bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBZ
/
Numbers 30
Numbers 30
Burmese MSBZ
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 31 →
1
မောရှေက အစ္စရေးအမျိုးသားတို့၏အမျိုးအနွယ်အကြီးအမှူးတို့အား “ထာဝရဘုရားမိန့်တော်မူသောအရာကား ဤသို့တည်း။
2
ယောက်ျားတစ်ယောက်သည် ထာဝရဘုရားအား ကတိသစ္စာပြုလျှင်ဖြစ်စေ၊ ကျိန်ဆိုခြင်းဖြင့်မိမိကိုယ်မိမိ ချည်နှောင်ထားလျှင်ဖြစ်စေ သူသည် မိမိစကားကိုမဖျက်ရ။ မိမိနှုတ်ထွက်သမျှအတိုင်း ပြုရမည်။
3
မိန်းမတစ်ယောက်သည် ငယ်ရွယ်စဉ် မိမိဖခင်အိမ်၌ ထာဝရဘုရားအား ကတိသစ္စာပြုလျှင်ဖြစ်စေ၊ ကတိစကားဖြင့်မိမိကိုယ်မိမိ ချည်နှောင်ထားလျှင်ဖြစ်စေ
4
ထိုကတိသစ္စာပြုခြင်း၊ ကတိစကားဖြင့်မိမိကိုယ်မိမိ ချည်နှောင်ခြင်းကို သူ၏ဖခင်ကြားသော်လည်း ဘာမျှမပြောဘဲနေလျှင် သူ၏ကတိသစ္စာအားလုံး၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားအားလုံး တည်လိမ့်မည်။
5
သူ၏ဖခင် ကြားသောနေ့၌ သူ့ကိုဟန့်တားလျှင်မူကား သူ၏ကတိသစ္စာအားလုံး၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားအားလုံး မတည်ရ။ သူ၏ဖခင် သူ့ကိုဟန့်တားသောကြောင့် ထာဝရဘုရားသည် သူ့ကိုခွင့်လွှတ်တော်မူလိမ့်မည်။
6
ထိုမိန်းမသည် ယောက်ျားရပြီးမှ ကတိသစ္စာပြုလျှင်ဖြစ်စေ၊ စကားကိုအလျင်စလိုပြော၍ မိမိကိုယ်မိမိ ချည်နှောင်လျှင်ဖြစ်စေ
7
သူ၏ယောက်ျားကြားသော်လည်း ကြားသောနေ့၌ သူ့အား ဘာမျှမပြောဘဲနေလျှင် သူ၏ကတိသစ္စာ၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားတို့သည် တည်လိမ့်မည်။
8
သူ၏ယောက်ျား ကြားသောနေ့၌ သူ့ကိုဟန့်တား၍ သူပြုထားသောကတိသစ္စာနှင့် အလျင်စလိုပြောသောစကားဖြင့် မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားတို့ကို ပယ်ဖျက်လျှင်မူကား ထာဝရဘုရားသည် ထိုမိန်းမကိုခွင့်လွှတ်တော်မူလိမ့်မည်။
9
မုဆိုးမဖြစ်စေ၊ ကွာရှင်းထားသောမိန်းမဖြစ်စေ မိမိကိုယ်မိမိ ချည်နှောင်သောကတိသစ္စာအားလုံးသည် သူ၌ တည်လိမ့်မည်။
10
မိမိယောက်ျား၏အိမ်၌နေစဉ် ကတိသစ္စာပြုလျှင်ဖြစ်စေ၊ ကျိန်ဆို၍ မိမိကိုယ်မိမိ ကတိစကားဖြင့်ချည်နှောင်လျှင်ဖြစ်စေ
11
သူ၏ယောက်ျား ကြားသော်လည်း သူ့အား ဘာမျှမပြော၊ ဘာမျှမဟန့်တားလျှင် သူ၏ကတိသစ္စာအားလုံး၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားအားလုံး တည်လိမ့်မည်။
12
သူ၏ယောက်ျား ကြားသောနေ့၌ ဧကန်ပယ်ဖျက်လျှင်မူကား သူ၏ကတိသစ္စာများဖြစ်စေ၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားများဖြစ်စေ သူ၏နှုတ်မှထွက်သောစကားအားလုံး မတည်ရ။ သူ၏ယောက်ျား ပယ်ဖျက်ပြီဖြစ်သောကြောင့် ထာဝရဘုရားသည် သူ့ကိုခွင့်လွှတ်တော်မူလိမ့်မည်။
13
ကတိသစ္စာအားလုံးကိုဖြစ်စေ၊ မိမိစိတ်ဆန္ဒကိုငြင်းပယ် ပြီး ကျိန်ဆိုသောကတိစကားအားလုံးကိုဖြစ်စေ သူ၏ယောက်ျားသည် တည်စေခွင့်၊ ပယ်ဖျက်ခွင့်ရှိ၏။
14
သူ၏ယောက်ျားသည် ကြားသောနေ့မှစ၍ နောက်နေ့များတွင်လည်း သူ့အား ဘာဆိုဘာမျှမပြောဘဲနေလျှင် ထိုယောက်ျားသည် မယားပြုသောကတိသစ္စာအားလုံး၊ ဝန်ခံချက်အားလုံးကို တည်စေရာရောက်၏။
15
ထိုယောက်ျားသည် ကြားသောနေ့လွန်ပြီးမှ ဧကန်ပယ်ဖျက်လျှင် မယား၏ဒုစရိုက်ကို တာဝန်ယူရမည်”ဟု ဆိုလေ၏။
16
ဤသည်ကား လင်နှင့်မယားအကြား၊ ဖခင်နှင့်ငယ်ရွယ်စဉ်ဖခင်အိမ်၌နေသောသမီးအကြား မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသော ပြဋ္ဌာန်းချက်များဖြစ်၏။
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 31 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36