bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ecclesiastes 8
Ecclesiastes 8
Burmese MSBU
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 9 →
1
မည်သူသည် ပညာရှိကဲ့သို့ဖြစ်သနည်း။ မည်သူသည် အမှုအရာ၏အနက်အဓိပ္ပာယ်ကိုသိသနည်း။ လူတစ်ဦး၏ဉာဏ်ပညာသည် ထိုသူ၏မျက်နှာကိုထွန်းလင်းစေ၍ သူ၏တင်းမာသောမျက်နှာကို ပြောင်းလဲစေတတ်၏။
2
ငါဆိုသည်ကား “ဘုရားသခင်၏ရှေ့တော်၌ကျိန်ဆိုထားသည်ဖြစ်၍ ရှင်ဘုရင်၏အမိန့်ကိုနာခံလော့။
3
သူ၏ရှေ့မှောက်မှ အလျင်စလိုမထွက်သွားနှင့်။ မကောင်းသောအမှုဘက်၌ မရပ်တည်နှင့်။ အကြောင်းမူကား သူသည် အရာအားလုံးကိုအလိုရှိသည့်အတိုင်း စီရင်တတ်၏။”
4
ရှင်ဘုရင်၏အမိန့်၌ အခွင့်အာဏာရှိ၏။ “သင်ဘာလုပ်နေသနည်း”ဟု သူ့ကိုမည်သူပြောနိုင်သနည်း။
5
သူ၏အမိန့်ကိုစောင့်ထိန်းသောသူသည် မကောင်းသောအမှုအရာနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်။ ပညာရှိသောသူ၏စိတ်နှလုံးသည် အချိန်နှင့်စီရင်ထုံးတို့ကို သိတတ်၏။
6
လူ့အပေါ်၌ များစွာသောဒုက္ခကျရောက်တတ်သော်လည်း ခပ်သိမ်းသောအကြောင်းကိစ္စအတွက် သူ့အချိန်၊ သူ့စီရင်ထုံးရှိ၏။
7
အကြောင်းမူကား နောင်ဖြစ်မည့်အရာကို မည်သူမျှမသိသည်ဖြစ်၍ မည်သည့်အရာဖြစ်လာမည်ကို မည်သူပြောနိုင်သနည်း။
8
လေ ကိုတားဆီးရန် မည်သူမျှလေကိုမထိန်းချုပ်နိုင်သကဲ့သို့ သေရမည့်နေ့ရက်အပေါ် အခွင့်အာဏာရှိသောသူမရှိ။ (စစ်ဖြစ်ချိန်၌) စစ်ပွဲမှမည်သူမျှထွက်ခွာခွင့်မရှိသကဲ့သို့ ဆိုးယုတ်မှုသည် ဆိုးယုတ်သောသူကို လွတ်မြောက်ခွင့်ပေးလိမ့်မည်မဟုတ်။
9
ငါသည် နေအောက်တွင်ပြုသမျှသောအမှုအရာကို ဆင်ခြင်နှလုံးသွင်းသောအခါ ဤအရာအားလုံးကို တွေ့မြင်၏။ လူသည် အခြားသောသူကိုစိုးမိုး၍ သူကိုယ်တိုင် ဒုက္ခရောက်ရသောအချိန်ရှိ၏။
10
တစ်ဖန် သန့်ရှင်းသောနေရာ၌ ဝင်ထွက်သွားလာခဲ့သည့် ဆိုးယုတ်သောသူတို့သည် သင်္ဂြိုဟ်ခြင်းခံရသည်ကိုငါတွေ့မြင်၏။ သူတို့သည် ထိုသို့ပြုခဲ့ရာမြို့တွင် မေ့လျော့ခြင်းခံရကြ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
11
မကောင်းသောအမှုအတွက် စီရင်ချက်အလျင်အမြန်မချမှတ်သောကြောင့် လူသားတို့၏စိတ်နှလုံးသည် မကောင်းမှုပြုလိုသောသဘောနှင့် ပြည့်ဝလျက်ရှိ၏။
12
အပြစ်ပြုသောသူသည် မကောင်းမှုကိုအကြိမ်တစ်ရာပြုလျက်ပင် အသက်ရှည်သော်လည်း ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်၏ရှေ့တော်၌ ကြောက်ရွံ့ကြသောကြောင့် ကောင်းကျိုးချမ်းသာကိုခံစားရကြောင်း ငါအမှန်သိ၏။
13
ဆိုးယုတ်သောသူမူကား ဘုရားသခင်၏ရှေ့တော်၌ ကြောက်ရွံ့ခြင်းမရှိသောကြောင့် ကောင်းကျိုးချမ်းသာကိုခံစားရလိမ့်မည်မဟုတ်။ သူ၏နေ့ရက်ကာလများသည်လည်း အရိပ်ကဲ့သို့ဖြစ်၍ ရှည်လိမ့်မည်မဟုတ်။
14
ကမ္ဘာမြေကြီးပေါ်တွင်ဖြစ်တတ်သည့် အချည်းနှီးသောအမှုတစ်ခုရှိ၏။ ၎င်းမှာ ဆိုးယုတ်သောသူတို့ခံထိုက်သောဆိုးကျိုးကို ခံရသည့်ဖြောင့်မတ်သောသူများရှိသကဲ့သို့ ဖြောင့်မတ်သောသူတို့ခံထိုက်သောကောင်းကျိုးကို ခံရသည့်ဆိုးယုတ်သောသူများလည်းရှိကြသည်ဟူ၍ဖြစ်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်သည်ဟု ငါဆို၏။
15
သို့ဖြစ်၍ ပျော်ရွှင်မှုကိုငါထောမနာပြု၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင် စားလျက်၊ သောက်လျက်၊ ဝမ်းမြောက်လျက်နေခြင်းထက် လူ့အတွက်ကောင်းသည့်အရာမရှိ။ ဤသည်ကား နေအောက်တွင် လူကိုဘုရားသခင်ပေးတော်မူသော အသက်တာ၏နေ့ရက်ကာလများ၌ လူ၏ကြိုးပမ်းအားထုတ်မှုထဲတွင် သူနှင့်အတူလိုက်ပါလာသောအရာဖြစ်၏။
16
ငါသည် ဉာဏ်ပညာကိုသိရှိရန်လည်းကောင်း၊ လူသည် နေ့ရောညပါမအိပ်ဘဲ ကမ္ဘာမြေကြီးပေါ်တွင်လုပ်ဆောင်တတ်သောအလုပ်ကိုတွေ့မြင်ရန်လည်းကောင်း ငါ၏စိတ်ကိုပိုင်းဖြတ်ထားသောအခါ
17
ဘုရားသခင်ပြုတော်မူသောအမှုအားလုံးကို ငါတွေ့မြင်၏။ အမှန်စင်စစ် နေအောက်တွင်ပြုသောအမှုကို လူသည်ရှာဖွေ၍ မတွေ့ရှိနိုင်။ မည်မျှကြိုးပမ်းအားထုတ်၍ရှာဖွေလျှင်လည်း မတွေ့ရှိနိုင်။ ထိုအရာကိုသိကြောင်း ပညာရှိတစ်ဦးကပြောဆိုလျှင်လည်း မတွေ့ရှိနိုင်။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12