bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Leviticus 7
Leviticus 7
Burmese 2021
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 8 →
1
ဒုစရိုက်ဖြေသော ယဇ်ပူဇော်ခြင်းတရားဟူမူကား၊ အလွန်သန့်ရှင်းပေ၏။
2
မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၌ ဒုစရိုက်ဖြေသောယဇ်ကောင်ကိုသတ်၍ အသွေးကိုယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။
3
အမြီးနှင့်တကွ အအူကိုဖုံးသောဆီဥ၊
4
ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသော အမြှေးတည်းဟူသော ဆီဥရှိသမျှကိုယူ၍ဆက်လျှင်၊
5
ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာမီးရှို့၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သကာပြုရမည်။ ဒုစရိုက်ဖြေရာယဇ် ဖြစ်သတည်း။
6
အသားကို ယဇ်ပုရောဟိတ်ယောက်ျားအပေါင်းတို့သည်၊ သန့်ရှင်းရာဌာန၌ စားရကြမည်။ အလွန်သန့်ရှင်းပေ၏။
7
အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်၏တရားတစ်ပါးတည်းဖြစ်၍၊ ဒုစရိုက်အပြစ် ဖြေခြင်းကိုပြုသော ယဇ်ပုရောဟိတ်သည် ယူရမည်။
8
လူတစ်စုံတစ်ယောက်ပြုသော မီးရှို့ရာယဇ်ကိုပူဇော်သော ယဇ်ပုရောဟိတ်သည်၊ မိမိပူဇော်သောယဇ်ကောင်အရေကို ယူရမည်။
9
မီးဖို၌ဖုတ်သော ဘောဇဉ်ပူဇော်သကာ၊ အိုးကင်း၊ သံပြားပူနှင့်လုပ်သော အရာရှိသမျှကို ပူဇော်သောယဇ်ပုရောဟိတ်သည် ယူရမည်။
10
ဆီထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ၊ ဘောဇဉ်ပူဇော်သကာရှိသမျှကို အာရုန်၏သားအပေါင်းတို့သည် အညီအမျှယူရကြမည်။
11
ထာဝရဘုရားအားပြုရသော မိတ်သဟာယယဇ်ပူဇော်ခြင်းတရားဟူမူကား၊
12
ကျေးဇူးတော်ဝန်ခံဖို့ရာပူဇော်လျှင်၊ ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့မုန့်ပြား၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ်၊ ဆီရောသော မုန့်ညက်နှင့်လုပ်၍ကြော်သော မုန့်ပြားတို့ကို ပူဇော်ရမည်။
13
ထိုမုန့်ပြားမှတစ်ပါး၊ မိတ်သဟာယပူဇော်သကာနှင့်ဆိုင်သော ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ၊ တဆေးပါသောမုန့်ကိုလည်း ပူဇော်ရမည်။
14
ပူဇော်သကာရှိသမျှအထဲက မုန့်တစ်လုံးကို ထာဝရဘုရားအား ချီမြှောက်သော ပူဇော်သကာပြု၍ ထိုမုန့်ကို မိတ်သဟာယယဇ်အသွေးဖျန်းသော ယဇ်ပုရောဟိတ်ယူရမည်။
15
ကျေးဇူးတော်ဝန်ခံဖို့ရာ ပူဇော်သော မိတ်သဟာယယဇ်အသားကို၊ ပူဇော်သောနေ့ချင်းတွင်စားရမည်။ နံနက်တိုင်အောင် မကြွင်းစေရ။
16
သို့မဟုတ် သစ္စာပြု၍ယဇ်ပူဇော်သည်ဖြစ်စေ၊ ကိုယ်အလိုအလျောက် ပူဇော်သည်ဖြစ်စေ၊ ပူဇော်သောနေ့ချင်းတွင်၊ ယဇ်အသားကိုစား၍ အကြွင်းကိုလည်း နက်ဖြန်နေ့စားရမည်။
17
ကြွင်းသေးသောအသားကိုလည်း သန်ဘက်နေ့၌မီးရှို့ရမည်။
18
မိတ်သဟာယယဇ်အသားအနည်းငယ်ကို၊ သန်ဘက်နေ့၌စားမိလျှင် စိတ်တော်နှင့်မတွေ့။ ပူဇော်သောသူသည် အကျိုးကိုမရ။ ရွံရှာဖွယ်ဖြစ်လိမ့်မည်။ စားသောသူသည် ကိုယ်အပြစ်ကိုခံရလိမ့်မည်။
19
မစင်ကြယ်သောအရာနှင့် ထိမိသောယဇ်သားကို မစားရ။ မီးရှို့ရမည်။ စင်ကြယ်သောသူတို့သာလျှင် ထိုယဇ်သားကိုစားရကြမည်။
20
ထာဝရဘုရားနှင့်ဆိုင်သော မိတ်သဟာယယဇ်သားကို အကြင်သူသည် မစင်ကြယ်သောအပြစ်ရှိလျက်နှင့် စားမိ၏။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
21
အကြင်သူသည်လည်း၊ လူ၌မစင်ကြယ်သောအရာ၊ မစင်ကြယ်သောသား၊ မစင်ကြယ်သောပိုးရွ အစရှိသော၊ မစင်ကြယ်သောအရာ တစ်စုံတစ်ခုကိုထိမိ၍၊ ထာဝရဘုရားနှင့်ဆိုင်သော မိတ်သဟာယယဇ်သားကိုစား၏။ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
22
တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သိုး၊ ဆိတ်၊ နွားဆီဥကို အလျှင်းမစားရ။
24
အလိုလိုသေသော တိရစ္ဆာန်ဆီဥ၊ သားရဲကိုက်၍သေသော တိရစ္ဆာန်ဆီဥကို အခြားဖို့သုံးရသော်လည်း၊ အလျှင်းမစားရ။
25
အကြင်သူသည် ထာဝရဘုရားအား မီးဖြင့်ပူဇော်သကာပြုသော တိရစ္ဆာန်ဆီဥကို စား၏။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
26
သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သားသွေးမှစ၍ အသွေးမည်မျှကိုမစားရ။
27
အကြင်သူသည် တစ်စုံတစ်ခုသော အသွေးကိုစား၏။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
28
တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားအား မိတ်သဟာယယဇ်ကို ပူဇော်သောသူသည်၊
29
မိမိပူဇော်သောယဇ်အထဲက၊ ထာဝရဘုရားအား ဆက်ဖို့ရာဆောင်ခဲ့ရမည်။
30
ထာဝရဘုရားရှေ့တော်၌ ရင်ပတ်ကိုချီလွှဲ၍၊ ချီလွှဲသောပူဇော်သကာ ပြုစေခြင်းငှာ၊ ရင်ပတ်နှင့် ဆီဥတည်းဟူသောမီးဖြင့် ထာဝရဘုရားအား ပူဇော်သောအရာကို ကိုယ်တိုင်ဆောင်ခဲ့ရမည်။
31
ယဇ်ပုရောဟိတ်သည်၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့၍၊ ရင်ပတ်ကို အာရုန်နှင့်သူ၏သားတို့သည် ယူရကြမည်။
32
မိတ်သဟာယယဇ်ထဲက လက်ယာပခုံးကို ချီမြှောက်သောပူဇော်သကာဖို့ ယဇ်ပုရောဟိတ်အားပေးရမည်။
33
မိတ်သဟာယယဇ်အသွေးနှင့် ဆီဥကို၊ အာရုန်၏သားတို့တွင် ပူဇော်သောသူသည်၊ လက်ယာပခုံးကို မိမိအဖို့ယူရမည်။
34
ဣသရေလအမျိုးသားတို့ပြုသော မိတ်သဟာယယဇ်များထဲက ချီလွှဲသောရင်ပတ်၊ ချီမြှောက်သောပခုံးကို ငါနုတ်ယူ၍ ဣသရေလအမျိုးသားတို့တွင် ယဇ်ပုရောဟိတ်အာရုန်နှင့် သူ၏သားတို့အား ထာဝရပညတ်တော်အားဖြင့် ငါပေးပြီဟု မိန့်တော်မူ၏။
35
ထိုသို့ အာရုန်နှင့်သူ၏သားတို့သည်၊ ထာဝရဘုရားရှေ့တော်မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကိုခန့်ထားသောနေ့၌၊ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာများထဲက၊ သူတို့ခံရသောအဖို့ ဖြစ်၏။
36
ဣသရေလအမျိုးသားတို့လက်မှ ထိုသို့သောအဖို့ကိုခံရမည်အကြောင်း၊ သူတို့ကိုဘိသိက်ပေးတော်မူသောနေ့၌၊ ထာဝရဘုရားမှာထားတော်မူ၏။ သူတို့အမျိုးအစဉ်အဆက် စောင့်ရသောပညတ်ဖြစ်သတည်း။
37
ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့သည်၊ သိနာတော၌ ထာဝရဘုရားအား ပူဇော်သကာပြုရမည်အကြောင်းမှာထားတော်မူသောနေ့၌ သိနာတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေအားပေးတော်မူသော မီးရှို့ရာယဇ်တရား၊ ဘောဇဉ်ပူဇော်သကာတရား၊ အပြစ်ဖြေရာယဇ်တရား၊ ဒုစရိုက်ဖြေရာယဇ်တရား၊ အရာ၌ခန့်ထားရာယဇ်တရား၊ မိတ်သဟာယယဇ်တရားဖြစ်သတည်းဟု မိန့်တော်မူ၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27