bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ecclesiastes 2
Ecclesiastes 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 3 →
1
ငါသည် ငါ့စိတ်နှလုံးအား “ယခုလာလော့။ အပျော်အပါးအားဖြင့် သင့်ကို ငါစမ်းသပ်မည်။ ကောင်းသောအရာကိုလည်း ခံစားသိရှိလော့”ဟု မြွက်ဆို၏။ သို့ရာတွင် ကြည့်ရှုလော့။ ထိုအမှုအရာသည်လည်း အချည်းနှီးဖြစ်၏။
2
ရယ်မောခြင်းသည် “ရူးသွပ်ခြင်းဖြစ်၏” ဟူ၍လည်းကောင်း၊ အပျော်အပါးသည် “မည်သည့်အကျိုးရှိသနည်း” ဟူ၍လည်းကောင်း ငါဆို၏။
3
လူသားတို့သည် မိမိတို့၏အနည်းငယ်သော အသက်တာနေ့ရက်များ၌ မိုးကောင်းကင်အောက်တွင် မည်သည့်အရာပြုကောင်းသည်ကို ငါမြင်ရသည်အထိ ငါ့စိတ်နှလုံးကို ဉာဏ်ပညာဖြင့်ဦးဆောင်ရင်း မိုက်မဲသောအမှု၌ကျင်လည်၍ ငါ့ကိုယ်ခန္ဓာကိုစပျစ်ဝိုင်ဖြင့်အားတက်စေမည်ဟု ငါ့စိတ်နှလုံးထဲတွင် ငါကြံစည်၏။
4
ငါသည် ငါပြုသောအမှုများကို တိုးပွားစေ၏။ ငါ့အတွက် အိမ်များကို ငါတည်ဆောက်၍ စပျစ်ခြံများကို ငါစိုက်ပျိုး၏။
5
ဥယျာဉ်များနှင့် သစ်သီးခြံများကိုလည်း ငါလုပ်၍ ထိုနေရာများတွင် သီးစားပင်အမျိုးမျိုးကို ငါစိုက်ပျိုး၏။
6
သစ်ပင်များပေါက်နေသောတောထဲသို့ရေသွင်းရန် ရေလှောင်ကန်များကိုလည်း ငါတည်ဆောက်၏။
7
ငါသည် ကျွန်ယောက်ျားနှင့် ကျွန်မိန်းမတို့ကို ဝယ်ယူ၏။ ငါ့ထံ၌ ကျွန်သပေါက်များလည်းရှိ၏။ ငါ့အလျင် ဂျေရုဆလင်မြို့၌ရှိနှင့်သူအားလုံးတို့ထက် များစွာသောတိရစ္ဆာန်တို့လည်း ငါ၌ရှိ၏။
8
ရွှေနှင့်ငွေတို့ကိုလည်းကောင်း၊ ရှင်ဘုရင်များနှင့်တိုင်းပြည်တို့၏ဘဏ္ဍာကိုလည်းကောင်း ငါစုဆောင်း၏။ အမျိုးသားသီချင်းသည်နှင့် အမျိုးသမီးသီချင်းသည်တို့ကိုလည်းကောင်း၊ လူသားတို့ပျော်မွေ့ရာဖြစ်သောမောင်းမမိဿံများကိုလည်းကောင်း ငါခေါ်ယူ၏။
9
ဤသို့ဖြင့် ငါသည် ကြီးမြတ်လာ၍ ငါ့အလျင် ဂျေရုဆလင်မြို့၌ရှိနှင့်သူအားလုံးတို့ထက်သာလွန်၏။ ငါ၏ဉာဏ်ပညာသည်လည်း ငါ၌တည်မြဲတည်နေ၏။
10
ငါသည် ငါ့မျက်စိလိုချင်တပ်မက်သောအရာတစ်စုံတစ်ခုကိုမျှမငြင်း။ ငါ့စိတ်နှလုံးကိုလည်း အပျော်အပါးရှိသမျှကို ခံစားခွင့်ပေးထား၏။ အမှန်စင်စစ် ငါ၏စိတ်နှလုံးသည် ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ ဝမ်းမြောက်၏။ ဤသည်ကား ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးအတွက် ငါရရှိသောဝေစုဖြစ်၏။
11
သို့သော် ငါ့လက်ဖြင့်ပြုခဲ့သောအမှုအားလုံးတို့ကိုလည်းကောင်း၊ ထိုအမှုတို့ကိုပြုလုပ်ရန် ငါကြိုးပမ်းအားထုတ်ခဲ့သည့် ငါ၏ကြိုးပမ်းအားထုတ်မှုကိုလည်းကောင်း ငါပြန်၍ဆန်းစစ်သောအခါ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။ နေအောက်တွင် အကျိုးဖြစ်စေသောအရာတစ်စုံတစ်ခုမျှမရှိ။
12
ရှင်ဘုရင်နောက်မှပေါ်ထွန်းလာသောသူသည် မည်သည့်အရာကိုပြုနိုင်သနည်း။ ထိုရှင်ဘုရင်ပြုပြီးသောအရာကိုသာပြုနိုင်၏။ ထို့ကြောင့် ငါသည် ဉာဏ်ပညာကိုလည်းကောင်း၊ ရူးသွပ်ခြင်းနှင့် မိုက်မဲခြင်းတို့ကိုလည်းကောင်း ပြန်၍ဆန်းစစ်ကြည့်၏။
13
ထိုအခါ အလင်းသည် အမှောင်ထက် ပို၍အကျိုးရှိသကဲ့သို့ ဉာဏ်ပညာသည် မိုက်မဲခြင်းထက် ပို၍အကျိုးရှိသည်ကို ငါတွေ့မြင်၏။
14
ပညာရှိသောသူ၏မျက်စိသည် သူ၏ဦးခေါင်းထဲ၌ရှိ၏။ မိုက်မဲသောသူမူကား အမှောင်ထဲ၌လျှောက်လှမ်းတတ်၏။ သို့ရာတွင် တစ်ခုတည်းသောအဖြစ်သည် သူတို့အားလုံး၌ဖြစ်ပျက်သည်ကို ငါသိ၏။
15
ထိုအခါ ငါက “မိုက်မဲသောသူ၌ဖြစ်ပျက်သောအဖြစ်မျိုးသည် ငါ၌လည်းဖြစ်ပျက်လိမ့်မည်။ သို့ဖြစ်လျှင် ငါဉာဏ်ပညာရှိခြင်းသည် ငါ့အတွက် မည်သို့အကျိုးထူးသနည်း”ဟု ငါ့စိတ်ထဲ၌မြွက်ဆို၏။ တစ်ဖန် “ဤအရာသည်လည်း အချည်းနှီးဖြစ်၏”ဟု ငါ့စိတ်ထဲ၌ ပြောဆို၏။
16
အမှန်စင်စစ် မိုက်မဲသောသူကဲ့သို့ပင် ပညာရှိသောသူသည်လည်း အစဉ်အမြဲအောက်မေ့ခြင်းခံရမည်မဟုတ်။ နောင်လာမည့်နေ့ရက်များတွင် အားလုံးသည် မေ့လျော့ခြင်းခံရလိမ့်မည်။ ပညာရှိသောသူသည် မိုက်မဲသောသူနည်းတူ သေတတ်ပါသည်တကား။
17
ထို့ကြောင့် ငါသည် အသက်ရှင်ရခြင်းကိုမုန်း၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင်ပြုသောအမှုသည် ငါ့အတွက် ငြီးငွေ့ဖွယ်ကောင်း၏။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
18
နေအောက်တွင် ငါကြိုးပမ်းအားထုတ်သော ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးကိုလည်း ငါမုန်း၏။ အကြောင်းမူကား ငါ့နောက်လာမည့်သူအား ၎င်းတို့ကိုချန်ထားခဲ့ရမည်ဖြစ်၏။
19
ထိုသူသည် ပညာရှိသောသူဖြစ်မည်လော၊ သို့မဟုတ် မိုက်မဲသောသူဖြစ်မည်လော မည်သူသိနိုင်သနည်း။ သို့သော် နေအောက်တွင် ဉာဏ်ပညာရှိစွာငါကြိုးပမ်းအားထုတ်သည့် ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးကို ထိုသူသည် စိုးမိုးရလိမ့်မည်။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
20
ထို့ကြောင့် နေအောက်တွင်ငါကြိုးပမ်းအားထုတ်သည့် ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးအပေါ် ငါသည် မျှော်လင့်စရာကင်းမဲ့လာလေ၏။
21
အကြောင်းမူကား ဉာဏ်ပညာ၊ အသိပညာနှင့် ကျွမ်းကျင်မှုတို့ဖြင့် ကြိုးပမ်းအားထုတ်သောသူရှိသော်လည်း ထိုသူသည် မိမိ၏ဝေစုကို ကြိုးပမ်းအားထုတ်မှုမရှိသောသူအား ပေးအပ်ရမည်ဖြစ်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး အလွန်ငြီးငွေ့ဖွယ်ကောင်းသောအမှုဖြစ်၏။
22
လူသည် နေအောက်တွင်ကြိုးပမ်းအားထုတ်သည့် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံးအတွက်လည်းကောင်း၊ သူ၏စိတ်နှလုံးစွဲလမ်းသောအရာများအတွက်လည်းကောင်း မည်သည့်အရာကိုရရှိသနည်း။
23
သူ၏နေ့ရက်ရှိသမျှတို့သည် ဒုက္ခဝေဒနာနှင့်ပြည့်လျက် သူ၏အလုပ်သည်ပူဆွေးစရာဖြစ်၏။ သူ၏စိတ်နှလုံးသည် ညအခါ၌ပင် မနားရပေ။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
24
လူသည် စားလျက်၊ သောက်လျက်၊ မိမိ၏ကြိုးပမ်းအားထုတ်မှုအပေါ် စိတ်ကျေနပ်အားရလျက်နေခြင်းမှတစ်ပါး သူ့အတွက်အခြားကောင်းသောအရာမရှိ။ ထိုအရာသည်လည်း ဘုရားသခင်၏လက်တော်မှလာသည်ကို ငါတွေ့မြင်၏။
25
အကြောင်းမူကား ကိုယ်တော်နှင့်ကင်း၍ မည်သူသည် စားနိုင်မည်နည်း။ မည်သူသည် စိတ်ပျော်ရွှင်နိုင်မည်နည်း။
26
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိစိတ်တော်နှင့်တွေ့သောသူအား ဉာဏ်ပညာ၊ အသိပညာနှင့်ဝမ်းမြောက်ခြင်းတို့ကို ပေးတော်မူ၏။ အပြစ်ပြုသောသူကိုကား ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူအားပေးအပ်ရန်အတွက် စုသိမ်း၍သိုမှီးထားရသည့်အလုပ်ကို ပေးတော်မူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
Recommended Reading
Commentary
Ecclesiastes Commentaries
→
Devotional
Ecclesiastes Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→