesiastes 4
Ecclesiastes 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 5 →
1
တစ်ဖန် နေအောက်တွင်ပြုသောနှိပ်စက်မှုရှိသမျှတို့ကို ငါပြန်၍တွေ့မြင်၏။ ကြည့်ရှုလော့။ နှိပ်စက်ခံရသောသူတို့သည် မျက်ရည်ကျသော်လည်း သူတို့ကိုနှစ်သိမ့်ပေးမည့်သူမရှိ။ သူတို့ကိုနှိပ်စက်သောသူတို့၏လက်တွင် တန်ခိုးအာဏာရှိသဖြင့် သူတို့ကို နှစ်သိမ့်ပေးမည့်သူမရှိ။
2
ထို့ကြောင့် အသက်ရှင်နေသေးသောလူရှင်တို့ထက် သေလွန်ပြီးသောလူသေတို့ကို ငါထောမနာပြု၏။
3
သို့ရာတွင် လူဖြစ်မလာသေးသောသူ၊ နေအောက်တွင်ပြုသောမကောင်းမှုကို မမြင်သေးသောသူသည် ထိုနှစ်ဦးတို့ထက်ပို၍ကောင်း၏။
4
တစ်ဖန် ကြိုးပမ်းအားထုတ်မှုအားလုံးနှင့် ကျွမ်းကျင်စွာပြုသောအမှုအားလုံးတို့သည် လူအချင်းချင်းတို့၏မနာလိုဝန်တိုမှုကြောင့်သာဖြစ်ကြောင်း ငါတွေ့မြင်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
5
မိုက်မဲသောသူသည် မိမိလက်ကိုပိုက်ထား၍ မိမိအသားကိုစားတတ်၏။
6
လက်တစ်ဆုပ်စာအေးချမ်းမှုသည် လက်ခုပ်တစ်ခုပ်စာကြိုးပမ်းအားထုတ်မှုနှင့် လေကိုလိုက်ဖမ်းခြင်းတို့ထက် ပို၍ကောင်း၏။
7
တစ်ဖန် နေအောက်တွင် အချည်းနှီးသောအရာကို ငါပြန်၍တွေ့မြင်သည်မှာ
8
တစ်ကိုယ်တည်းဖြစ်လျက် အပေါင်းအဖော်မရှိ၊ သားလည်းမရှိ၊ ညီအစ်ကိုလည်းမရှိသောသူတစ်ဦးရှိ၏။ သို့သော် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ အဆုံးမရှိ။ သူ၏မျက်စိသည်လည်း ဓနဥစ္စာ၌ကျေနပ်တင်းတိမ်သည်ဟူ၍မရှိ။ “ငါသည် မည်သူ့အတွက် ကြိုးပမ်းအားထုတ်လျက် ငါ၌ကောင်းကျိုးချမ်းသာချို့တဲ့စေရသနည်း”ဟူ၍လည်းမမေး။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။
9
နှစ်ဦးသည် တစ်ဦးထက် ပို၍ကောင်း၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ကြိုးပမ်းအားထုတ်မှုအတွက် ကောင်းသောဆုလာဘ်ကိုသူတို့ရရှိကြ၏။
10
အကြောင်းမူကား တစ်ဦးလဲလျှင် အခြားတစ်ဦးသည် မိမိ၏အပေါင်းအဖော်ကို ထူမပေးလိမ့်မည်။ သို့သော် လဲသောအခါ ထူမပေးမည့်သူမရှိသော တစ်ကိုယ်တည်းသမားသည် အကျိုးနည်းလှ၏။
11
တစ်ဖန် နှစ်ဦးအတူအိပ်လျှင် နွေး၏။ တစ်ကိုယ်တည်းဖြစ်သောသူမူကား မည်သို့နွေးနိုင်မည်နည်း။
12
တစ်စုံတစ်ဦးသည် သူတို့တစ်ဦးဦးကိုအနိုင်ယူလျှင်လည်း နှစ်ဦးအားဖြင့် ထိုသူကိုတောင့်ခံနိုင်၏။ သုံးလွန်းတင်သောကြိုးသည် အလွယ်တကူမပြတ်နိုင်။
13
ဆင်းရဲသော်လည်း ပညာရှိသောလူငယ်သည် အသက်ကြီးသော်လည်း သတိပေးချက်ကိုလက်မခံတော့သည့် မိုက်မဲသောရှင်ဘုရင်ထက် ပို၍ကောင်း၏။
14
အကြောင်းမူကား ထိုလူငယ်သည် မိမိ၏နိုင်ငံတွင်ဆင်းရဲသောသူအဖြစ်မွေးဖွားလာသော်လည်း နန်းစံရန်အတွက် အကျဉ်းထောင်မှထွက်လာခဲ့သူဖြစ်၏။
15
နေအောက်တွင်အသက်ရှင်သွားလာသောသူအပေါင်းတို့သည် ရှင်ဘုရင်အရိုက်အရာကိုခံရသည့် ဒုတိယလူဖြစ်သောထိုလူငယ်ဘက်၌ နေတတ်ကြသည်ကို ငါတွေ့မြင်၏။
16
ထိုရှင်ဘုရင်မတိုင်မီရှိခဲ့သူအားလုံးတည်းဟူသော လူအပေါင်းတို့သည် မဆုံးနိုင်။ သို့သော် နောက်ဖြစ်ပေါ်လာသောသူတို့သည် သူ့ကိုနှစ်သက်ကြလိမ့်မည်မဟုတ်။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12