bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Leviticus 10
Leviticus 10
Burmese 2021
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 11 →
1
အာရုန်၏သားနာဒပ်နှင့် အဘိဟုတို့သည်၊ ကိုယ်စီဆိုင်သောလင်ပန်းတို့ကိုယူလျက်၊ မီးကိုထည့်၍ လောဗန်ကိုတင်ပြီးလျှင်၊ ထာဝရဘုရားမှာထားတော်မူသော မီးမဟုတ်၊ ထူးခြားသောမီးကို ရှေ့တော်၌ပူဇော်၏။
2
ထိုအခါ ထာဝရဘုရားထံတော်မှ မီးထွက်၍၊ သူတို့ကိုလောင်သဖြင့် ရှေ့တော်၌သေကြ၏။
3
ထိုအခါ၊ မောရှေသည် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားက၊ ငါသည် သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံသို့ချဉ်းကပ်သူတို့သည် မှတ်ရမည်။ လူအပေါင်းတို့သည် ငါ့ဘုန်းကိုချီးမြှင့်ရကြမည်ဟု မိန့်တော်မူရာ၌၊ ထိုသို့သောအမှုကိုရည်ဆောင်၍ မိန့်တော်မူသည်ဟုဆိုလျှင်၊ အာရုန်သည် တိတ်ဆိတ်စွာနေလေ၏။
4
မောရှေသည် အာရုန်၏ဘထွေး ဩဇေလသားမိရှေလနှင့် ဧလဇာဖန်ကိုခေါ်၍၊ လာကြ။ သင်တို့ပေါက်ဖော်တို့ကို သန့်ရှင်းရာဌာနတော်က၊ တပ်ပြင်သို့ ယူသွားကြလော့ဟုဆိုသည်အတိုင်း၊
5
သူတို့သည်လာ၍ အင်္ကျီဝတ်လျက်ရှိသောအသေကောင်ကို တပ်ပြင်သို့ယူသွားကြ၏။
6
မောရှေသည် အာရုန်နှင့်သူ၏သား ဧလာဇာနှင့်ဣသမာတို့ကိုခေါ်၍၊ သင်တို့လည်းသေမည်။ လူအပေါင်းတို့အပေါ်မှာ အမျက်တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍၊ သင်တို့ဦးထုပ်ကို မချွတ်နှင့်။ အဝတ်ကိုမဆုတ်နှင့်။ သင်တို့ညီအစ်ကို ဣသရေလအမျိုးသားရှိသမျှတို့သည် ထာဝရဘုရားပြုတော်မူသော မီးလောင်ခြင်းကိုသာ ငိုကြွေးမြည်တမ်းကြစေ။
7
သင်တို့သေမည်ကို စိုးရိမ်သည်ဖြစ်၍၊ ပရိသတ်စည်းဝေးရာတံခါးပြင်သို့ မထွက်နှင့်။ ထာဝရဘုရား၏ဘိသိက်ဆီသည် သင်တို့အပေါ်၌ရှိသည်ဟု ဆိုသည်အတိုင်း သူတို့ပြုကြ၏။
8
တစ်ဖန် အာရုန်အားထာဝရဘုရားက၊
9
သင်နှင့် သင်၏သားတို့သည် သေဘေးနှင့်ကင်းလွတ်ခြင်းငှာလည်းကောင်း၊ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာ၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို ပိုင်းခြားတတ်ခြင်းငှာလည်းကောင်း၊ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားသမျှသောပညတ်တို့ကို ဣသရေလအမျိုးသားတို့၌ သွန်သင်တတ်ခြင်းငှာလည်းကောင်း၊ ပရိသတ်စည်းဝေးရာတဲတော်သို့ ဝင်သောအခါ၊ စပျစ်ရည်အစရှိသော ယစ်မျိုးကိုမသောက်နှင့်။ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသောပညတ်ဖြစ်သတည်းဟု မိန့်တော်မူ၏။
12
မောရှေသည်လည်း၊ အာရုန်နှင့် ကြွင်းသောသားဧလာဇာ၊ ဣသမာတို့ကိုခေါ်၍၊ သင်တို့သည် ထာဝရဘုရားအားမီးဖြင့်ပြုသော ဘောဇဉ်ပူဇော်သကာအကြွင်းကိုယူ၍ တဆေးမပါဘဲ ယဇ်ပလ္လင်နားမှာစားကြလော့။ အလွန်သန့်ရှင်းပေ၏။
13
ထိုအကြွင်းသည် ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာထဲက သင်နှင့်သင်၏သားတို့ ခံထိုက်သောအဖို့ဖြစ်၍ သန့်ရှင်းရာဌာနတော်၌ စားရကြမည်။ ထိုပညတ်တော်ကို ငါခံရပြီ။
14
ချီလွှဲသောရင်ပတ်၊ ချီမြှောက်သောပခုံးကိုကား၊ သင်နှင့်တကွ သင်၏သားသမီးတို့သည် စင်ကြယ်သောအရပ်၌ စားရကြမည်။ ဣသရေလအမျိုးသားတို့သည် ပူဇော်သောမိတ်သဟာယယဇ်ထဲက၊ သင်နှင့်သင်၏သားတို့သည် ခံထိုက်သောအဖို့ဖြစ်သတည်း။
15
မီးဖြင့်ပူဇော်သောယဇ်ကောင် ဆီဥနှင့်တကွ၊ ချီမြှောက်ရာပခုံး၊ ချီလွှဲရာရင်ပတ်ကို ထာဝရဘုရားရှေ့တော်၌ချီလွှဲ၍၊ ချီလွှဲသောပူဇော်သကာကို ပြုခြင်းငှာဆောင်ခဲ့ရကြ၍၊ ထာဝရပညတ်တော်အတိုင်း၊ သင်နှင့် သင်၏သားတို့သည် ကိုယ်အဖို့ယူရကြမည်။ ထိုသို့ ထာဝရဘုရားမှာထားတော်မူပြီဟု ဆိုလေ၏။
16
တစ်ဖန် မောရှေသည် အပြစ်ဖြေရာယဇ်ပြုသောဆိတ်ကို ကြိုးစား၍ ရှာသော်လည်းမတွေ့။ မီးရှို့နှင့်ပြီ။ ထိုကြောင့် ကြွင်းသောအာရုန်သား ဧလာဇာ၊ ဣသမာတို့ကို အမျက်ထွက်လျက်ဆိုသည်ကား၊
17
အပြစ်ဖြေရာယဇ်သားသည် အလွန်သန့်ရှင်း၏။ သင်တို့သည် ပရိသတ်တို့အပြစ်ကိုခံ၍၊ ထာဝရဘုရားရှေ့တော်၌ သူတို့အဖို့ အပြစ်ဖြေခြင်းကိုပြုစေခြင်းငှာ ထိုယဇ်သားကိုပေးတော်မူသည်ဖြစ်၍၊ သန့်ရှင်းရာဌာနတော်၌ အဘယ်ကြောင့်မစားသနည်း။
18
ထိုယဇ်သားအသွေးကိုလည်း သန့်ရှင်းရာဌာနထဲသို့ မသွင်းပါတကား။ အကယ်၍ ငါမှာထားခဲ့သည်အတိုင်း၊ ထိုယဇ်သားကို သန့်ရှင်းရာဌာနတော်၌ စားရမည်ဟုဆိုလျှင်၊
19
အာရုန်က၊ ယနေ့သူတို့သည် လူများတို့အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်ပါပြီ။ အကျွန်ုပ်၌ ထိုသို့သောအမှုရောက်သည်တွင်၊ ယနေ့အပြစ်ဖြေရာ ယဇ်သားကိုစားမိလျှင်၊ ထာဝရဘုရားနှစ်သက်တော်မူပါမည်လောဟု မောရှေကို ပြောဆို၏။
20
မောရှေသည် ထိုစကားကိုကြားလျှင် ဝန်ခံလေ၏။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27