bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ecclesiastes 6
Ecclesiastes 6
Burmese MSBU
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 7 →
1
နေအောက်တွင်ငါတွေ့မြင်သော အဖြစ်ဆိုးတစ်ခုရှိ၍ ၎င်းသည် လူကိုဝန်ပိစေ၏။
2
ဘုရားသခင်သည် လူတစ်ဦးအား ဓနဥစ္စာ၊ စည်းစိမ်ချမ်းသာနှင့် ဂုဏ်သရေတို့ကိုပေးတော်မူသဖြင့် သူသည် သူ၏စိတ်ဝိညာဉ်၌တောင့်တသောအရာတစ်စုံတစ်ခုမျှ ချို့တဲ့ခြင်းမရှိ။ သို့သော် ဘုရားသခင်သည် သူ့အား ထိုအရာကိုခံစားသုံးဆောင်ရသောအခွင့်ပေးတော်မမူသောကြောင့် သူတစ်ပါးသည် ထိုအရာကိုခံစားသုံးဆောင်ရ၏။ ဤအရာသည် အချည်းနှီးဖြစ်ပြီး ရောဂါဆိုးတစ်ခုဖြစ်၏။
3
လူသည် သားတစ်ရာမွေးဖွား၍ နှစ်ပေါင်းများစွာအသက်ရှင်ရလျက် သူ့အသက်တာ၏နေ့ရက်သည် များပြားလျှင်လည်း သူ၏စိတ်ဝိညာဉ်သည် ကောင်းကျိုးချမ်းသာကြောင့် အလိုပြည့်စုံသည်ဟူ၍မရှိသကဲ့သို့ သူ့ကို သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းလည်းမရှိလျှင် အသေမွေးသောကလေးသည် ထိုသူထက်ပို၍ကောင်းသည်ဟု ငါဆို၏။
4
အကြောင်းမူကား ထိုကလေးသည် အချည်းနှီးထဲသို့ရောက်လာ၍ အမှောင်ထဲသို့ထွက်သွား၏။ သူ၏အမည်သည်လည်း အမှောင်ထဲ၌ဖုံးအုပ်ခြင်းခံရ၏။
5
သူသည် နေကိုလည်းမမြင်ရ၊ မည်သည့်အရာကိုမျှလည်းမသိရ။ သို့သော် ထိုကလေးသည် အထက်ဖော်ပြပါလူထက် ပို၍အေးချမ်းမှုရှိ၏။
6
အကယ်၍ ထိုလူသည် အနှစ်တစ်ထောင်ကိုနှစ်ဆတိုး၍အသက်ရှင်ရသော်လည်း ကောင်းကျိုးချမ်းသာကိုမတွေ့ရလျှင် မည်သည့်အကျိုးရှိမည်နည်း။ အားလုံးသည် တစ်ခုတည်းသောအရပ်သို့သွားကြသည်မဟုတ်လော။
7
လူ၏ကြိုးပမ်းအားထုတ်မှုအားလုံးသည် မိမိပါးစပ်အတွက်ဖြစ်၏။ သို့သော် သူ၏အာသာသည် မည်သည့်အခါမျှမပြေနိုင်။
8
ပညာရှိသောသူသည် မိုက်မဲသောသူထက် မည်သို့အကျိုးထူးသနည်း။ အသက်ရှင်သောသူများရှေ့တွင် မည်သို့ကျင့်ကြံပြုမူရမည်ကိုသိသောဆင်းရဲသားသည်လည်း မည်သို့အကျိုးထူးသနည်း။
9
မျက်စိဖြင့်မြင်ရခြင်းသည် စိတ်ကူးယဉ်နေခြင်းထက် ပို၍ကောင်း၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
10
ယခုရှိနေသောအရာ၏အမည်ကို မှည့်ခေါ်ထားပြီးဖြစ်၏။ လူသည် မည်သည့်အရာဖြစ်သည်ကိုလည်း သိထားပြီးဖြစ်၍ သူသည် မိမိထက်တန်ခိုးကြီးသောသူနှင့် ဖက်ပြိုင်၍မရနိုင်။
11
စကားများစွာပြောလျှင် အချည်းနှီးသောအရာလည်း များပြားလာတတ်သည်ဖြစ်၍ လူအတွက် မည်သည့်အကျိုးရှိသနည်း။
12
အရိပ်ကဲ့သို့ဖြတ်သန်းသွား၍ အချည်းနှီးဖြစ်သည့် လူ၏အနည်းငယ်သောအသက်တာနေ့ရက်များ၌ လူ့အသက်တာအတွက် မည်သည့်အရာကောင်းမြတ်သည်ကို မည်သူသိနိုင်သနည်း။ သူ့နောက်တွင် နေအောက်၌ မည်သည့်အရာဖြစ်ပျက်မည်ကို သူ့အားမည်သူပြောပြနိုင်သနည်း။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12