bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBZ
/
Numbers 19
Numbers 19
Burmese MSBZ
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 20 →
1
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား
2
“ထာဝရဘုရား မိန့်မှာတော်မူသောပြဋ္ဌာန်းချက်တရားကား ဤသို့ဖြစ်၏။ ကိုယ်အင်္ဂါမချို့ယွင်း၊ ထမ်းပိုးမတင်ရသေးသော၊ အပြစ်အနာအဆာကင်းသော အနီရောင်နွားမတမ်းတစ်ကောင်ကို ယူဆောင်လာရန် အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။
3
ထိုနွားမတမ်းကို ယဇ်ပုရောဟိတ်ဧလာဇာအား ပေးရမည်။ သူသည် ထိုနွားမတမ်းကို တပ်စခန်းအပြင်ဘက်သို့ ထုတ်သွား၍ သူ့ရှေ့၌ သတ်စေရမည်။
4
ယဇ်ပုရောဟိတ်ဧလာဇာသည် သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့ဘက်သို့ ခုနစ်ကြိမ်ဖျန်းရမည်။
5
ထိုနွားမတမ်းကို သူ့ရှေ့၌ ရှို့စေရမည်။ အရေခွံ၊ အသား၊ သွေးတို့ကို မစင်နှင့်တကွ ရှို့ပစ်ရမည်။
6
ယဇ်ပုရောဟိတ်သည် သစ်ကတိုးသား၊ ဟုဿုပ်ညွန့်၊ အနီရောင်ချည်တို့ကိုယူ၍ နွားမတမ်းကိုရှို့သောမီးပုံထဲသို့ ပစ်ထည့်ရမည်။
7
ထို့နောက် ယဇ်ပုရောဟိတ်သည် မိမိအဝတ်ကို လျှော်၍ ရေချိုးပြီးမှ တပ်စခန်းထဲသို့ ဝင်နိုင်၏။ သို့သော် ယဇ်ပုရောဟိတ်သည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
8
နွားမတမ်းကို ရှို့သောသူသည် မိမိအဝတ်ကို လျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
9
စင်ကြယ်သောယောက်ျားတစ်ယောက်က နွားမတမ်း၏ပြာကို စုသိမ်း၍ တပ်စခန်းအပြင်ဘက် စင်ကြယ်သောနေရာတွင် ထားရမည်။ ထိုပြာကို အစ္စရေးအမျိုးသားလူထုအပေါင်းတို့၏အပြစ်ဖြေလွှတ်ခြင်းအတွက် စင်ကြယ်စေခြင်းရေ ဖော်စပ်ရန် သိမ်းထားရမည်။
10
နွားမတမ်း၏ပြာကို စုသိမ်းသောသူသည် မိမိအဝတ်ကို လျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။ ဤသည်ကား အစ္စရေးအမျိုးသားဖြစ်စေ၊ သူတို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
11
လူသေအလောင်းကို ထိမိသောသူသည် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။
12
သူသည် သုံးရက်မြောက်နေ့၌ စင်ကြယ်စေခြင်းရေဖြင့် မိမိကိုယ်မိမိ သန့်စင်စေပြီး ခုနစ်ရက်မြောက်နေ့၌ သူသည် စင်ကြယ်လိမ့်မည်။ သုံးရက်မြောက်နေ့၌ မိမိကိုယ်မိမိ မသန့်စင်စေလျှင် ခုနစ်ရက်မြောက်နေ့၌ သူသည် စင်ကြယ်မည်မဟုတ်။
13
လူသေအလောင်းကို ထိမိပြီး မိမိကိုယ်မိမိ မသန့်စင်စေသောသူမည်သူမဆို ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်ကို ညစ်ညူးစေရာရောက်၏။ သူသည် အစ္စရေးလူမျိုးထဲမှ ပယ်ဖျက်ခြင်းကို ခံရမည်။ သူသည် စင်ကြယ်စေခြင်းရေဖျန်းခြင်းကို မခံသောကြောင့် မစင်မကြယ်ဖြစ်၏။ အညစ်အကြေးသည် သူ၌ရှိနေဆဲဖြစ်၏။
14
တဲထဲ၌သေသောသူနှင့်ဆိုင်သောတရားကား ဤသို့တည်း။ လူသေတဲထဲသို့ဝင်သောသူ၊ တဲထဲရှိသောသူ မည်သူမဆို ခုနစ်ရက်ပတ်လုံး မစင်မကြယ်ဖြစ်၏။
15
အဖုံးမဖုံးဘဲ ပွင့်နေသောအသုံးအဆောင်မှန်သမျှသည်လည်း မစင်မကြယ်ဖြစ်၏။
16
လယ်ယာ၌နေသောသူမည်သူမဆို ဓားဖြင့်အသတ်ခံရသောသူကိုဖြစ်စေ၊ အလိုလိုသေသောသူကိုဖြစ်စေ၊ လူသေအရိုးကိုဖြစ်စေ၊ သင်္ချိုင်းဂူကိုဖြစ်စေ ထိမိလျှင် သူသည် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။
17
မစင်ကြယ်သောသူအတွက် အပြစ်ဖြေရာယဇ်ဖြစ်သည့်မီးရှို့ထားသောနွားမတမ်း၏ပြာကို ယူ၍ စမ်းရေ နှင့်အတူ အိုးထဲသို့ ထည့်ပြီးလျှင်
18
စင်ကြယ်သောသူသည် ဟုဿုပ်ညွန့်ကိုယူ၍ ထိုရေထဲသို့နှစ်ပြီး တဲနှင့် တဲထဲရှိအသုံးအဆောင်အားလုံးကိုလည်းကောင်း၊ တဲထဲရှိလူတို့ကိုလည်းကောင်း၊ လူသေအရိုး၊ အသတ်ခံရသူ၊ အလိုလိုသေသောသူ၊ သင်္ချိုင်းဂူကို ထိမိသောသူကိုလည်းကောင်း ဖျန်းရမည်။
19
စင်ကြယ်သောသူသည် ထိုရေဖြင့် မစင်ကြယ်သောသူအား တတိယနေ့၊ သတ္တမနေ့တို့၌ ဖျန်းရမည်။ သတ္တမနေ့၌ မစင်ကြယ်သောသူသည် မိမိကိုယ်မိမိ သန့်စင်စေရမည်။ မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်ရောက်လျှင် စင်ကြယ်လိမ့်မည်။
20
မစင်ကြယ်သောသူသည် မိမိကိုယ်မိမိ မသန့်စင်စေလျှင်မူကား ထာဝရဘုရား၏သန့်ရှင်းရာဌာနကို ညစ်ညူးစေရာရောက်သောကြောင့် သူသည် လူအစုအဝေးထဲမှ ပယ်ဖျက်ခြင်းခံရမည်။ စင်ကြယ်စေခြင်းရေဖြင့်ဖျန်းခြင်းကို မခံသောကြောင့် သူသည် မစင်ကြယ်သောသူဖြစ်၏။
21
ဤသည်ကား သူတို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။ စင်ကြယ်စေခြင်းရေကို ဖျန်းပေးသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ စင်ကြယ်စေခြင်းရေကို ထိသောသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
22
မစင်ကြယ်သောသူ ထိမိသောအရာမှန်သမျှသည် မစင်မကြယ်ဖြစ်၏။ ထိုအရာတို့ကို ထိမိသောသူသည်လည်း နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏”ဟု မိန့်တော်မူ၏။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36