bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ecclesiastes 7
Ecclesiastes 7
Burmese MSBU
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 8 →
1
မွှေးသောဂုဏ်သတင်းသည် မွှေးသောနံ့သာဆီထက် ပို၍ကောင်း၏။ သေသောနေ့သည်လည်း မွေးဖွားသောနေ့ထက် ပို၍ကောင်း၏။
2
အသုဘအိမ်သို့သွားခြင်းသည် စားသောက်ပွဲခံရာအိမ်သို့သွားခြင်းထက်ပို၍ကောင်း၏။ အကြောင်းမူကား သေခြင်းသည် လူအားလုံး၏နိဂုံးဖြစ်၍ အသက်ရှင်လျက်ရှိသောသူသည် ထိုအမှုအရာကိုဆင်ခြင်နှလုံးသွင်းလိမ့်မည်။
3
ပူဆွေးခြင်းသည် ရယ်မောခြင်းထက်ပို၍ကောင်း၏။ အကြောင်းမူကား မျက်နှာညှိုးငယ်သောအားဖြင့် စိတ်နှလုံးကောင်းလာတတ်၏။
4
ပညာရှိသောသူတို့၏စိတ်နှလုံးသည် အသုဘအိမ်၌ရှိ၏။ မိုက်မဲသောသူတို့၏စိတ်နှလုံးမူကား ပျော်ပါးရာအိမ်၌ရှိ၏။
5
ပညာရှိသောသူဆုံးမသွန်သင်သောစကားကိုနားထောင်ခြင်းသည် မိုက်မဲသောသူတို့ဆိုသောသီချင်းကိုနားထောင်ခြင်းထက် ပို၍ကောင်း၏။
6
အကြောင်းမူကား မိုက်မဲသောသူ၏ရယ်မောသံသည် အိုးအောက်မှလောင်နေသောဆူးခက်များ၏အသံနှင့်တူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
7
အကယ်စင်စစ် ဖိနှိပ်ချုပ်ချယ်ခြင်းသည် ပညာရှိသောသူကို ရူးမိုက်စေတတ်၍ တံစိုးလက်ဆောင်သည် စိတ်နှလုံးကို ပျက်စီးစေတတ်၏။
8
အမှုအရာ၏အဆုံးသည် ၎င်း၏အစထက် ပို၍ကောင်း၏။ သည်းခံသောစိတ်သည် ထောင်လွှားသောစိတ်ထက် ပို၍ကောင်း၏။
9
အမျက်ဒေါသသည် မိုက်မဲသောသူတို့၏ရင်ခွင်ထဲ၌ ကိန်းအောင်းတတ်သည်ဖြစ်၍ သင့်စိတ်ထဲတွင် အမျက်ဒေါသ အလျင်စလိုမထွက်ပါစေနှင့်။
10
ယခင်နေ့ရက်များသည် ယခုနေ့ရက်များထက် အဘယ်ကြောင့် ပို၍ကောင်းသနည်းဟု မမေးနှင့်။ အကြောင်းမူကား ထိုသို့မေးမြန်းခြင်းသည် ဉာဏ်ပညာမှလာသည်မဟုတ်။
11
ဉာဏ်ပညာသည် အမွေဥစ္စာနှင့်အမျှကောင်းမြတ်၍ နေကိုမြင်သောသူတို့အတွက် အကျိုးရှိ၏။
12
အကြောင်းမူကား ငွေသည် အကာအကွယ်ဖြစ်သကဲ့သို့ ဉာဏ်ပညာသည် အကာအကွယ်ဖြစ်၏။ ဉာဏ်ပညာသည် ၎င်းကိုပိုင်ဆိုင်သောသူအား အသက်ရှင်စေတတ်၏။ ဤသည်ကား အသိပညာ၏အကျိုးဖြစ်၏။
13
ဘုရားသခင်ပြုတော်မူသောအမှုကို ဆင်ခြင်လော့။ ကိုယ်တော်ကောက်စေတော်မူသောအရာကို မည်သူဖြောင့်စေနိုင်သနည်း။
14
ကောင်းကျိုးချမ်းသာခံစားရာကာလ၌ ဝမ်းမြောက်လော့။ ဒုက္ခခံရာကာလ၌မူကား ဆင်ခြင်လော့။ လူသည် သူ့နောက်တွင်ဖြစ်မည့်အရာတစ်စုံတစ်ခုကိုမျှ မတွေ့ရှိစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာနှင့်အတူ ဒုက္ခကိုလည်း ဖြစ်ပေါ်စေတော်မူ၏။
15
ငါ၏အချည်းနှီးသောနေ့ရက်များ၌ ခပ်သိမ်းသောအမှုတို့ကို ငါတွေ့မြင်ပြီ။ မိမိ၏ဖြောင့်မတ်ခြင်းထဲ၌ ပျက်စီးရသည့် ဖြောင့်မတ်သောသူရှိသကဲ့သို့ မိမိ၏ဆိုးယုတ်ခြင်းထဲ၌ အသက်ရှည်ရသည့်ဆိုးယုတ်သောသူလည်းရှိ၏။
16
သင်သည် လွန်ကဲစွာမဖြောင့်မတ်နှင့်။ ဉာဏ်ပညာလည်း အလွန်အကျွံမရှိစေနှင့်။ အဘယ်ကြောင့် သင့်ကိုယ်သင်ဖျက်ဆီးလိုသနည်း။
17
လွန်ကဲစွာမဆိုးယုတ်နှင့်။ မိုက်မဲသောသူလည်း မဖြစ်နှင့်။ သင်၏အချိန်မရောက်မီ အဘယ်ကြောင့် သေလိုသနည်း။
18
ဤအချက်ကိုဆုပ်ကိုင်ထားလျှင်ကောင်း၏။ အခြားတစ်ချက်ကိုလည်း လက်မလွတ်စေနှင့်။ အကြောင်းမူကား ဘုရားသခင်ကိုကြောက်ရွံ့သောသူသည် ထိုအရာအားလုံးကို အောင်နိုင်လိမ့်မည်။
19
ဉာဏ်ပညာသည် ပညာရှိသောသူကို မြို့ထဲ၌ရှိသောအုပ်ချုပ်သူဆယ်ဦးထက် ပို၍အားကြီးစေတတ်၏။
20
အမှန်စင်စစ် အပြစ်မပြုဘဲ ကောင်းသောအမှုကိုသာပြုသည့်ဖြောင့်မတ်သောသူဟူ၍ ကမ္ဘာမြေကြီးပေါ်၌မရှိ။
21
လူတို့ပြောသမျှသောစကားတို့ကို အာရုံမစိုက်နှင့်။ အာရုံစိုက်လျှင် သင်၏ကျွန်က သင့်ကိုကျိန်ဆဲသောစကားကို ကြားမိလိမ့်မည်။
22
သင်ကိုယ်တိုင်လည်း အခြားသောသူများကိုအကြိမ်ပေါင်းများစွာကျိန်ဆဲခဲ့ကြောင်း သင့်စိတ်ကသိ၏။
23
ဤအရာအားလုံးကို ဉာဏ်ပညာအားဖြင့် ငါစမ်းသပ်ပြီ။ “ငါသည်ပညာရှိဖြစ်မည်”ဟု ပြောဆိုသော်လည်း ထိုအရာသည် ငါနှင့်ဝေးကွာလျက်ရှိ၏။
24
ရှိခဲ့ပြီးသောအရာသည် အလှမ်းဝေးလျက် အလွန်နက်ရှိုင်း၏။ ထိုအရာကို မည်သူတွေ့ရှိနိုင်မည်နည်း။
25
ငါသည် ဉာဏ်ပညာနှင့်အကြောင်းအကျိုးတို့ကို သိရှိ၍စူးစမ်းရှာဖွေရန်လည်းကောင်း၊ စဉ်းစားဉာဏ်ကင်းမဲ့ခြင်း၏ဆိုးယုတ်မှုနှင့် ရူးသွပ်ခြင်း၏မိုက်မဲမှုတို့ကို သိရှိရန်လည်းကောင်း ငါ့စိတ်အာရုံကိုပြန်လှည့်လိုက်၏။
26
တစ်ဖန် ပိုက်ကွန်နှင့်ထောင်ပိုက်ကဲ့သို့သောစိတ်နှလုံးရှိ၍ လက်ထိတ်ကဲ့သို့သောလက်ရှိသည့်မိန်းမသည် သေခြင်းထက် ပို၍ခါးသည်ကို ငါတွေ့ရ၏။ ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူသည် ထိုမိန်းမ၏လက်မှလွတ်မြောက်လိမ့်မည်။ အပြစ်ပြုသောသူမူကား သူ၏ဖမ်းမိခြင်းကိုခံရလိမ့်မည်။
27
ဒေသနာဆရာဆိုသည်ကား ကြည့်ရှုလော့။ ငါ၏စိတ်ဝိညာဉ်သည် အကြိမ်ကြိမ်ရှာဖွေသော်လည်း မတွေ့ခဲ့သောအကြောင်းအကျိုးကိုတွေ့ရှိနိုင်ရန် တစ်ခုအပေါ်တစ်ခုပေါင်းစပ်လိုက်ရာ ဤအချက်ကို ငါတွေ့ရှိရ၏။
28
၎င်းမှာ ယောက်ျားတစ်ထောင်တို့တွင် တစ်ယောက်ကို ငါတွေ့ရှိရ၏။ သို့သော် မိန်းမတစ်ထောင်တို့တွင် တစ်ယောက်ကိုမျှ ငါမတွေ့ရှိခဲ့ပေ။
29
ကြည့်ရှုလော့။ ငါတွေ့ရှိသည့် တစ်ခုတည်းသောအရာကား ဘုရားသခင်သည် လူကိုဖြောင့်မှန်သောသူအဖြစ် ဖန်ဆင်းတော်မူသော်လည်း လူတို့သည် များစွာသောအကြောင်းအချက်တို့ကိုရှာဖွေကြသည်ဟူ၍ဖြစ်၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12